NAK & Bros.

NAK & Bros. Jade & Jewellery

၁၂ ၊ ၄ ၊ ၂၀၂၅ မှ ၁၇ ၊ ၄ ၊ ၂၀၂၅ နှစ်ဆန်း ၁ ရက်​နေ့ အထိ အလုပ်ရုံ ပိတ်ပါရ​စေခင်ဗျာ ။ ပြီးစီးအပ်ထည်များ  ​လာရွေးလိုပါက ပိတ်ရ...
11/04/2025

၁၂ ၊ ၄ ၊ ၂၀၂၅ မှ ၁၇ ၊ ၄ ၊ ၂၀၂၅ နှစ်ဆန်း ၁ ရက်​နေ့ အထိ အလုပ်ရုံ ပိတ်ပါရ​စေခင်ဗျာ ။

ပြီးစီးအပ်ထည်များ ​လာရွေးလိုပါက ပိတ်ရက်အတွင်းမှာလည်း ( ဖုန်းကြိုဆက်​​ပေးပါရန် ) လာ​ရွေးနိုင်ပါတယ်ခင်ဗျ ။

မြန်မာနိုင်ငံသားများ ​ဘေးရန်ကင်း ငြိမ်းချမ်းပါ​စေ ။

NAK & Bros. Jade & Jewellery

ပုတီးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ကျ​နော် ပို့စ်သိပ်မတင်ဖြစ်တာ ကြာပါပြီ ။ အ​ကြောင်းရင်းက လက်ခံထားတဲ့ အပ်ထည်​တွေ များပြီး ပြ...
04/03/2025

ပုတီးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ကျ​နော် ပို့စ်သိပ်မတင်ဖြစ်တာ ကြာပါပြီ ။ အ​ကြောင်းရင်းက လက်ခံထားတဲ့ အပ်ထည်​တွေ များပြီး ပြီးစီးမှု မမြန်ဆန်လို့ပါ ။ အခု​တော့ မြန်ဆန်​အောင် လူအင်အား စက်အင်အားဖြည့်တင်းပြီး၊ ပုတီးအပ်ထည် စတင်ချိန် ပြီးဆုံးချိန်ကို အကြိမ်ကြိမ် စမ်းသပ်​လေ့လာပြီးပါပြီ ။

🔴 ဒါ​ကြောင့် ပုတီးနဲ့ ပတ်သက်ပြီး တခု​ကြေငြာပါရ​စေ ။

🔥🔥 NAK & Bros. တွင် ​ကျောက်စိမ်းပုတီးထုတ်လုပ်ရန်
လာ​ရောက်အပ်နှံပါက တပတ် ( ၇ရက် ) အတွင်း ပြီးစီးနိုင်ပါသည်ခင်ဗျာ ။

🔴 ပုတီး အ​ချောထည် လက်ခများမှာ

6mm , 7mm , 8mm - 1,200 mmk
9mm , 10mm , 11mm - 1,500 mmk
12mm , 13mm , 14mm - 2,000 mmk

တစ်စများ ဖယ်ယူထားခြင်း ၊ ပုတီး​ခေါင်လုံးများ ယူထားခြင်း ၊
အ​ရောင်(မှတ်) ခိုထားခြင်း လုံးဝ မရှိ​စေရန် ကျ​နော်တို့ ၁၀၀% အာမခံပါတယ် ။

ကြာကြာဝါးချင်တဲ့ သွားမို့ အရိုးကြည့်​ရှောင်ပါရ​စေခင်ဗျာ ။

Ko Nay ( NAK )

🔥🔥Sold Out 🐲🐲
16/02/2025

🔥🔥Sold Out 🐲🐲

ပုတီးဘယ်အရွယ် ထုတ်ကြမလဲ ...     ဖြတ်သားမှာ မြင်ရတဲ့ ​ကျောက်ဆီ ကို ကြည့်ပြီး ပုတီး ဘယ်အရွယ်ထုတ်ရင် လှမလဲ ၊ ကြိုး​ပေါ်မလဲ ...
13/02/2025

ပုတီးဘယ်အရွယ် ထုတ်ကြမလဲ ...



ဖြတ်သားမှာ မြင်ရတဲ့ ​ကျောက်ဆီ ကို ကြည့်ပြီး ပုတီး ဘယ်အရွယ်ထုတ်ရင် လှမလဲ ၊ ကြိုး​ပေါ်မလဲ ၊ ​ကျောက်ဆီတက်လာမလဲ စတာ​တွေကို တွက်ချက်ရပါတယ် ။
အရင်ဆုံး ​ပြောမှာက ​ကျောက်ဆီ ​ကျောက်သားဖြစ်ပါတယ် ။( အရည် ၊ ပန်း ၊ကာလာ ၊ ကွမ်း​​သွေး ၊ ငချိတ် စတဲ့ ပါဝင်ပစ္စည်း​တွေကို ခဏချန်ထားခဲ့ပါမယ် ) ။ 9mm မှာ ကြိုး​ပေါ်​ပေမယ့် ပုတီး​စျေးချင်း မတူနိုင်တာ​တွေ ရှိပါတယ် ။
​13mm က ​​စျေးကွက် အတွင်ကျယ်ဆုံး ဖြစ်​ပေမယ့် တခါတ​လေ 7,8,9 mm ​တွေလည်း ​စျေးရတတ်ပါတယ် ။ 9mm လက်ပတ်၂ကုံး ကြိုး​ပေါ်တာချင်း တူ​ပေမယ့် ​စျေးကွာတာ​တွေ ရှိပါတယ် ။
13mm ထုတ်ရင် ကြိုးမ​​ပေါ်နိုင်တာမို့ ကြိုး​ပေါ်နိုင်မယ့် 9mm ထုတ်လိုက်ရတဲ့ ပုတီး ၊ 13mm မှာ ကြိုး​ပေါ်နိုင်​ပေမယ့် အနာ​ကြောင့်9mm ထုတ်လိုက်ရတဲ့ ပုတီး ​​၊ ဒီ၂ကုံးဟာ ​စျေးမတူနိုင်ပါဘူး ၊ အဆီအသား မတူတာ​ကြောင့် ဖြစ်ပါတယ် ။ ဟိုတ​လောက မိတ်​ဆွေတ​ယောက် လာ​မေးတဲ့ " ကို​နေ့ 9mm ပုတီး​​လေးက ကြိုး​ပေါ်​ပေမယ့် ဘာလို့ ဆယ်ပိုင်းမရတာလဲ " ဆိုတဲ့ ​မေးခွန်း၊ ကျ​နော် ပြန်​ပြောဖြစ်တာကို ​ရေးပြတာပါ ။
​​နောက်တချက်က ဖြတ်သားမှာ ရှိတဲ့ အသားတန်းဟာ ပုတီးမှာ တဆင့်ကျသွားတတ်ပါတယ် ။ ဖြတ်သားရဲ့ မျက်နှာပြင် ပြင်လိုက်ကို ဝင်တဲ့ အလင်း နဲ့ လုံးဝန်း​နေတဲ့ ပုတီး​ပေါ် ဝင်တဲ့ အလင်းဝင်ပုံ ကွာခြားသွားလို့ပါ ။ တကယ် အဆန်း​ရောက်တဲ့၊ အဆန်း​ကျော်တဲ့ ​ကျော်ဆိုရင်တော့လည်း သိပ်မကွာ​တော့ဘူး​ပေါ့​လေ ။
​မေးစရာဖြစ်လာမှာက " ဒါဆို အပွင့်လည်း အခုံးပဲ​လေကွာ " ဆိုတဲ့ ​မေးခွန်းပါ ။ အပွင့်မှာက အလင်းပွင့်​အောင် ​အောက်ဖက်မှာ ဝိုက်​သွေးထားပါတယ် ။ ​ပေါက်စီ ၂ပွင့်ကို ဖင်ဖြတ်ပြီး ကပ်လိုက်ရင် ပုတီး​ပေါ့ ။ မျက်စိထဲ မြင်​အောင် ​ပြောပြတာပါ ။
ပုတီးလာအပ်ကြတဲ့အခါ 13mm မထုတ်ပါနဲ့ ဘယ်size​ထုတ်ပါ ဆိုပြီး ကျ​နော် အကြံ​ပေးဖြစ်တာက အ​ပေါ်မှာ ​ပြောခဲ့တာ​တွေ​ကြောင့်ပါ ။
ချွင်းချက်​အ​နေနဲ့ ဘယ်အရွယ်ထုတ်ထုတ် သိပ်မထူးခြားတဲ့ ​ကျောက်​တွေဆိုရင်​တော့ 13mm ထုတ်​စေချင်ပါတယ် ။ အရွယ်​ကြောင့် ​စျေးပိုရလို့ပါ ။
​​တော်ရုံ အပြင်လူကို မ​ပြောတဲ့ ပုတီးဆရာ​တွေရဲ့ လျှို့ဝှက်ချက်​လေး​တွေ ထပ်​ပြောပါဦးမယ် ။ ရန်ကုန်မှာ အ​ချောထည်အတွက် တိုင်ပင်​ဆွေး​နွေးချင်တယ် ဆိုရင် Nak Bros က​နေ ကြိုဆိုပါရ​စေ ။

ကို​နေ ( NAK )

🔴 ပုတီးပုံများ - ကျ​နော်လုပ်ခဲ့ဖူးတဲ့ ၊ ထုတ်ခဲ့ဖူး​သော ပုတီးများ ဖြစ်ပါတယ်။ ကူးယူ​ဖော်ပြခြင်း မဟုတ်ပါ ။

သင်တန်းကာလ ၃ရက်​မြောက်မှာ ထွက်လာတဲ့ ပန်းပုသင်တန်းသားရဲ့ ​လေ့ကျင့်မှု လက်ရာ 😍၃လပြည့်တဲ့အခါ ကျ​နော်တို့ အိမ်​ကျောက်​တွေ အပ...
11/02/2025

သင်တန်းကာလ ၃ရက်​မြောက်မှာ ထွက်လာတဲ့

ပန်းပုသင်တန်းသားရဲ့ ​လေ့ကျင့်မှု လက်ရာ 😍

၃လပြည့်တဲ့အခါ ကျ​နော်တို့ အိမ်​ကျောက်​တွေ အပ်ပြီး

အလုပ်ပြန်​ပေးနိုင်ဖို့ စီစဥ်ထားပါတယ်ခင်ဗျာ ။

ကြိုးစားသူတိုင်းကို လက်တွဲ​ခေါ်ဖို့ အမြဲရည်ရွယ်နိုင်တဲ့

NAK & Bros. ဖြစ်ဖို့ ကြိုးစား​နေပါတယ်ခင်ဗျ ။

ပန်းပုသင်တန်း စုံစမ်းလိုပါက

👇👇👇👇👇👇

https://www.facebook.com/share/p/1KaJcXNu6h/


11/02/2025

ဒီ​နေ့ ထုလုပ်​ပြီးတဲ့ NAK ရဲ့

ပန်းပုဆရာ မင်းထက်ကိုကို ရဲ့ နဂါးလက်ရာ 🐲🐲🔥🔥

ဒီ​နေ့ထွက်တဲ့ 13mm အပ်ထည် ပုတီးလှလှ​လေး 😍😍
11/02/2025

ဒီ​နေ့ထွက်တဲ့ 13mm အပ်ထည် ပုတီးလှလှ​လေး 😍😍


10/02/2025

ကျောက်စိမ်းမှာ

လုပ်ချက် ဆိုတာကလည်း

အ​ရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ် ။


🔴 NAK & Bros. တွင် ရရှိနိုင်​သော ဝန်​ဆောင်မှုများပုတီးပန်းပုအ​ချောထည် အ​ရောင်တင်​ကျောက်ဖြတ်ပွဲတိုက်ဝန်​ဆောင်မှု​​​ဆွေး​န...
10/02/2025

🔴 NAK & Bros. တွင် ရရှိနိုင်​သော ဝန်​ဆောင်မှုများ

ပုတီး
ပန်းပု
အ​ချောထည် အ​ရောင်တင်
​ကျောက်ဖြတ်
ပွဲတိုက်ဝန်​ဆောင်မှု
​​​ဆွေး​နွေးတိုင်ပင်မှု

🔴 NAK & Bros. ရုံးခန်းနှင့် အလုပ်ရုံ လမ်းညွှန်

အမှတ် ၃၁ ( က ) ၊ ​မောင်းမကန်ကမ်းသာလမ်းမကြီး နှင့် ပုဂံလမ်း​ထောင့် ၊ မဝတ လမ်းဆုံ အနီး ၊ ၂၉ ရပ်ကွက် ၊ ​မြောက်ဒဂုံမြို့နယ် ၊
ရန်ကုန်မြို့ ။

​ကျော်ထိုက်​အောင် - ၀၉ ၂၅၀ ၂၂၉၃ ၅၂

​အောင်ခန့် - ၀၉ ၇၇၄၄ ၃၆ ၇၂၅

​ကို​နေ - ၀၉ ၇၉၂၇ ၄၅၅ ၀၅

🔴 တနင်္လာ​နေ့တိုင်း အလုပ်ရုံပိတ်ပါသည် ။

Like and share ဖြင့် ကူညီ​ပေးကြပါ မိတ်​ဆွေများခင်ဗျာ 🙏🙏

Address

အမှတ် ၃၁ ၊ ​မောင်းမကန်ကမ်းသာလမ်းမကြီး ၊ ၂၉ရပ်ကွက် ၊ ​မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန် ။
Yangon

Website

Alerts

Be the first to know and let us send you an email when NAK & Bros. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share