Lustre Bloom

Lustre Bloom Discover the Timeless Beauty of Genuine Gemstones from Burma Mogok

ညှို့အားပြင်းတဲ့ အလှလေး ရှာနေရင် ဒါလေးယူပါ။ 🍀Deep forest ထဲ ရောက်သွားသလို ခံစားရမယ့် Vibe လေး 🌿အစိမ်းရောင် ကြိုက်တဲ့ အမ ...
08/09/2026

ညှို့အားပြင်းတဲ့ အလှလေး ရှာနေရင် ဒါလေးယူပါ။ 🍀
Deep forest ထဲ ရောက်သွားသလို ခံစားရမယ့် Vibe လေး 🌿

အစိမ်းရောင် ကြိုက်တဲ့ အမ တွေဆို ဒီအပွင့်လေး ကို ဘေးက စိန်လေးရံပြီး ခတ်ဝတ်ကြည့်ပါ 💚
ထူးခြားပြီး လှနေပါလိမ့်မယ် 🍃

Natural Spinel ထဲမှာ အစိမ်းရောင် က ရှားသလို စျေးလေး လည်း အင်မတန်ကောင်းတယ်ရှင် 🦚
အခု ရောင်းမယ့်စျေးလေးက ဝတ်ပျော်တဲ့ စျေးနဲ့ပဲ ရောင်းပေးမှာမို့ Comment မှာ စျေးလေး ကြည့်ပေးပါ ရှင် 🌲

0.95 ct ပါရှင်

Spinel ပန်းရည် လေး တပွင့် ရောင်းပါမယ်ရှင် 🌷Mogok Natural Spinel 1.4 ct ရှိပါတယ်။သူ့အရည်က လုံးဝ အသန့်ဆို 1ct ကို အနည်းဆုံ...
08/09/2026

Spinel ပန်းရည် လေး တပွင့် ရောင်းပါမယ်ရှင် 🌷

Mogok Natural Spinel 1.4 ct ရှိပါတယ်။

သူ့အရည်က လုံးဝ အသန့်ဆို 1ct ကို အနည်းဆုံး ၂သိန်းခွဲလောက် ရောင်းတဲ့ အရည်မျိုးပါ။
အခုအပွင့်လေးက သိပ်မသိသာတဲ့ အမြုပ် လေးပါလို့ ၈ သောင်း နဲ့ ယူပါရှင် 🩷

အထည်ခတ်မယ့် သူဆို တန်သောအပွင့်လေးပါ။

Lustre Bloom Gems & Jewelry

🍀 ​ကျောက်မျက်ရတနာ အပွင့်လွတ်တွေကို မဝယ်ယူခင် စဥ်းစားသင့်သော အချက် ၅ ချက်🍀​💎 ၁။ တောက်ပြောင်မှု (Lustre)ကျောက်မျက်တစ်ခုရဲ့...
07/09/2026

🍀 ​ကျောက်မျက်ရတနာ အပွင့်လွတ်တွေကို
မဝယ်ယူခင် စဥ်းစားသင့်သော အချက် ၅ ချက်🍀

​💎 ၁။ တောက်ပြောင်မှု (Lustre)

ကျောက်မျက်တစ်ခုရဲ့ lustre ဟာ သူ့ရဲ့ အရည်အသွေးကို အဆုံးအဖြတ်ပေးတဲ့ အဓိကအချက်ပါ။ ကျောက်မျက် မျက်နှာပြင်က အလင်းပြန်ပုံကို စစ်ဆေးပါ။ တောက်ပတဲ့ ကျောက်မျက်တွေက ပို၍ အသက်ဝင်ပြီး စွဲဆောင်မှုရှိပါတယ်။

✨ ၂။ အတောက်ပဆုံး အချိန်အခါ (Bloom)

ကျောက်မျက်ရတနာတွေဟာ ဘယ်အချိန်မှာ ပိုမိုတောက်ပပြီး လှပစေနိုင်သလဲဆိုတာ စဥ်းစားပါ။ ဥပမာအားဖြင့်၊ အချို့သော ကျောက်မျက်တွေက နေ့အလင်းရောင်မှာ ပိုမိုလှပပြီး တချို့ကတော့ မီးအလင်းရောင်မှာ ပိုမိုထူးခြားပါတယ်။ ဒါကြောင့် ဝတ်ဆင်မယ့် အချိန်အခါနဲ့ အခြေအနေကို ထည့်သွင်းစဥ်းစားပါ။

🌿 ၃။ ကျောက်မျက်၏ အရွယ်အစားနှင့် ပုံစံ (Carat & Cutting )

ကျောက်မျက်၏ အရွယ်အစားနှင့် ပုံစံဟာ မိမိဝတ်ဆင်ချင်တဲ့ ဒီဇိုင်းနဲ့ လိုက်ဖက်ဖို့ လိုအပ်ပါတယ်။ ဒါ့​ကြော​င့် လက်ဝတ်ရတနာထဲမှာ ထည့်သွင်းမယ့် ကျောက်မျက်ဟာ ဘယ်လိုပုံစံမျိုးနဲ့ တင့်တယ်နေမယ်ဆိုတာကို အရင် စိတ်ကူးကြည့်ပါ။

🍃 ၄။ ကျောက်မျက်၏ အမျိုးအစားနှင့် အရောင် (Type & Color)

ကျောက်မျက်ရတနာတိုင်းမှာ ကိုယ်ပိုင်ထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ ဥပမာအားဖြင့်၊ စိန်တွေက စူးရှတောက်ပတဲ့ ရတနာကို အဓိကထားဝတ်ဆင်ချင်သူတွေ အတွက်သင့်တော်ပြီး
တခြားကျောက်မျက်တွေ ဥပမာ ပတ္တမြား၊ နီလာ နဲ့ spinel တွေက ထူးခြားတဲ့ အရောင်၊ အစဥ်အလာ ကြီးမှု နဲ့ သူမတူတဲ့ ကိုယ်ပိုင်ဟန် ကို ကြိုက်နှစ်သက်သူတို့ ရွေးချယ်သင့်ပါတယ်။

💎 ၅။ အရည်အသွေးနှင့် တန်ဖိုး (Quality & Price)

ကျောက်မျက်ရဲ့ အရည်အသွေးဟာ သူ့ရဲ့တန်ဖိုးကို တိုက်ရိုက်ဆုံးဖြတ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ကျောက်မျက်တွေက ရေရှည်တန်ဖိုးရှိပါတယ်။ အပွင့်လွတ်ရဲ့ အရည်အသွေးကို သေချာစစ်ဆေးပြီး gem lab certificate နဲ့ ဝယ်ယူပါ။
ကျောက်မျက်ရတနာ အပွင့်လွတ်တွေ က ကိုယ်ပိုင်ဒီဇိုင်းကို ဖန်တီးပြီး ဝတ်ဆင်ရတာ ကြိုက်နှစ်သက်သူတွေအတွက် ရွေးချယ်သင့်ပါတယ်။

Lustre Bloom Gems & Jewelry

07/09/2026

Spinel ထဲမှာ ဒီအရည်က ရှားတဲ့ထဲမှာ ပါပါတယ်။
အပွင့်လွတ်တောင် ဒီလောက်လှနေတာ အထည်ခတ်လိုက်ရင် ဘယ်လောက်လှ
မလဲဆိုတာ တော့ ... မပြောတော့ဘူးရှင်။

Quality ကောင်းတဲ့ ကျောက်တွေ က
တပွင့်ဆို တပွင့် ထင်းထွက်နေတာမို့ ဘေးရံတောင် ထည့်စရာမလိုဘူးရှင် 🌹

ရောင်းထားတဲ့စျေးကလည်း ဒေါ်လာ 100 တောင်မရှိတဲ့ စျေးနဲ့ မို့ အထည်လေး ခတ်ပြီး ဝတ်လိုက်ရင် နိုင်ငံတကာမှာ ရေပန်းစား​နေတဲ့ spinel တွေကို
မိုးကုတ် သဘာဝ spinel ကျောက်အစစ်ဝတ်ပြီး ခပ်ချေချေလေး နေလိုက်လို့ရတယ် မတို့ရေ 🥰

မှာယူလိုပါက page cb ကို ဆက်သွယ်ပေးပါနော် 🥰

LustreBloom Gems & Jewelry

Mogok Natural Spinel Peach Color 🍑🍒0.97 ct 🌷 Cushion Cut 🪷Spinel ထဲမှာ ဒီလို အရည် ကို Oversea Market ကိုသွားတဲ့ ကုန်သည်တ...
06/09/2026

Mogok Natural Spinel Peach Color 🍑🍒

0.97 ct 🌷 Cushion Cut 🪷

Spinel ထဲမှာ ဒီလို အရည် ကို Oversea Market ကိုသွားတဲ့ ကုန်သည်တွေ စုဆောင်းကြတဲ့ color ​ဖြစ်ပါတယ်။
အရည်လှပြီး သန့်ဂုဏ် ရှိပါတယ်။
စိုက်​ပြစ် ရှပြစ် မပါဘဲ Lustre ကောင်းကောင်းပေးပါတယ်။
တကလပ်ကျော် ပယ်ရှိလို့ အထည်ခတ်ရင် အဆင်ပြေသော ကျောက်လေးပါ။
Lab Test မှာ Peach Color ထွက်ပေးထားပါတယ်။

ပေးရတဲ့စျေးထက် ကျောက်ရဲ့ Quality က ပိုသာအောင် ရောင်းပေးမှာပါရှင်။
Comment မှာ စျေးလေး ကြည့်ပေးပါ 🍀

Lustre Bloom Gems & Jewelry

Sold Out ပါရှင် 💚Natural Zircon တွေထဲမှာ အပြာရောင်၊ အဝါရောင် နဲ့ ရွှေအိုရောင် လေးတွေက တွေ့ရများပါတယ်။ Green Zircon က ရှာ...
05/09/2026

Sold Out ပါရှင် 💚

Natural Zircon တွေထဲမှာ အပြာရောင်၊ အဝါရောင် နဲ့ ရွှေအိုရောင် လေးတွေက တွေ့ရများပါတယ်။
Green Zircon က ရှားပါးတဲ့ ထဲမှာပါပြီး ကျောက်မျက်စုဆောင်းသူတွေ တန်ဖိုးထားပြီး စုဆောင်းကြပါတယ်။ Zircon ထဲမှာပါတဲ့ အစိမ်းရောင်က သဘာဝ အတိုင်း ရေရှည် ရေဒီယိုသတ္တိကြွမှုတွေက နေ အစိမ်းရောင် ဖြစ်လာတာကြောင့်
အလွန်ရှားပါးပါတယ် 💚
ဒီ Zircon လေးက Cushion Cut ကိုမှ Eye Clean ဖြစ်ပြီး 1.65 ct ရှိလို့ လက်စွပ် ခတ်ဖို့အတွက် သင့်တော်သော အရွယ်လေး နဲ့ quality လေးပါ။

ရှားပါးကျောက်မျက်တွေကို စုဆောင်းရတာ ဝါသနာ ပါတယ်ဆို ဒီအပွင့်လေးကို ယူပါရှင် 💚

ရောင်းမယ့်စျေးလေးက 120,000 mmk ပါ။

LustreBloom Gems & Jewellery

05/09/2026

မိုးကုတ် သဘာဝ ပတ္တမြား လုံးချောစုံလေး ရဲ့ အလှကို ခံစားကြည့်ပေးပါ 🥰

သူ့ရဲ့ အလှက အာရုံကို ဖမ်းစားနိုင်လွန်းပါတယ် 😍

LustreBloom Gems & Jewellery

ဘုန်းကံကြီးမား လို့ မိုးကုတ် ပတ္တမြား မှ ဝတ်ဆင်ချင်တယ်လို့ ဆိုကြသူတွေရယ်... 🪷နေ့နံ၊ ရာသီအလိုက် ပတ္တမြား ဆောင်ချင်တယ်လို့...
03/09/2026

ဘုန်းကံကြီးမား လို့ မိုးကုတ် ပတ္တမြား မှ ဝတ်ဆင်ချင်တယ်လို့ ဆိုကြသူတွေရယ်... 🪷

နေ့နံ၊ ရာသီအလိုက် ပတ္တမြား ဆောင်ချင်တယ်လို့ ပြောကြတဲ့ အမတွေရယ်...🌹

ရိုးရိုး ရှင်းရှင်း သေးသေး လေး နဲ့ minimalist design ပဲ ဝတ်မယ်ဆိုတဲ့ minimalist လေးတွေ အတွက်ရယ်... ❤

မိုးကုတ် သဘာဝ ပတ္တမြား လုံးချော နားပန်စုံ လေး ၂ စုံ ရပါမယ်ရှင် 🥰

တပွင့်ကို ငါးမူးကိုက် ကျော်လေးတွေပါ။ အသေးစိတ် ပုံထဲမှာ ကလပ်ချိန် ရေးပေးထားပါတယ်ရှင်။

သဘာဝ ပတ္တမြား စျေးတွေ ခေါင်ခိုက်နေချိန်မှာ
အစစ်ကို fancy စျေး သာသာ လေး နဲ့ ဝတ်လိုက်ပါနော်။ 😍

​​ ရောင်းစျေးကို Comment မှာ ဖော်ပြထားပါတယ် ရှင် 🍁

Lustre Bloom Gems & Jewellery

ဒီနေ့ မင်္ဂလာ ဖြစ်သွားတဲ့ အပွင့်လေး တွေပါရှင် 🪷ယုံကြည်စွာ ဝယ်ယူ အားပေးကြသူ တဦးချင်းဆီကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🥰Lu...
02/09/2026

ဒီနေ့ မင်္ဂလာ ဖြစ်သွားတဲ့ အပွင့်လေး တွေပါရှင် 🪷

ယုံကြည်စွာ ဝယ်ယူ အားပေးကြသူ တဦးချင်းဆီကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🥰

Lustre Bloom Gems & Jewellery

02/09/2026

အင်မတန် လှတဲ့ Spinel အနီရည် လေးကို ပိုင်ဆိုင်မယ့် သူက ဘယ်သူဖြစ်မလဲ ဆိုတာ ကို ရင်ခုန်နေပါပြီရှင် 🌹

အထည်ခတ်ပြီး ဝတ်ထားရင် ပတ္တမြား နဲ့ မှားလောက်မယ့် အပွင့်လေးပါ။
ကျောက်ရည်လှပြီး သန့်တဲ့ ကျောက်မျိုးလေးဆို ဒီအပွင့်လေး ရှိပါမယ် ရှင် 🥰

LustreBloom Gems & Jewelry

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lustre Bloom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share