11/05/2026
⚜️Stainless Steel Jewelry လေးတွေက အရောင်ဘလောက်ခံပါသလဲ❓❓
ဒီအဖြေကို Stainless Steel ကိုရောင်းဖို့/ဝယ်ဖို့အတွက် စိတ်ဝင်စားသူတိုင်း သိချင်ကြမယ်ထင်ပါတယ်✔️
စာတော့နည်း”ရှည်ပေမယ့် ဒါလေးဖတ်ကြည့်ပြီးရင် knowledge တစ်ခုခုတော့ရသွားမှာသေချာပါတယ်💖🍀
ဒီမေးခွန်းလေးကို မင်လေ့လာထားသလောက် သိထားတာလေးတွေကို ဖြေပေးပါမယ်နော်✔️
ဒီမေးခွန်းမဖြေခင်မှာ Stainless Steel ဘယ်နှမျိုးရှိလဲဆိုတာ အကြမ်းဖျင်းပြောပြပေးပါမယ်နော်⚜️
Stainless Steel (သံမဏိ) ဆိုတာက သံချေးမတက်အောင်ပြုလုပ်ထားတဲ့ သံအမျိုးအစားဖြစ်ပါတယ်⚜️
Stainless Steel အမျိုးအစားက တစ်မျိုးမက ရှိပါတယ်⚜️
သုံးစွဲတဲ့နေရာအလိုက် လိုအပ်တဲ့ Chemical တွေပါဝင်မှု၊ သံချေးမတက်အောင်တာဆီးပေးနိုင်မှု/ရေစိုချွေးစိုခံအောင်ကာကွယ်ပေးနိုင်မှု စတဲ့အကြောင်းအရာတွေအပေါ် မူတည်ပြီး အမျိုးအစား (Grades) အမျိုးမျိုးရှိပါတယ်⚜️
🔹 အဓိက အားဖြင့် Stainless Steel အမျိုးအစားကြီး ၅ မျိုးရှိတယ်လို့ အုပ်စုခွဲထားပါတယ်⚜️
(1) Austenitic Stainless Steel
(2)Ferritic Stainless Steel
(3)Martensitic Stainless Steel
(4)Duplex Stainless Steel
(5)Precipitation Hardening Stainless Steel
ဆိုပြီး (၅)မျိုးရှိပါတယ်ရှင့်⚜️✔️
ဒီ(၅)မျိုးကိုအကျယ်တဝင့်တော့မရှင်းပြတော့ဘူးနော်❌
ဒီ(၅)မျိုးထဲမှာမှ Jewelry တွေပြုလုပ်တဲ့နေရာမှာသုံးတဲ့ SS အမျိုးအစားကတော့ Austenitic Stainless Steel or 304/316L Stainless Steel ဖြစ်ပါတယ်ရှင့်✔️
304,316L Stainless Steel က
✔️ရေစိုချွေးစိုခံတယ်
✔️သိပ်မပြင်းတဲ့ Chemical တွေထိရုံလောက်နဲ့ အရောင်မကျဘူး
✔️90%လောက်နဲ့ဓာတ်တည့်တယ်/ယားယံတာမရှိဘူး
✔️အရောင်တာရှည်ခံတဲ့အတွက် နေ့စဉ်ဝတ်လို့ရတယ်
✔️အပူခံနိုင်တယ်
ဒါက Stainless Steel ကို မသိကြသေးတဲ့သူတွေအတွက် အရင်ဆုံးသိအောင်ရှင်းပြပေးတာပါရှင့်⚜️
အဓိကသိချင်နေကြတဲ့ မေးခွန်းလာပါပြီ✔️⬇️
အရောင် ဘယ်လောက်ကြာကြာခံလဲဆိုတာကတော့ -
ယေဘုယျအားဖြင့် Stainless Steel Jewelry လေးတွေက ၃/၄လကနေ ၆လ ၁နှစ်ထိအရောင်ခံကြပါတယ်ရှင့်✔️
ဒါပေမယ့် ဝတ်ဆင်တဲ့သူရဲ့ ထိန်းသိမ်းမှုပေါ်မူတည်ပြီး အရောင်တာရှည်ခံမှုကတော့ တစ်ယောက်နှင့်တစ်ယောက် မတူညီနိုင်ပါ❌📌
လူတစ်ယောက်နှင့်တစ်ယောက်က Body Temperature မတူတဲ့အတွက် ချွေးထွက်နှုန်းများတဲ့သူက ချွေးထွက်နည်းတဲ့သူလောက်အရောင်မခံပါ✔️
ပြီးတော့ ထသွားထလာဝတ်ဆင်တဲ့သူနှင့် မချွတ်တမ်းအမြဲဝတ်ဆင်ထားတဲ့သူနဲ့က အရောင်တာရှည်ခံတဲ့ကာလ မတူညီနိုင်ပါ✔️
(ဒီလိုပြောတာက ရေဝတ်ချိုးလို့မရ ရေထိလို့မရဘူး ပြောတာမဟုတ်ပါ❌အပြင်သွားတဲ့ခါမှဝတ်တဲ့သူတွေကတော့အရောင်ပိုခံတာလေးရှင်းပြပေးတာပါရှင့်)
မင်မင်ကိုယ်တိုင်က စမ်းဝတ်ကြည့်ရတဲ့သူမို့ မချွတ်တမ်းဝတ်ထားပြီး စမ်းတာပါ📌
ထသွားထလာဝတ်တဲ့သူတွေမှာလည်း ဝတ်ပြီးပြန်သိမ်းတဲ့အခါမှာ ရေစိုချွေးစိုနေတုန်းအချိန် အခြောက်မခံဘဲ ဒီတိုင်း လေလုံအိတ် or Box မှာ တစ်ခါတည်းတန်းထည့်လိုက်ရင် အရောင်မခံဖြစ်တတ်ပါတယ်📌
ဒါကြောင့် အရင်ဆုံး tissue လေးနဲ့ခြောက်အောင်သုတ်ပြီးမှဘဲ plastic bag or Jewelry Box မှာ သေချာသိမ်းဆည်းပေးပါနော်💖
အချုပ်ပြောရမယ်ဆိုရင်-
⚜️မချွတ်တမ်းအမြဲဝတ်ထားတဲ့သူတွေကတော့အရောင်ခံတဲ့ကာလက ၃/၄လ ပါရှင့်
မင်မင်ကတော့ချွေးထွက်မများတဲ့သူဆိုတော့ မချွတ်တမ်းစမ်းဝတ်တာ ၆လလောက်ထိတော့ အရောင်ကလှနေတုန်းပါရှင့်
⚜️ထသွားထလာဘဲ ဝတ်ဆင်တဲ့သူတွေကတော့ သေချာပြန်သိမ်းဆည်းရင် ၆လ/၈လ/၁နှစ် အေးဆေးဝတ်လို့ရပါတယ်ရှင့်
1သောင်းကျော်ဝန်းကျင်တွေကို ဒီလောက်ဝတ်ရရင် တော်ပြီပေါ့နော် -ပျင်းစရာကြီး😋
ဒါဆို Stainless Steel Jewelry ကအရောင်ဘလောက်ကြာကြာခံလဲ/ဘလိုဝတ်ဆင်ရင်အရောင်ပိုခံမလဲဆိုတာကိုသိသွားပြီထင်ပါတယ်⚜️
(မှတ်ချက်- တစ်ခါတလေမှာ Factory Error ပါတတ်လို့ တချို့အရောင်မခံတာမျိုးဖြစ်တတ်ပါတယ်ရှင့်)
တချို့ Design တွေက စက်ရုံက ဂျ-င်းထည့်လို့ အရောင်မခံတာပါ😄
ဒီလို ဂျ-င်းထည့်ခံရတဲ့Designမျိုးကို မင်တို့က ဆက်မရောင်းဖြစ်ပါ❌
မင်တို့ Pam&Co.မှာတော့ တစ်ပတ်တိတိ warranty ပေးပါတယ်📌
Warranty အကြောင်းအသေးစိတ်ကို Pageမှာ ဝင်
ဖတ်ကြည့်နိုင်ပါတယ်💖
သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ဖြစ်ပါစေ🍀