KoKoe Gems & Jewelry

KoKoe Gems & Jewelry Fine Gems & Jewelry

နှစ်သစ်မှာ KoKoe Gems & Jewelry မိသားစုမှ စိန်ရွှေရတနာတွေလိုပဲ တောက်ပတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး...
01/01/2026

နှစ်သစ်မှာ KoKoe Gems & Jewelry မိသားစုမှ စိန်ရွှေရတနာတွေလိုပဲ တောက်ပတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်! 💎✨
ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ! 🎉

"Merry Christmas! 🎄✨ဒီနှစ်ခရစ္စမတ်မှာ ချစ်ရသူတွေနဲ့အတူ တောက်ပတဲ့ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ပါစေ။ Kokoe Gems & Jewelry ...
25/12/2025

"Merry Christmas! 🎄✨
ဒီနှစ်ခရစ္စမတ်မှာ ချစ်ရသူတွေနဲ့အတူ တောက်ပတဲ့ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ပါစေ။ Kokoe Gems & Jewelry မိသားစုမှ ချစ်ခင်လေးစားစွာဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💎❤️"

💎Customer အတွက် အထူးပြုလုပ်ပေးထားတဲ့ Design လေး Ruby & Diamond Set လေး😍ရတနာတိုင်းမှာ ပုံပြင်တစ်ပုဒ်စီ ရှိပါတယ်။ ဒီ Desig...
21/11/2025

💎Customer အတွက် အထူးပြုလုပ်ပေးထားတဲ့ Design လေး Ruby & Diamond Set လေး😍
ရတနာတိုင်းမှာ ပုံပြင်တစ်ပုဒ်စီ ရှိပါတယ်။ ဒီ Design လေးကတော့ ကြည်လင်တောက်ပတဲ့ စိန်ပွင့်များ နဲ့ နီရဲတောက်လောင်တဲ့ ပတ္တမြားပွင့်လေးတွေ ပေါင်းစပ်ထားတဲ့အတွက် ဆောင်းရဲ့ အလှတရားနဲ့ တည်ကြည်ခိုင်မာတဲ့ စိတ်ဓာတ်ကို ဖော်ညွှန်းနေပါတယ်။
ဒီဇိုင်းရဲ့ ထူးခြားချက်များ:
• ✨ Snowflake နားကပ်လေး: နှင်းပွင့်ပုံစံ နားကပ်လေးတွေက မျက်နှာကို တောက်ပစေပြီး ဆွဲဆောင်မှုရှိတဲ့ အသွင်ကို ဖန်တီးပေးပါတယ်။
• ❤️ Elegant Tennis Bracelet: ပတ္တမြား နဲ့ စိန်လေးတွေ တစ်လှည့်စီ စီထားတဲ့ လက်ကောက်လေးက လက်ကောက်ဝတ်မှာ ညင်သာသိမ်မွေ့တဲ့ အလှကို ဆောင်ကျဉ်းပေးပါတယ်။
• 🌟 ရွှေရောင် နဲ့ အနီရောင်တို့ရဲ့ ပေါင်းစပ်မှု: ရွှေသားပေါ်က အနီရောင် ပတ္တမြားတွေရဲ့ အရောင်အသွေးက အထူး ထင်းလင်းလှပစေပါတယ်။
လက်ဝတ်ရတနာ ချစ်မြတ်နိုးသူများအတွက်...
ဒီလိုမျိုး ဒီဇိုင်းလေးတွေ အပ်နှံချင်တယ်ဆိုရင်Page Chat Box မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ

"ထူးခြားတဲ့ ရတနာတွေနဲ့ ထူးခြားသူဖြစ်ပါစေ!"

သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာမြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊ကောင်းမြတ်သော လိုအင်ဆန္ဒမျာ...
06/10/2025

သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ
မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊
ကောင်းမြတ်သော လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း
Kokoe Gems & Jewelry မှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။
ဘေးဘယာကင်းကွာ၍ အေးချမ်းသာယာပါစေ။

ဒီနားဆွဲလေးကတော့ post တောင်မတင်ရသေးခင် ရောင်းထွက်သွားသော ရတနာလေး😍🥰ယုံကြည်စိတ်ချမှုဖြင့်အားပေးကြသောဆွေမျိုးမိတ်ဆွေများလည်...
04/10/2025

ဒီနားဆွဲလေးကတော့ post တောင်မတင်ရသေးခင် ရောင်းထွက်သွားသော ရတနာလေး😍🥰
ယုံကြည်စိတ်ချမှုဖြင့်အားပေးကြသောဆွေမျိုးမိတ်ဆွေများလည်း ဒီထပ်မကကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ❤️





💎နီလာ(Sapphire)နှင့်တူသောအပြာရောင်ရှိသောကျောက်မျက်ရတနာများနီလာကျောက်လို့ဆိုလိုက်တာနဲ့ အများစုက ခမ်းနားထည်ဝါတဲ့ အပြာရောင်...
23/09/2025

💎နီလာ(Sapphire)နှင့်တူသောအပြာရောင်ရှိသောကျောက်မျက်ရတနာများ

နီလာကျောက်လို့ဆိုလိုက်တာနဲ့ အများစုက ခမ်းနားထည်ဝါတဲ့ အပြာရောင်ကိုပဲ တွေးမိကြပါတယ်။ ဒါပေမဲ့ ကျောက်မျက်လောကမှာ နီလာနဲ့ အသွင်တူပြီး ခွဲခြားရခက်တဲ့ တခြားအပြာရောင်ကျောက်တွေလည်း အများကြီးရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ကျွမ်းကျင်သူတွေမှသာ ခွဲခြားနိုင်ပြီး၊ တိကျသေချာဖို့ဆိုရင်တော့ ကျောက်မျက်ဓာတ်ခွဲခန်းမှာ စစ်ဆေးဖို့လိုပါတယ်။
အခုဖော်ပြပေးမှာကတော့ နီလာနဲ့ ဆင်တူတဲ့အပြာရောင်ကျောက်မျက်အချို့နဲ့ နီလာရဲ့အရောင်ကွဲအမျိုးမျိုးပဲ ဖြစ်ပါတယ်။

💎နီလာနဲ့ဆင်တူတဲ့ အပြာရောင်ကျောက်များ

• Blue Spinel
ဒီကျောက်ကတော့ အလွန်ရှားပါးပါတယ်။ နီလာနဲ့ အသွင်အပြင် တော်တော်လေးဆင်ပြီး အရောင်ပိုတောက်ပတတ်ပါတယ်။ တချို့ရှားပါး Blue Spinel တွေဆိုရင် နီလာထက်တောင် ဈေးပိုကြီးနိုင်ပါတယ်။

• Blue Topaz
Blue Topaz ဟာ Topaz ကျောက်ကို ပြုပြင်ပြီး အပြာရောင်ဖြစ်အောင် ဖန်တီးထားတာပါ။ နီလာထက် ပိုပြီး တောက်ပသလို ဈေးနှုန်းလည်း အများကြီးသက်သာပါတယ်။ ဒါပေမဲ့ နီလာရဲ့ ထူးခြားတဲ့အလှကိုတော့ မမီပါဘူး။

• Kyanite
အရောင်အရမ်းဆင်တာကြောင့် တချို့နေရာတွေမှာ "မိုးညှင်းနီလာ" လို့တောင် ခေါ်ဝေါ်ပြီး ရောင်းချကြပါတယ်။ ဒါပေမဲ့ Kyanite ဟာ နီလာလောက် မမာကျောသလို ဈေးနှုန်းလည်း နီလာထက် အများကြီး သက်သာပါတယ်။

• Tanzanite
ဒီကျောက်ဟာ နီလာနဲ့ အပြာရောင်အရမ်းဆင်ပါတယ်။ ဒါပေမဲ့ နီလာထက် ခရမ်းရောင်အနည်းငယ်ပိုသန်းပြီး ဈေးနှုန်းလည်း နီလာထက် ပိုသက်သာပါတယ်။ နီလာကို အစားထိုးပြီး ဝတ်ဆင်လေ့ရှိကြပါတယ်။

• Blue Topaz
Blue Topaz ဟာ Topaz ကျောက်ကို ပြုပြင်ပြီး အပြာရောင်ဖြစ်အောင် ဖန်တီးထားတာပါ။ နီလာထက် ပိုပြီး တောက်ပသလို ဈေးနှုန်းလည်း အများကြီးသက်သာပါတယ်။ ဒါပေမဲ့ နီလာရဲ့ ထူးခြားတဲ့အလှကိုတော့ မမီပါဘူး။

• Blue Zircon
Blue Zircon ဟာ အရောင်ပိုတောက်ပလေ့ရှိပြီး အပြာရောင်ထဲကို စိမ်းပြာရောင်အနည်းငယ်သန်းနေတတ်ပါတယ်။ သူ့ရဲ့ တောက်ပမှုကတော့ စိန်နဲ့တူတာကြောင့် အရမ်းလှပပါတယ်။

နီလာရဲ့အရောင်ကွဲများ
နီလာဆိုတာ အပြာရောင်ပဲ ရှိတယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တမ်းမှာတော့ ဖွဲ့စည်းပါဝင်တဲ့ ဒြပ်ပေါင်းတွေ မတူညီတာကြောင့် အရောင်အမျိုးမျိုးနဲ့ တွေ့ရတတ်ပါတယ်။

• အဝါရောင်နီလာ (Yellow Sapphire)
• ပန်းရောင်နီလာ (Pink Sapphire)
• အဖြူရောင်နီလာ (Colorless Sapphire)
• ခရမ်းရောင်နီလာ (Purple Sapphire)
• အစိမ်းရောင်နီလာ (Green Sapphire)
• လိမ္မော်ရောင်နီလာ (Orange Sapphire)
• ရှားပါးတဲ့ Padparadscha Sapphire (ပန်းရောင်နဲ့ လိမ္မော်ရောင်အရော)
ဒီအရောင်ဟာ အလွန်ရှားပါးပြီး နေဝင်ဆည်းဆာအရောင်နဲ့ ဆင်တူတဲ့အတွက် အလွန်တန်ဖိုးကြီးပါတယ်။
နီလာဟာ သူ့ရဲ့မတူညီတဲ့အရောင်တွေကြောင့် ဆွဲဆောင်မှုရှိပြီး ဝတ်ဆင်သူတွေရဲ့ ခံစားချက်နဲ့ ယုံကြည်မှုတွေကိုပါ ထင်ဟပ်စေပါတယ်။

Photo Crd




အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာတွေ ဖော်ပြဖို့ဆို Eternity ring ပါပဲ။ သဘာဝမိုးကုတ် ပတ္တမြား နီလာ Spinel နဲ့ခတ်လုပ်ထားတဲ့ Ete...
15/09/2025

အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာတွေ ဖော်ပြဖို့ဆို Eternity ring ပါပဲ။
သဘာဝမိုးကုတ် ပတ္တမြား နီလာ Spinel နဲ့ခတ်လုပ်ထားတဲ့ Eternity ring လေးတွေကို ရတနာချစ်သူများအားလုံး မှာယူနိုင်ပါပြီ။

Ruby Eternity Ring
Sapphire Eternity Ring
Spinel Eternity Ring

*ရတနာစိန်ကျောက်ဇယ်တောက်တန်း ကစားနိုင်ကြပါစေ*





ဒီနေ့ ပန်းထိမ်ထွက် order အထည်လေးတွေပါ။ ယုံကြည်စွာ အပ်နှံအားပေးတဲ့ customer တစ်ဦးချင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ ...
07/09/2025

ဒီနေ့ ပန်းထိမ်ထွက် order အထည်လေးတွေပါ။ ယုံကြည်စွာ အပ်နှံအားပေးတဲ့ customer တစ်ဦးချင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ ရတနာတွေဝင်တဲ့နေ့မှ စလို့ စီးပွါး ဥစ္စာများ စပွါးတိုးတက်ပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ် ခင်ဗျာ။ 🙏🏻❤️💎

အရည်လှတဲ့ ပတ္တမြား နီလာ စပင်နယ်တွေ အများကြီး ရှိတာမို့ စိတ်ကြိုက်အားမနာတမ်း မေးမြန်းပြီး အားပေးနိုင်ပါတယ်။
ရွှေအရည်အသွေး ကျောက်အရည်အသွေး အာမခံအပြည့်ဖြင့် ခတ်လုပ်ပေးပါတယ် ခင်ဗျာ။

ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားနိုင်ကြပါစေ။

💎Customized Order💎❤️Ruby eternity ring❤️Eternity ring ဆိုတာက ဘဝတစ်လျှောက်လုံး အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာ၊ ကတိသစ္စာနဲ့ ...
29/08/2025

💎Customized Order💎
❤️Ruby eternity ring❤️

Eternity ring ဆိုတာက ဘဝတစ်လျှောက်လုံး အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာ၊ ကတိသစ္စာနဲ့ ခိုင်မြဲတဲ့နှောင်ကြိုးကို ကိုယ်စားပြုတဲ့ လက်စွပ်တစ်မျိုး ဖြစ်ပါတယ်။❤️❤️❤️

မိမိကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် သင့်ချစ်ရသူအတွက်ပဲဖြစ်ဖြစ် အဓိပ္ပာယ်ရှိတဲ့ လက်ဆောင်လေးတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် ကျွန်တော်တို့နှင့် ဆွေးနွေးတိုင်ပင်ပြီး Ruby, Sapphire (သို့) Spinel စတဲ့ ရတနာတွေနဲ့လည်း စိတ်ကြိုက်customized order မှာယူနိုင်ပါပြီ။






ပြောင်ခေါင်းစိမ်း၊ စပင်နယ်လေးတွေနဲ့ ပတ္တမြားလေးကို နေ့စဉ်ဝတ်ဖို့ပဲဖြစ်ဖြစ် ပွဲတက်ပဲဖြစ်ဖြစ် တင့်တယ်အောင် ခတ်ထားတဲ့ desig...
24/08/2025

ပြောင်ခေါင်းစိမ်း၊ စပင်နယ်လေးတွေနဲ့ ပတ္တမြားလေးကို နေ့စဉ်ဝတ်ဖို့ပဲဖြစ်ဖြစ် ပွဲတက်ပဲဖြစ်ဖြစ် တင့်တယ်အောင် ခတ်ထားတဲ့ design လေးပါ။ ကျောက်ရည် လှလှနဲ့ ၁၃ပဲရည်ပြည့် ရွှေသားထူထူလေးနဲ့ကိုမှ ထည်ထည်လေး ဝတ်ချင်ရင် ဒါလေးက မဖြစ်မနေယူသင့်တာလေးပါ။

ရတနာတွေအများကြီး ပိုင်ဆိုင်နိုင်ကြပါစေ။

**ပတ္တမြား (Ruby) နှင့် မှားတတ်သော ကျောက်မျက်ရတနာများ အကြောင်း**ပတ္တမြားသည် ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံးကျောက်မျက်တစ်မျိုး...
22/08/2025

**ပတ္တမြား (Ruby) နှင့် မှားတတ်သော ကျောက်မျက်ရတနာများ အကြောင်း**

ပတ္တမြားသည် ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံးကျောက်မျက်တစ်မျိုးဖြစ်ပြီး၊ ၎င်း၏ လှပသော pigeon blood red အရောင်ကြောင့် လူကြိုက်များသည်။ သို့သော် ဈေးကွက်တွင် ပတ္တမြားနှင့် အလွန်ဆင်တူပြီး မှားယွင်းတတ်သော ကျောက်မျက်အချို့ရှိတဲ့အတွကိ သိရှိနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်

၁။ Red Spinel(အညံ)
Spinel ကျောက်ကို ပတ္တမြား (Ruby) နဲ့ အများဆုံးမှားတတ်ကြပါတယ်။ အထူးသဖြင့် ရှေးခေတ်တုန်းကဆိုရင် အနီရောင် Spinel ကို ပတ္တမြားအဖြစ် မှားယွင်းသတ်မှတ်ခဲ့ကြပြီး သမိုင်းဝင် ပတ္တမြားကြီးအချို့ဟာ တကယ်တော့ Spinel တွေဖြစ်နေတာ တွေ့ရပါတယ်။ Spinel ရဲ့ အရောင်က ပတ္တမြားလိုပဲ နီရဲတောက်ပပေမယ့် သူတို့နှစ်ခုရဲ့ ဓာတုဖွဲ့စည်းပုံ၊ မာကျောမှုနဲ့ အလင်းယိုင်နှုန်းတွေကတော့ ကွာခြားပါတယ်။ Spinel က အနီရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်နဲ့ အပြာရောင်တွေအထိ အရောင်မျိုးစုံရှိပါတယ်။ ပတ္တမြားက မာဆင့်(Mohs scale) အရ ၉ အထိ မာကျောပြီး Spinel ကတော့ ၈ ပဲရှိပါတယ်။

၂။ Red Garnet(ဥဒေါင်)
Garnet ကျောက်ဟာလည်း ပတ္တမြားနဲ့ ဆင်တူတဲ့ အနီရောင်ရှိပါတယ်။ အထူးသဖြင့် Pyrope Garnet နဲ့ Almandine Garnet လိုမျိုး အနီရောင်တောက်တဲ့ ဂါနက်အမျိုးအစားတွေဟာ ပတ္တမြားနဲ့ အလွယ်တကူမှားတတ်ပါတယ်။ ဒါပေမဲ့ Garnet ကျောက်များက ပတ္တမြားထက် အလင်းပြန်နိုင်စွမ်း နည်းပါးပြီး မာကျောမှုကလည်း ၆.၅ ကနေ ၇.၅ အတွင်းပဲရှိပါတယ်။

၃။ Rubellite Tourmaline (ဖရဲအူ)
အနီရောင် Rubellite Tourmaline ဟာလည်း ပတ္တမြားနဲ့ ဆင်တူနိုင်ပါတယ်။ Tourmaline ဟာ အရောင်မျိုးစုံရှိပြီး ပန်းရောင်နုကနေ နီညိုရောင်အထိ အမျိုးမျိုးရှိပါတယ်။ Tourmaline ကျောက်ရဲ့ မာကျောမှုက ၇ ကနေ ၇.၅ လောက်ပဲရှိတာကြောင့် ပတ္တမြားထက် ပျော့ပါတယ်။

၄။ Red Topaz (အနီရောင်ဥဿဖယား)
အနီရောင်ဥဿဖယားဟာ ပတ္တမြားနဲ့ အရောင်ဆင်တူယိုးမှားဖြစ်ပေမယ့် သူတို့မှာ ဓာတုဖွဲ့စည်းပုံနဲ့ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိတွေ ကွဲပြားပါတယ်။ပတ္တမြားက မာဆင့် (Mohs scale) အရ ၉ အထိ မာကျောပြီး ဥဿဖယားကတော့ ၈ သာရှိပါတယ်။ ဥဿဖယားရဲ့ အနီရောင်က သဘာဝအတိုင်း ရှားပါးပါတယ်။ အများစုကတော့ အဝါရောင် ဒါမှမဟုတ် အညိုရောင် ဥဿဖယားတွေကို အပူပေးပြီး အနီရောင်ဖြစ်အောင် ဖန်တီးထားတာပါ။

၅။ ဓာတုနည်းနဲ့ထုတ်လုပ်ထားတဲ့ ချက်ကျောက်ပတ္တမြား (Synthetic Ruby)
ချက်ကျောက်ပတ္တမြားတွေဟာ ဓာတုဖွဲ့စည်းပုံအရ သဘာဝပတ္တမြားနဲ့ အတူတူပါပဲ။ ဒါပေမဲ့ သူတို့ကို ဓာတ်ခွဲခန်းထဲမှာ ထုတ်လုပ်ထားတာဖြစ်လို့ သဘာဝပတ္တမြားနဲ့ ကွဲပြားတဲ့လက္ခဏာတွေရှိပါတယ်။ သဘာဝပတ္တမြားရဲ့ Inclusions (အောင်းဝင်) တွေမှာ သဘာဝအလျှောက် ဖြစ်ပေါ်လာတဲ့ Inclusions(အောင်းဝင်) တွေ ပါလေ့ရှိပါတယ်။
ချက်ကျောက်ပတ္တမြားတွေရဲ့ Inclusion မှာတော့ ဓာတ်ခွဲခန်းထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပုံမှန်မဟုတ်တဲ့ မျဉ်းကွေးတွေ၊ လေပူဖောင်းလေးတွေ ပါဝင်တတ်ပါတယ်။
* အရောင်: ချက်ကျောက်ပတ္တမြားတွေရဲ့ အရောင်က သဘာဝပတ္တမြားတွေထက် ပိုတောက်ပပြီး အရောင် တစ်သမတ်တည်း ကျနေတတ်ပါတယ်။

ပတ္တမြားသည် အဖိုးတန်သော ကျောက်မျက်ဖြစ်သည့်အတွက် ဝယ်ယူမည်ဆိုပါက ဂရုတစိုက်ရွေးချယ်ပြီး ကျွမ်းကျင်သူများနှင့်တိုင်ပင်တာ ဒါမှမဟုတ် ဓာတ်ခွဲခန်းမှာစစ်ဆေးပြီးဝယ်ယူသင့်ကြောင်းအကြံပြုအပ်ပါတယ်။

ကျောက်မျက်ရတနာများအကြောင်းပိုမိုသိရှိနိုင်ဖို့Page ကို like & follow လုပ်ထားကြဦးနော်❤️

❤️

Photos Crd

💎Birthstones & Gemstone  ဆိုတာဟာ လူတစ်ဦးရဲ့ မွေးလအလိုက် သတ်မှတ်ထားတဲ့ အထူးကျောက်မျက်ရတနာတွေကို ရည်ညွှန်းပါတယ်။ ဒီအယူအဆဟာ...
17/08/2025

💎Birthstones & Gemstone
ဆိုတာဟာ လူတစ်ဦးရဲ့ မွေးလအလိုက် သတ်မှတ်ထားတဲ့ အထူးကျောက်မျက်ရတနာတွေကို ရည်ညွှန်းပါတယ်။ ဒီအယူအဆဟာ ရှေးခေတ်ကတည်းက ယဉ်ကျေးမှုအမျိုးမျိုးမှာ ရှိခဲ့ပြီး၊ လက်ရှိမှာလည်း နိုင်ငံတကာအသိအမှတ်ပြု အဖြစ် သတ်မှတ်ထားပါတယ်။

💎မွေးလအလိုက် ကျောက်မျက်ရတနာအဓိပ္ပါယ်နှင့် ဂုဏ်သတ္တိများ

ဇန်နဝါရီ - ဥဒေါင် (Garnet)
သစ္စာရှိမှု၊ ယုံကြည်မှုနဲ့ အောင်မြင်မှုကို ကိုယ်စားပြုပါတယ်။

ဖေဖော်ဝါရီ- ခရမ်းစွဲ (Amethyst)
စိတ်ငြိမ်သက်မှု၊ ဉာဏ်ပညာနဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးတယ်။ မကောင်းသောစွမ်းအင်တွေကို ကာကွယ်ပေးပါတယ်။

မတ်- မြပြာ(Aquamarine)
ရေနဲ့ ဆက်စပ်ပြီး အေးချမ်းမှု၊ ရဲရင့်မှုနဲ့ သန့်ရှင်းမှုကို ကိုယ်စားပေးပါတယ်။

ဧပြီ- စိန် (Diamond)
ခိုင်မာမှု၊ သန့်ရှင်းမှု၊ အချစ်နဲ့ ထာဝရသစ္စာကို ကိုယ်စားပြုတယ်။ စိန်ဟာ အလင်းနဲ့ စွမ်းအင်တွေကို ပြန်လည်ဖြန့်ဖြူးပေးနိုင်ပါတယ်။

မေ-မြ (Emerald)
ချစ်ခြင်းမေတ္တာ၊ ကြွယ်ဝမှု၊ ကျန်းမာရေးနဲ့ သဘာဝနဲ့ နီးစပ်မှုကို ကိုယ်စားပြုတယ်။ ဉာဏ်ပညာနဲ့ အာရုံခံစားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

ဇွန်- ပုလဲ (Pearl) / သုံးပန်လှ (Alexandrite)
ပုလဲဟာ စင်ကြယ်မှု၊ နူးညံ့မှုနဲ့ ကံကောင်းမှုကို ကိုယ်စားပြုတယ်။ Alexandrite ကျောက်ဟာ အလင်းရောင်အလိုက် အရောင်ပြောင်းတတ်ပြီး ကံကြမ္မာပြောင်းလဲမှုကို ကိုယ်စားပြုပေးပါတယ်။

ဇူလိုင်-ပတ္တမြားနီ (Ruby)
စွမ်းအား၊ စိတ်အားထက်သန်မှု၊ ချစ်ခြင်းမေတ္တာနဲ့ အောင်မြင်မှုကို ကိုယ်စားပြုတယ်။ အန္တရာယ်မှ ကာကွယ်ပေးသည်ဟု ယုံကြည်ကြပါတယ်။

သြဂုတ်-ပြောင်ခေါင်းစိမ်း (Peridot)
Peridot ဟာ ကံကောင်းမှု၊ ငြိမ်းချမ်းမှုနဲ့ စိတ်ချမ်းသာမှုကို ကိုယ်စားပြုပါတယ်။

စက်တင်ဘာ- နီလာ (Sapphire)
ဉာဏ်ပညာ၊ သစ္စာစောင့်သိမှုနဲ့ အာရုံခံစားမှုတို့ကို ကိုယ်စားပြုတယ်။ စိတ်ငြိမ်သက်မှုနဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

အောက်တိုဘာ-ရွှဲ (Opal) / မဟူရာ(Tourmaline)
Opal ဟာ ဖန်တီးနိုင်စွမ်း၊ စိတ်ကူးစိတ်သန်းနဲ့ စစ်မှန်မှုကို ကိုယ်စားပြုတယ်။ Tourmaline ကျောက်ဟာ ကာကွယ်မှုနဲ့ အားပြန်လည်ဖြည့်မှုကို ကိုယ်စားပြုပေးပါတယ်။

နိုဝင်ဘာ- သလင်းဝါ(Citrine) / ထပ်တရာ(Topaz)
Citrine ဟာ ဝမ်းမြောက်ဝမ်းသာဖြစ်မှု၊ ကြွယ်ဝမှုနဲ့ စွမ်းအင်ကို ကိုယ်စားပြုတယ်။ Topaz ကျောက်ဟာ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားကို ကိုယ်စားပြုပေးပါတယ်။

ဒီဇင်ဘာ- Blue Topaz / Blue Zircon/ Turquoise / Tanzanite
Blue Topaz သည်စိတ်ငြိမ်သက်မှုနဲ့ ဆက်သွယ်မှုကို ကိုယ်စားပြုတယ်။
Blue Zircon သည် စိတ်၏ငြိမ်သက်မှု၊ဥာဏ်ပညာနှင့် အောင်မြင်မှု ကိုဆောင်ကြည်းပေးသလို
Turquoise ကျောက်ဟာ ကံကောင်းမှုနဲ့ ကာကွယ်မှုကို ကိုယ်စားပြုပါတယ်။
Tanzanite ကျောက်ဟာ ပြောင်းလဲမှုနဲ့ ဝိညာဉ်ရေးတိုးတက်မှုကို ကိုယ်စားပြုပါတယ်။

သင့်ရဲ့ **မွေးလအလိုက် ကျောက်မျက်** ကို ရွေးချယ်ပြီး ဝတ်ဆင်ခြင်းဖြင့် သင့်ရဲ့ ကံကြမ္မာနဲ့ စိတ်ခံစားမှုများကို အထောက်အကူဖြစ်စေနိုင်ပါတယ်။ 😊

ကျောက်မျက်ရတနာလေးတွေအကြောင်း ပိုမိုသိရှိနိုင်ဖို့ page ကို like & share လုပ်ထားပါဦးနော် ❤️

Photo crd

Address

Yango
Yangon

Website

Alerts

Be the first to know and let us send you an email when KoKoe Gems & Jewelry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share