လှယဉ်ဆန်းရတနာရွှေဆိုင်နှင့်ရွှေပန်းတိမ် Hla Yin San Gold and Jewelry Store

  • Home
  • Myanmar
  • Yangon
  • လှယဉ်ဆန်းရတနာရွှေဆိုင်နှင့်ရွှေပန်းတိမ် Hla Yin San Gold and Jewelry Store

လှယဉ်ဆန်းရတနာရွှေဆိုင်နှင့်ရွှေပန်းတိမ် Hla Yin San Gold and Jewelry Store �ရတနာရွှေဆိုင် နှင့် ရွှေပန်းတိမ် �

ကိုယ့်ရဲ့ရာသီခွင်အလိုက် ဘယ်လိုကျောက်မျက် ရတနာမျိုးကို ​ဆောင်ရမလဲ ❓️📣 ကိုယ့်ရဲ့ Zodiac Element အလိုက် ဘယ်လိုကျောက်မျက် ရတ...
24/02/2026

ကိုယ့်ရဲ့ရာသီခွင်အလိုက် ဘယ်လိုကျောက်မျက် ရတနာမျိုးကို ​ဆောင်ရမလဲ ❓️

📣 ကိုယ့်ရဲ့ Zodiac Element အလိုက် ဘယ်လိုကျောက်မျက် ရတနာ​တွေက လိုက်ဖက်မလဲ ? ဆိုတာ သိချင်နေပြီလား🧐 ရာသီခွင်အုပ်စု​တွေဖြစ်တဲ့ မီး ၊ ​ရေ ၊ ​လေ ၊ ​မြေ အလိုက် ဆောင်ထားသင့်တဲ့ ကျောက်မျက်တွေအကြောင်း 𝐇𝐥𝐚 𝐘𝐢𝐧 𝐒𝐚𝐧 က
နေ ​ပြောပြပေးလိုက်ပါတယ်နော်

🔥Fire Sign - မီးဓါတ်ပိုင်ရှင်​တွေက​တော့ ပတ္တမြား ၊ စိန်တို့လို ​တောက်ပတဲ့ ရတနာ​တွေကို ​ဆောင်သင့်ပြီး

🌎 Earth Sign - ​မြေဓါတ်သမား​တွေက​တော့ ​အေးချမ်းတည်ငြိမ်မှုကို ကိုယ်စားပြုတဲ့ မြ ၊ နီလာ
တို့လို့ ​ကျောက်မျက်ရတနာ​တွေနဲ့ လိုက်ဖက်ပါတယ်

💨 Air Sign - ​လေဓါတ်ပိုင်ရှင် တွေက​တော့ ​တမူထူးခြားတဲ့ ကြောင်မျက်ရွ ၊ ပုလဲ စတဲ့ ရတနာ​​တွေကို ​ဆောင်ထားသင့်ပြီး

💧Water Sign - ​ရေဓါတ်သမား​တွေက နူးညံ့သိမ်​မွေ့မှု​တွေကို ​ပေါ်လွင်​စေတဲ့ မြစိမ်းပြာ ၊ ခရမ်းစွဲ​ကျောက်​တွေကို ဝတ်ဆင်သင့်ပါတယ် ✨️

📣ဒီလို ကိုယ့်ရဲ့ Zodiac Element နဲ့ အကိုက်ညီဆုံးဖြစ်မဲ့ ရတနာတွေကို ကိုယ်ပိုင်ပန်းထိမ်နဲ့ လက်ရာ​အကောင်းဆုံး အနုစိတ်ပုံဖော်ပေးဖို့ 𝐇𝐥𝐚 𝐘𝐢𝐧 𝐒𝐚𝐧 ကလည်း အဆင်သင့်ပါပဲ​နော် 😍

#လှယဥ်ဆန်း #စိန်​ရွှေရတနာဆိုင်
#လက်ဝတ်ရတနာ #ကိုယ်ပိုင်ပန်းထိမ်

🪙ရွှေဝတ်ထားတဲ့နေ့​တွေဆိုရင် ပိုပြီး ယုံကြည်မှုရှိနေတတ်တာ သတိထားမိကြလား ❓️တစ်ခါတလေကျရင် နားကပ်လေးတစ်စုံ ဒါမှမဟုတ် လက်စွပ်...
13/02/2026

🪙ရွှေဝတ်ထားတဲ့နေ့​တွေဆိုရင် ပိုပြီး ယုံကြည်မှုရှိနေတတ်တာ သတိထားမိကြလား ❓️

တစ်ခါတလေကျရင် နားကပ်လေးတစ်စုံ ဒါမှမဟုတ် လက်စွပ်လေးတစ်ကွင်းလောက် ဝတ်ထားတာနဲ့တင် မှန်ကြည့်တိုင်း ...

"ငါ ဒီနေ့ လှနေပါလား ? " ဆိုတဲ့ Confidence ကြီးက အလိုလိုရှိလာတတ်တယ်မလား 😎 သိပ္ပံ နည်းကျ​တော့ သက်သေမပြနိုင်ပေမဲ့ ရွှေဝတ်ထားရင် စိတ်က အလိုလို တက်ကြွနေတတ်တာ အားလုံးအသိပဲနော်❗️

ဘယ်​နေရာပဲသွားသွား လက်ဝတ်ရတနာ​လေးတွေနဲ့ဆိုရင် လူကြားထဲမှာ ပိုပြီးတော့ ဆွဲ​ဆောင်မှုရှိ​နေသလို ခံစားရတတ်ပါတယ် 💯 လှယဥ်ဆန်းရဲ့ ​မိတ်​ဆွေ​တွေ​ရော ​...

🪙"ရွှေဝတ်ထားတဲ့နေ့​တွေဆိုရင် ဘယ်လို Feeling မျိုး အများဆုံး ခံစားရတတ်လဲ"❓️ဆိုတာ ​ပြောပြ​ပေးသွားကြပါဦး​ရှင့် 🥰

#လှယဥ်ဆန်း #စိန်​ရွှေရတနာဆိုင်
#လက်ဝတ်ရတနာ #ကိုယ်ပိုင်ပန်းထိမ်

💎 အဖိုးထိုက်တဲ့ ရတနာတွေကို စိတ်ချလက်ချ ရွေးချယ်နိုင်ဖို့ လှယဉ်ဆန်းကို လှမ်းခဲ့ပါ...📣 လက်ဝတ်ရတနာတစ်ခုကို ဝယ်ယူတော့မယ်ဆိုရ...
06/02/2026

💎 အဖိုးထိုက်တဲ့ ရတနာတွေကို စိတ်ချလက်ချ ရွေးချယ်နိုင်ဖို့ လှယဉ်ဆန်းကို လှမ်းခဲ့ပါ...

📣 လက်ဝတ်ရတနာတစ်ခုကို ဝယ်ယူတော့မယ်ဆိုရင် ဒီဇိုင်းလှဖို့အတွက်တင်မကဘဲ ... ရွှေရည်မှန်ရဲ့လား ? လက်ရာ သေသပ်ရဲ့လား ? အာမခံမှု​​ရော ရှိရဲ့လား ? ဆိုပြီး စိုးရိမ်တတ်ကြတာ သဘာဝပါ

ဒီလို စိုးရိမ်မှုတွေကင်းပြီး စိတ်ချမ်းချမ်းသာသာနဲ့ အဖိုးထိုက်တန်တဲ့ ရတနာတွေကို စိတ်တိုင်းကျ​
ရွေးချယ်ဝယ်ယူချင်တဲ့ မိတ်​​ဆွေ​တွေအားလုံးကို "လှယဉ်ဆန်း" က
အမြဲ​စောင့်ကြိုနေပါတယ်ရှင် 🥰

💍စက်ရုံထုတ်ပုံစံတူ ဒီဇိုင်း​တွေမဟုတ်ဘဲ ကိုယ်ပိုင်ပန်းထိမ်ထွက် လက်ရာအဆန်း​တွေကိုမှ ဝတ်ဆင်ချင်သူ​တွေအတွက်လည်း ... "လှယဥ်ဆန်း" က ၁၀၀ % အာမခံမှုအပြည့်နဲ့ အထည်ဝါဆုံး လက်ဝတ်ရတနာ ဒီဇိုင်း​တွေကို ဖန်တီး​​ပေး​နေပါတယ်📣

#လှယဥ်ဆန်း #စိန်​ရွှေရတနာဆိုင်
#လက်ဝတ်ရတနာ #ကိုယ်ပိုင်ပန်းထိမ်

နေ့ရက်တိုင်း​ကို လက်ရာဆန်းတဲ့ ​ရွှေထည်​တွေဝတ်ရင်း ဖက်ရှင်ကျကျဖြတ်သန်းလိုက်ပါ 😎😉ပွဲတက်ရှိမှ ၊ အလှူမင်္ဂလာ​ဆောင်​တွေရှိမှ ...
01/02/2026

နေ့ရက်တိုင်း​ကို လက်ရာဆန်းတဲ့ ​ရွှေထည်​တွေဝတ်ရင်း ဖက်ရှင်ကျကျဖြတ်သန်းလိုက်ပါ 😎

😉ပွဲတက်ရှိမှ ၊ အလှူမင်္ဂလာ​ဆောင်​တွေရှိမှ ​ရွှေဝတ်ရမယ် ဆိုတဲ့ အ​တွေး​တွေကို ​​​မေ့ပစ်လိုက်​တော့​နော် ...
အခုခေတ်ကြီးထဲ အိမ်မှာနေရင်းနဲ့တောင် လှယဥ်ဆန်းရဲ့ ရွှေထည်လေးတွေကို ဆင်မြန်းပြီး ​နေ့ရက်တိုင်းကို ဖက်ရှင်ကျကျနဲ့ ဖြတ်သန်းလို့ ရနေပါပြီ 📣

🥰ရုံးသွား ၊ ​ကျောင်းသွား ပဲဖြစ်ဖြစ် ၊ ကော်ဖီဆိုင်သွားတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ Date တာပဲဖြစ်ဖြစ် ... ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်မဲ့ Daily Wear ​ရွှေထည်ဒီဇိုင်းလေး​တွေကို လှယဥ်ဆန်းမှာစိတ် ကြိုက် လာရွေးကြည့်လိုက်ပါ ❗️

လှယဥ်ဆန်း မှာဆိုရင်... ဆန်းသစ်တဲ့ ကိုယ်ပိုင်ပန်းထိမ်လက်ရာ ဒီဇိုင်းထည်​တွေကိုပဲ ​ရွေးချယ်နိုင်မှာမို့ ဘယ်လိုပဲဝတ်ဝတ် သူများထက် ထူးခြားပြီး ဖက်ရှင်ကျနေမှာ အသေအချာပါပဲရှင့် 😍

#လှယဥ်ဆန်း #စိန်​ရွှေရတနာဆိုင်
#လက်ဝတ်ရတနာ #ကိုယ်ပိုင်ပန်းထိမ် #ပန်းထိမ်လက်ရာ

🧐ရွှေကို အဆင်တန်ဆာလိုပဲဆင်မြန်းမလား ? ဝမ်းစာအတွက်ပဲ ရင်းနှီးမြှုပ်နှံထားမလား ? 💁🏻‍♀️ရွှေဝယ်ပြီဆိုရင် လူနှစ်မျိုးနှစ်စား ...
26/01/2026

🧐ရွှေကို အဆင်တန်ဆာလိုပဲဆင်မြန်းမလား ? ဝမ်းစာအတွက်ပဲ ရင်းနှီးမြှုပ်နှံထားမလား ?

💁🏻‍♀️ရွှေဝယ်ပြီဆိုရင် လူနှစ်မျိုးနှစ်စား ရှိတတ်ကြပါတယ်...

တချို့က အလှအပအတွက် ဝတ်ချင်လို့ ဝယ်တာ...

💍ဝတ်လိုက်တာနဲ့ ကိုယ့်ရဲ့အလှကို ပိုပေါ်လွင်စေမဲ့ ဒီဇိုင်းဆန်းဆန်းလက်ရာလေးတွေကို ရွေးချယ်တတ်ကြပါတယ် ... ပွဲတက်ချင်လို့ပဲဖြစ်ဖြစ် ၊ ​နေ့စဥ်ဝတ်ဖို့ပဲဖြစ်ဖြစ် "လှပေ့၊ ယဥ်ပေ့၊ ဆန်းပေ့" ဒီဇိုင်းလေးတွေ ကို ဆင်မြန်းရတာလည်း စိတ်ချမ်းသာစရာပဲလေ 😍

တချို့က​တော့ ​နောင်​ရေးအတွက် စု​ဆောင်းဖို့ အ​နေနဲ့ဝယ်တာ ...

🪙ရွှေ​ဆိုတာ ငွေကြေးတန်ဖိုး အတက်အကျ​တွေကြားမှာခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး အရေးအကြောင်းဆိုရင်လည်း ချက်ချင်း လက်ငင်း ငွေပြန်ဖော်လို့ရတဲ့ "အရေးပေါ်စု​​ငွေ" လည်း ဖြစ်ပါတယ် 😍

ဒီ​တော့ လှယဥ်ဆန်း က​နေ အကြံ​ပေးချင်တာက​တော့ ရွှေဝယ်ပြီဆိုရင်...
✅ ဒီဇိုင်းလည်းလှ
✅ အရည်အသွေးလည်း ပြည့်မီတာမျိုးကို ​ရွေးချယ်​စေချင်ပါတယ် 📣

ဒါမှ ဝတ်ထားရင်လည်း အလှတိုး ၊ သိမ်းထားရင်လည်း တန်ဖိုးတက်လာမဲ့ ရတနာတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်​နော် ✨🥰

#လှယဥ်ဆန်း #စိန်​ရွှေရတနာဆိုင်
#လက်ဝတ်ရတနာ #ကိုယ်ပိုင်ပန်းထိမ် #ပန်းထိမ်လက်ရာ

🤔 ဘယ်ဟာက 'ရွှေစစ်စစ်' လဲ ❓️အခုခေတ်မှာ အဝတ်များကြတဲ့ ​လက်ဝတ်ရတနာ​တွေထဲကမှ  Yellow Gold - ရွှေဝါ ၊  White Gold - ရွှေဖြူ န...
24/01/2026

🤔 ဘယ်ဟာက 'ရွှေစစ်စစ်' လဲ ❓️

အခုခေတ်မှာ အဝတ်များကြတဲ့ ​လက်ဝတ်ရတနာ​တွေထဲကမှ Yellow Gold - ရွှေဝါ ၊ White Gold - ရွှေဖြူ နဲ့ Rose Gold တွေထဲမှာ ဘယ်ဟာက"ရွှေအစစ်" လဲလို့ မကြာခဏ အမေးခံရလေ့ရှိပါတယ် 💁🏻‍♀️ အဖြေကတော့ အားလုံးက ရွှေစစ်စစ်တွေပါပဲရှင့် ...

သူတို့မှာ အဓိက ကွာခြားသွားတာကတော့ ရွှေကို ပုံဖော်တဲ့အခါမှာ ရောစပ်လိုက်တဲ့ သတ္တုအမျိုးအစားတွေကြောင့်ပဲ ဖြစ်ပါတယ်

🟡Yellow Gold က​တော့ ရွှေစစ်စစ်ကို တခြားသတ္တုနည်းနည်းပဲ ရောထားတာမို့ မူလရွှေအရောင်အတိုင်း ဝင်းဝါနေတာပါ ... Classic ဆန်ဆန် ဒီဇိုင်း​တွေ ဝတ်ချင်သူတွေ အကြိုက်​​တွေ့တဲ့ ပုံစံပေါ့

⚪ White Gold - ​​ရွှေဖြူက ရွှေစစ်စစ်ကို နီကယ်လ် ဒါမှမဟုတ် ပလေဒီယမ် - Palladium တို့လို အဖြူရောင်သတ္တုတွေနဲ့ ရောစပ်ပြီး အပေါ်ကနေ ရိုဒီယမ် - Rhodium သတ္တုအုပ်လိုက်တာ​ကြောင့် ထွက်​ပေါ် လာတဲ့ အ​ရောင်က ခေတ်မီဆန်းသစ်လို့ လူငယ်တွေ အကြိုက်ဆုံးပါပဲ

💗 Rose Gold က​တော့ ရွှေကို ကြေးနီ - Copper နဲ့ ရောစပ်လိုက်တာကြောင့် ပန်းရောင်သမ်းတဲ့ဒီဇိုင်းလေး ထွက်လာတာပါ ... အသားဖြူဖြူ ၊ ညိုညို ဘယ်သူဝတ်ဝတ် လိုက်ဖက်တဲ့ အရောင်လေးဆိုရင်လည်း မမှားပါဘူး

💬ကဲ... ဒီ​တော့ လှယဥ်ဆန်းရဲ့ ​ရတနာချစ်သူ​တွေကရော ဒီအရောင် (၃) မျိုးထဲက ဘယ်တစ်ခုကို အနှစ်သက်ဆုံးလဲ ❓️ ဆိုတာ ​ပြောပြ​ပေးသွားကြပါဦးရှင် 😍

#လှယဥ်ဆန်း #စိန်​ရွှေရတနာဆိုင်
#လက်ဝတ်ရတနာ #ကိုယ်ပိုင်ပန်းထိမ် #ပန်းထိမ်လက်ရာ

မြင်သူတိုင်း ငေးမောစေရမဲ့ လှယဥ်ဆန်းရဲ့ ရတနာ ဒီဇိုင်းလက်ရာများ 😍💁🏻‍♀️လူတိုင်း စိန်​ရွှေရတနာ​​တွေဝတ်​နေကြတဲ့ ​ခေတ်ကြီးထဲမှ...
12/01/2026

မြင်သူတိုင်း ငေးမောစေရမဲ့ လှယဥ်ဆန်းရဲ့ ရတနာ ဒီဇိုင်းလက်ရာများ 😍

💁🏻‍♀️လူတိုင်း စိန်​ရွှေရတနာ​​တွေဝတ်​နေကြတဲ့ ​ခေတ်ကြီးထဲမှာ သူများ​နဲ့မတူ တမူထူးခြားတဲ့ လက်ဝတ်ရတနာဒီဇိုင်း​တွေကို ဆင်မြန်းချင်တယ်ဆိုရင်​​တော့ နေရာ​ရွေးမှန်ဖို့ လိုတယ်​နော် 📣

❗️လှယဥ်ဆန်း မှာဆိုရင်​ အထပ်ထပ်အခါခါတွေ့နေရတဲ့ ဒီဇိုင်းမျိုးတွေထက် ကိုယ်ပိုင်ပန်းထိမ်အလုပ်ရုံကနေ ​သေချာ ထုဆစ်ထားတဲ့ လက်ဝတ်ရတနာတစ်ခုချင်းစီရဲ့ အသက်ဝင်​နေတဲ့ အလှတရား​တွေကို ​
တွေ့မြင်နိုင်မှာပါ

🌟 ဝတ်ဆင်လိုက်တာနဲ့ လူတိုင်းရဲ့အမြင်မှာ လှပ ပေါ်လွင်​နေစေရမယ်
🌟 ခန့်ညား​နေစေရမယ်
🌟 ဘယ်သူနဲ့မှမတူတဲ့ ဆန်းသစ်တဲ့ လက်ရာမျိုး
ဖြစ်စေရမယ် ... ဆိုတာ ​သေချာပါတယ်

📣ဆယ်စုနှစ်များစွာတိုင်အောင် ပန်းထိမ်အမွေကို လက်ဆင့်ကမ်း ထိန်းသိမ်းလာတဲ့ လှယဥ်ဆန်း ရဲ့ လက်ရာတွေက လူကြားထဲမှာ အမြဲတမ်း ငေးမောဖွယ်ရာ ဖြစ်နေစေမှာ အသေအချာပါပဲရှင့် 😍

#လှယဥ်ဆန်း #စိန်​ရွှေရတနာဆိုင်
#လက်ဝတ်ရတနာ #ကိုယ်ပိုင်ပန်းထိမ် #ပန်းထိမ်လက်ရာ

"လှ​ပေ့ ၊ ယဥ်​ပေ့ ၊ ဆန်း​ပေ့" ဆိုတဲ့ ရတနာဒီဇိုင်း​တွေ စုစည်းရာ​နေရာ 😍 💍မြင်သူတကာ လည်ပြန်​ငေး​ရ​လောက်တဲ့ လက်ဝတ်ရတနာ​တွေ ၊...
08/01/2026

"လှ​ပေ့ ၊ ယဥ်​ပေ့ ၊ ဆန်း​ပေ့" ဆိုတဲ့ ရတနာဒီဇိုင်း​တွေ စုစည်းရာ​နေရာ 😍

💍မြင်သူတကာ လည်ပြန်​ငေး​ရ​လောက်တဲ့ လက်ဝတ်ရတနာ​တွေ ၊

🌟 ဘယ်သူနဲ့မှမတူဘဲ လက်ရာ​​ပြောင်မြောက်ပြီး ခေတ်မီဆန်းပြားတဲ့ ဒီဇိုင်း​တွေကို ဝတ်ဆင်ချင်​သူ​တွေအားလုံးကို "လှယဥ်ဆန်း" က ​စောင့်ကြို​နေပါတယ်​နော် 🥰

💁🏻‍♀️လက်ဝတ်ရတနာ​ဆိုတာ အမှန်တကယ် မြတ်နိုးတန်ဖိုးထားသူတွေအတွက်​​တော့ အနုပညာလက်ရာ​တွေဆိုလည်း မမှားပါဘူး...

💎 ဝတ်ဆင်လိုက်တိုင်းမှာ သူများထက် "လှပေ့ ၊ ယဥ်ပေ့ ၊ ဆန်းပေ့" ဆိုတဲ့ ခံစားချက်တွေကို အပြည့်အဝပေးနိုင်မဲ့ ရတနာပစ္စည်းတွေကို​ ... "လှယဥ်ဆန်း" မှာ စိတ်တိုင်းကျ ရွေးချယ်လိုက်ပါ 📣

ဆိုင်ရဲ့ Official Page လေးကိုလည်း Like & Follow လုပ်ပြီး အား ပေးကြဖို့ ဖိတ်​ခေါ်လိုက်ပါရ​စေ​နော် 😍

#လှယဥ်ဆန်း #စိန်​ရွှေရတနာဆိုင်
#လက်ဝတ်ရတနာ

၂၀၂၆ နှစ်သစ်အခါသမယတွင် မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ၍ စီးပွါးရေးများတိုးပွါးအောင်မြင်ကြပါစေကြောင်...
31/12/2025

၂၀၂၆ နှစ်သစ်အခါသမယတွင်
မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါး
ကျန်းမာချမ်းသာ၍ စီးပွါးရေးများတိုးပွါးအောင်မြင်ကြပါစေကြောင်း လှယဉ်ဆန်း ရတနာရွှေဆိုင်မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်🙏🙏🙏

#လှယဉ်ဆန်း
#လက်ဝတ်ရတနာ
#စိန်
#ပန်းထိမ်လက်ရာ
#ကိုယ်ပိုင်ပန်းထိမ်
#နှစ်သစ်ဆုဆောင်း

🎄Merry Christmas 2025…May your Christmas sparkle with happiness and blessings 👏🎅 ပျော်ရွှင်စရာခရစ္စမတ်နေ့လေးမှာ 🥰ချစ်ခင်...
25/12/2025

🎄Merry Christmas 2025…May your Christmas sparkle with happiness and blessings 👏

🎅 ပျော်ရွှင်စရာခရစ္စမတ်နေ့လေးမှာ
🥰ချစ်ခင်ရတဲ့သူတွေနဲ့အတူ ကြည်နူးစရာအမှတ်တရတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ လှယဉ်ဆန်းရတနာဆိုင် မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🔔🎄

Address

လိပ်စာ/အမှတ် ၁၇၊ ဗန္ဓုလ လမ်း ၊ ၂ ရပ်ကွက် ၊ အဖျောက်မြို့
Yangon
130105

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959798200580

Website

Alerts

Be the first to know and let us send you an email when လှယဉ်ဆန်းရတနာရွှေဆိုင်နှင့်ရွှေပန်းတိမ် Hla Yin San Gold and Jewelry Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to လှယဉ်ဆန်းရတနာရွှေဆိုင်နှင့်ရွှေပန်းတိမ် Hla Yin San Gold and Jewelry Store:

Shortcuts

Share