19/07/2025
မင်္ဂလာပါရှင့်
ဒီနေ့ဟာကျွန်မတို့တိုင်းပြည်အတွက် အသက်စွန့်ပြီး လွတ်လပ်ရေးအရယူပေးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကြီးကို လေးစားဂုဏ်ပြုတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်ရှင်
တိုင်းပြည်နဲ့ လူမျိုး အတွက် ဘယ်အရာကိုမဆို စွန့်လွှတ် ခဲ့ကြတဲ့ ကြီးမြတ်သော စိတ်ဓါတ်ပိုင်ရှင်ရှိတဲ့ အာဇာနည်သူရဲကောင်းကြီးများကို လေးစားဂုဏ်ပြုအပ်ပါတယ်ရှင်
အာဇာနည်ဆိုတာ
✨အများအကျိုးအတွက်ကိုယ်ကျိုးစွန့်ခြင်း
✨ရဲရင့်မှုနှင့်စိတ်ဓါတ်ခိုင်မာမှုရှိခြင်း
✨ညဏ်ရည်နှင့် အမျှော်အမြင်ရှိခြင်း
✨စည်းလုံးညီညွတ်မှုကို အလေးထားခြင်း
✨သမိုင်းမှာ မြင့်မြတ်သောအရေးပါမှုရှိခြင်း
စတဲ့ ပုဂ္ဂိုလ် များဖြစ်ပါတယ်
ကျွန်မတို့တိုင်းပြည်မှာ အာဇာနည်သူရဲကောင်းတွေ အများကြီးပေါ်ထွန်းလာပြီး အမြန်ဆုံးအေးချမ်းကြပါစေ
ဆုတောင်းပြုလျှက်........