Sein Mhaw Diamond House

Sein Mhaw Diamond House စိန်မှော်စိန်တိုက်

စိန်တွေရဲ့တန်ဖိုးကိုသတ်မှတ်ပေးနေတဲ့ 𝟒𝐂စိန်တွေအကြောင်းပြောတဲ့အခါ 4C နဲ့သတ်မှတ်တိုင်းတာကြပါတယ်။4C ဆိုတာဘာလဲ 4C နဲ့ဘာလို့တိ...
17/05/2025

စိန်တွေရဲ့တန်ဖိုးကိုသတ်မှတ်ပေးနေတဲ့ 𝟒𝐂
စိန်တွေအကြောင်းပြောတဲ့အခါ 4C နဲ့သတ်မှတ်တိုင်းတာကြပါတယ်။
4C ဆိုတာဘာလဲ 4C နဲ့ဘာလို့တိုင်းတာ ဆုံးဖြတ်ကြတာလဲ။
4C ဆိုတာတော့ Color, Clarity, Carat and Cut တို့ပဲ ဖြစ်ပါတယ်။

✅ 𝗖𝗮𝗿𝗮𝘁
စိန်ရဲ့အလေးချိန်တွယ် ကာရက်ဟာ Carat -ct ဖြစ်ပါတယ်။ ရွှေမှာ ရွှေရည်ပါဝင်မှု ကာရက် Karat နဲ့ မတူပါဘူး။
မြန်မာပြည်မှာတော့စိန်ရဲ့ အလေးချိန်ကိုရတီနဲ့တိုင်းတာပါတယ်။
စိန်ရဲ့အရွယ်အစားပေါ်မူတည်ပြီး ဈေးနှုန်းတန်ဖိုးကွာခြားပါတယ်။

✅ 𝗖𝗼𝗹𝗼𝗿
စိန်ကို အရောင်သန့်စင်မှုနဲ့လည်း တိုင်းတာကြပါတယ်။
စိန်ကာလာက D ကနေစပါတယ် Z အထိရှိပါတယ်။ အကောင်းဆုံး Colorless ကို D လို့သတ်မှတ်ပြီး နောက်ကို တဖြေးဖြေးဝါသွားတာဖြစ်ပါတယ်။

D ဟာအကောင်းဆုံးဖြစ်ပြီး နောက်ဆုံးဖြစ်တဲ့ Z ဟာ ကာလာအနိမ့်ဆုံးဆိုနိုင်ပါတယ်။ Color တွေကို describe လုပ်မယ်ဆိုရင်
D to F ▶️ Colorless (White / Fine White)
G to J ▶️ Near Colorless (Off white)
K to M ▶️ Faint yellow
N to R ▶️ Light yellow
S to Z ▶️ Yellow
အနေနဲ့ သတ်မှတ်ထားပါတယ်

✅ 𝗖𝘂𝘁
စိန်ရဲ့သန့်စင်မှုအရည်အသွေးကိုတိုင်းတာခြင်းဖြစ်ပါတယ်။
Clarity ကို FI (Flawless) နဲ့ IF (Internally Flawless) ဆိုပြီး ၂ မျိုးစားခွဲခြားပါတယ်။
Flawless ကတော့ အပြစ်အနာအဆာလုံးဝကင်းပြီး သန့်စင်နေတဲ့စိန်မျိုးဖြစ်ပါတယ်။
Internally Flawless ကတော့ စိန်ရဲ့အတွင်းပိုင်းက အပြစ်အနာအဆာကင်းပြီး ပြစ်ချက်မရှိသန့်စင်နေတဲ့စိန်မျိုးဖြစ်ပါတယ်။
သန့်စင်မှုအလိုက် သတ်မှတ်ချက်တွေကတော့ . . .
✨ FL
✨ IF
✨ VVS1
✨ VVS2
✨ VS1
✨ VS2
✨ SI 1
✨ SI 2
✨ I 1
✨ I 2
✨ I 3
ဆိုပြီး အဆင့်သတ်မှတ်ခွဲခြားထားပါတယ်။
𝗖𝘂𝘁
စိန်ကိုလှပအောင် ပုံဖော်တဲ့ စိန်သွေးကွက်အလှကိုကြည့်ပြီးလည်း တန်ဖိုးတွေကွာခြားကြပါတယ်။
ဖြတ်တောက်မှုထောင့်ချိုး၊ အချိုးအစား၊ တောက်ပမှု၊ အလင်းပြန်မှု၊ အပြီးသတ်အသေးစိတ်များပေါ်မူတည်ပြီးကွာခြားပါတယ်။
GIA စိန်ဖြတ်တောက်မှု ဇယားအရ
✨ Ideal
✨ Excellent
✨ Very Good
✨ Good
✨ Fair
✨ Poor ဆိုပြီး အဆင့်တွေခွဲခြားသတ်မှတ်ထားပါတယ်။
အခုဖော်ပြခဲ့တဲ့ အချက်၄ ခုဖြစ်တဲ့ 4C ဆိုတဲ့ ၄ ချက်ကို မူတည်ပြီး စိန်တစ်ပွင့်ရဲ့ တန်ဖိုးတွေကို သတ်မှတ်လို့ရနိုင်ပါတယ်။
✨ ဘုန်းကျက်သရေရှိသော တောက်ပမှုအတွက် စိန်ထည်များကို စိန်မှော်မှ လူကြီးမင်းထံသို့ ဆောင်ကြဉ်းပေးခဲ့မှာပါ . . . ✨

#စိန်မှော်စိန်တိုက်



ဘုန်းကျက်သရေရှိသော တောက်ပမှုတစ်ခုကို စိန်မှော်နှင့်အတူဖန်တီးလိုက်ပါ . . . ။ #စိန်မှော်စိန်တိုက်
15/05/2025

ဘုန်းကျက်သရေရှိသော
တောက်ပမှုတစ်ခုကို
စိန်မှော်နှင့်အတူဖန်တီးလိုက်ပါ . . . ။

#စိန်မှော်စိန်တိုက်




ဘုန်းကျက်သရေရှိသော တောက်ပမှုတစ်ခုကို  #စိန်မှော် နှင့်အတူဖန်တီးလိုက်ပါ . . . ။ #စိန်မှော်စိန်တိုက်       #စိန်မှော်
23/01/2025

ဘုန်းကျက်သရေရှိသော
တောက်ပမှုတစ်ခုကို
#စိန်မှော် နှင့်အတူဖန်တီးလိုက်ပါ . . . ။

#စိန်မှော်စိန်တိုက်




#စိန်မှော်

ဘုန်းကျက်သရေရှိသော တောက်ပမှုတစ်ခုကို  #စိန်မှော် နှင့်အတူဖန်တီးလိုက်ပါ . . . ။ #စိန်မှော်စိန်တိုက်       #စိန်မှော်   #2...
18/01/2025

ဘုန်းကျက်သရေရှိသော
တောက်ပမှုတစ်ခုကို
#စိန်မှော် နှင့်အတူဖန်တီးလိုက်ပါ . . . ။

#စိန်မှော်စိန်တိုက်




#စိန်မှော်
#2025

ယနေ့ကျရောက်သော ✨ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ ✨ ကိုSein Mhaw Diamond House မိသားစုမှ ဂုဏ်ပြုကြိုဆိုပါသည်။  #စိန်မှော်စိန...
04/01/2025

ယနေ့ကျရောက်သော ✨ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ ✨ ကို
Sein Mhaw Diamond House မိသားစုမှ ဂုဏ်ပြုကြိုဆိုပါသည်။


#စိန်မှော်စိန်တိုက်

✨ Happy New Year ✨မင်္ဂလာနှစ်သစ်မှာ . . .ဘုန်းကျက်သရေရှိသော တောက်ပမှုတစ်ခုကို  #စိန်မှော် နှင့်အတူဖန်တီးလိုက်ပါ . . . ။ ...
31/12/2024

✨ Happy New Year ✨

မင်္ဂလာနှစ်သစ်မှာ . . .
ဘုန်းကျက်သရေရှိသော
တောက်ပမှုတစ်ခုကို
#စိန်မှော် နှင့်အတူဖန်တီးလိုက်ပါ . . . ။

#စိန်မှော်စိန်တိုက်




#စိန်မှော်
#2025

ဘုန်းကျက်သရေရှိသော တောက်ပမှုတစ်ခုကို  #စိန်မှော် နှင့်အတူဖန်တီးလိုက်ပါ . . . ။ #စိန်မှော်စိန်တိုက်       #စိန်မှော်   #2...
31/12/2024

ဘုန်းကျက်သရေရှိသော
တောက်ပမှုတစ်ခုကို
#စိန်မှော် နှင့်အတူဖန်တီးလိုက်ပါ . . . ။

#စိန်မှော်စိန်တိုက်




#စိန်မှော်
#2025

Merry Christmas !!!ပျော်ရွှင်ဖွယ်ရာ Chirstmas ချိန်ခါဖြစ်ပါစေကြောင်းစိန်မှော်စိန်တိုက်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသ...
25/12/2024

Merry Christmas !!!

ပျော်ရွှင်ဖွယ်ရာ Chirstmas ချိန်ခါဖြစ်ပါစေကြောင်း
စိန်မှော်စိန်တိုက်မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။


ဘုန်းကျက်သရေရှိသော တောက်ပမှုတစ်ခုကို  #စိန်မှော် နှင့်အတူဖန်တီးလိုက်ပါ . . . ။ #စိန်မှော်စိန်တိုက်       #စိန်မှော်
15/12/2024

ဘုန်းကျက်သရေရှိသော
တောက်ပမှုတစ်ခုကို
#စိန်မှော် နှင့်အတူဖန်တီးလိုက်ပါ . . . ။

#စိန်မှော်စိန်တိုက်




#စိန်မှော်

စိန်အတုအစစ်ဘယ်လိုခွဲခြားမလဲ ?တန်ဖိုးကြီးတဲ့စိန်ထည်များကို အတုအစစ်ခွဲခြားနိုင်ဖို့အတွက်အခြေခံသိထားသင့်တဲ့ ကိုယ်တိုင်စစ်ဆေ...
27/11/2024

စိန်အတုအစစ်ဘယ်လိုခွဲခြားမလဲ ?

တန်ဖိုးကြီးတဲ့စိန်ထည်များကို အတုအစစ်ခွဲခြားနိုင်ဖို့အတွက်
အခြေခံသိထားသင့်တဲ့ ကိုယ်တိုင်စစ်ဆေးနိုင်ကြည့်နိုင်တဲ့
အချက်အလက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
အခုနည်းလမ်းတွေကတော့ ကိုယ်တိုင်အလွယ်တကူ အကြမ်းဖျဉ်းစစ်ဆေးကြည့်နိုင်တဲ့ လွယ်ကူတဲ့နည်းလမ်းလေးတွေဖြစ်ပြီး
ပိုမိုတိကျဖို့အတွက်တော့ ကျွမ်းကျင်သူများနဲ့ နည်းပညာများဖြင့် တိတိကျကျစစ်ဆေးဖို့လိုအပ်မှာဖြစ်ပါတယ်။

✅ ရေနှင့်စစ်ဆေးနည်း

ပုံမှန်သောက်သုံးရေတစ်ခွက်ထဲမှာ ရေကို ၃ ပုံ ၄ ပုံပြည့်အောင်ထည့်လိုက်ပါ။ စိန်တုံးလေးကို ဖြည်းဖြည်းလေးခွက်ထဲသို့လွှတ်ချလိုက်ပါ။ စိန်တုံးလေးမြုပ်သွားပြီဆိုရင် အစစ်ပါ။ ရေအပေါ်မှာပဲဖြစ်ဖြစ်ရေမျက်နှာအောက်မှာပဲဖြစ်ဖြစ် မမြုပ်ပဲ ပေါ်နေတယ်ဆိုရင်တော့ အတုပဲဖြစ်ပါတယ်။

✅ အငွေ့ရိုက်စစ်ဆေးနည်း

သင့်၏လက်ချောင်း ၂ ချောင်းကြားမှစိန်ကိုကိုင်ထားပြီး သင့်၏အာငွေ့ရိုက်ကြည့်လိုက်ပါ။ သင့်အာငွေ့မှာအပူရှိန်နှင့် အစိုဓါတ်ရှိခြင်းကြောင့် စိန်၏မျက်နှာပြင်မှာ အငွေ့လေးရေးရေးရိုက်သွားမှာပဲဖြစ်ဖြစ်ပါတယ်။ ဒါပေမယ့်အဲ့ဒီအငွေ့ကချက်ချင်းပြန်ပျောက်သွားမယ်ဆိုရင်တော့ စိန်အစစ်ပဲဖြစ်ပါတယ်။ စက္ကန့် အနည်းငယ်ကြာမှပျောက်သွားတယ်ဆိုရင်တော့အတုဖြစ်နိုင်ချေများပါတယ်။ ဘာကြောင့်လဲဆိုတော့ စိန်ကအပူကိုအလျင်အမြန်စုပ်နိုင်သောကြောင့်ပဲဖြစ်ပါတယ်။

✅ လက်စွပ်အနေအထားကိုကြည့်ပါ။

စိန်သည်အင်မတန်အဖိုးတန်သောကြောင့် စိန်နဲ့တွဲဖက်ထားသောလက်စွပ်သည်လည်းအဖိုးတန်သည့်ရွှေ၊ ရွှေဖြူ၊ ပလက်တီနမ် အစရှိသောတန်ဖိုးရှိသည့်အရာများနှင့်သာ တွဲဖက်ဖန်တီးထားလေ့ရှိပါသည်။ လက်စွပ်၏ အမျိုးအစားကိုကြည့်ပြီးလည်း အကြမ်းဖျင်းခန့်မှန်းကြည့်လို့ရပါတယ်။

✅ ကွဲမကွဲ အပူပေးကြည့်ပါ။

လက်မှာအပူခံလက်အိပ်ဝတ်ပါ။ စိန်ဟုထင်မှတ်ရသောကျောက်တုံးကို စက္ကန့် ၄၀ လောက် အပူပေးကြည့်ပါ။ ပြီးရင်ရေထည့်ထားသောဖန်ခွက်ထဲသို့လွှတ်ချလိုက်ပါ။
ကွဲထွက်သွားရင်တော့အတုဆိုတာသိနိုင်ပါတယ်။ စိန်အစစ်ဆိုရင်တော့ဘာမှဖြစ်မှာမဟုတ်ပါဘူး။ စိန်သည်အင်မတန်မှမာကျောသောအရာဖြစ်တာမို့ ဒီလောက်အပူချိန်ပြောင်းလဲမှုကိုတော့ မှုမှာမဟုတ်ပါဘူး။

✅ UV ဖြင့်စစ်ဆေးခြင်း

UV မီးရောင်အောက်မှာထားပြီး အခြေအနေကိုစောင့်ကြည့်ပါ။ စိန်အများစုကအပြာရောင် glow ကိုထုတ်ပေးပါတယ်။ အကုန်လုံးကတော့မထုတ်ပေးပါဘူး။ UV Light အောက်မှမလင်းတဲ့ စိန်တွေလည်းရှိတဲ့အတွက်ဒီနည်းကစိတ်တော့မချရပါဘူး။

✅ စာဖတ်ရှုနိုင်မှုနည်းဖြင့်စစ်ဆေးခြင်း

သတင်းစာကိုထောင်ပြီး စကားလုံးအများအပြားရှိတဲ့နေရာမှာစိန်ကိုကွယ်ပြီး ဖတ်ကြည့်ပါ။ အလင်းရောင်လုံလုံလောက်လောက်ရှိပါစေ။ ပြီးတော့စာလုံးအပေါ်အခြားအရိပ်မကျနေအောင်သတိထားပါ။ အကယ်လို့ဝါးနေသည့်တိုင်စာကဖတ်လို့ရသေးတယ်ဆိုရင် စိန်ကအတုပါ။ စိန်အစစ်ဆိုရင် အလင်းယိုင်စေတတ်တာမို့ ဖတ်ရှုလို့ရမှာမဟုတ်ပါဘူး။

စိန်အလွတ်တွေကို ဒီသတင်းစာဖတ်ရှုနည်းဖြင့်စစ်ဆေးလေ့ရှိပြီး လက်စွပ်နဲ့စိန်ဆိုရင်တော့ အာငွေ့ရိုက်နည်းနဲ့ပဲဖြစ်ဖြစ်ကျွမ်းကျင်ပညာရှင်နဲ့ စစ်တာပဲဖြစ်ဖြစ်ပြုလုပ်လေ့ရှိပါတယ်။

✅ အစက်ချစစ်ဆေးနည်း

သတင်းစာမရှိတဲ့အခါ စာရွက်ပေါ်မှာ ကိုယ်တိုင်ဘောပင်ဖြင့်အစက်ချလိုက်ပါ။ အစက်ချထားသောဘက်မှာစိန်အပြားကိုကပ်ပြီး အချွန်ပြောင်းပြန်ဘက်ကနေကြည့်ကြည့်လိုက်ပါ။ တကယ်လို့ အစက်ကိုမြင်နေရသေးတယ်ဆိုရင်တော့ စိန်သည်အစစ်မဟုတ်ပါ။ စိန်အစစ်သည် အလင်းယိုင်စေသည့်ဂုဏ် သတ္တိ ရှိပြီး ထိုနည်းအတိုင်းစစ်ဆေးပါကစကားလုံးပဲဖြစ်ဖြစ် အစက်ပဲဖြစ်ဖြစ် ဘာမှမြင်ရမှာမဟုတ်ပါ။

✅ အရောင်တဖြတ်ဖြတ်လတ်ခြင်း

ဒီနည်းကတော့ မျက်လုံးနဲ့သာစစ်ဆေးရမှာဖြစ်ပါတယ်။ စိန်ကိုသာမန်မီးရောက်အောက်မှာထားလိုက်ပါ။ စိန်ကနေအလင်းရောင်တွေဘယ်လိုတောင်ပြန်လဲဆိုတာကြည့်ပါ။ အဖြုရောင်အလင်းတွေပြန်ကန်ထွက်ပါသလား ဒါမှမဟုတ် အရောင်စုံသောအလင်းတွေပြန်ကန်ထွက်ပါသလားဆိုတာကြည့်ကြည့်ပါ။

စိန်အစစ်သည်အလင်းပြန်မှုကိုသိသိသာသာဖြစ်စေတဲ့အတွက် စိန်အတု Cubic Zirconia မျိုးနဲ့ယှဉ်လိုက်တဲ့အခါ သိသိသာသာကွာနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။

စိန်နှင့်ပါတ်သက်ပြီးအခြားသောစစ်ဆေးနည်းများစွာရှိပေမယ့်လည်း အဲ့ဒီနည်းတွေကတော့ ပညာရှင်များအသုံးပြုသောနည်းတွေပဲဖြစ်ပါတယ်။

ဘုန်းကျက်သရေရှိသော တောက်ပမှုတစ်ခုကို
#စိန်မှော် နှင့်အတူဖန်တီးလိုက်ပါ . . . ။

#စိန်မှော်စိန်တိုက်




#စိန်မှော်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sein Mhaw Diamond House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share