Treasure Me More Gems & Jewellery

Treasure Me More Gems & Jewellery Sparkle your dream ���Grace for every moment

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ 🙏✨ဒီနေ့ကျရောက်တဲ့ မြင့်မြတ်လှသော ဝါဆိုလပြည့်နေ့မှာ...
29/07/2026

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ 🙏✨

ဒီနေ့ကျရောက်တဲ့ မြင့်မြတ်လှသော ဝါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားရှင်၏ တရားတော်ရိပ်မှာ ခိုလှုံခွင့်ရကြပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေ။

မြတ်စွာဘုရားရှင် ပထမဆုံးဟောကြားတော်မူခဲ့သော "ဓမ္မစက္ကပဝတ္တနသုတ်" တရားတော်၏ အေးရိပ်ကြောင့် ကမ္ဘာသူ/ကမ္ဘာသား၊ မြန်မာပြည်သူ/ပြည်သားအားလုံး ဘေးဥပဒ်အန္တရာယ်အပေါင်းမှ ကင်းဝေးကြပြီး စိတ်၏အေးချမ်းခြင်းကို အပြည့်အဝ ရရှိနိုင်ကြပါစေကြောင်း Treasure Me More Gems & Jewellery မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🙏🕯️✨

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

Congratulations to our Queen, May Grace! 👑✨🎉🎉🎉Miss Universe Myanmar 2026 သရဖူကို သိမ်းပိုက်နိုင်ခဲ့တဲ့ အလှဘုရင်မလေး May ...
17/06/2026

Congratulations to our Queen, May Grace! 👑✨🎉🎉🎉

Miss Universe Myanmar 2026 သရဖူကို သိမ်းပိုက်နိုင်ခဲ့တဲ့ အလှဘုရင်မလေး May Grace အတွက် Treasure Me More Gems and Jewellery မှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးလို မြန်မာ့ကိုယ်စားပြုအလှအဖြစ် ကမ္ဘာ့စင်မြင့်ထက်မှာ ဆက်လက်တောက်ပပါစေလို့ဆုမွန်ကောင်းတောင်းရင်း အစဉ်အမြဲ အားပေးလျက်ရှိပါတယ်ရှင်။ 💎🇲🇲

ပုံထဲက အလှဘုရင်မလေးဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေကတော့ Treasure Me More Gems and Jewellery ရဲ့ လက်ရာဆန်းလေးတွေပဲဖြစ်ပါတယ်ရှင်။

✨ သင့်ရဲ့ အရှိန်အဝါကို ကမ္ဘာသိအောင် ထုတ်ပြဖို့ Treasure Me More နဲ့အတူပုံဖော်လိုက်ပါ🥰

Starring - May Grace Parry
Photographer - Aung KyawTun
Designer - Nyein Ko(Chic & Chic )
Stylist - Brownnk & Nicki (Chic & chic )
MUA - April Thuta
Hair - Ba Lai Kyit
Nail - Nail by Ye Ye
Directed by - Acedamy Win Lwin Htet
DOP - Alma
Production - HD Production Team
Management by - Signature planning

13/06/2026

လူငယ်ဆန်ဆန် စိန်လက်စွပ်​လေး​တွေ တစ်ကွင်းကို ပုံမှန်​စျေး သိန်းနှစ်ဆယ်​ကျော်က​နေ ယခု ၁၆ သိန်း အတိနဲ့ ​ရောင်း​ပေးမယ်ရှင် ..
ဦးသူယူပါ​နော်. 🤩


⚔️ The Code of a Gentleman ⚔️"ယောင်္ကျားတစ်ယောက်ရဲ့ တကယ့်ဆွဲဆောင်မှုဆိုတာ ရိုးရှင်းပြီး ပြတ်သားတဲ့ ဖြစ်တည်မှုကနေ စတင်တာပ...
13/06/2026

⚔️ The Code of a Gentleman ⚔️

"ယောင်္ကျားတစ်ယောက်ရဲ့ တကယ့်ဆွဲဆောင်မှုဆိုတာ ရိုးရှင်းပြီး ပြတ်သားတဲ့ ဖြစ်တည်မှုကနေ စတင်တာပါ။"

ဖက်ရှင်လောကမှာ အမျိုးသားတွေအတွက် စတိုင်ဆိုတာ အများကြီး ရှုပ်ထွေးနေဖို့ မလိုပါဘူး။ ရိုးရှင်းမှုကြားထဲကနေ အများနဲ့မတူဘဲ တစ်ချက်ကြည့်ရုံနဲ့ မျက်စိမလွှဲနိုင်အောင် ဖမ်းစားထားတာကတော့ "Treasure Me More" ရဲ့ လက်ဝတ်ရတနာတွေပဲ ဖြစ်ပါတယ်။

လည်တိုင်မှာ ပေါ့ပေါ့ပါးပါးနဲ့ ခန့်ညားစွာ နေရာယူထားတဲ့ဆွဲကြိုး၊ ဟန်းချိန်းနဲ့ ထည်ဝါလှတဲ့ လက်စွပ်တွေဟာ အောင်မြင်မှု၊ ရဲရင့်မှုနဲ့ မြင့်မားတဲ့ Taste ကို စကားလုံးတွေအများကြီး သုံးစရာမလိုဘဲ သက်သေပြနေတဲ့ Signature Pieces တွေ ဖြစ်ပါတယ်။

ရတနာဆိုတာ အမျိုးသမီးတွေအတွက်ပဲ သီးသန့်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး အောင်မြင်မှုကို ဦးတည်နေတဲ့ အမျိုးသားတစ်ယောက်အတွက် ပတ္တမြားရဲ့ အနီရောင်ဟာ စွမ်းအားနဲ့ ခွန်အား (Power & Passion) ကို ကိုယ်စားပြုတဲ့ အကောင်းဆုံးအဖော်မွန်ပါ။

✨ သင့်ရဲ့ Manly ဆန်တဲ့ ခန့်ညားမှုကို Treasure Me More ရဲ့ Masterpiece ဒီဇိုင်းတွေနဲ့ ပိုမိုပြည့်စုံအောင် ပုံဖော်လိုက်ပါ။

ဖက်ရှင်တစ်ခုအနေနဲ့တင်သာမက ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ပါ အကောင်းဆုံးနဲ့အတန်ဆုံးရတနာ တွေကိုဝယ်ယူချင်တယ်ဆိုရင်တော့ "Treasure Me More" ကို သတိရလိုက်ပါ။

🏛️ Showroom Appointment:
"Treasure Me More" ရဲ့ ရတနာတွေကို Showroom မှာ လူကိုယ်တိုင် စိတ်ကြိုက်လာရောက် ကြည့်ရှုချင်တယ်ဆိုရင်တော့... လူကြီးမင်းတို့အတွက် အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ဖို့အပြင် သီးသန့်စိတ်အေးချမ်းသာစွာ ရွေးချယ်နိုင်ဖို့အတွက် ဖုန်းနံပါတ် 09-777046198 သို့ သော်လည်းကောင်း Page Chat Box ကနေသော်လည်းကောင်း ကြိုတင် Appointment လေး ရယူပေးပါဦးနော်။

Starring - May Grace Parry , Yazar Htet Aung
Photographer - Aung Kyaw Tun Visual Design
Designer - Designer Nyein Ko Chic & Chic
Stylist - Brownnk & Nicki (Chic & chic )
MUA - April Thuta
Hair - Ba Lai Kyit
Management by - Aye Thidar Win Aung (Signature)

2 way ဝတ်လို့ရမယ့် ပတ္တမြားနားကပ် ပုံပါအတိုင်းလူငယ်ဆန်ဆန်နားစွဲ​လေးဝတ်မလား, , အ​ပေါ် စိန်အုံ​လေးကိုဖြုတ်ပြီး ပတ္တမြား​လေ...
13/06/2026

2 way ဝတ်လို့ရမယ့် ပတ္တမြားနားကပ်

ပုံပါအတိုင်းလူငယ်ဆန်ဆန်နားစွဲ​လေးဝတ်မလား, , အ​ပေါ် စိန်အုံ​လေးကိုဖြုတ်ပြီး ပတ္တမြား​လေးကိုပဲ နားနဲ့အကပ် ကပ်နားကပ်​လေးအဖြစ်ဝတ်မလား ,, အထည်တစ်ခုတည်းနဲ့ ပွဲအမျိုးမျိုး Taste အမျိုးမျိုး ဝတ်လို့ရမယ်​နော်. .




👁️✨ The Queen’s Gaze & The Serpent’s Oath ✨👁️သူမရဲ့ စူးရှတဲ့ အကြည့်တစ်ချက်အောက်မှာတင် တစ်လောကလုံး မှော်ဆန်စွာ ငြိမ်သက်သွ...
11/06/2026

👁️✨ The Queen’s Gaze & The Serpent’s Oath ✨👁️

သူမရဲ့ စူးရှတဲ့ အကြည့်တစ်ချက်အောက်မှာတင် တစ်လောကလုံး မှော်ဆန်စွာ ငြိမ်သက်သွားသလိုမျိုး…

ဒီတစ်ခေါက် "Treasure Me More" က တင်ဆက်လိုက်တဲ့ ပုံရိပ်ကတော့ ရိုးရိုးရှင်းရှင်း လှပခြင်းမျိုး မဟုတ်ဘဲ၊ ကြည့်ရသူကို ရင်တုန်ပန်းတုန်ဖြစ်စေမယ့် "Fierce & High-Fashion" အလှတရားပဲ ဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့ သမားရိုးကျ ဘောင်တွေကို ကျော်လွန်ပြီး ဆန်းသစ်ပြောင်းလဲခြင်းရဲ့ အနုပညာကို ခံစားရမှာဖြစ်ပြီး တောက်ပမှုနဲ့အတူ သူမရဲ့ လည်တိုင်မှာ နေရာယူထားတဲ့ အဖြူရောင် မြွေကလေးဟာ တန်ဖိုးကြီးရတနာတွေကို သစ္စာရှိရှိ စောင့်ရှောက်နေတဲ့ အစောင့်အရှောက်တစ်ခုလိုပါပဲ။

ရှေးဟောင်းပုံပြင်တွေထဲမှာတော့… ကမ္ဘာဦးကတည်းက တည်ရှိခဲ့တဲ့ အလွန်အဖိုးတန်ပြီး စွမ်းအားကြီးမားတဲ့ ‘သွေးရောင်ပတ္တမြား’ ဆိုတာ ရှိခဲ့ဖူးတယ်။ အဲ့ဒီရတနာရဲ့ လှပလွန်းတဲ့ အလင်းရောင်နဲ့ အရှိန်အဝါကို ဘယ်သူမှ မဖျက်ဆီးနိုင်အောင်၊ မခိုးယူနိုင်အောင် ‘အဖြူရောင် နဂါးလည်တိုင်’ က အမြဲတမ်း ရစ်ပတ်ကာကွယ် စောင့်ရှောက်ထားရတယ်တဲ့…🐍

အဲ့ဒီပုံပြင်ထဲက လှပဆန်းပြားတဲ့ ဒဏ္ဍာရီဟာ အခုဆိုရင် "Treasure Me More" ရဲ့ လက်ရာမြောက်ကျောက်မျက်ရတနာတွေအဖြစ် အသက်ဝင် နိုးထလာခဲ့ပါပြီ။

အားလုံးထက် ပိုပြီး အသက်ဝင်နေတာကတော့ စိန်ပွင့်လေးတွေကြားမှာ ဝင့်ကြွားစွာ တောက်ပြောင်နေတဲ့ 'ပတ္တမြား' တွေပါပဲ။ နားကပ်၊ ဆွဲကြိုး၊ လက်ကောက်ကနေ လက်စွပ်အထိ… တစ်ခုချင်းစီရဲ့ အနုစိတ်ဖန်တီးမှုတွေဟာ ခေတ်သစ် အမျိုးသမီးထုရဲ့ ပြတ်သားတဲ့ စွမ်းအား၊ လျှို့ဝှက်တဲ့ ဆွဲဆောင်မှုနဲ့ မာနကို ကိုယ်စားပြုနေပါတယ်။🔥

မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းတိုင်းမှာ တောက်ပချင်ပြီး ကိုယ့်အလှတရားနဲ့ကိုယ် ကိုယ်ပိုင်အင်ပါယာတစ်ခုကို တည်ဆောက်မယ့် ဘုရင်မတစ်ပါးဆိုရင်တော့… ဒီလက်ဝတ်ရတာလေးဟာ သင့်အတွက် အဆင်သင့် စောင့်ကြိုနေပါတယ်။👑👑👑

✨ ခေါင်းမော့ ရင်ကော့ပြီး သင့်ရဲ့ အရှိန်အဝါ သင့်အလှတရားကို Treasure Me More နဲ့ ပုံဖော်လိုက်ပါ။
ထာဝရအဖိုးတန်တဲ့ ရတနာတွေကို အကောင်းဆုံး အရည်အသွေး အတန်ဆုံး စျေးနှုန်း နဲ့ ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင်တော့ "Treasure Me More" ကို သတိရလိုက်ပါ။

"Treasure Me More" ရဲ့ ရတနာဆန်းတွေကို Showroom မှာ လူကိုယ်တိုင် စိတ်ကြိုက်လာရောက် ကြည့်ရှုချင်တယ်ဆိုရင်တော့... လူကြီးမင်းတို့အတွက် အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ဖို့အပြင် သီးသန့်စိတ်အေးချမ်းသာစွာ ရွေးချယ်နိုင်ဖို့အတွက် ဖုန်းနံပါတ် ☎️09-777046198 သို့ သော်လည်းကောင်း Page Chat Box ကနေသော်လည်းကောင်း ကြိုတင် Appointment လေး ရယူပေးပါဦးနော်။

Starring - May Grace Parry
Photographer - Aung Kyaw Tun
Designer - Designer Nyein Ko Chic & Chic
Stylist - Brownnk & Nicki (Chic & chic )
MUA - April Thuta
Hair - Ba Lai Kyit
Nail - Nail By Ye Ye
Management by - Aye Thidar Win Aung

11/06/2026

Address

32 A, 32 Avenue, Hlaing Township
Yangon
11041

Website

Alerts

Be the first to know and let us send you an email when Treasure Me More Gems & Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share