ရွှေလီ

ရွှေလီ ကျောက်စိမ်းရောင်းဝယ်ရေး

14/05/2023

🌀⚡မိမိနေထိုင်ရာ ဒေသမှာ မုန်တိုင်းဝင်ရောက်နေသည့် အခြေအနေလေးတွေ အများသိအောင် မန့်ပေးကြပါ 🌀⚡

Mocha ယနေ့ညရောက်ရှိနေသည့်အနေအထား။Live ကြည့်နိုင်သည့်Link,https://zoom.earth/storms/mocha-2023/ =wind-speed/model=gfs
13/05/2023

Mocha ယနေ့ည
ရောက်ရှိနေသည့်အနေအထား။

Live ကြည့်နိုင်သည့်Link,

https://zoom.earth/storms/mocha-2023/ =wind-speed/model=gfs

13/03/2023

ကမ္ဘာမှာNokia ကျရှုံးသွားတာ
လူတိုင်းသိပြီးသားဖြစ်မှာပါ။

သူ့ရဲ့ CEO နောက်ဆုံး ပြောသွားတဲ့စကားလေးက သိပ်ကောင်းတယ်။

We did't do anything wrong ,
but somehow we fall.

"ငါတို့ အမှားမလုပ်ခဲ့ဘူး။
ဒါပေမယ့် ငါတို့ကျရှုံးခဲ့တယ်"
Suri (CEO Nokia)

တစ်ခါတစ်လေ လောကမှာ ကျွန်တော်တို့ ဘာအမှားမှ မလုပ်ဘူး။

ကိုယ့် Skill တွေလည်း မလျော့သွားဘူး။

ဒါပေမယ့်ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ယနေ့ခေတ်ကြီးမှာ
" အမှားမလုပ်ရုံနဲ့ ၊ အောင်မြင်မှုမရနိုင်ဘူးဆိုတာကို Nokia က သက်သေပြလိုက်တာပဲ။

အသစ်အဆန်းတွေ့ဖို့၊ စဉ်ဆက်မပြတ် သင်ယူကြဖို့ကိုယ့် Skill ကို ဒီထက်တိုးအောင်လုပ်ဖို့ လို လာပါပြီ။

ဘဝဆိုတာ စက်ဘီးစီးသလိုပါပဲ။ အောင်မြင်မှုမှတ်တိုင်လေးတွေ တစ်တိုင်ပြီးတစ်တိုင်
ဖြတ်ကျော်နိုင်ဖို့ အားထုတ်ပြီး နင်းနေရမှာပဲ။

မနင်းပဲ ဆက်မလေ့လာတော့ဘဲ ကိုယ့် Skillတိုးလာအောင် ဆက်မလုပ်တော့ရင်တော့ စက်ဘီးမှောက်သွားမှာပေါ့။

ဒါကြောင့်ဘဝမှာ အပြောင်း အလဲတွေက ရှိနေကြုံနေရမှာပါပဲ။

ကောင်းသောပြောင်းလဲခြင်း ဖြစ်ဖို့ကတော့ကိုယ့်ရွေးချယ်မှုအပေါ်ပဲ မူတည်ပါတယ်။

That's why , want to be apro in one realm,
we need to try to improve our skill
as well as not to stop our Learning .

နယ်ပယ်တစ်ခုမှာ Pro တစ်ယောက် ဆရာတစ်ဆူလိုဖြစ်ချင်ရင်တော့၊ သင်ယူခြင်းကို
မရပ်ပြစ်ဖို့ လိုတဲ့အပြင် ကိုယ့်ကျွမ်းကျင်မှုကိုလည်းတိုးအောင် ကြိုးစားဖို့လိုပါတယ်။

ခင်ဗျားအနေနဲ့ အကုန်သိ အကုန်တတ်နေပြီဆိုရင် သေချာတာကတော့ ကျန်ခဲ့မှာဘဲ ခင်ဗျားမသိတာတွေ အများကြီး ရှိနေပါတယ်။

02/03/2023

#ကျောက်စိမ်းလောကသို့ခြေချသူများ..💚✨✨
၁/ ကျောက်စိမ်းဖြစ်တည်လာပုံ နှင့် သဘောသဘာဝ

၂/ ကျောက်စိမ်း၏အသုံးဝင်ပုံများ

၃/ ကျောက်စိမ်းအမျိုးအစားများ ( ၃၄ မျိုး )

၄/ ကျောက်စိမ်းထွက်ရှိရာဒေသများ

၅/ ကျောက်စိမ်းအခွံအရောင်အမျိုးအစားများ
( ရေခွံ ‘ ကုန်းခွံ ‘ သံဂျီးခွံ ‘ ကြက်သွေးခွံ ‘ မြေမှန်ခွံ ‘ထုံးခွံ ‘ ကုဠေခွံ ‘အမဲကြောခွံ ‘ ခွံဖြူ …. စသည်ဖြင့် )

၆/ ကျောက်စိမ်းထွက်ရှိရာမှော်များ နှင့် အခွံနမူနာများ
( မှော်ဆီဇာ ‘ မှော်ဝမ်း ‘ နမ္မချီ ‘ မန ‘ ဝေခါ ‘ တာမခံ ‘ ခန္တီး ‘ မှော်မောင်းလျှံ ‘ နတ်မှော် ‘ ကုဠေမှော် …စသည်ဖြင့်နံမည်ကြီးမှော် ၁၀ မှော်ခန့် )

၇/ ကျောက်စိမ်းအရိုင်းတုံးများ
( ရေမဆေး ‘ လုံးစွပ် ‘ လုံးချော ‘ လျိုပဲ့ ‘ ငုပ်ကျောက် စသည်ဖြင့် … )

၈/ ရေမဆေးကျောက် ရေဆေးရန် လိုအပ်သောပစ္စည်းများနှင့် ရေဆေးပုံအဆင့်ဆင့်

၉/ ကျောက်စိမ်းလုပ်ငန်းအခေါ်အဝေါ်များ
( ခေါင်းခြင်း ‘ ကွမ်ခြင်း ‘ ပြချက် ‘ ဖြတ်သား ‘ ချော် ‘ မောက် ‘ မန်း ‘ ယမ်း ‘ တီစက် ‘ ဖားမျက်ဆံ ‘ ရှင်း ‘အထိုင် ‘ မြင်းမီးရိုက်အနာ ‘ ဓါးခုတ်နာ ‘ ခွံစပ်နာ ‘လက်ကောက် ‘ အပွင့် ‘ အချပ် ‘ ပန်းပု ‘ ပုတီး ‘ တစ်စ ‘ လက်ရာ … စသည်ဖြင့် )

၁၀/ ကျောက်ဝိတ် ( ကျောက်အလေးချိန် ) အရေးကြီးပုံများ

၁၁/ ကျောက်အထိုင်ပုံစံ အရေးကြီးပုံများ

၁၂/ ကျောက်ယမ်း အရေးကြီးပုံများ နှင့် ယမ်းအမျိုးအစားများ
( ယမ်းညက်ခြင်း/ကြမ်းခြင်း’ ယမ်းစိပ်ခြင်း/ကျဲခြင်း’ယမ်းမှုံ့ခြင်း/ကြီးခြင်း’ ယမ်းလုံး ‘ ယမ်းချောင်း ‘ ယမ်းပြား’ယမ်းပျက် ‘ယမ်းဗွေလှည့် ‘ ယင်တောင်ယမ်း’ ပဇင်းတောင်ယမ်း ‘ မားယားယမ်း ‘ သဲယမ်း .. စသည်ဖြင့် )

၁၃/ မန်းအမျိုးအစားများ
( မန်းကြိုး ‘ ကြိုးပတ် ‘ ကောက်ရော့ ‘ ငုတ်ကြိုး‘ ခေါင်းပေါင်းမန်း ‘ ဆနွမ်းမန်း ‘ ခြစားမန်း ‘ ကြက်ဆိပ်မန်း ‘ ကျားကိုက်မန်း ‘ မန်းဖြူ ‘ မန်းမဲ ‘ ဗျိုင်းချီးမန်း … စသည်ဖြင့် )

၁၄/ ရှင်းများအကြောင်း
( ရှင်းမဲ ‘ ရှင်းဖြူ ‘ ရှင်းစိမ်း )

၁၅/ အရည်များအကြောင်း
( ကပ်ရည် ‘ မောက်ရည် ‘ မျိုးရည် ‘ ကျောက်ရည် ‘ ရှင်းရည် ‘ ရှင်းစိမ်းရည် ‘ ဇိမ်းရည် … စသည်ဖြင့် )

၁၆/ ကျောက်စိမ်းအသားတန်းအဆင့်ဆင့်
( ပေါလိ ‘ ရေခဲ ‘ အသားဆန်း ‘ ဝက်သားဆီ’ ခါးသန်သန် ‘ခါးသား ‘ ခါးအောက် ‘ ပိန်းဥ ‘ အကျဲ ‘ အနု … စသည်ဖြင့် )

၁၇/ ကျောက်စိမ်းအရည်တန်းအဆင့်ဆင့်
( ဒေါင်းမြီးရည် ‘ ဆွေလုရည် ‘ ဝါချင်တောက် ‘ဘဲရည်’ အဝါး ‘ …. စသည်ဖြင့် )

၁၈/ ကျောက်မျိုးတန်းအကြောင်း

၁၉/ ကျောက်စိမ်းပန်းများအကြောင်း
( ကန်ဇွန်းပန်း ‘ ပဲပန်း ‘ လန့်ပန်း ‘ ရှင်းပန်း ‘ ကွမ်းသွေးပန်း … စသည်ဖြင့် )

၂၀/ ဂျိတ် (ဘလက်ဂျိတ် ‘ လန့်ဂျိတ် ‘စင်စင်ဂျိတ် ‘ အဝါးဂျိတ် ) နှင့် ငချိတ်များအကြောင်း

၂၁/ ချွမ် ‘ ခုံ့ ‘ ခွမ့် များအကြောင်း

၂၂/ ကျောက်အကျွပ်များ (လန့်ကျွပ် ‘ ဆေးကျွပ် ‘ အတွင်းကျွပ် ‘နှင့် အကျွပ်ပွေး ) စသည့်အကျွပ်ကျောက်များနှင့်ပတ်သက်သောအကြောင်းအချက်များ

၂၃/ ထူးခြားသည့်ကျောက်များဖြစ်သော ( ရှင်းကြာလု ‘ ခုံ့ကြာလု ‘ ထုံစိမ်း ‘ မန်းတုံး ‘ ထည်လုံးစိမ်း …စသည့် )ကျောက်များအကြောင်း

၂၄/ ကျောက်တလုံး၏ အဖြစ်များ / အပျက်များ
( အထိုင် ‘ ဝိတ် ‘ ယမ်း ‘မန်း / အနာ ‘ ရှင်း ‘ မှဲ့ ‘ အမြှပ် ‘ အဆံ ‘ ခွေးရိုး ‘ ခိ …. စသည်ဖြင့် )

၂၅/ ခေါင်းကျောက်တလုံးအား ဝယ်ယူမည်ဆိုပါက အဓိကသိရှိရမည့်အသေးစိတ်အချက်များ

၂၆/ ကျောက်စိမ်း ဝယ်/ရောင်းစျေးကွက်များ
( ရေမဆေး ‘လုံးစွပ် ‘ ပြချက် ‘ ဖြတ်သား ‘အချောထည် .. စသည်ဖြင့် )

၂၇/ ကျောက်စိမ်းအခွံ အတု/အစစ် အလွယ်ခွဲခြားနည်းများ

၂၈/ ကျောက်စိမ်းကျောက်နှင့်ဆင်တူသောမျိုးကွဲကျောက်များအားခွဲခြားနည်းများ
( ပလွန် ‘ ပထော့ ‘ တောင်ဆန် ‘ကျီးကန်း … စသည်ဖြင့် )

၂၉/ ကျောက်စိမ်းလောက၏ ဆောင်ရန် ရှောင်ရန်များ

၃၀/ ကျောက်စိမ်းလုပ်ငန်းနှင့်ပါတ်သက်၍ အခြားသိထားသင့်သော အချက်အလက်များ

ဖြစ်ပါတယ် ……..

စာဖတ်နေရင်း 94% ထဲငါပါသွားပြီ🤧🤧
02/02/2023

စာဖတ်နေရင်း 94% ထဲငါပါသွားပြီ🤧🤧

👇မန့်မှာ စမ်းရိုက်ကြည့် Friတို့ ---> 👀🦈
25/01/2023

👇မန့်မှာ စမ်းရိုက်ကြည့် Friတို့ ---> 👀🦈

16/01/2022

ပျော်ရွှင်မူ့ဆိုတာ

အသက် ၉၂ နှစ်အရွယ် အဘိုးကြီးတစ်ယောက်
လူအိုရုံကိုရောက်လာတယ်။နှစ်ပေါင်း ၇၀ လောက်
ပေါင်းလာခဲ့တဲ့ သူ့ရဲ့ချစ်ဇနီး မကြာခင်က ကွယ်လွန်
သွားခဲ့တယ်။မှီခိုစရာ ကျောထောက်နောက်ခံ သား
သမီးမရှိ။အိုးပိုင် အိမ်ပိုင်ကမရှိ ဆုဆောင်းထားတဲ့
ငွေကလည်းနတ္ထိဆိုတော့ လူအိုရုံကိုရောက်လာတာ
ပါ။

လူအိုရုံဧည့်ခန်းမှာ နာရီအတော်ကြာ စောင့်နေပြီး
ဝန်ထမ်းအမျိုးသားတစ်ဦးက အခန်းအဆင်သင့်ဖြစ်
ပြီလို့လာပြောပြီး သူ့ကို တွဲခေါ်သွားပါတယ်။

လမ်းသွားရင်းဝန်ထမ်းက ပြောတယ်။ အဘ နေမဲ့
အခန်းဟာ ကျဉ်းပေမဲ့ နေရောင်ရတယ်။ခန်းဆီးက
အစိမ်းနုရောင်ပါ အဘကြိုက်ရဲ့လားဆိုတော့"ငါ
အခန်းကို သိပ်ကြိုက်ပါတယ်"လို့ ၈ နှစ်သားအရွယ်
ခလေးတစ်ယောက် ပါပီခွေးလေးတစ်ကောင်ရလို့
ပျော်သလို အားရပါးရ ပြန်ပြောလိုက်ပါတယ်။

ဝန်ထမ်းက…အဘ!!!! "အခန်းထဲတောင် မဝင်ရသေး
ဘဲ ဘာလို့ကြိုက်တယ်လို့ ပြောရတာလဲ"လို့ တအံ့တသြ
မေးလိုက်တယ်။

အဘိုးကြီးက…"အခန်းကြည့်စရာ မလိုပါဘူးကွာ။
ပျော်ရွှင်မူ့ဆိုတာ ကြိုတင်ရွေးချယ်လို့ ရပါတယ်""

အခန်းထဲက ပရိဘောဂတွေ--အခန်းအရောင်တွေ
နဲ့မဆိုင်ပါဘူး။"ငါဖြစ်ချင်တဲ့ အခန်းကို ငါ့စိတ်ထဲမှာ
ဆုံးဖြတ်ထားပြီးပြီ"ငါဒီလို ကြိုတင်ဆုံးဖြတ်တဲ့အကျင့်
ကိုလုပ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။အိပ်ရာက
နိုးတာနဲ့ ဒီနေ့ဟာ ငါ့အတွက် "ပျော်စရာနေ့"ဖြစ်ရ
မယ်လို့ ဆုံးဖြတ်ပြီးပြီ။

""အသက်ရှင်နေသ၍ နေ့တိုင်းဟာ တန်ဖိုးရှိတယ်""

အဲလိုတန်ဖိုးရှိတဲ့ နေ့တွေကို "စိတ်ညစ်စရာ,စိတ်ဆင်း
ရဲစရာ-သောက ဖြစ်စရာတွေနဲ့ ဘာလို့ကုန်ဆုံးစေရမှာ
လဲ။ရခဲတဲ့ လူ့ဘဝကို အချိန်ပြည့် စိတ်ချမ်းချမ်းသာသာ
နဲ့နေနိုင်အောင် နေတတ်ဖို့လိုတယ်။

တန်ဖိုးရှိတဲ့ နေ့ရက်တိုင်းအတွက် ဒါလေးတွေကို
လိုက်နာကြဖို့ လိုပါတယ်…………

၁-- ရင်ထဲမှာ အမုန်းစိတ် မထားနဲ့။
၂-- စိုးရိမ် သောကကို ဖျောက်ပါ။
၃-- ရိုးရိုးလေးနေ,ရှိတာလေးနဲ့ တင်းတိမ် ရောင့်ရဲပါ။
၄-- ပေးကမ်း စွန့်ကြဲပါ
၅-- အရမ်းကြီး မျှော်လင့်ချက် မထားပါနဲ့။

Message အနေနဲ့ ပြောပါရစေ။
ပျော်ရွှင်မူ့ဆိုတာ စိတ်က အဓိကပါ။

ဗန်မော်သိန်းဖေ(မျှဝေ လိုသောအတွေးများစာအုပ်)

ဒေါက်တာနန္ဒမာလာ

Address

No1/2. Jin Xing Shang Ching
Ruili
678600

Telephone

+959796342721

Website

Alerts

Be the first to know and let us send you an email when ရွှေလီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေလီ:

Shortcuts

Share