May Phoo’s Gems House

May Phoo’s Gems House Gems & Jewellery

နဝရတ်ကိုးပါးအကြောင်းနဝရတ် ကိုးပါးဆိုတာ ကျောက်မျက်ရတနာ ကိုးမျိုးကို ခေါ်ဆိုပါသည်။ နဝရတ်ဟူသည် နဝရတနဟူသော ပါဠိမှလာ၍ ရတနာကို...
21/11/2025

နဝရတ်ကိုးပါးအကြောင်း

နဝရတ် ကိုးပါးဆိုတာ ကျောက်မျက်ရတနာ ကိုးမျိုးကို
ခေါ်ဆိုပါသည်။ နဝရတ်ဟူသည် နဝရတနဟူသော ပါဠိမှလာ၍ ရတနာကိုးပါးလို့ အနက်ရပါသည်။ နဝရတ် ကိုးပါးချယ်ထားသော လက်စွပ်ကို နဝရတ်လက်စွပ် ဟုခေါ်သည်။ ကဝိလကဏာ သတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ နဝရတ်၊ စီခတ်အမွန်းတင် ဟုတွေ့ရသည်။ လူတို့သည် နဝရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ယုံကြည်၍ ဆင်ယင်လေ့ရှိသည်။ ရှေးပဝေသဏီကပင် ကျောက်မျက်များ၏ ထူးခြားသော တန်ခိုးများ ရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ နဝရတ်တွင် အပါအဝင် ကျောက်မျက်ရတနာ တစ်ပါးပါး၏ တန်ခိုးအာနိသင်မှာ အောက်ပါအတိုင်း ဖြစ်သည်ဟု ယူဆကြသည်။

ပတ္တမြား ဘုန်းတောက်၊ မြ ကျောက် အေးချမ်း
စိန် စွမ်းဂုဏ်ရောင်၊ ကြောင် ကား သိဒ္ဓိ
မဏိ နီလာ - မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား
ဥဿဖယား ကျန်းမာ၊ သန္တာ ကြီးကဲ
ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည်
ကိုးထွေ နဝရတ် စွမ်းရည်တည်း။

နဝရတ် ကိုးပါး (THE ESTEEMED NINE-GEMS)

နဝရတ်လက်စွပ်သည် မြန်မာ လက်ထပ် ထိမ်းမြားခြင်းတွင် ရွှေခွက်(သို့)ငွေခွက်ထဲတွင် နဝရတ် ကိုးပါး၊ နံသာမျိုး ငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ် ထိမ်းမြားခြင်းကို ပြုလုပ်လေ့ရှိသည်။

နဝရတ်ကိုးပါးမှာ-

ပတ္တမြား (Ruby)

မြ (Emerald)

စိန် (Diamond)

ကြောင် (Cat's eye stone)

နီလာ (Sapphire)

ဂေါ်မိတ် (Zircon or Garnet)

ဥဿဖယား (Topaz)

သန္တာ (Coral Stone)

ပုလဲ (Pearl) ဖြစ်သည်။

ယင်း ရတနာကိုးပါးစလုံးသည် ကျောက်မျက်မျိုးတွင်ပါဝင်သောရတနာများဖြစ်ကြသည်။ ၎င်းတို့အနက် စိန်၊ ပတ္တမြား၊ မြ နှင့် နီလာတို့သည် အဖိုးအတန်ဆုံးဖြစ်ကြသည်။ ပုလဲနှင့်သန္တာသည် တွင်းထွက်ကျောက်မျက်များမဟုတ်ဘဲ ပုလဲကို ကမာ (သို့မဟုတ်) မုတ်ကောင်၏ ကိုယ်တွင်းမှရ၍ သန္တာကို သန္တာကောင်များရှိသော သန္တာကျောက်တန်းများမှ ရသည်။ နီလာနှင့် ပတ္တမြားမှာ ကျောက်မျက်အမာမျိုး တမျိုးတည်းပင်ဖြစ်၍ အသွေးအရောင်၌သာ ခြားနားခြင်းရှိကြသည်။ ပတ္တမြားသည် သွေးကဲ့သို့ နီသောအရောင်ရှိ၍ နီလာသည် တောက်ပသော အပြာရောင်ရှိသည်။ စိန်ကို ကျောက်မျက်တို့၏ ဘုရင်ဟုပင်ခေါ်သည်။ ကျောက်မျက်အမျိုးပေါင်း ၁၂၀ ရှိသည့်အနက်စိန်သည် အမာဆုံးသောကျောက်မျက်ဖြစ်သည်။ ကြောင်ကို ကြောင်မျက်ရွဲဟုလည်း ခေါ်ကြသည်။ မြတွင်ကြည်လင်စိမ်းမြသော အရောင်ရှိသည်။ သို့သော် စိန်၊ နီလာနှင့် ဥဿဖယားတို့လောက် မမာချေ။ ဂေါ်မုတ်သည် ကျောက်သလင်းနှင့်ရော၍ တွေ့ရတတ်သောကျောက်မျိုးဖြစ်သည်။ အထက်ပါရတနာကိုးပါးစီခြယ်အပ်သော လက်စွပ်ကို န၀ရတ်လက်စွပ်ဟုခေါ်သည်။

ပဒေသရာဇ်ခေတ် မြန်မာဘုရင်များ၏ အသုံးအဆောင်များဖြစ်သော ကွမ်းအစ်၊ လည်ဆွဲကြိုး၊ လက်ကောက်၊ ဆံထုံးများတွင် န၀ရတ်ကိုးပါး စီခြယ်ထားသည်ကို တွေ့ရှိရသည်က ရှေးခေတ်များတွင်ကျောက်မျက်များ၌ ထူးခြားသော တန်ခိုးများရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ နဝရတ်တွင်ပါသော ကျောက်မျက်ရတနာတပါးစီတွင် တန်ခိုးအာနိသင်များ ရှိကြသည်ဟု သိရသည်။ ပတ္တမြားသည် မြန်မာနိုင်ငံမှထွက်ရှိ၍ဘုန်းတန်ခိုးရှိသည်။ ရန်သူအန္တရယ်မှ ကာကွယ်နိုင်သည်ဟု အယူရှိကြသည်။ မြန်မာနိုင်ငံမှ ပတ္တမြားငမောက်ကို ပဒေသရာဇ်မင်းတို့က ဘုန်းတန်ခိုးအာနိသင်ရှိအောင်နှင့် ရန်သူအန္တရယ်မှ ကာကွယ်နိုင်အောင် ဆောင်ထားခြင်းကို သမိုင်းရာဇဝင်များတွင် လေ့လာတွေ့ရှိရသည်။ မြကျောက်သည် စိမ်းမြသောအရောင်နှင့် ညီမျှသော အေးချမ်းခြင်း၊ သောကကင်းဝေးခြင်း၊ စိတ်တည်ငြိမ်ခြင်းကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။ စိန်သည် တောက်ပဖြူစင်ပြီး ဘုန်းတန်ခိုးကြီးခြင်း၊ အိမ်ထောင်ခိုင်မြဲခြင်း၊ စီးပွားလာဘ်လာဘတိုးတက်ခြင်းတို့ကို စွမ်းဆောင်နိုင်သည်ဟုဆိုပါသည်။ ကမ္ဘာလူသားတိုင်း မင်္ဂလာလက်စွပ်လဲလှယ်ရာတွင် စိန်လက်စွပ်ကိုအသုံးပြုကြခြင်းသည် အိမ်ထောင်ခိုင်မြဲမှုအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ရုရှားနိုင်ငံနှင့် အာဖရိကနိုင်ငံများတွင် ကမ္ဘာ့အကောင်းဆုံးစိန်များထွက်ရှိသည်။ ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည်၊ အောင်မြင်သည်၊ တန်ခိုးရှိသည် စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။ နီလာကျောက်သည် သူတပါး၏မေတ္တာကိုရရှိသည်။ လူတို့၏ချစ်ခင်မြတ်နိုးမှုကိုရရှိသည်။ ရန်အပေါင်းမှကာကွယ်နိုင်သည် စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။ ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း၊ စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။ ဥဿဖယား ကျောက်သည် ကျန်းမာရေးကောင်းမွန်မှုကို ပေးစွမ်းနိုင်ခြင်း၊ စိတ်ချမ်းသာခြင်း၊ စီးပွားလာဘ်လာဘကောင်းခြင်း စသည်များကိုစွမ်းဆောင်နိုင်သည်ဟုဆိုသည်။ သန္တာကျောက်သည် အကြီးအကဲဖြစ်ခြင်း၊ ခေါင်းဆောင်ဖြစ်ခြင်း၊ သူတပါးအကျိုးကို ဆောင်ရွက်နိုင်ခြင်း၊ ရန်သူကိုအောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟုဆိုသည်။ ပုလဲရတနာသည် ကျက်သရေရှိခြင်း၊ လူ၊နတ်၊ချစ်ခင်ခြင်း၊ ကျန်းမာခြင်း၊ အန္တရယ်ကင်းခြင်း စသည်များကိုစွမ်းဆောင်နိုင်သည် ဟုသိရသည်။ ကဝိလက္ခဏာသတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ န၀ရတ်၊ စီခတ်အမွှမ်းတင်-ဟုတွေ့ရသည်။ လူတို့သည် န၀ရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာ ပြည့်စုံသည်ဟုယုံကြည်၍ ဆင်ယင်လေ့ရှိကြသည်။

#ကျောက်အကြောင်းလေးတွေနဲ့အရောင်းလေးတွေလည်းတင်ပေးဦးမှာမို့pageလေးကိုlikeနဲ့followလေးလုပ်ပေးဦးနော်🤍

အံ့ဩစရာအကြောင်းအရာတွေနဲ့ ပုလဲ (𝑷𝒆𝒂𝒓𝒍)🤍ပုလဲ (𝑷𝒆𝒂𝒓𝒍) ဟာ ကျောက်မျက်ရတနာအုပ်စုထဲပါပေမယ့် အခြားကျောက်မျက်တွေလို တွင်းထွက် က ထ...
11/11/2025

အံ့ဩစရာအကြောင်းအရာတွေနဲ့ ပုလဲ (𝑷𝒆𝒂𝒓𝒍)🤍

ပုလဲ (𝑷𝒆𝒂𝒓𝒍) ဟာ ကျောက်မျက်ရတနာအုပ်စုထဲပါပေမယ့် အခြားကျောက်မျက်တွေလို တွင်းထွက် က ထွက်ရှိတာ မဟုတ်ဘဲ သမုဒ္ဒရာထဲ နေထိုင်နေကြတဲ့ ကမာ ဒါမှမဟုတ် မုတ်ကောင်တို့ရဲ့ ခန္ဓာကိုယ်ကနေ ရရှိလာတဲ့ ကျောက်မျက်ဖြစ်ပါတယ်။

ဒီလို ကမာအခွံတွေမှာ သဘာဝအတိုင်း ဖြစ်လာပြီး ပုံစံ၊ အရွယ်အစား နဲ့ အရောင်တို့ကို ကြည့်ရင်လည်း အခြားကျောက်မျက်ရတနာတွေလို မဟုတ်လို့ ကမ္ဘာပေါ်မှာ နှစ်သက်မြတ်နိုးဖွယ်အကောင်းဆုံးနဲ့ အံ့သြဖို့ အကောင်းဆုံး ကျောက်မျက်ရတနာတစ်ပါးလို့လည်း သတ်မှတ်တာ ခံထားရတဲ့အပြင် သက်တမ်းအရင့်ဆုံး ကျောက်မျက်ရတနာတစ်ပါးဆိုလည်း မမှားပါဘူးနော် . . 💕

ဆန်းကြယ်ပြီး တန်ဖိုးရှိတဲ့ ပုလဲကို ၅၆၀၀ ဘီစီ မှာ ယူအေအီးနိုင်ငံ၊ အာရပ်စော်ဘွား ပြည်ထောင်စုရဲ့ မြို့တော်၊ အဘူဒါကမ်းခြေမှာ ပန်းဖျော့ရောင်ပုလဲအဖြစ် စတင် တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀၀ မှာတော့ ယူအေအီးနိုင်ငံ မာရာဝါကျွန်းမှာ တွေ့ရှိခဲ့ပါတယ်။

၁၈၉၃ ခုနှစ်မှာတော့ ဂျပန်လူမျိုး ခေါက်ဆွဲပြုလုပ်သူရဲ့ သားဖြစ်သူ ကိုကီချီ မီကီမိုတိုက ကမ္ဘာပေါ်မှာ ပထမဆုံး ပုလဲကို မွေးမြူခဲ့တာကနေစပြီး ပုလဲမှာ သဘာဝပုလဲနဲ့ မွေးပုလဲဆိုပြီး (၂) မျိုးရှိလာပါတယ်။

သဘာဝပုလဲ
သဘာဝပုလဲဟာ ရှားပါးပြီး ရေချိုနဲ့ ရေငန်မှာ နေထိုင်တဲ့ ဂုံးကောင်၊ မုတ်ကောင်တွေကနေ ပုလဲ ထွက်ရှိပါတယ်။
သဘာဝပုလဲရဲ့ အရောင်တွေကတော့ အဖြူရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အဝါ‌ရောင်၊ လိမ္မော်ရောင်၊ အညိုရောင်၊ ပန်းရောင်၊ ခရမ်းရောင်၊ မီးခိုးရောင်၊ အမည်းရောင် စတဲ့ အရောင်စုံရှိပါတယ်။

မွေးပုလဲ
မွေးပုလဲဆိုတာ သဘာဝပုလဲ ဖြစ်စဉ်ကို လူတို့က ပြုပြင်ဖန်တီးထားတာဖြစ်ပြီး ပုလဲသားရဲ့ ဝတ်ဆံလုံး (Nucleus) ကို ဆက်သားစ (Mantle) နဲ့ အတူ မုတ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းပြီး မွေးတဲ့ပုံစံပါ။
ဒီလို ထည့်သွင်းတဲ့အခါမှာလည်း ဝတ်ဆံလုံး (Nucleus) လွယ်လွယ်နဲ့ ပြန်မထွက်သွားဘဲ လုံးပြီး ကြီးတဲ့ ပုလဲ ရအောင် မုတ်ကောင်ရဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်ပြီး သတ်မှတ်ထားတဲ့ နေရာရောက်အောင် ဝတ်ဆံသွင်းရတာဖြစ်ပါတယ်။
မွေးပုလဲရဲ့ မာခြင်းအဆင့်ကတော့ (၃.၅) ရှိပြီး အရောင် အပိုင်းအခြားအားဖြင့် အဖြူရောင်၊ မီးခိုးရောင်နဲ့ အဝါရောင်သမ်းတဲ့ အရောင်တွေရှိပါတယ်။

ဒါ့အပြင် ပုလဲဟာ နဝရတ်ကိုးပါးမှာ တစ်ပါး အပါအဝင်ဖြစ်တာကြောင့်လည်း မြန်မာလူမျိုးတို့က ပုလဲကို အမြတ်တနိုးဝတ်ဆင်ကြပြီး

၁၉၅၇ ခုနှစ်မှာတော့ ပုလဲတွေကို မြန်မာ့ သမုဒ္ဒရာတွေမှာ စတွေ့ခဲ့ပြီး ၁၉၆၆ ခုနှစ်၊ ဇွန်လမှာတော့ မြန်မာ့ပညာရှင်တွေဟာ ပုလဲတွေကို အောင်အောင်မြင်မြင်နဲ့ ဝတ်ဆံသွင်းနိုင်ခဲ့ကြပြီး မွေးမြူနိုင်ခဲ့ကြပါတယ် . .💕

#ကျောက်အကြောင်းလေးတွေနဲ့အရောင်းလေးတွေလည်းတင်ပေးဦးမှာမို့pageလေးကိုlikeနဲ့followလေးလုပ်ပေးဦးနော်🤍

တော်ဝင်ဆန်တဲ့ ကျောက်လို့ လူသိများတဲ့ နီလာ (𝑺𝒂𝒑𝒑𝒉𝒊𝒓𝒆) လွန်ခဲ့တဲ့ ရာစုနှစ်တွေထဲက ချစ်ခြင်းမေတ္တာ၊ သစ္စာရှိခြင်း နဲ့ တော်ဝန...
10/11/2025

တော်ဝင်ဆန်တဲ့ ကျောက်လို့ လူသိများတဲ့ နီလာ (𝑺𝒂𝒑𝒑𝒉𝒊𝒓𝒆)

လွန်ခဲ့တဲ့ ရာစုနှစ်တွေထဲက ချစ်ခြင်းမေတ္တာ၊ သစ္စာရှိခြင်း နဲ့ တော်ဝန်ဆန်ခြင်း လို့ ကိုယ်စားပြုခဲ့ထားရတဲ့ နီလာကျောက်မျက်ဟာ ပတ္တမြား (𝑹𝒖𝒃𝒚) နဲ့ အတူ ကိုရမ်ဒမ် (𝑪𝒐𝒓𝒖𝒏𝒅𝒖𝒎) ကျောက် အုပ်စုဝင် ဖြစ်ပေမယ့် တိုက်တေနီယမ် (𝑻𝒊𝒕𝒂𝒏𝒊𝒖𝒎) ဒြပ်စင်အနည်းငယ် ပါတာကြောင့် ပတ္တမြား (𝑹𝒖𝒃𝒚) ရဲ့ ဖွဲ့စည်းပုံနဲ့ အရောင် ဟာ ကွဲသွားကြပြီး ပတ္တမြားနဲ့ နီလာကို ကျောက်ညီအစ်မ လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ် . . . 💕

နီလာကို မာခြင်းအဆင့် တိုင်းတာတဲ့ 𝑴𝒐𝒉𝒔 𝑺𝒄𝒂𝒍𝒆𝒔 အရ 9 အဆင့်ရှိလို့ အမာကျောဆုံး ကျောက်တွေထဲက တစ်ခုဖြစ်ပြီး စက်တင်ဘာ (𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓) လ မွေးဖွားသူတွေရဲ့ အဆောင်ကျောက်လို့လည်း ပြောလို့ရပါတယ်။

အရောင်အားဖြင့် နီလာ (𝑺𝒂𝒑𝒑𝒉𝒊𝒓𝒆) ဟာ အပြာရောင်လို့ လူသိများပေမယ့် အပြာရောင်ထဲမှာကိုပဲ အပြာရောင်အမျိုးမျိုးရှိတဲ့အပြင် အခြား အဖြူရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ ရွှေရောင်၊ ပန်းရောင်၊ ခရမ်းရောင်နဲ့ မရမ်းရောင် အသီးသီးရှိတာကိုပါ တွေ့ရပါတယ် . .

နီလာ (𝑺𝒂𝒑𝒑𝒉𝒊𝒓𝒆) ကို အရောင်ကို (၈) မျိုးအနေနဲ့ တွေ့ရပြီး စိမ်းပြာရောင်၊ စိမ်းဝါရောင်၊ အပြာ နဲ့ အနီ ရောနေတဲ့ အရောင် နှစ်ခုစပ်တဲ့ နီလာမျိုးတွေကိုလည်း တွေ့ရပါသေးတယ်။

ဒီလို အရောင် စုံရှိတဲ့ နီလာ (𝑺𝒂𝒑𝒑𝒉𝒊𝒓𝒆) တွေထဲမှာ ရတနာတန်းဝင် တဲ့ အရောင်ကတော့ အပြာရောင်ရှိတဲ့ နီလာတစ်မျိုးကသာ ရတနာတန်းဝင်တဲ့အပြင် အပြာရောင်ကြောင့် ဒီနေ့ခေတ် လူကြိုက်အများဆုံး Coloured Stones တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်ဆိုလည်း မမှားပါဘူးနော် . . 💕

ပထမဆုံးသော နီလာကျောက်မျက် (𝑺𝒂𝒑𝒑𝒉𝒊𝒓𝒆) ကိုတော့ ၁၈၆၅ ခုနှစ် အမေရိကန်နိုင်ငံ မွန်တာနာ (𝑴𝒐𝒏𝒕𝒂𝒏𝒂) အနီး မစ်ဆူရီမြစ်မှာ ရွှေတူးရင်း ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

နီလာ (𝑺𝒂𝒑𝒑𝒉𝒊𝒓𝒆) အဓိကထွက်ရှိတဲ့ ဒေသတွေကတော့ သီရိလင်္ကာ ၊ ဩစတြေးလျ ၊ ကတ်ရှ်မီးယား ၊ မာဂတ်စတာ၊ မြန်မာ ၊ ထိုင်း ၊ တရုတ်၊ ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ လာအို၊ နီပေါ၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန် နဲ့ အမေရိကန်ပြည်ထောင်စု ဒေသတွေမှာ ထွက်ရှိပြီး

သီရိလင်္ကာ၊ မြန်မာ နဲ့ ကတ်ရှ်မီးယား ဒေသတွေမှာ ထွက်ရှိတဲ့ နီလာ (𝑺𝒂𝒑𝒑𝒉𝒊𝒓𝒆) တွေကတော့ ကမ္ဘာ့ အရည်အသွေးအမြင့်ဆုံး နီလာတွေအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ် . .

#ကျောက်အကြောင်းလေးတွေနဲ့အရောင်းလေးတွေလည်းတင်ပေးဦးမှာမို့pageလေးကိုlikeနဲ့followလေးလုပ်ပေးဦးနော်🤍

မြ (Emerald) အကြောင်းစွဲမက်ဖွယ်ကောင်းသော အစိမ်းရောင်ရှိသည့်💚 မြကျောက်ကို အီဂျစ်တွင် စတင် တူးဖော်ရရှိခဲ့ပြီး Queen Cleopa...
10/11/2025

မြ (Emerald) အကြောင်း

စွဲမက်ဖွယ်ကောင်းသော အစိမ်းရောင်ရှိသည့်💚 မြကျောက်ကို အီဂျစ်တွင် စတင် တူးဖော်ရရှိခဲ့ပြီး Queen Cleopatra ရဲ့ အကြိုက်ဆုံးရတနာပါ။
ကမ္ဘာပေါ်မှာ မြကို 𝐂𝐨𝐥𝐮𝐦𝐛𝐢𝐚 နိုင်ငံမှ 50% တူးဖော်ရရှိပြီး ရှားပါးဒြပ်စင် ခရိုမီယမ် (Chromium) ပါရှိတဲ့ မြကို Columbia နိုင်ငံ တစ်ခုထဲ မှာသာ တူးဖော်ရရှိပါတယ်။
𝐂𝐡𝐫𝐨𝐦𝐢𝐮𝐦 ဒြပ်စင်ဟာ ကမ္ဘာတွင် ရှိသော ဒြပ်စင်များတွင် အပုံ၁၀၀ တွင် ၁ပုံသာ ရှိသော ရှားပါးဒြပ်စင်ပါ ။
Chromium ကြောင့် စိမ်းတဲ့ အစိမ်းရောင်ဟာ အခြားနိုင်ငံများမှ ထွက်သော Emerald၏ စိမ်းပုံခြင်း မတူညီပဲ စွဲမက်ဖွယ်ကောင်းသော အစိမ်းရောင် ဖြစ်သည့် အတွက် 𝐂𝐨𝐥𝐮𝐦𝐛𝐢𝐚 𝐄𝐦𝐞𝐫𝐚𝐥𝐝 သည် Emerald များတွင် အလှဆုံးနှင့် အဖိုးတန်ဆုံး ဖြစ်ပါတယ်။

Emerald ကို ကမ္ဘာမှာ အကောင်းဆုံးနှင့် အများဆုံးထွက်ရှိတဲ့ ၄နိုင်ငံကတော့
💚Columbia (50%)
💚Zambia (20%)
💚Brazil
💚Zimbebwe ဖြစ်ပါတယ်။
အခြားနိုင်ငံများဖြစ်သော Nigeria,Madagascar,Tanzania,Mozambique,Afghanistan ,Russia and South Africa တို့မှာလဲ လွန်ခဲ့သောရှေးနှစ်ပေါင်းများစွာတွင် တူးဖော် ရရှိခဲ့ဖူးပြီး ယခု နှစ်များတွင် Ethiopia မှာ ထွက်ရှိတဲ့ မြများမှာ Columbia အရည်သွေးနဲ့အပြိုင် လှပပါတယ် ။China,India,Austria, The USA,Norway နှင့် Australia မှာလဲ အနည်းငယ်တူး​ဖော်ရရှိပါသည်။ မြ၏ အောင်းဝင်inclusion များကို ကြည့်ပြီး ထွက်ရှိရာ ဒေသများကို ခွဲခြားနိုင်ပါတယ်။

မြန်မာနိုင်ငံတွင် မိုးကုတ်မြDiopside ကို Emerald နှင့်မှားတတ်ကြပြီး မိုးကုတ်မြ Diopside နှင့် Emerald တို့မှာ လုံးဝ မတူညီသော ကျောက်နှစ်မျိုးပါ။

သတိပြုစရာမှာ အစိမ်းရောင် berylတိုင်းကို Emerald ဟုမခေါ်ပါ ။ မြ၏ စိမ်းစိုမှုအရောင်ပေါ်မူတည်၍ Emerald နှင့် Green Beryl ဟု ခွဲခြားပါသေးတယ်။ ကျောက်တွင် အစိမ်းဖျော့သောအရောင် သာရှိပါက green beryl အဆင့်သာ ဖြစ်ပြီး စိမ်းစိုသော အရောင်ရှိမှသာ Emerald ဟု ခေါ်သည်။

မြမှာ အတွင်းinclusion များစွာပါဝင်တတ်သော
ကျောက်မျက်ပါ။
မာဆင့် ၇.၅ ကနေ ၈ အတွင်းသာ ရှိသည့် အတွက် ကွဲထွက်လွယ်ပါတယ် ။ ကမ္ဘာပေါ်တွင် မြများကို Treatmentများလုပ်ပြီး gem’s qualityကောင်းမွန်စေရန် အသုံးပြုကြပါတယ်။
99%သောမြတွေကတော့ Oil treatment ပါ ပါတယ်နော်။
မြကို ထိမ်းသိမ်းရာမှာ စိမ်သော ဆီ၏ quality ကို သတိပြုရန် အရေးကြီးသည်။ ဆီကို အရောင်ပါသော ဆီများ မသုံးသင့်ပါ။ အဝါရောင် ရှိသော ဆီများသုံးပါက ကျောက်အတွင်းဝါသော ဆီများဝင်သွားခြင်းကြောင့် မြ၏ စိမ်းစိုသော အရည် color အရောင် ကို ပြောင်းလဲပြီး အလှပျက်စေပါသည် ။

မြလက်ဝတ်ရတနာများပြုလုပ်ရာတွင် Heat အပူချိန် ၊ ပန်းတိမ်သုံးchemicalများ၊အခြားChemical များ၊ ultrasonic cleansing များနှင့် ထိတွေ့တဲ့ အခါ ပြုပြင်ထားသော treatment များကျောက်အတွင်းမှ ထွက်သွားတတ်သည့်အတွက် ကျောက်၏ အလှကို ပျက်စီးသွားစေခြင်း၊ အရောင်ပြောင်းခြင်းနှင့် ကွဲအက်ခြင်းဖြစ်စေပါတယ်။
ဒါကြောင့် မြကျောက်ကိုjewelry တွင် နောက်ဆုံးအဆင့်မှသာ တပ်ဆင်ခြင်း၊ဝတ်ဆင်ရာတွင် Alcoholပါသော Chemical များနှင့် ထိတွေခြင်း များရှောင်ရှားသင့်ပါတယ် ။
ပွဲလမ်းသဘင်အတွက် နုနုရွရွလှလှပပ လေးသာဝတ်ပါနော် ။

Greek ရိုးရာ မှာ မြ ဟာ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ Venusနတ်ဘုရားမနှင့် သက်ဆိုင်နေတာကြောင့် အဆုံးအဆ မရှိသော အနှိုင်းမဲ့ ချစ်ခြင်းကို ဖြစ်ပေါ်စေတယ်လို့ ယုံကြည်ခဲ့ကြပြီး မြကို The SEEKER OF LOVE လို့တင်စားကြပါတယ်။ Relationship အပေါ်မှာ အထူး လွှမ်းမိုးမှု ရှိတဲ့ ကျောက်ဖြစ်သည့်အတွက် ချစ်သူများ၊ ဇနီး မောင်နှံများကြားမှာ Proposal Ring, Couples Rings များ အနေနှင့် ဝတ်ဆင်ကြပါတယ်။
မြကို ဝတ်ဆင်ပါက ချစ်ခြင်းနှင့် friendshipတွင် တိုးတက် ကောင်းမွန်စေပြီး စိတ်နှလုံး​အေးချမ်းစေခြင်း နှင့် Heart Chakra ကိုလဲ အထူးထောက်ပံ့မှုပေးပါတယ်။
မြဟာ ဗုဒ္ဓဟူးသားသမီးနဲ့ မေ လဖွားများရဲ့ အဆောင်ကျောက်လဲ ဖြစ်ပါတယ်။

မြလေး ဆောင်ရင်း စိတ်နှလုံးချမ်းမြေ့ပျော်ရွင်ပါစေနော် .
(မြကျောက်၏ သဘာဝကိုသာ ရေးသားထားခြင်းဖြစ်ပါသည်။)

#ကျောက်အကြောင်းလေးတွေနဲ့အရောင်းအဝယ်လေးတွေလည်းတင်ပေးဦးမှာမို့pageလေးကိုlikeနဲ့followလေးလုပ်ပေးဦးနော်🤍

Ruby နဲ့ Pink Sapphire တူသလား။ဒီမေးခွန်းကိုဖြေဖို့ အရင်ဆုံး ပတ္တမြား နီလာ မျိုးရင်းအုပ်စုဖြစ်တဲ့ corundum အကြောင်း အရင်ပ...
09/11/2025

Ruby နဲ့ Pink Sapphire တူသလား။

ဒီမေးခွန်းကိုဖြေဖို့ အရင်ဆုံး ပတ္တမြား နီလာ မျိုးရင်းအုပ်စုဖြစ်တဲ့ corundum အကြောင်း အရင်ပြောပြချင်ပါတယ်

Corundum ကျောက်မျက်အမျိုးအစားထဲမှာ Ruby နဲ့ sapphire ပါဝင်ပါတယ်
Chemical composition ကတော့Al2 O3 (Aluminium oxide) ပါ
အရိုင်းပုံဆောင်ခဲ crystal system အနေနဲ့ Trigonal system အနေနဲ့တွေ့ရှိရပါတယ်
Hardness အနေနဲ့ 9 ရှိပြီး စိန်ပြီးရင် အမာဆုံးတွင်းထွက်ဖြစ်ပါတယ်
Specific gravity - 3.99-4.01
Refractive index- 1.76-1.78
Double refraction- 0.008
Lustre- vitreous
Dispersion or fire- 0.018
Melting point- 2044'C
ဒါတွေကတော့ အကျယ်မရှင်းပြတော့ပါဘူး

အဓိကပြောချင်တာက colour နဲ့ inclusion အကြောင်းပါ

Corundum တွေဟာ pure state မှာ colourless ပါ
White sapphire လို့ သတ်မှတ်ပါတယ်
Colour ဖြစ်ပေါ်လာတာကတော့ colouring elements တွေပေါင်းစပ်ပါဝင်ရာက ဖြစ်လာတာပါ
Chromium ဟာ အနီရောင်ကိုဖြစ်စေပြီး iron နဲ့ titanium က အပြာရောင်ကိုဖြစ်ပေါ်စေပါတယ်
အနီရောင် corundum ကို Ruby လို့ခေါ်ပြီး အနီရောင်ကလွဲ၍ ကျန်အရောင်များအားလုံးကို sapphire လို့သတ်မှတ်ပါတယ်
အပြာရောင်ကို sapphire လို့ခေါ်ပြီး ကျန်အရောင်များကို သက်ဆိုင်ရာအရောင်အလိုက် yellow sapphire, white sapphire, pink sapphire, purple sapphire ဆိုပြီး ခေါ်ကြပါတယ်
အဝါ အစိမ်း ခရမ်း အဖြူများက သိသာစွာကွဲလွဲတာကြောင့်
ပြသနာမရှိလှပါ

ပြဿနာက အနီနဲ့ ပန်းရောင်
သိသိသာသာနီပြီး အကောင်းဆုံးအရည်လို့ သတ်မှတ်ထားတဲ့ pigeon blood red နဲ့ light pink မှာလည်း ခွဲခြားလို့ အဆင်ပြေပါသေးတယ်

ခိုသွေးထက်တစ်ပတ်ကျ ပန်းရည်ထက် တစ်ပတ်ထက်တဲ့ အရည်များမှာတော့ ဘယ်အရည်လောက်ထိကို pink sapphire သတ်မှတ်ပြီး ဘယ်အရည်ကစလို့ Ruby သတ်မှတ်မယ်ဆိုတာ တိတိကျကျ သတ်မှတ်ထားတာမျိုးမရှိပါဘူး

လူတွေရဲ့အမြင်နဲ့မှတ်ဉာဏ်မှာ မှတ်ရအလွယ်ဆုံးက ဂဏန်းတွေဖြစ်ပြီး မှတ်ရအခက်ဆုံးက အရောင်တွေပါတဲ့ လူတစ်ယောက်ဟာ ဖုန်းနံပါတ်ဆယ်ခုလောက်ကို မှတ်မိနိုင်ပေမယ့် အရောင်တစ်ရောင်မှတ်ဖို့ခက်ပါတယ်တဲ့

ဒါကြောင့် ပတ္တမြားကို အရည်အလိုက် ဒေသအခေါ်အဝေါ်နဲ့
ဝယ်ရောင်းနေကြတဲ့အပေါ်မှာလည်း ကွဲလွဲမှုလေးတွေ
ရှိနေပါသေးတယ်
အရောင် အနုမှအရင့်အလိုက်
ပန်းရည်
ပန်းထက်
ခါးရှိန်း
ခါးထက်
အရည်ထက်
စိန်ပတ်ရည် ဆိုပြီး အကြမ်းအားဖြင့် သတ်မှတ်ကြပါတယ်

အဲ့ဒီမှာမှ lab certificate ထုတ်မယ်ဆို gemologist မတူတာနဲ့ အဖြေတွေမတူတော့ပါဘူး
တချို့ lab တွေက ပန်းထက်လောက်ကစပြီး
Ruby ထုတ်ပေးပေမယ့် တစ်ချို့က ခါးထက်ထိတောင်
pink sapphire ပဲ ထုတ်ပါတယ်
ကုန်သည်အချင်းချင်း ဝယ်ရောင်းကြတာ ပြဿနာမရှိပေမယ့်
နားမလည်တဲ့ ဝယ်သူနဲ့ဆို Ruby ဆိုလို့ဝယ်တာ
pink sapphire ဖြစ်နေလို့ဆိုပြီး ပြန်ပေးတာ ခနခနကြုံရပါတယ် ဒါပေမယ့် lab ပြောင်းထုတ်ပြန်တော့ Ruby ဖြစ်နေပြန်ရောဆိုတော့ ဆိုလိုချင်တာက သဘာဝ ဟုတ်မဟုတ် မီးဖုတ်ပြုပြင်ထားခြင်းရှိမရှိ ထွက်ရှိရာဒေသ ဒါတွေကို အဓိကထား ကြည့်ကြပါလို့ပြောချင်ပါတယ်

ဒါဆို စျေးရောကွာသလားဆိုရင်တော့ 4 C ကိုပြန်ကြည့်ရပါမယ်
Colour
Clearity
Carat
Cutting ပေါ်မှာပဲကြည့်ရမှာပါ

Pink sapphire ဖြစ်တိုင်း Ruby ထက် စျေးမနည်းနိုင်ပါ

နားမလည်ဘူး တူလား မတူဘူးလား တစ်ခွန်းပဲဖြေ ဆိုရင်တော့
ဟုတ်ကဲ့ တူတူပါပဲ လို့


#ကျောက်အကြောင်းတွေနဲ့အရောင်းလေးတွေတင်ပေးဦးမှာမို့pageလေးကိုlikeလေးလုပ်ထားကြပါဦးနော်🤍

ပတ္တမြား(ruby)အကြောင်းပတ္တမြား(Ruby)သည် တွင်းထွက်ကျောက် တစ်မျိုးဖြစ်သည်။ ပတ္တမြား၏ အရောင်သည် အများအားဖြင့် သွေးကဲ့သို့သေ...
09/11/2025

ပတ္တမြား(ruby)အကြောင်း

ပတ္တမြား(Ruby)သည် တွင်းထွက်ကျောက် တစ်မျိုးဖြစ်သည်။ ပတ္တမြား၏ အရောင်သည် အများအားဖြင့် သွေးကဲ့သို့သော အနီရောင်ဖြစ်သည်။

တွင်းထွက်ကျောက်ထဲတွင် အရည်အသွေးကောင်းပါက တန်ဘိုးကြီးလေသည်။ မြန်မာနိုင်ငံတွင် မိုးကုတ်ဒေသမှ အများဆုံး ထွက်ရှိသည်။ ထို့ကြောင့် မိုးကုတ်ဒေသကို ပတ္တမြားမြေ ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။

ပြဒါးဓါတ်များ ကိန်းအောင်းရာမှ ဖြစ်လာသည်ဟု ရှေးကအယူရှိသောကြောင့် ပြဒါးများ ဟု ခေါ်ရာမှနေပြီး နောင်တွင် ပတ္တမြားဟု အမည်တွင်လာသည်ဟု ပြောဆိုကြသည်။

(အကယ်၍ သံနှင့် တိုက်တေနီယံ ဒြပ်စင်သာ အစားထိုးပါဝင်သွားပါက အပြာရောင် နီလာအဖြစ်ရောက်ရှိသွားမည်ဖြစ်သည်။)

ဓာတုဗေဒဖွဲ့စည်းမှု

ဓာတုဗေဒအရ ပတ္တမြားနှင့် နီလာသည် အလူမီနီယံအက်တမ် ၃ခုနှင့် အောက်စီဂျင်အက်တမ်၂ခုတို့ဖြင့် ဖွဲ့စည်းထားသည့်
ကိုရမ်ဒမ်(Al2O3)ဒြပ်ပေါင်းသာဖြစ်သည်။

ထိုဒြပ်ပေါင်းအတွင်းသို့ ခရိုမီယံ ဒြပ်စင်အနည်းငယ်ပါဝင်သောကြောင့် အနီရောင်အဖြစ် အရောင်ရှိနေရခြင်း ဖြစ်သည်။ ပုံဆောင်စနစ်မှာ
တြိဂုဏ်စနစ်ဖြစ်ပြီး ရောင်လက်အားဖြင့် ဖန်ရောင်လက်ဖြစ်သည်။

မာဆင့်မှာ ၉ ရှိပြီး သဘာဝတွင်းထွက်များအနက်
စိန်ပြီးလျှင် အမာဆုံးတွင်းထွက်ဖြစ်ပါသည်။

ပတ္တမြား အရည်အသွေးများ

(၁)လည်သီးရည် ကြက်ဖလည်ပင်းမှထွက်သော သွေးအရောင်၊ အနီရောင်အပြည့်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။

(၂)ငရှဉ့်သွေးရည် ငရှဉ့်သွေးကဲ့သို့ အနီရောင်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။

(၃)ခိုသွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အပြာရည်စွက်သော အရောင်ကို ခေါ်ခြင်းဖြစ်သည်။

(၄)ယုန်သွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အဝါရည်စွက်သောအရောင်ကို ခေါ်ခြင်းဖြစ်သည်။

(၅)သပြေသီးရည် ပတ္တမြားကျောက် အနီတွင် အပြာ၊ အညို ရောယှက်နေသည့် သပြေသီးမှည့် အရောင်ကို ခေါ်ခြင်းဖြစ်သည်။

(၆)ဘုံဘိုင်ညွန့်ရည် နှင်းဆီပန်းအရောင်ရင့်၏ စိုပြေသော နီနီရဲရဲ အရောင်မျိုးးကို ခေါ်ခြင်းဖြစ်သည်။

(၇)ဘုံဘိုင်ရည် လူငယ်၏အသွေးအရောင်ကဲ့သို့ အနီရောင်သက်သက်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၈)ကျောက်တိမ်းရည် အနီတွင် အပြာရည်လွန်သော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၉)အရည်ကျ အနီရောင် ဖျော့သောအရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၁၀)ပန်းရည် နှင်းဆီပန်းရောင်ကဲ့သို့ အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၁၁)ကြက်သည်းရောင်အရည် ညိုပုပ်ပုပ်နှင့် မည်းသယောင်ယောင်နီသော အနီပုပ်ရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၁၂)ကြက်သွန်ဥခွံအရည် အနီရောင်ဖျော့လျှက် ဖြူသယောင် အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၁၃)ထုံးခြောက်ရည် နီသော်လည်း ဖြူပြီး ခြောက်တောက်တောက် ဖြစ်နေသော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၁၄)ကတ္တီပါရည် ကတ္တီပါအပြာစ ကဲ့သို့ အပြာရောင်ရှိသော နီလာကျောက်ကို ခေါ်ခြင်းဖြစ်သည်။ (နီလာတွင်သာ ခေါ်ခြင်းဖြစ်သည်။)

‌ပတ္တမြားဂေါ်ကြိုး(Star Ruby )

ပတ္တမြား၏ ထူးခြားမှုတစ်ခုမှာ ကြိုးခေါ် ဂေါ်ကြိုးများတွေ့ရှိရတတ်ခြင်းပင်ဖြစ်သည်။ထိုကဲ့သို့ကြိုးများပေါ်ရခြင်းမှာ ပတ္တမြားနှင့်နီလာတို့၏အတွင်းတွင်ရှိသည့် ပိုးကြိုးကဲ့သို့သော ရူတိုင်းအောင်းဝင်များကြောင့်ဖြစ်သည်။

ပတ်တမွားအတု

တန်ဖိုးကြီးလူကြိုက်များသောကြောင့် ပတ္တမြားကို အတုဖန်တီးကာ လိမ်လည်ရောင်းချခြင်းမှာလည်း ပေါ်ပေါက်လာရသည်။ ပတ္တမြားအတုပုံစံနှစ်မျိုးရှိသည်။

ပထမတစ်မျိုးမှာ:ပတ္တမြားနှင့်ဆင်တူသော အခြားတွင်းထွက်ကျောက်မျက် (ဥပမာ- ပတ္တမြားနီးပါးလှပသည့် အညံ့ပန်း)ဖြစ်ပြီး၊ ထိုကဲ့သို့သော ကျောက်မျက်များကို ဆင်တူရိုးမှားဟုသတ်မှတ်ပြီး ကျောက်မျက် ရတနာတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများဖြင့် ခွဲခြားနိုင်ပေသည်။

ဒုတိယတစ်မျိုးမှာ

လူတို့၏အားထုတ်မှုဖြင့် ပတ္တမြား၏ ဓာတုဒြပ်ပေါင်းဖြစ်သည့်
ကိုရိုဒမ်ဒြပ်ပေါင်းအား ကျိုချက်ကာ တစ်စက်ခြင်းပုံလောင်းအအေးခံခြင်းအားဖြင့် ရရှိလာသည့် ချက်ကျောက်အမျိုးအစားဖြစ်ပေသည်။

၎င်းကို ဈေးကွက်အတွင်းတွင် ချက်ကျောက် ဟုသတ်မှတ်ခေါ်ဝေါ်ကြသည်။ အဆိုပါ ချက်ကျောက်များအား ဆယ်ဆချဲ့မှန်ဘီလူးဖြင့်သော်လည်းကောင်းဓါတ်ခွဲခန်းသုံး အဏုကြည့်မှန်ဘီလူးဖြင့်သော်လည်းကောင်း ကောင်းစွာစစ်ဆေးကြည့်လျှင် အအေးခံအစက်ချသည့် အလွှာအလိုက် လိုင်းကြောင်း(မျဉ်းကွေး)များအထပ်ထပ်တွေ့ရှိခြင်းဖြင့် ချက်ကျောက်(အတု) ဖြစ်ကြောင်းကို သိရှိနိုင်သည်။


#ရတနာချစ်သူအပေါင်းတို့ဗဟုသုတများကြွယ်ဝကြပါစေ။
#ကျောက်အကြောင်းလေးတွေနဲ့အရောင်းလေးတွေတင်ပေးဦးမှာမို့pageလေးကိုlikeလုပ်ထားပါဦးနော်🤍

Address

Bo Aung Kyaw Street, 7 Ward, Hlaing Tharyar Township
Yangon

Website

Alerts

Be the first to know and let us send you an email when May Phoo’s Gems House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share