Shwe Poe Jewelry Studio သင်တန်းကျောင်း

  • Home
  • Myanmar
  • Yangon
  • Shwe Poe Jewelry Studio သင်တန်းကျောင်း

Shwe Poe Jewelry Studio သင်တန်းကျောင်း *ရွှေအခြေခံပညာကိုစာတွေ့လက်တွေ့သင်ကြားမှုများနှင့်အတွေ့အကြုံများကိုပါမျှဝေပေးမည့်ရတနာသင်တန်းကျောင်း*
(1)

𝟏𝟖𝐊 ဆိုတာ ဘာလဲ?18K အကြောင်း မပြောခင် Karat ကို အလွယ်ပြောပြပါမယ်နော်တကယ်တော့ Karat ဆိုတာ  “ရွှေ” ရဲ့အရည်အသွေးကို တိုင်းတာ...
22/05/2026

𝟏𝟖𝐊 ဆိုတာ ဘာလဲ?
18K အကြောင်း မပြောခင် Karat ကို အလွယ်ပြောပြပါမယ်နော်
တကယ်တော့ Karat ဆိုတာ “ရွှေ” ရဲ့အရည်အသွေးကို တိုင်းတာတဲ့ unit တစ်မျိုးပါ။
ရွှေရည်ပြည့် အပိုင်း24ပိုင်းမှာ 18ပိုင်းပဲ ရွှေပါဝင်ပြီး ကျန်တဲ့ 6ပိုင်းမှာ တခြားသတ္တုတွေရောနေတာမို့ 18K လို့ခေါ်ကြတာပါ။ 12ပဲရည်လို့လည်း ခေါ်ကြပါတယ်။

🌼 18K (yellow gold)
🍂 18K (rose gold)
❄️ 18K (white gold) တို့မှာ ရွှေပါဝင်မှု ရာခိုင်နှုန်း ၇၅% တူညီစွာပါပြီး ကျန်တဲ့ ၂၅% မှာတော့ တစ်ခြား ငွေ၊ ကြေးနီ၊သွပ် စတဲ့သတ္ထုတွေ အချိုးအစားမတူညီဘဲ ရောစပ်ထားတာဖြစ်ပါတယ်။
အပိုင်း 24ပိုင်းလုံးမှာ ဘာသတ္တုမှ မရောနှောဘဲ ရွေပါဝင်မှု ၉၉.၉၉% ရှိရင်တော့ (24K) ၁၆ပဲရည် (အခေါက်) 👈 လို့ သတ်မှတ်ကြပါတယ်။

𝐏𝐥𝐚𝐭𝐢𝐧𝐮𝐦 (𝐏𝐭) ကျတော့ ရွှေမဟုတ်ဘဲ သဘာဝအတိုင်းအဖြူရောင်ရှိတဲ့ တွင်းထွက်သတ္တုတစ်မျိုးဖြစ်ပါတယ်။🤍
တူးဖော်စရိတ်လည်းများပြီး တူးဖောက်ရ ခက်ခဲတဲ့အတွက် တန်ဖိုးလည်းကြီးပါတယ်။

လူတော်တော်များများက While Gold (18K) နဲ့ Platinum ကို သိပ်မကွဲကြပါဘူး။
ဒီ‌လောက်ဆိုရင်‌ ရောထွေးနေတာလေးတွေ အကြမ်းဖျင်း နားလည်လောက်မယ်လို့ထင်ပါတယ်။
ဒီထက်ပိုပြီးသိချင်ရင်တော့ ရွှေပိုးရွှေသင်တန်းမှာ လာရောက် သင်ကြားလို့ရပါတယ်နော် 🥰

🤔ရွှေရည်ဘယ်လိုခွဲမလဲ?16ပဲရည်ဆိုတာ အခေါက် 15ပဲဆိုတာ အထည်ခတ်ပြီးသားလို့ အလွယ်မှတ်နေတုန်းလား?🔍15ပဲရည်အထည်ကရော 15ပဲရည် ပြည့်...
16/05/2026

🤔ရွှေရည်ဘယ်လိုခွဲမလဲ?
16ပဲရည်ဆိုတာ အခေါက်
15ပဲဆိုတာ အထည်ခတ်ပြီးသားလို့ အလွယ်မှတ်နေတုန်းလား?

🔍15ပဲရည်အထည်ကရော 15ပဲရည် ပြည့်ရဲ့လား?
🔍အခေါက်နဲ့ရော အထည်ခတ်လို့ မရဘူးလား?
🔍14ပဲနှစ်ပြားကရော ဘာလဲ?
🔍ကျောက်တွေကို ဘယ်နှစ်ပဲရည်နဲ့ အများဆုံး ခတ်ကြလဲ?
🔍 ရွှေကိုအတုအစစ်ဘယ်လိုခွဲလဲ?
🔍 ဂဟေဆက်တာများရင် အရောင်မဲလား?
🔍 ရွှေကိုဘာကြောင့် မီးဖုတ်ကြလဲ?
🔍 အလျော့တွက်နဲ့ လက်ခကို ဘယ်လိုယူကြလဲ?
🔍 ရွှေထည်ကိုမြင်တာနဲ့ အပွလား အကျစ်လား ဘယ်လိုသိနိုင်မလဲ?
🔍 ရွှေကိုဘာလို့ မှတ်ကျောက်တိုက်ကြတာလဲ?

🪎အခုလို ရွှေအကြောင်းကို သိချင်တာတွေများနေပြီဆိုရင် ရွှေသင်တန်းလေး တစ်ခုလောက် တက်ထားတာမမှားပါဘူးနော်

ကိုယ်ပိုင်လုပ်ငန်း စဖို့ပဲဖြစ်ဖြစ်၊ ရွှေကိုကြိုက်လို့ လေ့လာချင်လို့ပဲဖြစ်ဖြစ်၊ ဘယ်ရွှေဆိုင်သွားသွား ဂျင်းမမိအောင် ခွဲခြားရွေးချယ်တတ်စေဖို့ ရွှေပိုးက အများကြီး သင်ပြပေးသွားမှာပါ😉

ရွှေတစ်ကျပ်သားမှာ ဘယ်နှစ်ပဲရှိလဲလို့မေးရင် လူတိုင်းဖြေနိုင်ကြတယ်ဟုတ်ဒါဆို တစ်ကျပ်မှာ ဘယ်လောက် gram ရှိလဲဆိုရင်ရော သိကြလာ...
12/05/2026

ရွှေတစ်ကျပ်သားမှာ ဘယ်နှစ်ပဲရှိလဲလို့မေးရင် လူတိုင်းဖြေနိုင်ကြတယ်ဟုတ်

ဒါဆို တစ်ကျပ်မှာ ဘယ်လောက် gram ရှိလဲဆိုရင်ရော သိကြလား 🤔 ???

ရွှေဆိုင်တွေမှာ ရွှေကို gramချိန်စက်လေးပေါ် တင်ပြီးချိန်ပြတာ သိကြမယ်ထင်ပါတယ်
Gramချိန်စက်ပေါ်က ရွှေချိန်အတိအကျကို ကျပ်၊ပဲ၊ရွေး ပြန်ပြောင်းပြီး တွက်ရတာပါ။
တစ်ကျပ်မှာ ၁၆ ပဲ၊ တစ်ပဲမှာ ၈ ရွေး၊ တစ်ကျပ်မှာဆို ၁၂၈ ရွေးရှိပါတယ်။

Gram ချိန်နဲ့ဆိုရင်တော့ .......
✔️တစ်ကျပ်မှာ - 16.606 g (အရင် စနစ်ဟောင်း)
✔️တစ်ကျပ်မှာ - 16.32935 g (လက်ရှိ စနစ်သစ်)

💛ဒီလို General Knowledge လေးတွေက လူတိုင်းသိသင့်ပါတယ်‌။ ခုခေတ်လူငယ်တွေလည်း ဒါလေးတွေသိထားတာ မမှားဘူးလေနော်။ နောက်လည်း ရွှေတွက်နည်းလေးတွေ မင်တို့ ထပ်တင်ပေးသွားမှာပါရှင့် 😘

တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း ကြိုးစားလာခဲ့သမျှ ဒီနေ့မှာတော့ ခဏလောက် အနားယူလိုက်ပါဦး။ ✨ကိုယ်စီကိုယ်ငှ တာဝန်ကျရာ နယ်ပယ်အသ...
01/05/2026

တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း ကြိုးစားလာခဲ့သမျှ ဒီနေ့မှာတော့ ခဏလောက် အနားယူလိုက်ပါဦး။ ✨
ကိုယ်စီကိုယ်ငှ တာဝန်ကျရာ နယ်ပယ်အသီးသီးမှာ အကောင်းဆုံး ကြိုးစားရုန်းကန်နေကြတဲ့ သူတွေ အားလုံးအတွက် ဒီနေ့ဟာ ဂုဏ်ယူထိုက်တဲ့နေ့လေးပါ။
ဒီနေ့မှာ စိတ်ရောကိုယ်ပါ အနားယူနိုင်ပြီး ခွန်အားသစ်တွေ ရရှိပါစေကြောင်း Shwe Poe မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

🙏🏻ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏🏻 ယနေ့ဟာဆိုရင် “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့”ဆိုတဲ့အတိုင်း  ဗုဒ္ဓမြတ်စွာဘုရား ဘ...
30/04/2026

🙏🏻ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏🏻

ယနေ့ဟာဆိုရင် “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့”ဆိုတဲ့အတိုင်း ဗုဒ္ဓမြတ်စွာဘုရား ဘုရားဆုပန်ရာ ၊ ဖွားမြင်ရာ၊ ပွင့်တော်မူရာ၊ ပရိနိဗ္ဗာန်စံတော်မူရာနေ့မြတ်ဖြစ်တဲ့ "ကဆုန်လပြည့်နေ့" အချိန်အခါသမယလည်းဖြစ်ပါတယ်။

အခုလို ရက်ကောင်းနေ့မြတ်လေးမှာ အားလုံးပဲ ကောင်းမှုကုသိုလ်တွေပြုရင်း ဖြတ်သန်းနိုင်ကြပါစေလို့ Shwe Poe Jewelry Studio မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။ 🙏🏻


#ကဆုန်လပြည့်

အလုပ်တွေရှုပ်လို့ ရွှေအကြောင်း မလေ့လာရမှာကို စိတ်မပူနဲ့တော့ အိမ်ကနေ တက်လို့ရပါပြီ💻✨ရွှေအကြောင်း သင်တန်းတက်ချင်တယ်၊ ဒါပေမ...
27/04/2026

အလုပ်တွေရှုပ်လို့ ရွှေအကြောင်း မလေ့လာရမှာကို စိတ်မပူနဲ့တော့ အိမ်ကနေ တက်လို့ရပါပြီ💻✨

ရွှေအကြောင်း သင်တန်းတက်ချင်တယ်၊ ဒါပေမဲ့ အချိန်မပေးနိုင်ဘူး" ဆိုတဲ့သူတွေအတွက် ဒီ Online Class လေး ရှိတယ်နော်။

ညဘက် အေးအေးဆေးဆေး အချိန်လေးမှာ ဖုန်းလေးကြည့်ရင်း ရွှေပညာရှင် ဖြစ်သွားရအောင်။
နယ်ကသူတွေပဲဖြစ်ဖြစ်၊ ရန်ကုန်မှာရှိပေမယ့် အလုပ်မအားတဲ့သူတွေအတွက်ပါ အဆင်ပြေအောင် ညပိုင်းအချိန်လေး စီစဉ်ပေးထားတာပါ။
ရွှေပညာရပ်နဲ့ဆိုင်တဲ့အကြောင်းတွေကို အိတ်သွန်ဖတ်မှောက် ပြောပြပေးသွားမှာပါ။

📍 ဘယ်အချိန် တက်ရမှာလဲ?

ရက်စွဲ: ဇွန်လ ၂၃ ရက် ကနေ ၂၇ ရက်အထိ
အချိန်: ည ၇ နာရီကနေ ၉ နာရီအထိ
သင်တန်းကြေး: ၃ သိန်း

Special: သင်တန်းသားဟောင်းတွေကတော့ ၁ သိန်း တည်းနဲ့ ပြန်တက်လို့ရမယ်နော်။

စိတ်ဝင်စားရင်တော့ အမြန်လေးနော်၊ Chatbox မှာ "Online" လို့ စာပို့ထားလိုက်။ အသေးစိတ် ပြန်ပြောပြပေးပါ့မယ် 🙌
#ရွှေပိုး #အွန်လိုင်းသင်တန်း

ရွှေအကြောင်းကို ဆရာကျကျ သိချင်တယ်ဆိုရင်တော့ လူကိုယ်တိုင် လာခဲ့လိုက်တော့နော် ☕✨"ရွှေ" ဆိုတာ ဝယ်တတ်ရင် အနှစ်၊ မဝယ်တတ်ရင် အ...
27/04/2026

ရွှေအကြောင်းကို ဆရာကျကျ သိချင်တယ်ဆိုရင်တော့ လူကိုယ်တိုင် လာခဲ့လိုက်တော့နော် ☕✨

"ရွှေ" ဆိုတာ ဝယ်တတ်ရင် အနှစ်၊ မဝယ်တတ်ရင် အရှုံး ဆိုတာ သိကြတယ်မလား? လက်ထဲမှာ ငွေကို ဒီအတိုင်းကိုင်ထားပြီး တန်ဖိုးကျမှာ စိတ်ပူနေမယ့်အစား ရွှေအကြောင်းကို သေသေချာချာ လေ့လာထားတာ အကောင်းဆုံးပဲလေ။

ရွှေပိုးရဲ့ အပြင်သင်တန်းမှာတော့ ဆရာမနဲ့ တိုက်ရိုက်တွေ့ပြီး ရွှေတွက်နည်းတွေ၊ အကယ်ဒမီနဲ့ မီးလင်း ဘယ်လိုခွဲမလဲဆိုတာတွေ နဲ့ လုပ်ငန်းခွင်သုံးလက်တွေ့ကျတဲ့လျှို့ဝှက်ချက်တွေ ကို လက်တွေ့ တွက်ပြ၊ သင်ပြပေးမှာပါ။ မရှင်းတာရှိရင်လည်း အားမနာတမ်း မျက်နှာချင်းဆိုင် မေးလို့ရတာပေါ့။

📍 ဘယ်တော့လဲဆိုရင်

ရက်စွဲ: ဇွန်လ ၁၆ ရက် ကနေ ၂၀ ရက်အထိ (၅ ရက်တည်းနော်)

အချိန်: မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ
သင်တန်းကြေး: ၅ သိန်း

Special: သင်တန်းသားဟောင်းတွေကတော့ ၁ သိန်းခွဲ တည်းနဲ့ ပြန်တက်လို့ရပါတယ်။

လူဦးရေ ကန့်သတ်ထားတာဆိုတော့ လက်မနှေးဘဲ အခုပဲ Chatbox မှာ "Onsite" လို့ လာပြောလိုက်တော့နော်။

#ရွှေပိုး #ရွှေပညာ #ရွှေရင်းနှီးမြှုပ်နှံမှု

နှစ်သစ်မှာ အတောက်ပဆုံးဖြစ်အောင် ဒီနေ့ပဲ သင်ယူမှုကို စတင်လိုက်ပါ! ✨၂၀၂၆ ခုနှစ်ရဲ့ အစမှာ ကိုယ့်ရဲ့အရည်အချင်းကို Level Up လ...
24/04/2026

နှစ်သစ်မှာ အတောက်ပဆုံးဖြစ်အောင် ဒီနေ့ပဲ သင်ယူမှုကို စတင်လိုက်ပါ! ✨

၂၀၂၆ ခုနှစ်ရဲ့ အစမှာ ကိုယ့်ရဲ့အရည်အချင်းကို Level Up လုပ်ဖို့ အကောင်းဆုံးအချိန် ရောက်လို့လာပါပြီ။ သင်ယူမှုမှာ အကန့်အသတ်တွေ ရှိမနေစေဖို့အတွက် ရွှေပိုး (Shwe Poe) ရဲ့ သင်တန်းတွေကို အခုဆိုရင် Online ရော Offline ပါ စိတ်ကြိုက်ရွေးချယ် တက်ရောက်လို့ ရနေပြီနော်။ 🤗

ဘယ်လိုပုံစံမျိုး တက်ရောက်လို့ရမလဲဆိုတော့

၁။ Offline Training (လူကိုယ်တိုင် တက်ရောက်မယ်)

🏫သင်တန်းကျောင်းကို ကိုယ်တိုင်လာပြီး လက်တွေ့ပစ္စည်းတွေကို ကိုင်တွယ်ကြည့်ရှုရင်း စနစ်တကျ လေ့လာချင်သူတွေအတွက် အဆင်ပြေဆုံးပါပဲ။

သင်တန်းသားအချင်းချင်းလည်း Network ချိတ်ဆက်လို့ရသလို၊ ဆရာတွေနဲ့လည်း တိုက်ရိုက် အပြန်အလှန် ဆွေးနွေးမေးမြန်းလို့ ရတာပေါ့။

၂။ Online Training (အွန်လိုင်းကနေ တက်ရောက်မယ်) 📱
နယ်ဝေးမှာ နေလို့ပဲဖြစ်ဖြစ်၊ အလုပ်တစ်ဖက်နဲ့ အချိန်မပေးနိုင်လို့ပဲဖြစ်ဖြစ် စိတ်မပူပါနဲ့တော့။ မိမိအိမ်မှာတင် ဖုန်း ဒါမှမဟုတ် ကွန်ပျူတာရှိရုံနဲ့ အချိန်ကုန်သက်သာစွာနဲ့ ထိရောက်အောင် သင်ကြားပေးသွားမှာပါ။

နေရာဒေသကြောင့် သင်ယူမှုတွေ ရပ်တန့်မသွားဘဲ သင့်ရဲ့အနာဂတ်ကို ရွှေပိုးနဲ့အတူ အတောက်ပဆုံး ပုံဖော်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🌟

သင်္ကြန်ပြီးရင် လူပဲ Skin Care ရမှာ မဟုတ်ဘူး ကိုယ့်ရွှေထည်လေးတွေကိုလည်း Spa ပေးဖို့ မမေ့နဲ့ဦးနော် ✨💦သင်္ကြန်တွင်းမှာ ဝတ်...
19/04/2026

သင်္ကြန်ပြီးရင် လူပဲ Skin Care ရမှာ မဟုတ်ဘူး ကိုယ့်ရွှေထည်လေးတွေကိုလည်း Spa ပေးဖို့ မမေ့နဲ့ဦးနော် ✨💦

သင်္ကြန်တွင်းမှာ ဝတ်ခဲ့တဲ့ ရွှေထည်လေးတွေ အခုဆို သနပ်ခါးတွေ၊ ချွေးတွေ၊ ဖုန်တွေနဲ့ အရောင်မှိန်နေပြီမလား? အဲ့ဒီအတိုင်း ပစ်ထားရင် ရွှေရည်ကျတတ်တယ်နော်။

ဆိုင်သွားစရာမလိုဘဲ အိမ်မှာတင် ၅ မိနစ် အတွင်း အသစ်ပြန်ဖြစ်စေမယ့် နည်းလမ်းလေးပြောပြမယ်နော်။

🛠 အိမ်မှာတင် လုပ်လို့ရတဲ့ Gold Spa အဆင့်ဆင့်

• Step 1: ရေနွေးနွေးလေးထဲမှာ ကလေးသုံးခေါင်းလျှော်ရည် (Baby Shampoo) အစက်ချပြီး ရွှေထည်တွေကို ခဏစိမ်ထားပါ။

• Step 2: သွားတိုက်တံ အမွေးနုလေးနဲ့ ရွှေကြားထဲက သနပ်ခါးအနှစ်တွေနဲ့ အညစ်အကြေးတွေကို ညင်ညင်သာသာလေး ပွတ်ထုတ်ပါ။

• Step 3: ရေစင်အောင် ပြန်ဆေးပြီးရင် Lint-free cloth (မျက်မှန်သုတ်တဲ့အဝတ်မျိုး) နဲ့ အခြောက်သုတ်ပါ။ (လုံးဝခြောက်သွားပြီဆိုမှ ပြန်သိမ်းဖို့ မမေ့နဲ့နော်!)

• Step 4: ပြီးရင်တော့ မူလအတိုင်း ပြန်လည်တောက်ပသွားတဲ့ ကိုယ့်ရဲ့ ရွှေထည်လေးတွေကို ကြည့်ပြီး စိတ်ချမ်းသာရုံပဲပေါ့။

သင်္ကြန်အပြီးမှာ ကိုယ့်ရဲ့ရွှေထည်လေးတွေ အမြဲတောက်ပနေဖို့ ဒီနည်းလမ်းလေးကို အသုံးပြုကြည့်လိုက်ပါဦးနော်။ ✨💦

ရွှေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ နည်းပညာတွေကို စနစ်တကျ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ ရွှေပိုး (Shwe Poe) သင်တန်းကျောင်းကို အမြဲစောင့်ကြည့်နေဖို့ မမေ့နဲ့ဦးနော်။

#သင်္ကြန်အပြီးရွှေသန့်စင်နည်း #ရွှေပိုးသင်တန်းကျောင်း

✨ မင်္ဂလာရှိသော သင်္ကြန်နှစ်သစ် ✨ရွှေပိုး ရွှေသင်တန်းမှ သင်္ကြန်နှစ်သစ်အခါသမယတွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွားရေး၊ ...
13/04/2026

✨ မင်္ဂလာရှိသော သင်္ကြန်နှစ်သစ် ✨
ရွှေပိုး ရွှေသင်တန်းမှ သင်္ကြန်နှစ်သစ်အခါသမယတွင်
စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွားရေး၊ ပညာရေးနှင့် ဘဝရည်မှန်းချက်များအားလုံး တိုးတက်အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

နှစ်ဟောင်းမှ စိတ်ညစ်စရာများကို လွှတ်ချပြီး
နှစ်သစ်တွင် အခွင့်အလမ်းအသစ်များကို ရင်ဆိုင်လျက်
အောင်မြင်မှုများကို ဆက်လက်ရယူနိုင်ကြပါစေ 💛

💦 သင်္ကြန်မှာ ရွှေဝတ်ပြီး ရေကစားတော့မယ်ဆိုရင်လှချင်လို့ ဝတ်တာမှန်ပေမယ့်  သင်္ကြန်ပြီးရင် ကိုယ့်ရွှေထည်လေးတွေ "အရောင်မနွမ...
12/04/2026

💦 သင်္ကြန်မှာ ရွှေဝတ်ပြီး ရေကစားတော့မယ်ဆိုရင်

လှချင်လို့ ဝတ်တာမှန်ပေမယ့် သင်္ကြန်ပြီးရင် ကိုယ့်ရွှေထည်လေးတွေ "အရောင်မနွမ်း" သွားဖို့ ဒါလေးတွေ သိထားမှရမယ်နော်။

ရေထဲက Chlorine
မဏ္ဍပ်ရေတွေမှာပါတဲ့ ကလိုရင်းက ရွှေကို ကြွပ်ဆတ်စေတယ်။ ဝတ်ပြီး ရေကစားတာကြာရင် အဆက်နေရာတွေ ကျိုးလွယ်တတ်ပါတယ်။

ရေစိုပြီး ချွဲနေတဲ့အချိန်မှာ လက်စွပ်တွေ၊ ဆွဲကြိုးတွေက အမှတ်မထင် ပြုတ်ထွက်သွားဖို့ အရမ်းလွယ်တယ်။ လူအုပ်ကြားထဲ ပျောက်ရင် ပြန်ရှာဖို့ မတွေးနဲ့တော့။

သန့်ရှင်းရေး ချက်ချင်းလုပ်ပါ။
ပြန်ရောက်တာနဲ့ ရေနွေးနွေးလေးနဲ့ ဆပ်ပြာအပျော့စား သုံးပြီး ဆေးချပါ။ အနည်တွေနဲ့ ဓာတုပစ္စည်းတွေက ရွှေရဲ့ တောက်ပမှုကို စားပစ်နိုင်လို့ပါ။

သင်္ကြန်မှာ လှဖို့ထက်၊ သင်္ကြန်အပြီးမှာ ကိုယ့်ရွှေထည်လေးတွေ အစုံအလင်နဲ့ အသစ်အတိုင်း ကျန်ခဲ့ဖို့က ပိုအရေးကြီးတယ်နော်😉

Address

Yangon
11071

Website

Alerts

Be the first to know and let us send you an email when Shwe Poe Jewelry Studio သင်တန်းကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share