Shwe Pu Pu Fine Jewellery

Shwe Pu Pu Fine Jewellery Mingalar par 🙏🏻
Welcome to our page

Location: Times city, Jewellery Mall, Yangon.
3rd floor, B309-307. Phone number: 09402562791,09880005998

❤️ New arrival ❤️ဒီတစ်ခေါက် ပန်းတိမ်ကနေ အသစ်ဆက်ဆက်ထွက်လာတာလေးကတော့ မျက်စိထဲမှာတစ်ခါကြည့်ရုံနဲ့  အမြင်စွဲသွားစေမယ့် Spine...
29/05/2026

❤️ New arrival ❤️

ဒီတစ်ခေါက် ပန်းတိမ်ကနေ အသစ်ဆက်ဆက်ထွက်လာတာလေးကတော့ မျက်စိထဲမှာတစ်ခါကြည့်ရုံနဲ့ အမြင်စွဲသွားစေမယ့် Spinel လှလှလေးတွေကိုမှ အမြဲ Classic ဖြစ်တဲ့ Honeycomb design လေး နဲ့ ပြုလုပ်ဖန်တီးထားတဲ့ Statement Spinel Ring လေးတစ်ကွင်း ဖြစ်ပါတယ်ခင်ဗျာ။ ဆိုင်မှာရောက်ရှိလို့နေပြီး သူ့အလှနဲ့ထပ်တူကျတဲ့ပိုင်ရှင်လေးကို စောင့်မျှော်လို့နေပါတယ်နော်။ 😍🥰❤️‍🔥
-
✨ အထူးသဖြင့် ဒီ Statement Spinel Ring လေးကတော့ ရိုးရိုးရှင်းရှင်းနဲ့ Subtle elegance + Timeless feel ကို လိုချင်သူတွေအတွက် Recommend ပေးတဲ့ Fine Jewellery ရတနာလေးတစ်ခုပဲဖြစ်ပါတယ်။ ✨

💌: ပစ္စည်း detail အသေးစိတ်နဲ့ စျေးနှုန်းကို page CB မှတဆင့်ဖြစ်စေ၊ ဖုန်းခေါ်ယူပြီးဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။❤️

ဆိုင်လိပ်စာ: Times city , Jewellery Mall, 3rd floor, B309, Yangon.

ဆက်သွယ်ရန်: 09402562791, 09880005998

#လက်ဝတ်ရတနာ

💎✨ New arrival ✨💎Timeless and Classic ဖြစ်တဲ့ Rivière Necklace ဒီဇိုင်းလေးကို Natural Spinel, Peridot , Topaz , Danburit...
06/05/2026

💎✨ New arrival ✨💎

Timeless and Classic ဖြစ်တဲ့ Rivière Necklace ဒီဇိုင်းလေးကို Natural Spinel, Peridot , Topaz , Danburite , Zircon , သဘာဝကျောက်လှလှလေးနဲ့ ဖန်တီးထားတဲ့ Multicolor Gem Rivière design Gold Necklace လှလှလေး တစ်ကြိုး ဆိုင်မှာ instock ရှိပြီး ပိုင်ရှင်လှလှလေးတစ်ယောက်ရဲ့ လက်ထဲကိုရောက်ရှိဖို့အတွက် စောင့်မျှော်နေပါတယ် ခင်ဗျာ။ 😉❤️🫵🏻

ကျောက်တစ်ပွင့်ချင်းစီရဲ့ အရောင်အသွေး နဲ့ quality ကိုသေချာရွေးချယ်ပြီး အလှဓာတ်ပြည့်ဝအောင် သေချာလေးဂရုတစိုက် ဖန်တီးထားတာကြောင့် ကြည့်လိုက်တာနဲ့ Classical Elegance Vibe မျိုးကို ရနေမှာဖြစ်ပါတယ်။ ဒီလို
Classical Elegance ကို မှ ကြိုက်တဲ့ customer တွေအတွက်တော့ တကယ်ကို ပိုင်ဆိုင်ထားသင့်တဲ့ Fine Jewelry piece တစ်ခုပါပဲ။

💌: ပစ္စည်း detail အသေးစိတ်နဲ့ စျေးနှုန်းကို page CB မှတဆင့်ဖြစ်စေ၊ ဖုန်းခေါ်ယူပြီးဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။❤️

ဆိုင်လိပ်စာ: Times city , Jewellery Mall, 3rd floor, B309, Yangon.

ဆက်သွယ်ရန်: 09402562791, 09880005998

💚 Colombian Emerald and diamond set 💚Shwe Pu Pu Fine Jewellery-စျေးနှုန်းလေးကို Page CB ကနေ တဆင့် စုံစမ်းနိုင်ပါတယ်။ 💌📍L...
29/04/2026

💚 Colombian Emerald and diamond set 💚

Shwe Pu Pu Fine Jewellery
-
စျေးနှုန်းလေးကို Page CB ကနေ တဆင့် စုံစမ်းနိုင်ပါတယ်။ 💌

📍Location : Times city , Jewellery Mall, 3rd floor , B309. Yangon, Kamayut Township.

For item viewing inquiries, please call us :

09402562791, 09880005998.

အားလုံးဆုံကြမယ်နော် ❤️ ချစ်ရတဲ့ ရတနာချစ်သူ အားလုံး လာရောက်လည်ပတ်အားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။🙏🏻Shwe Pu Pu Fine Jewellery ...
20/03/2026

အားလုံးဆုံကြမယ်နော် ❤️ ချစ်ရတဲ့ ရတနာချစ်သူ အားလုံး လာရောက်လည်ပတ်အားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။🙏🏻

Shwe Pu Pu Fine Jewellery 3rd floor, B309 ❤️

18/03/2026

ကျောက်အလွတ်လေးတွေဝယ်ပြီး ကိုယ်ပိုင်စိတ်ကူးစိတ်သန်းလှလှလေးတွေ နဲ့ အထည်ခပ်ချင်တဲ့ ရတနာချစ်သူများ အတွက် Natural Mogok Heated Rubies လှလှ ၃၄ ပွင့်လေး in stock ရှိပါတယ်ဗျာ❤️

Naturally formed, heat-treated to enhance color and clarity, each stone is ready to inspire your own design.

💌: ကျောက်လေးတွေရဲ့စျေးနှုန်းလေးကို page CB ကနေတဆင့်စုံစမ်းနိုင်ပါတယ် 🙏🏻

゚viralシ

14/03/2026

စိမ်းစိုနေတဲ့တောအုပ်လေး အပေါ် နေဖျော့ဖျော့လေးထိုးနေသလိုအလှ နဲ့ ကမ္ဘာကျော် မြန်မာမိုးကုတ်သဘာဝ Peridot Statement Queen Set လှလှလေး 💚💛

Wear it to weddings, grand dinners, or those moments when you want the world to remember you. Because elegance isn’t just seen… it’s felt.

💌 : Page Cb မှတဆင့် ရတနာ detail လေးတွေ၊ price လေးတွေကိုစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

ဆိုင်လိပ်စာ🏡 : Times city, Jewellery Mall, 3rd floor , B309, Yangon, Kamayut Township.

☎️ :09402562791,09880005998

゚viralシfypシ゚ ゚viralシ

အပြာရောင်တွေရဲ့ ဟိုးအလှမ်းတစ်ဖက်က... နီလာရောင်စုံလေးများ 🌈🩵💜🧡❤️နီလာကျောက်မျက်ရတနာ ( sapphire) တွေဟာ ရာစုနှစ်ပေါင်းများစွ...
07/03/2026

အပြာရောင်တွေရဲ့ ဟိုးအလှမ်းတစ်ဖက်က... နီလာရောင်စုံလေးများ 🌈🩵💜🧡❤️

နီလာကျောက်မျက်ရတနာ ( sapphire) တွေဟာ ရာစုနှစ်ပေါင်းများစွာကတည်းက ပညာ၊ သစ္စာတရားနဲ့ မြင့်မြတ်တဲ့ဂုဏ်အင်္ဂါရပ်တွေရဲ့ ပြယုဂ်အဖြစ် တည်ရှိလာခဲ့တာပါ။ ကျွန်တော်တို့ တော်တော်များများက နီလာဆိုရင် နက်မှောင်တဲ့ အပြာရောင်ကိုပဲ ပြေးမြင်တတ်ကြပေမယ့် တကယ်တန်းတော့ သဘာဝတရားကြီးက နီလာလေးတွေကို သက်တန့်ရောင်စဉ်အတိုင်း လှပတဲ့အရောင်အသွေးစုံလင်စွာ ဖန်တီးပေးထား ပါတယ်ခင်ဗျာ။ ❤️

ကြည်လင်တဲ့ မိုးပြာရောင်ကနေ နုပျိုတဲ့ ပန်းရောင်၊
နက်ရှိုင်းဆွဲဆောင်မှုရှိတဲ့ စိမ်းပြာရောင် နဲ့ ဆွဲဆောင်မှုရှိတဲ့ ခရမ်းရောင်အထိ... ဒီလိုအရောင်စုံလင်မှုကို "နီလာရောင်စုံ" (natural Assorted colour Sapphires) လို့ ခေါ်ပါတယ်ခင်ဗျ။

ရတနာပွင့်တစ်ခုချင်းစီဟာ မြေကမ္ဘာရဲ့ နက်ရှိုင်းတဲ့ အလွှာတွေထဲမှာ နှစ်သန်းပေါင်းများစွာကြာအောင် ဖြစ်တည်လာခဲ့ရတာမို့ အရောင်အသွေးတိုင်းဟာ သင့်အတွက်သဘာဝတရားရဲ့ အံ့မခန်းဖွယ် လက်ဆောင်မွန်တွေပဲ ဖြစ်ပါတယ်။

အရောင်အသွေးတို့၏ ပျော်တော်လေးလို့ တင်စားခေါ်ဆိုလို့ရတဲ့ ဒီလက်ရာမွန်လေးတွေမှာတော့ သဘာဝ မိုးကုတ်နီလာရောင်စုံ တွေကို ချစ်ရတဲ့ customer များအတွက်ဟန်ချက်ညီညီ ရွေးချယ်ဖန်တီးထားပြီး အရောင်တစ်မျိုးတည်းထက် ဘဝရဲ့လှပတဲ့ အခိုက်အတန့်တွေကို ကိုယ်စားပြုတဲ့ အရောင်အသွေးစုံလင်မှုက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုပုံစံအတိုင်း ထူးခြားတယ်၊ လှပတယ်၊ ပြီးတော့ unique ဖြစ်တယ်ဆိုတာလေးကို inspiration လေးယူထားတာပဲဖြစ်ပါတယ်။💕

🌸 ဘယ် occasion လေးတွေမှာဝတ်သင့်လဲဆို….
wedding တွေ၊ ဂုဏ်ပြုပွဲတွေ ညစာစားပွဲတွေ၊ anniversary date တွေ မွေးနေ့ တွေ၊ formal အခမ်းနားတွေ

ဒါပေမဲ့ လုံးဝအဝတ်သင့်ဆုံး occasion ကတော့

အမျိုးသမီးတစ်ယောက်အနေနဲ့ မိမိကိုယ်ကိုယ် ထူးခြားထက်မြက်သူတစ်ယောက်အဖြစ် ခံစားလိုတဲ့အချိန်တိုင်းမှာ
တော့လုံးဝအဝတ်သင့်ဆုံးပါပဲ။❤️🙌🏻

တကယ်ကိုပဲ ဟိတ်ဟန်ကြီးတာမျိုးထက် မေ့မရနိုင်တဲ့ စွဲဆောင်မှုမျိုးကို ပေးစွမ်းနိုင်မှာပါ။

💎 သဘာဝ မိုးကုတ်နီလာရောင်စုံ Set Natural Mogok Assorted Sapphire Set)

A celebration of nature’s artistry.
A celebration of elegance.
A harmony of colors.
A rare expression of beauty.

📍Available at : Shwe Pu Pu Fine Jewellery
ရတနာပစ္စည်း detail လေးများကို Page messenger / CB မှာတဆင့်စုံစမ်းမေးမြန်းနိုင်ပါတယ်။🙏🏻

゚viralシfypシ゚

မြန်မာ့မိုးကုတ်ပတ္တမြား - ကမ္ဘာ့အဆင့်မီ ထိပ်တန်းပတ္တမြားများ၏ ပြယုဂ် ❤️ ကမ္ဘာ့အကျော်ကြားဆုံး ၊ အလှဆုံး ပတ္တမြားများတွေကိ...
19/02/2026

မြန်မာ့မိုးကုတ်ပတ္တမြား - ကမ္ဘာ့အဆင့်မီ ထိပ်တန်းပတ္တမြားများ၏ ပြယုဂ် ❤️


ကမ္ဘာ့အကျော်ကြားဆုံး ၊ အလှဆုံး ပတ္တမြားများတွေကို
လွန်ခဲ့သော ရာစုနှစ်ငါးခုကျော်ကာလမှစပြီး မြန်မာနိုင်ငံအထက်ပိုင်း တောင်ကြားဒေသတစ်ခုဖြစ်သော ‘မိုးကုတ်’
မှထွက်ရှိနေဆဲဆိုတာသိကြပါသလားဗျာ။

ကျွန်တော်တို့မြန်မာနိုင်ငံသမိုင်း record အစောဆုံးအရဆို ကုန်းဘောင်မင်းဆက်လက်ထက်တွင် မိုးကုတ်ချိုင့်ဝှမ်းကို ဘုရင်ပိုင်မြေအဖြစ် သတ်မှတ်ခဲ့ပြီး သာမန်အရပ်သားများအနေဖြင့် အကောင်းဆုံးသော ကျောက်မျက်ရတနာများကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်မရှိခဲ့ကြပါဘူးဗျာ။ ထိုခေတ်ထိုအခါကဆို မိုးကုတ်ပတ္တမြားများကို နန်းစဉ်ရတနာများအဖြစ်သာ သီးသန့်ထားရှိခဲ့ပါတယ်။

၁၈၈၅ ခုနှစ်တွင် British empire က အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် သူတို့၏ စီးပွားရေးအရ ပထမဆုံးဦးစားပေးလုပ်ငန်းများထဲမှာ မိုးကုတ်ပတ္တမြားတွင်းများသည်လည်းဦးစားပေးနေရာမှာပါဝင်ခဲ့ပါတယ်။ ဗြိတိသျှကိုလိုနီကုမ္ပဏီများသည် တူးဖော်ရေးလုပ်ငန်းများကို ခေတ်မီအောင် ဆောင်ရွက်ခဲ့ပြီး အခြေခံအဆောက်အအုံများ တည်ဆောက်ကာ မိုးကုတ်ပတ္တမြားများကို နိုင်ငံတကာဈေးကွက်သို့ ချိတ်ဆက်ပေးခဲ့ပြီး ၁၉ရာစု-၂၀ ရာစုအစောပိုင်းတွင် မြန်မာ့ပတ္တမြားများသည် London ၊ Paris, Vienna နှင့် New York တို့ရှိ ရတနာပြပွဲများ၊ Luxury ရတနာဆိုင်များနှင့် Private စုဆောင်းမှုများတွင် အလွန်ရေပန်းစားလာခဲ့ပါတယ်။ အထူးသဖြင့် Pigeon Blood လို့ ခေါ်တဲ့ တောက်ပသည့် ခိုးသွေးရောင် ဆန်ဆန် အနီရောင်သည် ရတနာကုန်သည်များနှင့် စုဆောင်းသူများကို အလွန်အမင်းဆွဲဆောင်နိုင်ခဲ့ပါတယ်။

🔴 မြန်မာ့ပတ္တမြားများသည် အဘယ်ကြောင့် ယနေ့တိုင် ပထမနေရာကိုရယူထားပြီး စံနမူနာဖြစ်နေရသလဲ?

အရည်အသွေးကောင်းသောပတ္တမြားများကို Mozambique , Thailand (Siam), Sri Lanka , Madagascar , Vietnam , Afghanistan တို့မှာတွေ့ရှိရပြီး တချ်ို့သော ပတ္တမြားများကို တခါတလေမှာ Pigeon blood အရောင် တံဆိပ်ကပ်ပြီး ရောင်းချနိုင်သော်လည်း မြန်မာပတ္တမြားများကို အောက်ပါအချက်များကြောင့်ယနေ့တိုင် ဂုဏ်သိက္ခာရော စျေးနှုန်းအရပါယှဉ်ပြိုင်နိုင်ခြင်းမရှိသေးပါဘူး။

၁။ မိုးကုတ်ဒေသ၏ဘူမိဗေဒဆိုင်ရာ ဖွဲ့စည်းမှု —
သဘာဝ၏ အောင်လက်မှတ်

မိုးကုတ်ပတ္တမြားများသည် တခြားသော ပတ္တမြားများနဲ့မတူညီခြင်းမှာ သံဓာတ် (Iron) အလွန်နည်းပါးသော စကျင်ကျောက်အခြေခံ အလွှာများတွင် ဖြစ်တည်လာခြင်းကြောင့်ဖြစ်ပါတယ်။ သံဓာတ်နည်းခြင်းကြောင့် သဘာဝအလင်းရောင်အောက်တွင် အနီရောင်တောက်ပမှု (Fluorescence) ဟာပိုပြီး အားကောင်းစေပါတယ်။
အဲ့အချက်ကြောင့် ကျောက်၏အရောင်ဟာ မှောင်ပိတ်နေတာမျိုး( သို့မဟုတ် )ရင့်ထိုင်းနေခြင်းမျိုး မရှိဘဲ ကျောက်အတွင်းပိုင်းမှ အလင်းများ ဖြာထွက်နေသကဲ့သို့ တောက်ပလင်းလက်နေခြင်း ကိုဖြစ်ပေါ်စေပါတယ်ဗျ။
အဲ့လိုမျ်ိုး အတွင်းပိုင်းမှ လင်းလက်တောက်ပနေမှုဟာအဆင့်မြင့် မြန်မာ့ပတ္တမြားများ၏ အနှိုင်းမဲ့အသက်ဝင်လှပမှုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ❤️

အာဖရိက သို့မဟုတ် အခြားဒေသထွက် ပတ္တမြားများတွင် သံဓာတ်မြင့်မားစွာ ပါဝင်လေ့ရှိပြီး အလင်းရောင်အချို့အောက်တွင် ညိုမှိုင်းသောအရောင် ပေါက်သွားလေ့ရှိပါတယ်ဗျ။

၂။ The Original “Pigeon Blood” / Mogok , the king of rubies.

ဒီခိုသွေးရောင်ဆိုတဲ့ ဝေါဟာရသည် အခြားနိုင်ငံများက စီးပွားရေးအရ သူတို့ပတ္တမြားတွေကို promote လုပ်ဖို့အသုံးမပြုမီကပင် မိုးကုတ်ပတ္တမြားများ၏ အမြင့်ဆုံးအဆင့်အတန်းကို ရည်ညွှန်းရန် သမိုင်းအစဉ်အဆက် အသုံးပြုခဲ့တဲ့ ဝေါဟာရပဲဖြစ်ပါတယ်ဗျာ။
ဒါကြောင့် မူလ ခိုသွေးရောင် ပတ္တမြား များရဲ့ မွေးဖွားရာဒေသဟာဆို ကျနော်တို့ မြန်မာနိုင်ငံ မိုးကုတ်ဒေသပဲဖြစ်ပါတယ်။

စစ်မှန်သော မြန်မာ့ခိုသွေးရောင်မှာ

• စစ်မှန်ပြီး တောက်ပ၊ အသက်ဝင်သော အနီရောင်ဖြစ်ခြင်း

• အရောင်ပြည့်ဝမှု (Saturation) အားကောင်းခြင်း

• အညိုရောင် သို့မဟုတ် လိမ္မော်ရောင် သို့မဟုတ် ပန်းရောင် စွက်ဖက်မှုမရှိခြင်း

• ကြည်လင်မှု အလွန်မြင့်မားခြင်း

• အရောင်ကွက်ခြင်း (Zoning) မရှိတို့ခြင်းတို့ဖြစ်ပါတယ်။

အခြားနိုင်ငံများတွင်လည်း အနီရောင်ရင့်ရင့်များ ထွက်ရှိနိုင်သော်လည်း မြန်မာ့ခိုသွေးသည်သာ စံသတ်မှတ်ချက် (Benchmark) ဖြစ်ပါတယ်။❤️

🔴 မြန်မာ့ပတ္တမြား အရောင်ကွဲပြားမှုများ

• ခိုသွေးအရောင် (Pigeon Blood Red):

အဆင့်မြင့်ဆုံး တောက်ပသည့် အနီရောင်

• တောက်ပသော ပတ္တမြားနီ (Vivid Ruby Red)

• ကြက်သွေးရောင် (Rich Crimson Red)

• ပန်းဆီရောင်သန်းသော အနီ (Pinkish Red)

• ပတ္တမြားနီရင့် (Deep Ruby Red/ intense red)

• ခရမ်းရောင်သန်းသော အနီ (Slight Purplish Red)

မြန်မာပတ္တမြားကို ဝယ်ယူသင့်သော နောက်တချက်ဟာဆိုရင် ခိုသွေးအရောင်မှမဟုတ်ဘဲ ကိုယ်ဝယ်ယူထားတဲ့ပတ္တမြားဟာ (Mogok , Myanmar ) ဆိုတဲ့အချက်လေးသာပါမယ်ဆို auto ကို recognition , respect နဲ့ refinement ရသွားမှာဖြစ်ပြီး တခြားနိုင်ငံကပတ္တမြားတွေနဲ့ compare တိုင်း အမြဲတဖျားသာနေမှာအသေချာပါပဲ။

ခေတ်စကားအရပြောရင် Historical heritage + timeless elegance ကြောင့် မြန်မာ့မိုးကုတ်ပတ္တမြားဆိုတာ ပတ္တမြားလောက၏ "Gucci" လို့ရပါတယ်။❤️💯

🔴 ရင်းနှီးမြှုပ်နှံမှုနှင့် အစဉ်အလာတန်ဖိုး

မြန်မာ့ပတ္တမြား လက်ဝတ်ရတနာများသည်
အလှအပပစ္စည်တစ်ခုသာမကဘဲ -

• လက်ဝယ်ဆောင်ထားနိုင်သော ဓနဥစ္စာ ဖြစ်ခြင်း

• ငွေကြေးဖောင်းပွမှုကို ခံနိုင်ရည်ရှိသည့်

ပိုင်ဆိုင်မှု ဖြစ်ခြင်း

• တစ်ကမ္ဘာလုံးက အသိအမှတ်ပြု၊တန်ဖိုးထား
သော ကျောက်မျက်ရတနာဖြစ်ခြင်း

• မျိုးရိုးဆင်စက်လက်ဆင့်ကမ်းနိုင်သော
အဖိုးတန်အမွေအနှစ် ဖြစ်ခြင်း

• ခေတ်ရေစီးကြောင်းများ ပြောင်းလဲနိုင်သော်လည်း အရည်အသွေးမြင့် မြန်မာ့ပတ္တမြားများ၏ တန်ဖိုးမှာ ပြောင်းလဲခြင်းမရှိခြင်း

ယနေ့ခေတ် ၂၁ရာစုထိပင် Christie’s နှင့် Sotheby’s ကဲ့သို့သော ကမ္ဘာ့အဆင့်မြင့် လေလံဌာနများကို ကြည့်ပါက ကမ္ဘာ့ဈေးအကြီးဆုံး ပတ္တမြားများမှာ အမြဲတမ်း "မြန်မာပြည်ထွက်" များသာ ဖြစ်နေသည်ကို တွေ့ရပါလိမ့်မယ်ခင်ဗျာ။

၃။ ယနေ့ခေတ် ရှားပါးမှု အခြေအနေ

ယခုခေတ်မှာဆိုရင်တော့မိုးကုတ်မှ အရည်အသွေးမြင့်ပတ္တမြားများ ထွက်ရှိမှုသည် သိသိသာသာ လျော့နည်းလာပြီး ပြုပြင်ဖန်တီးထားခြင်းမရှိသည့် (Untreated) (unheated) အရောင်အသွေးကောင်းမွန်သော မြန်မာ့ပတ္တမြား အကြီးစားများသည် အလွန်တရာ ရှားပါးလာနေပြီ ဖြစ်ပါသည်။ ပတ္တမြားများသည်လည်း စိန်နှင့်မတူသည်မှာ ပတ္တမြားကို စက်မှုလုပ်ငန်းသုံးအဖြစ် အလုံးအရင်း သိုလှောင်၍ မရနိုင်ခြင်းဖြစ်သည်။ မိုးကုတ်၏ ဘူမိဗေဒသဘာဝအရ ဖြစ်ပေါ်လာသော ကျောက်မျက်များသည် အကန့်အသတ်ရှိပြီး တစ်နေ့တွင် ကုန်ခန်းသွားမည်သာ ဖြစ်ပါသည်။
-

ဒါပေမဲ့ ကျွန်တော်တို့ ရွှေပုပု (Shwe Pu Pu Fine Jewellery) တွင် ကျွန်ုတော် တို့က ဒီလိုသမိုင်းဝင် အမွေအနှစ်ကို ဂုဏ်ပြုသောအားဖြင့် ရော၊ရာစုနှစ်များစွာတိုင်အောင် ဘုရင့်မျိုးနွယ်စုများ၊ ယနေ့ခေတ် ကမ္ဘာ့အဆင့်မီ စုဆောင်းသူများ၏ လက်ဝယ်တွင် တည်ရှိနေခဲ့သည့် သမိုင်းအစဉ်အလာအစိတ်အပိုင်းတစ်ခုကို customer တွေကိုပိုင်ဆိုင်ခွင့်ရရှိစေချင်လို့ရော၊ ကျွန်တော်တို့တချိန်ကမိုးကုတ်မှာ ကျင်းလုပ်ခဲ့စဉ်က သေချာစုဆောင်းထားတဲ့ပတ္တမြားလှလှလေးတွေထဲကမှ “ မြန်မာ့ပတ္တမြား" ဆိုတဲ့ အမည်နှင့် ထိုက်တန်သော ပတ္တမြားလေးတွေကိုသာ ရွေးချယ်ပြီး တစ်သက်စာမက အမြဲတည်တံ့ပြီး ဂုဏ်ရှိမယ့် ပတ္တမြားအထည်လှလှလေးများအဖြစ် ဖန်တီးပေးထားပါတယ်ဗျာ။

အခု ဒီ post လေးကိုဖတ်နေတဲ့ ချစ်ရသော customer အားလုံးကို ကျွန်တော်တို့ဆိုင်က ပတ္တမြား collection လေးတွေကိုလာရောက်ကြည့်ရှူဖို့အားလုံးကိုဒီကနေဖိတ်ခေါ်ချင်ပါတယ်ဗျာ။🙏🏻❤️
-

Address: Times city , Jewellery Mall, 3rd floor, B309, Yangon , Kamayut township.

゚viralシ

Address

Times City , Jewelry Mall, 3rd Floor, B309
Yangon

Opening Hours

Tuesday 11:00 - 17:00
Wednesday 11:00 - 17:00
Thursday 11:00 - 17:00
Friday 11:00 - 17:00
Saturday 11:00 - 17:00
Sunday 11:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Shwe Pu Pu Fine Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share