Mogok heritage gems

Mogok heritage gems Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mogok heritage gems, Jewelry/Watches, Yangon.

မိုးကုတ်သဘာ၀ တွင်းထွက် နီလာဖြူWhite Sapphire 0.45Ct 350000ksစင်သန့် အနာမပါ စုံကုတ်ထောင့်လေးက ကျောက် ဗူး အဖုံး ဖိပိသွားလိ...
19/11/2025

မိုးကုတ်သဘာ၀ တွင်းထွက် နီလာဖြူ
White Sapphire

0.45Ct
350000ks

စင်သန့် အနာမပါ
စုံကုတ်ထောင့်လေးက ကျောက် ဗူး အဖုံး ဖိပိသွားလို့ မသိမသာလေး နဲနဲ ပဲ့သွားပါတယ်

စုံကုတ်ခတ်လိုက်ရင်လဲ ပျောက်ပါတယ်နော်
နီလာဖြူ 100%clear စင်သန့်

09946464193

မိုးကုတ်ဘာ၀တွင်းထွက် ပတမြားရောင်စုံပတ္တမြား နီလာ၀ါ နီလာဖြူ နီလာစိမ်းနီလာခရမ်းWeight ~ 141Ct 102 ပွင့် ~   800,000mmk 1/2...
17/10/2025

မိုးကုတ်ဘာ၀တွင်းထွက် ပတမြားရောင်စုံ
ပတ္တမြား
နီလာ၀ါ
နီလာဖြူ
နီလာစိမ်း
နီလာခရမ်း

Weight ~ 141Ct

102 ပွင့် ~ 800,000mmk

1/2/3Ct ဆိုဒ် စုံ ပါ

အားလုံး တာ အပွင့် လှ ပြန်သွေးလို့ရပါတယ်

ကျောက်မှန်ကြည်လေး တွေမို့ အမြဲ မရနိုင်ပါ

☎️09946464193

💙မိုးကုတ် သဘာ၀နီလာ လုံးချော 💙ဂေါင်းပြောင်ရှင်း အရည်ထက် 💙138Ct , 12ပွင့်  ( တဗူး 12သိန်း )💙အကြီး  10Ct, 8, 12, 14,15, 16C...
13/10/2025

💙မိုးကုတ် သဘာ၀နီလာ လုံးချော

💙ဂေါင်းပြောင်ရှင်း အရည်ထက်

💙138Ct , 12ပွင့် ( တဗူး 12သိန်း )

💙အကြီး 10Ct, 8, 12, 14,15, 16Ct ဆိုဒ်
အ​သေး 7Ct, 8Ct, 9Ct သုံးပွင့်ပါ

💙ပြန်ရောင်းသူများလဲ နားပန်စုံ ၅စုံထုပ်လိူ့ရပါတယ်နော် 🥰

💙စုလိူသူများ ကျောက်ဆိုဒ်ထွား​ေတာ့ ဆွဲကြိုးဘယက်ကုံးလှလှလေး ခတ်၀တ်လို့လဲရပါတယ် 🥰

☎️09946464193

💛💛 Spessartine GarnetMogok Natural Spessartine Garnet လိမ္မော်ဝါရောင်    ( အသေးပွင့် Sold out ) အရည်အသွေးမြင့်All Eye Cl...
10/10/2025

💛💛 Spessartine Garnet
Mogok Natural Spessartine Garnet
လိမ္မော်ဝါရောင်

( အသေးပွင့် Sold out )

အရည်အသွေးမြင့်
All Eye Clean

Weight အကြီးပွင့် ~ 5.80 cts

900000mmk

Design crd//

09946464193

"နီလာ (Sapphire) အကြောင်း သိကောင်းစရာ"မြန်မာနိုင်ငံ၏ သဘာဝတွင်းထွက်သယံဇာတများစွာထဲမှာ တစ်ခုအပါအဝင်ဖြစ်သည့် နီလာကျောက်လေးတ...
08/10/2025

"နီလာ (Sapphire) အကြောင်း သိကောင်းစရာ"

မြန်မာနိုင်ငံ၏ သဘာဝတွင်းထွက်သယံဇာတများစွာထဲမှာ တစ်ခုအပါအဝင်ဖြစ်သည့် နီလာကျောက်လေးတွေရဲ့ အရည်အသွေးအကြောင်း ပြောပြပေးချင်ပါသည်။

နီလာကျောက်သည် မာခြင်းအဆင့်(၉)ရှိပါသည်။

ပတ္တမြား နှင့် မာခြင်းအဆင့် အတူတူပင်ဖြစ်ပါသည် ။ အရည်အသွေးအကောင်းဆုံး နီလာ မှာ ကောင်းကင်ပြာရောင် ဖြစ်ပါသည် ။

နီလာကျောက် သည် သီရိလင်္ကာ၊ သြစတြေးလျ၊ ကတ်ရ်ှမီးယား၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ နှင့် အမေရိကန် ပြည်ထောင်စုတို့တွင် ထွက်ရှိပါသည် ။

သီရိလင်္ကာနိုင်ငံ မှထွက်ရှိသော နီလာသည် အရည်အသွေး အကောင်းဆုံးဖြစ်ပြီး မြန်မာနိုင်ငံ မိုးကုတ် ဒေသမှ ထွက်ရှိသော နီလာသည် ဒုတိယနေရာတွင် ရပ်တည်နေပါသည်။

နီလာ နှင့် ပတ္တမြား တို့ ၏ ထူးခြားမှု တစ်ခု မှာ ကြိုး သို့မဟုတ် ဂေါ် ကြိုးများ တွေ့ရှိရတတ်ခြင်း ပင်ဖြစ်ပါသည် ။

နီလာ သည် နဝရတ်ကိုးသွယ်တွင် ပါဝင်သော ထူးမြတ်သည့်ရတနာ ဖြစ်သည့်အတွက် လူတိုင်း ဝတ်ဆင်သင့်လှပါတယ် ။

နီလာကျောက်မျက်ရတနာဟာ ကျောက်စုဆောင်းသူများအကြိုက်တွေ့သည့် ရတနာလည်းဖြစ်ပါတယ်။

နီလာကျောက်လေးတွေဟာ လူသားတွေအတွက် ချမ်းသာကြွယ်ဝခြင်း၏ နိမိတ်ကို ပေးဆောင်နိုင်ပါသည်။ နီလာကျောက်လေးတွေရဲ့ မူလဂုဏ်သတ္တိသည် ကြည်လင်အေးမြခြင်းသဘောကို ဖော်ဆောင်နိုင်ပါသည်။

ရင်ထဲမှ မြတ်နိုးတန်ဖိုးထားခြင်းများ ဖော်ပြသည့်အခါမှာ နီလာကျောက်လေးတွေနဲ့ ပြုလုပ်ထားသည့် လက်ဝတ်ရတနာလေး‌တွေကို လက်ဆောင်အဖြစ် ပေးသည့်အခါ အသိအမှတ်ပြုခြင်းကို ခံရပါသည်။ မိမိကိုယ်တိုင် ဝတ်ဆင်ထားမယ်ဆိုလျှင်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝရရှိစေပါသည်။

နီလာကျောက်သည် ကျန်းမာရေးအတွက် အထူးဆောင်ထားသင့်သည့် ကျောက်တစ်မျိူးပင် ဖြစ်ပါသည်။ သဘာဝတွင်းထွက်ကျောက်အစစ်ဖြစ်တာမို့ ဓာတ်ကြီးလေးပါးသဘောလည်း ဆောင်ပါသည်။
-------------------------------------------‐----

နီလာ ဝတ်ဆင်ထားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -

၁ - ပျော်ရွှင်ခြင်း ငြိမ်းချမ်းခြင်း တို့ကို ယူဆောင်ပေးနိုင်ခြင်း။

၂ - မကောင်းသော ဘေးရန်မှ ကာကွယ်ပေးနိုင်ခြင်း ကျေနပ် ရောင့်ရဲစေခြင်း။

၃ - ကျန်းမာရေး ကောင်းမွန်စေရုံသာမက အဖျားရောဂါ အရေပြားနှင့် ပက်သက်သော ရောဂါ မျက်စိနှင့် ပက်သက်သော ရောဂါ များကို သက်သာစေနိုင်ခြင်း။

၄ - နီလာ ဝတ်ဆင်ထားသူ သည် တစ်စုံတစ်ရာ သော မနှစ်မြို့ဖွယ် ကိစ္စတစ်ခုခု ပြုလုပ်ပါက ဝတ်ဆင်ထားသော နီလာ မှာ အရောင် ဖျော့ သွားတတ်ခြင်း။

၅ - ဆဋ္ဌမ အာရုံ ကို လှုံ့ ဆော်ပေးနိုင်ခြင်း စသည် တို့ဖြစ်ပါသည် ။

နီလာဖြင့် ပြုလုပ်သော အိုးခွက်တစ်ခုခုတွင် အဆပ်ရှိသော မြွေ ကို ထည့်လိုက်ပါက မြွေမှာ မကြာခင်တွင် သေဆုံးသွားကြောင်း သိမှတ်ရပါသည် ။
-------------------------------------------‐----

"စနေသားသမီးများ၏ အဓိကအဆောင်ရတနာ"

စနေသားသမီးများ၏ အဓိကအဆောင်ရတနာမှာ နီလာဖြစ်ပြီး အခြားသော စိန်၊ တာကွိုက်(စ်) အစရှိသော ရတနာများကိုလည်း ဆင်ယင်နိုင်ပါသည်။

နီလာ၏စိုးမိုးဂြိုလ်မှာ စနေဂြိုလ်ဖြစ်သည့်အတွက် စနေသားသမီးများသည် နီလာကို အဆောင်အဖြစ် ဝတ်ဆင်မည်ဆိုပါက အကျိုးထူးခံစားရပါလိမ့်မည်။

မကောင်းသောအန္တရာယ်များကို ချေဖျက်ပေးနိုင်ပြီး မိတ်ဖက်ဖြစ်သော ဗုဒ္ဓဟူးဂြိုလ်၏ရတနာ မြဖြင့် ယှဉ်တွဲ၍ ဝတ်ဆင်ပါက ပို၍သိသာစွာ အကျိုးထူးခံစားရစေပါမည်။

နီလာကိုဆောင်ယောင်ဝတ်ဆင်ခြင်းဖြင့် အိမ်တွင်းရေးပျော်ရွှင်ချမ်းမြေ့ခြင်း၊ အိမ်နှင့် မြေယာဝင်ခြင်း၊ အမိနှင့် သား ပြိုင်တူအောင်မြင်ခြင်း၊ အောက်လက်ငယ်သားများ ရိုသေလေးစားခြင်း၊ ငွေကြေးဥစ္စာချမ်းသာမှုကို ရရှိစေခြင်း၊ လုပ်ငန်းရပ်အားလုံးအောင်မြင်ခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။

နီလာကို ပတ္တမြား၊ ပုလဲ၊ သန္တာ၊ ဥဿဖယားတို့ဖြင့် ယှဉ်တွဲ၍ မဝတ်ဆင်သင့်ပါ။

နီလာဟာ စက်တင်ဘာလဖွား သားသမီးတို့အတွက် အဆောင်ရတနာကျောက်လည်း ဖြစ်ပါတယ်။

ရတနာချစ်သူ အပေါင်းတို့ ဗဟုသုတများကြွယ်ဝကြပါစေ။

Crd #

ပုံပါကျောက်များ ရောင်းပါတယ် 😊

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mogok heritage gems posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share