31/08/2026
The Crown of Princess Blanche
ဥရောပအလယ်ခေတ် သမိုင်းကြောင်းတွင် ရွှေထည်လက်ရာအဆန်းပြားဆုံးနှင့် အနုပညာမြောက်ဆုံး အမွေအနှစ်များထဲမှတစ်ခုကတော့ မင်းသမီး Blanche သရဖူ Crown of Princess Blancheဟာထိပ်ဆုံးမှပါဝင်ပါလိမ့်မယ်။Palatine Crownသို့မဟုတ်Bohemian Crownဟုလည်း လူသိများသည့် ဒီသရဖူဟာအင်္ဂလန်နိုင်ငံတွင် တည်ရှိခဲ့ဖူးသမျှ တော်ဝင်သရဖူများအနက် သက်တမ်းအကြာဆုံး ကျန်ရှိနေသည့်သရဖူလည်းဖြစ်ပါတယ်။၁၃၇၀–၁၃၈၀ခုနှစ်များအတွင်း တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရသော Gothicခေတ်မှပန်းထိမ်နှင့် ကျောက်မျက်စီခြယ်မှု အထွတ်အထိပ်လက်ရာကိုပြသနေပါတယ်။ ဒီသရဖူကို မူလက အင်္ဂလန်ဘုရင် Richard သို့မဟုတ်မိဖုရား Anne of Bohemiaရဲ.ပိုင်ဆိုင်မှုဖြစ်ခဲ့သည်ဟုယူဆရသော်လည်း၊ ၁၄၀၂ ခုနှစ်တွင် အင်္ဂလန်ဘုရင် HenryVI သမီးတော် မင်းသမီးPrincess BlancheဟာPalatineမင်းသား Louis IIIနှင့် ထိမ်းမြားစုံမက်ခဲ့စဉ် ဒီသရဖူကိုလက်ဖွဲ့အဖြစ်ပါဝင်ခဲ့သည့်အတွက် ထိုအချိန်မှစ၍ သရဖူသည် ဂျာမနီဒေသရှိ Wittelsbach တော်ဝင်မိသားစုလက်ဝယ်သို့ ရောက်ရှိသွားခဲ့ပါတယ်။ရတနာဒီဇိုင်းနှင့် ဗိသုကာအရ ဤသရဖူသည် အကဲဖြတ်သူများက "ဂေါသစ်ခေတ် ရွှေထည်လက်ရာများအနက် အပြောင်မြောက်ဆုံးသော အနုပညာ" ဟု တင်စားရသည်အထိ ထူးခြားဆန်းပြားပါတယ်။သရဖူအမြင့်နှင့် အချင်းမှာ ၁၈ စင်တီမီတာ (၇.၁ လက်မ)ရှိကြပြီး အောက်ခံအဝိုင်းတွင် ခြောက်ထောင့်ပုံစံ ရွှေပန်းပွင့်ကွက် ၁၂ ကွက်ဖြင့် ဖန်တီးထားပါတယ်။ ပန်းပွင့်ကွက်အလယ်တွင် ဖောက်ထွင်းမြင်ရသော နီလာ သို့မဟုတ် ပတ္တမြားကျောက်ဖြင့်စီခြယ်ထားပြီး နောက်ခံပေါ်အဖြူရောင် ကြွေEnamelပန်းပွင့်လေးများ အလှဆင်ထားပြီး၊ ယင်းတို့၏ ဗဟို၌ ပန်းနုရောင်စပ် နီလာတစ်လုံးစီ တပ်ဆင်ထားပါတယ်။ နှင်းပန်း (Fleur-de-lys) ပုံစံ ရွှေရိုးတံ အချွန် ၁၂ ခုသည် အရွယ်အစားနှင့် အမြင့် ကွဲပြားလျက်တလှည့်စီ စီတန်းတည်ရှိကာ၊ စိန်များ၊ ပတ္တမြားများ၊ မြများနှင့် ပုလဲများဖြင့်အသေးစိတ်စီခြယ်ထားပါတယ်။ ရှေးခေတ်ခရီးသွားလာရာတွင် လွယ်ကူစွာ သယ်ဆောင်နိုင်ရန်အတွက် နှင်းပန်း ရိုးတံများကို ဖြုတ်တက်ပြုလုပ်နိုင်အောင် ဖန်တီးထားပြီး၊ အောက်ခံအဝိုင်းကိုလည်း ခေါက်သိမ်းနိုင်သော ဒီဇိုင်းဖြင့် ပြုလုပ်ထားပါတယ်။ ပြန်လည်တပ်ဆင်သည့်အခါ အလွယ်တကူ မှန်ကန်စေရန် ပန်းပွင့်ကွက် တစ်ခုစီတွင်နံပါတ် ၁ မှ ၁၂ အထိ အမှတ်အသားပြု နံပါတ်တပ်ထားပါတယ်။ ၁၉၂၅ ခုနှစ်တွင်အချို့သော ပုလဲများကို ပြန်လည်မွမ်းမံ ပြုပြင်ခဲ့ရသော်လည်းမူလလက်ရာနှင့်ရှေးဟောင်းအနုပညာတန်ဖိုးမှာလျော့ပါးမသွားခဲ့ပေ။
၁၇၈၂ ခုနှစ်မှစ၍ ယနေ့ထက်တိုင် ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ Residenz နန်းတော်ရတနာတိုက်Treasury of the Munich Residenz တွင် စနစ်တကျ ထိန်းသိမ်းပြသထားပါတယ်။