17/04/2026
Knowledge sharing
“Understanding Political Economy in the GEMS Sector” - 5
မင်္ဂလာပါရှင်။ ဒီနေ့တော့ စီးပွားရေးပညာရဲ့ ဖခင်ကြီး Adam Smith ရဲ့ သီအိုရီတွေနဲ့ အဖိုးတန် ကျောက်မျက်ရတနာ ဈေးကွက်ကို ချိတ်ဆက်ပြီးလေ့လာကြည့်ကြရအောင်ရှင်💁♀️
၁၇၇၆ ခုနှစ်မှာ Adam Smith ရေးသားခဲ့တဲ့ The Wealth of Nations စာအုပ်ထဲက အရေးအကြီးဆုံး အယူအဆကတော့ Invisible Hand အကြောင်းပဲ ဖြစ်ပါတယ်။ လူတွေဟာ ကိုယ့်အကျိုးအမြတ်အတွက် ကိုယ်တိုင် ကြိုးစားကြရင်းနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ အကျိုးပြုသွားတယ်ဆိုတဲ့ သဘောတရားပါ။ ကျောက်မျက်ဈေးကွက်မှာ ကြည့်မယ်ဆိုရင် ကုန်သည်တွေ၊ ကျောက်သွေးဆရာတွေဟာ ကိုယ်ပိုင် အမြတ်အစွန်းရဖို့အတွက် မြကျောက်တွေ၊ ပတ္တမြားတွေကို ရှာဖွေ ရောင်းဝယ်ကြပါတယ်။ ဒါပေမဲ့ ဒီလို ကိုယ်ကျိုးစီးပွားအတွက် ကြိုးစားမှုကနေတစ်ဆင့် သတ္တုတွင်းလုပ်သားတွေ၊ အရောင်းဝန်ထမ်းတွေအတွက် အလုပ်အကိုင်တွေ အလိုအလျောက် ဖန်တီးပေးပြီးသား ဖြစ်သွားကာ ကျောက်မျက်လုပ်ငန်းစုကြီး တစ်ခုလုံးရဲ့ စီးပွားရေးကိုပါ တိုးတက်လာစေပါတယ်။ ဒါဟာInvisible Hand က ဈေးကွက်ကို လမ်းပြပေးနေတာပါပဲ။
လွတ်လပ်တဲ့ ဈေးကွက်စနစ် ထဲမှာ ဝယ်လိုအားနဲ့ ရောင်းလိုအား အပြန်အလှန် အကျိုးသက်ရောက်မှုကြောင့် ဈေးနှုန်းနဲ့ အရောင်းအဝယ် ညီမျှသွားတဲ့ ဈေးကွက်ညီမျှခြင်း အနေအထားကို ရောက်ရှိသွားပါတယ်။ ဒီစနစ်ကြောင့် ကျောက်မျက်လုပ်ငန်းရှင်တွေဟာ ဈေးကွက်က တကယ်လိုအပ်နေတဲ့ အရည်အသွေးမြင့် ကျောက်အမျိုးအစားတွေကိုသာ အဓိကထား ထုတ်လုပ်လာကြပါတယ်။ ထုတ်လုပ်တဲ့အခါမှာလည်း ကုန်ကျစရိတ် သက်သာအောင်နဲ့ ကျောက်သား အလေအလွင့် နည်းအောင် အထိရောက်ဆုံး စီမံခန့်ခွဲလာနိုင်ကြတဲ့အတွက် အရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးချနိုင်စွမ်း ပိုမြင့်တက်လာပါတယ်။
ဒါပေမဲ့ လက်တွေ့ ဈေးကွက်မှာ လွတ်လပ်ခွင့် အပြည့်အဝပေးထားတဲ့ စနစ်ဟာ အမြဲတမ်း ပြီးပြည့်စုံမနေပါဘူး။ ဥပမာအားဖြင့် ကျောက်မျက်တူးဖော်ရေးကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးရတဲ့ ဆိုးကျိုးတွေ၊ ကုမ္ပဏီကြီး အနည်းငယ်ကသာ ကျောက်မျက်ထွက်ရှိမှုကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတာတွေနဲ့ ဝင်ငွေမညီမျှမှု ပြဿနာတွေကို မြင်တွေ့ရမှာပါ။ ဒါကြောင့် ခေတ်သစ် စီးပွားရေးစနစ်တွေမှာ နိုင်ငံတော်အစိုးရနဲ့ ဈေးကွက် ပေါင်းစပ်ထားတဲ့ Mixed economy ကို ပိုပြီး ကျင့်သုံးလာကြရပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေ၊ လုပ်သားအခွင့်အရေးတွေ ပြဋ္ဌာန်းပြီး ဈေးကွက်ယန္တရား မပျက်စီးအောင် တော့ ဝင်ရောက် ထိန်းကျောင်းပေးရပါတယ်။
အနှစ်ချုပ်ရရင် Adam Smith ရဲ့ သီအိုရီအရ လွတ်လပ်တဲ့ ဈေးကွက်ဟာ သူ့အလိုလို ထိန်းကျောင်းလည်ပတ်နိုင်စွမ်းရှိပြီး မျက်မြင်မရတဲ့ လက်ကနေတစ်ဆင့် အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ သို့ပေမယ့် ကျောက်မျက်ရတနာ ဈေးကွက်လို လက်တွေ့ လောကကြီးမှာတော့ black market မဖြစ်ဖို့ check &balance ကအရေးကြီးပါတယ်လို့ပြောပါရစေရှင်💫
We are proud to continue growing as a practical and professional training space for those who are passionate about the world fine gemstones.
⭐️ Training Location
Golden Queen, Room – 2048, Level 1
Taw Win Center, Pyay Road, Yangon
– Golden Queen
Professional Gem Instructor
💫 Committed to Excellence 💫
At May Myo – Golden Queen, we are dedicated to delivering professional gemstone education and practical training for those who are passionate about the world of fine gems and diamonds.
For further information, course details, or training inquiries, please feel free to contact us.
☎️ Phone: +95 9 886 666 481
☎️ Phone: +95 9 660 535 455 (Viber Available)
You may also reach us by sending a message through our page. We will be happy to assist you.
YouTube
www.youtube.com/
TikTok
https://www.tiktok.com/...
💎
#ကျောက်မျက်သင်တန်း