The Burma Watch Company

The Burma Watch Company A Story on Your Wrist. Come visit our experience store at the Secretariat Building, Yangon.
(2)

Timeless Gifts for Lasting Partnerships City Mart Holding Co., Ltd. (CMHL) ရဲ့ နှစ် (၃၀) ပြည့် အထိမ်းအမှတ် အခါသမယမှာ မိတ...
20/08/2026

Timeless Gifts for Lasting Partnerships

City Mart Holding Co., Ltd. (CMHL) ရဲ့ နှစ် (၃၀) ပြည့် အထိမ်းအမှတ် အခါသမယမှာ မိတ်ဖက်လုပ်ငန်းရှင်တွေအတွက် အထူးသီးသန့် အမှတ်တရ Customized Automatic နာရီများကို The Burma Watch Co. မှ ဂုဏ်ယူစွာဖြင့် ဖန်တီးပေးခွင့်ရခဲ့ပါတယ်။

ဤအမှတ်တရ နာရီများ၏ Dial မျက်နှာပြင်ပေါ်တွင် CMHL ၏ (၃၀) နှစ်ပြည့် အမှတ်တံဆိပ်နှင့်အတူ “ROOTED IN TRUST, GROWING WITH YOU - 30 YEARS AND ON” ဆိုသည့် ဆောင်ပုဒ် စာသားလေးကို သီးသန့်ထည့်သွင်းကာ Customize ပြုလုပ်ပေးထားပါသည်။

အဖွဲ့အစည်းများနှင့် မိတ်ဖက်လုပ်ငန်းများအတွက် တင့်တယ်လှပပြီး ရေရှည်အမှတ်တရဖြစ်စေမည့် Corporate Gifts များကို မိမိတို့ စိတ်ကြိုက် သီးသန့်ပုံဖော် ဖန်တီးလိုပါက The Burma Watch Co.၏ [email protected] သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

To mark the 30th Anniversary milestone of City Mart Holding Co., Ltd. (CMHL), The Burma Watch Co. had the privilege of crafting bespoke, custom automatic timepieces created exclusively for their valued business partners.

Designed to honor three decades of shared success, each watch features a custom-engineered dial complete with CMHL’s 30th Anniversary hologram mark alongside the custom inscription: "ROOTED IN TRUST, GROWING WITH YOU - 30 YEARS AND ON."

From executive tokens to milestone celebrations, we specialize in creating tailored luxury timepieces that capture your organization's unique legacy.
Inquire directly with our team at [email protected] to explore bespoke corporate gifting solutions.

မြန်မာ့ရိုးရာလက်မှုပညာနဲ့ အသေးစိတ် ဖန်တီးထားတဲ့ နာရီ‌‌တွေက်ို ထုတ်လုပ်နေတဲ့ The Burma Watch Company နှင့် အတူ လက်တွဲဖို့...
16/08/2026

မြန်မာ့ရိုးရာလက်မှုပညာနဲ့ အသေးစိတ် ဖန်တီးထားတဲ့ နာရီ‌‌တွေက်ို ထုတ်လုပ်နေတဲ့ The Burma Watch Company နှင့် အတူ လက်တွဲဖို့ Showroom & Sales Manager တစ်ဦးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။

ကိုယ်ပိုင်အချိန်ကိုလည်း အထိရောက်ဆုံးအသုံးချနိုင်မည့်အပြင် Work-Life Balance ကို လိုလားသူတွေအတွက် အထူးသင့်လျော်တဲ့ အလုပ်အကိုင်တစ်ခု ဖြစ်ပါတယ်။

Position: Showroom & Sales Manager

Working hours : 9:30 - 5:30

Salary : Negotiable

စိတ်ဝင်စားသူများအနေဖြင့် Cv form ကို

Viber - 09770996992

[email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

Timepieces Crafted with traditional Burmese craftsmanship and fine attention to detail, The Burma Watch Co. warmly invites a dedicated Showroom & Sales Manager to join our team.

This is an ideal opportunity for those who value work-life balance and want to make the most of their personal time while building a meaningful career.

Position: Showroom & Sales Manager
Working hours: 9:30 AM – 5:30 PM
Salary: Negotiable

If you are interested, please send your CV to:
Viber: 09770996992
Email: [email protected]

&Sales Manager

နယ်ပယ်အသီးသီးမှာ တောက်ပနေတဲ့ အမျိုးသမီးတိုင်းအတွက် မိုးကုတ်စက်ဝိုင်းအဆုံးက ရောင်စုံသက်တံ့နဲ့ ပင်လယ်ရေပြာပြာမှာ နေထိုင်ကျ...
13/08/2026

နယ်ပယ်အသီးသီးမှာ တောက်ပနေတဲ့ အမျိုးသမီးတိုင်းအတွက် မိုးကုတ်စက်ဝိုင်းအဆုံးက ရောင်စုံသက်တံ့နဲ့ ပင်လယ်ရေပြာပြာမှာ နေထိုင်ကျက်စားတဲ့ နူးညံ့တဲ့ ကမာကောင်လေးတွေရဲ့ အရောင်အသွေးတို့ကနေ ဖန်တီးထားတဲ့ "သက်တံ့" Collection ကို The Burma Watch Co.ရဲ့ လက်ချုပ်သားရေနာရီကြိုးနဲ့ ရွေးချယ်တွဲဖက် ဝတ်ဆင်နိုင်ဖို့ မိတ်ဆက်ပေးလိုက်ပါပြီ။

အရောင်အသွေး (၃) မျိုးနဲ့ ရွေးချယ်ရရှိနိုင်တဲ့ ဒီနာရီအသွင်သစ်လေးဟာ ဘယ်လို Outfit နဲ့မဆို လိုက်ဖက်ညီပြီး နေ့စဥ်အတွက် ပေါ့ပေါ့ပါးပါး ဝတ်ဆင်မှုတွေကအစ အထူးတလည်အခမ်းအနားတွေအထိ အချိန်တိုင်း၊ နေရာတိုင်းမှာ သင့်ကို တင့်တယ်တောက်ပနေစေမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ဟန်ပန်နဲ့ အကိုက်ညီဆုံးအရောင်ကို ရွေးချယ်ပြီး သင့်ရဲ့ အောင်မြင်မှုခြေလှမ်းတိုင်းကို "သက်တံ့" နဲ့ အဖော်ပြုလိုက်ပါ။

The Burma Watch Company ၏ Limited Exclusive Collection များနှင့် အချက်အလက်များကို အခြား Platform များထက် ဦးစွာသိရှိနိုင်ရန် ကျွန်ုပ်တို့၏ Viber Channel ကိုလည်း Join ထားနိုင်ပါသည်။

📲 Privileged Access via Viber
https://invite.viber.com/?g2=AQABwdCRZlfZUlMgmz4nkU6371PipkvLdKI0QTwM9JG48MvD46QsbDulLBTJJl7z

To the women shining in every sphere of life—your favorite timepiece just received an effortless upgrade.

We are delighted to re-introduce the THATTANT Collection, now paired with The Burma Watch Company customized handcrafted leather straps.
Inspired by the natural luster of mother-of-pearl and ocean tones, this versatile series transitions effortlessly from daily wear to special moments.

Available in three distinct styles, each piece features hand-stitched leather designed to complement your individual style and journey.

Choose the shade that speaks to you, and carry timeless confidence into every milestone.

Discover the Customized Leather Strap Edition today at The Burma Watch Company.

Be among the first to explore limited releases and exclusive collection updates before they are shared elsewhere by joining our Viber channel.

📲 Privileged Access via Viber

https://invite.viber.com/?g2=AQABwdCRZlfZUlMgmz4nkU6371PipkvLdKI0QTwM9JG48MvD46QsbDulLBTJJl7z

ရာစုနှစ်တွေတစ်လျှောက် လူသားတွေဟာ အချိန်ကို ပိုပြီးတိတိကျကျ တိုင်းတာနိုင်ဖို့ နည်းလမ်းပေါင်းစုံကို ကြိုးစားရှာဖွေခဲ့ကြပါတ...
11/08/2026

ရာစုနှစ်တွေတစ်လျှောက် လူသားတွေဟာ အချိန်ကို ပိုပြီးတိတိကျကျ တိုင်းတာနိုင်ဖို့ နည်းလမ်းပေါင်းစုံကို ကြိုးစားရှာဖွေခဲ့ကြပါတယ်။ နေရောင်ကို ကြည့်ပြီး အချိန်ခန့်မှန်းရာကနေ ယနေ့ခေတ် လက်ရာမြောက် နာရီတွေမှာပါတဲ့ ရှုပ်ထွေးလှတဲ့ mechanical movement တွေအထိ နာရီတွေရဲ့ တိုးတက်လာပုံက ဆန်းသစ်တီထွင်မှုတွေ၊ လက်မှုပညာတွေနဲ့ တိကျသေချာမှုတွေ ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။

အချိန်တိုင်းတာခြင်းဆိုင်ရာ အတတ်ပညာ၏ ဖန်တီးမှု့များသမိုင်း

နေနာရီ (Sundials) — c. 1200 BCE: ရှေးခေတ်အီဂျစ်နဲ့ ဘေဘီလုံလူမျိုးတွေဟာ နေအရိပ်ရွေ့လျားမှုကို အခြေခံကာ နေ့ဘက်အချိန်တွေကို ပထမဆုံး စတင်တိုင်းတာခဲ့ကြတဲ့ နေနာရီများကို တီထွင်ခဲ့ကြပါတယ်။

ရေနာရီ (Water Clocks) — 1417–1379 BC: ရေစီးဆင်းနှုန်းကို တစ်သမတ်တည်း ထိန်းချုပ်ပြီး အချိန်တိုင်းတာတဲ့ စနစ်ဖြစ်တာကြောင့် နေရောင်မရှိတဲ့ ညဘက်တွေနဲ့ အိမ်ထဲမှာပါ အသုံးပြုလို့ ရလာပါတယ်။

စက်မှုနာရီ (Mechanical Clock) — 1283 CE: စက်သွားဘီးတွေ၊ အလေးချိန်တွေနဲ့ လည်ပတ်တဲ့ ကြီးမားတဲ့ mechanical clock တွေဟာ ဥရောပဘုရားကျောင်းတွေနဲ့ မြို့ရင်ပြင်တွေမှာ စတင်ပေါ်ထွက်လာပြီး လူအများကို စံနှုန်းတစ်ခုတည်းနဲ့ အချိန်သိရှိနိုင်စေခဲ့ပါတယ်။

ချိန်လွှဲနာရီ (Pendulum Clock) — 1656 CE: ချိန်လွှဲသီး (Pendulum) စနစ်ကို အသုံးပြုထားပြီး နာရီတွေရဲ့ တိကျမှုကို တစ်ရှိန်ထိုး တိုးတက်စေခဲ့တဲ့ အရေးပါတဲ့ တီထွင်မှုတစ်ခု ဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းသုံးနာရီ (Chronometer) — 1761 CE: ရေကြောင်းခရီးသွားလာမှုတွေနဲ့ ပင်လယ်ပြင်ထွက်တဲ့အခါ လတ္တီကျုနဲ့ လောင်ဂျီကျုတွေကို တိကျသေချာစွာ တွက်ချက်နိုင်ဖို့ ဖန်တီးထားတဲ့ အလွန်တိကျတဲ့ ပင်လယ်ရေကြောင်းသုံး နာရီဖြစ်ပါတယ်။

အော်တိုမက်တစ်နာရီ (Automatic) — 1923 CE: ဝတ်ဆင်ထားတဲ့သူရဲ့ လက်ကောက်ဝတ် လှုပ်ရှားမှုနဲ့တင် mainspring ကို အလိုအလျောက် လည်ပတ်စေတဲ့ self-winding mechanical watch တွေ ဖြစ်တာကြောင့် နေ့စဉ်လက်နဲ့ ကိုယ်တိုင်သံပတ်ပေးဖို့ မလိုတော့ပါဘူး။

ဓာတ်ခဲနာရီ (Quartz) — 1927 CE: စီးပွားဖြစ် အောင်မြင်တဲ့ ဓာတ်ခဲနည်းပညာကြောင့် နာရီတွေဟာ အလွန်တိကျပြီး ဈေးနှုန်းလည်း ချိုသာလာကာ လူတိုင်း ဝယ်ယူသုံးစွဲနိုင်လာပါတယ်။

အက်တမ်နာရီ (Atomic Clock) — 1955 CE: အက်တမ်တွေရဲ့ တုန်ခါမှုကို အခြေခံပြီး အချိန်တိုင်းတာတဲ့အတွက် လူသားသမိုင်းမှာ အတိကျဆုံးနဲ့ အမြင့်မားဆုံး သိပ္ပံနည်းကျ တီထွင်မှုတစ်ခု ဖြစ်ပါတယ်။

စမတ်နာရီ (Smart Watch) — 2014 CE: သမားရိုးကျ လက်ပတ်နာရီဒီဇိုင်းနဲ့ အဆင့်မြင့် ဒစ်ဂျစ်တယ်နည်းပညာတွေကို ပေါင်းစပ်ပေးထားပြီး ကျန်းမာရေးစောင့်ကြည့်တာ၊ GPS နဲ့ ဆက်သွယ်ရေးလုပ်ဆောင်ချက်တွေကို တစ်နေရာတည်းမှာ အသုံးပြုနိုင်တဲ့ ခေတ်ပေါ်နာရီ ဖြစ်ပါတယ်။

နည်းပညာတွေပြောင်းလဲလာတာနှင့်အမျှ နာရီဆိုတာ အချိန်ကြည့်လို့ရတဲ့ ကိရိယာတစ်ခု မဟုတ်တော့ဘဲ လက်မှုပညာ၊ ရိုးရာအမွေအနှစ်နဲ့ ကိုယ်ပိုင်ဟန်ပန်ကို ဖော်ပြတဲ့ အမှတ်တရ သင်္ကေတတစ်ခုအဖြစ် The Burma Watch Company က ဆက်လက်ဖန်တီးနေမှာ ဖြစ်ပါတယ်။

The Burma Watch Company ၏ Limited Exclusive Collection များနှင့် အချက်အလက်များကို အခြား Platform များထက် ဦးစွာသိရှိနိုင်ရန် ကျွန်ုပ်တို့၏ Viber Channel ကိုလည်း Join ထားနိုင်ပါသည်။

📲 Privileged Access via Viber
https://invite.viber.com/?g2=AQABwdCRZlfZUlMgmz4nkU6371PipkvLdKI0QTwM9JG48MvD46QsbDulLBTJJl7z

For centuries, humanity has constantly sought ways to measure time more accurately. From simply observing the sun to estimate time, to the intricate mechanical movements found in luxury watches today, the evolution of watches is a fascinating story filled with innovation, craftsmanship, and precision.

History of Horology

Sundials — c. 1200 BCE: Ancient Egyptians and Babylonians invented sundials, making them the earliest devices to measure daytime by observing the movement of the sun's shadow.

Water Clocks — 1417–1379 BC: This system measured time by controlling a steady flow of water, making it possible to tell time indoors and at night when there was no sunlight.

Mechanical Clock — 1283 CE: Large mechanical clocks powered by gears and weights began appearing in European churches and town squares, allowing communities to tell time using a single standardized system.

Pendulum Clock — 1656 CE: This utilized a pendulum system, representing a major milestone that dramatically improved the accuracy of clocks.

Chronometer — 1761 CE: Created for maritime navigation, this highly accurate marine clock was designed to precisely calculate latitude and longitude when traveling out at sea.

Automatic — 1923 CE: These were self-winding mechanical watches powered by the natural movement of the wearer's wrist, eliminating the need for daily manual winding of the mainspring.

Quartz — 1927 CE: Driven by commercially successful battery technology, these watches became exceptionally accurate and affordable, making them accessible for everyone to use.

Atomic Clock — 1955 CE: Based on the vibration of atoms, this is the most accurate and supreme scientific timekeeping invention in human history.

Smart Watch — 2014 CE: A modern timepiece that combines traditional wristwatch design with advanced digital technology, enabling users to monitor health, use GPS, and access communication features all in one place.

The continuous evolution of watches perfectly reflects humanity's innovative spirit. From ancient sundials to modern smartwatches, every advancement has brought us closer to knowing time with greater precision.

As technology evolves, a watch becomes far more than a tool for keeping time. At The Burma Watch Company, we continue to craft timepieces as symbols of artisanal mastery, timeless heritage, and personal style.

Be among the first to explore limited releases and exclusive collection updates before they are shared elsewhere by joining our Viber channel.

📲 Privileged Access via Viber

https://invite.viber.com/?g2=AQABwdCRZlfZUlMgmz4nkU6371PipkvLdKI0QTwM9JG48MvD46QsbDulLBTJJl7z

ရှေးတခေတ်တခါက အားထားအသုံးပြုခဲ့ရသည့် Lunar Calendar ကို ယနေ့ခေတ်အခါမှာ လက်ကောက်ဝတ်ပေါ်၌ ဆင်မြန်းနိုင်အောင် ဖန်တီးပေးခဲ့က...
07/08/2026

ရှေးတခေတ်တခါက အားထားအသုံးပြုခဲ့ရသည့် Lunar Calendar ကို ယနေ့ခေတ်အခါမှာ လက်ကောက်ဝတ်ပေါ်၌ ဆင်မြန်းနိုင်အောင် ဖန်တီးပေးခဲ့ကြတဲ့ နာရီလောကရဲ့ အနုစိတ်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ Moon Phase နာရီ "𝗟𝗮𝗰𝗵𝗮𝗻 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝗼𝗻"

လစက်ဝန်း၏ Moonphase ယန္တရားလည်ပတ်မှုနှင့်အတူ မြန်မာ့ဆယ့်နှစ်လရာသီ၏ အမည်လေးများကိုလည်း နာရီ Dial မျက်နှာပြင်ပေါ်တွင် သဟဇာတဖြစ်စွာ အလှဆင်ပေါင်းစပ် ပုံဖော်ထားပါသည်။

နေ့စဉ်ဆင်မြန်းမှုတိုင်းတွင် သက်တောင့်သက်သာရှိပြီး လက်ကောက်ဝတ်ပေါ်တွင် အချိုးကျလှပစေရန် 39mm Case Size နှင့် 20mm Strap Width တို့ဖြင့် အချိုးအစားကျနစွာ ဖန်တီးထားပြီး အရည်အသွေးမြင့် သားရေကြိုးများကို သေသေချာချာ တွဲဖက်ပေးထားပါသည်။

လူများစွာ ကြိုက်နှစ်သက်ခဲ့ကြတဲ့ နက်ပြာရောင် ဒိုင်ခွက်အပြင် အသစ်ထွက်ရှိလာသည့် ရိုးရှင်းခမ်းနားသော အဖြူရောင် ဒိုင်ခွက်ကိုပါ စိတ်ကြိုက် ရွေးချယ်ပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါသည်။

မြန်မာ့ယဉ်ကျေးမှုအငွေ့အသက်များကို လက်ကောက်ဝတ်ထက်၌ အနုစိတ် အသက်သွင်းပေးထားသည့် ဒီ "Lachan Collection" ကို ဝန်ကြီးများရုံးရှိ "The Burma Watch Company" Showroom တွင် ကိုယ်တိုင်လာရောက်လေ့လာ၍ အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါပြီခင်ဗျာ။

The Burma Watch Company ၏ Limited Exclusive Collection များနှင့် အချက်အလက်များကို အခြား Platform များထက် ဦးစွာသိရှိနိုင်ရန် ကျွန်ုပ်တို့၏ Viber Channel ကိုလည်း Join ထားနိုင်ပါသည်။

📲 Privileged Access via Viber
https://invite.viber.com/?g2=AQABwdCRZlfZUlMgmz4nkU6371PipkvLdKI0QTwM9JG48MvD46QsbDulLBTJJl7z

Centuries ago, civilizations relied on the lunar calendar to navigate the rhythms of nature and the passage of time. Today, the Lachan Collection reimagines this heritage, bringing astronomical history directly to your wrist—now officially available.

At the heart of the design, a classic moonphase mechanism operates alongside the twelve months of the traditional Burmese calendar. Mechanical precision meets heritage design, capturing the passage of time across a beautifully composed dial layout that reflects both sophistication and timeless art.

Alongside our signature deep navy blue edition, we are proud to introduce a refined white dial—offering a clean, fresh, and sophisticated look for those who appreciate understated elegance.

Designed with a 39mm case size and a 20mm strap width, it ensures ultimate comfort for everyday wear while effortlessly exuding stability and personal style.

Discover and own "The Lachan Collection" by visiting The Burma Watch Company showroom at the Secretariat (Ministers' Building) to explore it firsthand.

Be among the first to explore limited releases and exclusive collection updates before they are shared elsewhere by joining our Viber channel.

📲 Privileged Access via Viber

https://invite.viber.com/?g2=AQABwdCRZlfZUlMgmz4nkU6371PipkvLdKI0QTwM9JG48MvD46QsbDulLBTJJl7z

05/08/2026

ရှေးတခေတ်တခါက အားထားအသုံးပြုခဲ့ရသည့် Lunar Calendar ကို ယနေ့ခေတ်အခါမှာ လက်ကောက်ဝတ်ပေါ်၌ ဆင်မြန်းနိုင်အောင် ဖန်တီးပေးခဲ့ကြတဲ့ နာရီလောကရဲ့ အနုစိတ်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ Moon Phase နာရီ "𝗟𝗮𝗰𝗵𝗮𝗻 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝗼𝗻"

ကောင်းကင်ယံထက်က လစက်ဝန်း၏ ရွေ့လျားမှုနှင့်အတူ မြန်မာ့ဆယ့်နှစ်လရာသီအမည်လေးများကိုလည်း နာရီ Dial မျက်နှာပြင်ပေါ်တွင် Moonphase ယန္တရားဖြင့် သဟဇာတဖြစ်စွာ အလှဆင်ပေါင်းစပ် ပုံဖော်ထားပါသည်။

လူများစွာ နှစ်သက်အားပေးခဲ့ကြတဲ့ နက်ပြာရောင် ဒိုင်ခွက်အပြင် ရိုးရှင်းခမ်းနားတဲ့ အဖြူရောင် ဒိုင်ခွက်၏ အသွင်သစ်ကို The Burma Watch Company တွင် မကြာမီ ပြန်လည်မိတ်ဆက်ပေးသွားတော့မည် ဖြစ်ပါသည်။

The Burma Watch Company ၏ Limited Exclusive Collection များနှင့် အချက်အလက်များကို အခြား Platform များထက် ဦးစွာသိရှိနိုင်ရန် ကျွန်ုပ်တို့၏ Viber Channel ကိုလည်း Join ထားနိုင်ပါသည်။

📲Privileged Access via Viber
https://invite.viber.com/?g2=AQABwdCRZlfZUlMgmz4nkU6371PipkvLdKI0QTwM9JG48MvD46QsbDulLBTJJl7z

Centuries ago, civilizations relied on the lunar calendar to navigate the rhythms of nature and the passage of time. Today, the Lachan Collection reimagines this heritage, bringing astronomical history directly to your wrist.

At the heart of the design, a classic moonphase mechanism operates alongside the twelve months of the traditional Burmese calendar. Mechanical precision meets heritage design, capturing the passage of time across a beautifully composed dial layout.

Alongside our signature deep navy blue edition, we are proud to introduce a refined white dial — offering a clean, fresh, and sophisticated look for those who appreciate understated elegance.

Discover the next chapter of the Lachan Collection, arriving soon at The Burma Watch Company.

Be among the first to explore limited releases and exclusive collection updates before they are shared elsewhere.

📲Privileged Access via Viber
https://invite.viber.com/?g2=AQABwdCRZlfZUlMgmz4nkU6371PipkvLdKI0QTwM9JG48MvD46QsbDulLBTJJl7z

We’re Hiring — Join Our TeamThe Burma Watch Company နှင့် လက်တွဲလုပ်ကိုင်ရန် ယာဥ်မောင်းနှင့် ပို့ဆောင်ရေး ဝန်ထမ်းတစ်ဦးခ...
02/08/2026

We’re Hiring — Join Our Team

The Burma Watch Company နှင့် လက်တွဲလုပ်ကိုင်ရန် ယာဥ်မောင်းနှင့် ပို့ဆောင်ရေး ဝန်ထမ်းတစ်ဦးခေါ်ယူလျက် ရှိပါတယ်။

စိတ်ပါဝင်စားသူများအနေဖြင့် Cv form ကို
[email protected]
09698982653 ( Viber ) သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

31/07/2026

HTOE KWIN Collection ၏ အဖြူရောင် မျက်နှာပြင်ပေါ်တွင် အရည်အသွေးကောင်း မြန်မာ့တွင်းထွက် ကျောက်မျက်ရတနာများဖြင့် ဆန်းသစ်ပုံဖော်ထားသည့်

- ကြက်သွေးနီပတ္တမြားနဲ့ ရွှေရောင်နာရီအိမ်တို့၏ ရဲရင့်ပြတ်သားမှုနှင့် မြင့်မြတ်ခြင်း၏ သင်္ကေတ
- ပြာလဲ့နေသောနီလာနှင့် ‌ငွေရောင်နာရီအိမ်တို့ရဲ့ အေးချမ်းတည်ငြိမ်မှုနှင့် ရင့်ကျက်သိမ်မွေ့ခြင်း၏ အလှတရား တို့ကို သင့်လက်‌ကောက်၀တ်ပေါ်မှာ ဆင်မြန်းနိုင်မယ့် HTOE KWIN Gem Edition

မြန်မာ့ကျောက်မျက်ရတနာများ၏ အလှတရားနှင့် အနုစိတ်နာရီလက်ရာတို့ ပေါင်းစပ်ဖန်တီးထားသည့် HTOE KWIN Gem Edition ကို The Burma Watch Company တွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှု ဆင်မြန်းနိုင်ဖို့ ဖိတ်ခေါ်အပ်ပါသည်။

📲Privileged Access via Viber
https://invite.viber.com/?g2=AQABwdCRZlfZUlMgmz4nkU6371PipkvLdKI0QTwM9JG48MvD46QsbDulLBTJJl7z

The Burma Watch Company ၏ Limited Exclusive Collection များနှင့် အချက်အလက်များကို အခြား Platform များထက် ဦးစွာသိရှိနိုင်ရန် ကျွန်ုပ်တို့၏ Viber Channel ကိုလည်း Join ထားနိုင်ပါသည်။

HTOE KWIN Gem Edition

Where Heritage Artistry Meets Gemstone Precision

A thoughtful fusion of traditional Burmese Htoe Kwin artistry and fine horology, the HTOE KWIN Gem Edition elevates our iconic series with carefully selected regional gemstones set against a clean, white dial.

Each timepiece reflects a distinct character and presence:
- Ruby Red & Gold: A striking contrast embodying strength, prestige, and quiet confidence.
- Sapphire Blue & Silver: A cool, tranquil aesthetic representing poise and timeless elegance.

We invite you to experience the texture, weight, and detail of these pieces in person at The Burma Watch Company.

Privileged Access via Viber
https://invite.viber.com/?g2=AQABwdCRZlfZUlMgmz4nkU6371PipkvLdKI0QTwM9JG48MvD46QsbDulLBTJJl7z

Be among the first to explore limited releases and exclusive collection updates before they are shared elsewhere.

12 Inya Fusion & Lounge မှာ ကျင်းပပြုလုပ်ခဲ့တဲ့ The Burma Watch Co. ရဲ့ “ Htoe Kwin“ Collection မိတ်ဆက်ပွဲအခမ်းအနားမှာ န...
28/07/2026

12 Inya Fusion & Lounge မှာ ကျင်းပပြုလုပ်ခဲ့တဲ့ The Burma Watch Co. ရဲ့ “ Htoe Kwin“ Collection မိတ်ဆက်ပွဲအခမ်းအနားမှာ နာရီဝါသနာရှင်များနှင့် လေးစားတန်ဖိုးထားရတဲ့ ဧည့်သည်တော်များကို နွေးထွေးစွာ ကြိုဆိုခွင့်ရခဲ့တာဟာ The Burma Watch Co. အတွက် တကယ်ကို အမှတ်တရတစ်ခု ဖြစ်စေခဲ့ပါတယ်။

ကျက်သရေရှိပြီး ဆိတ်ငြိမ်လှပတဲ့ အငွေ့အသက်အောက်မှာ The Burma Watch Co. ရဲ့ မြန်မာ့အမွေအနှစ်၊ သတ္တိနဲ့ ကိုယ်ပိုင်အမှတ်အသားကို ကိုယ်စားပြုပြီး ဖန်တီးထားတဲ့ Htoe Kwin Collection ကို စိတ်ဝင်တစား လေ့လာကြည့်ရှုကြရင်း၊ ဖန်တီးမှုအနုပညာတွေအကြောင်း အပြန်အလှန် ဆွေးနွေးပြောဆိုခဲ့ကြတဲ့ ညချမ်းအချိန်လေးတွေက The Burma Watch Co. အတွက် ထူးခြားလှပါတယ်။

ဒီပွဲလေးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်အားပေးကြပြီး ကျွန်ုပ်တို့နဲ့ အတူရှိပေးခဲ့ကြတဲ့ ဧည့်သည်တော်တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပွဲအခမ်းအနားကို တက်ရောက်ဖို့ အကြောင်းဖန်မလာခဲ့တဲ့ လူကြီးမင်းများအနေနဲ့လည်း အတွင်းဝန်ရုံး (The Secretariat) မှာရှိတဲ့ The Burma Watch Co.ရဲ့ Showroom မှာ လာရောက်လေ့လာ ပိုင်ဆိုင်နိုင်ပါတယ်။

Hosting our esteemed guests and watch enthusiasts at 12 Inya Fusion & Lounge for the “Htoe Kwin” Collection launch was an unforgettable milestone for us.

Set against a backdrop of refined elegance and quiet luxury, the evening unfolded with wonderful conversations centered on craftsmanship, heritage, and the fierce spirit woven into every Htoe Kwin timepiece. Seeing our community gather to experience these pieces firsthand made for a truly special night.

To everyone who joined us and continues to champion our journey, thank you. If you weren't able to make it to the launch, you are warmly invited to drop by our showroom at The Secretariat to explore the collection in person.

12 INYA Fusion မှာ ဇူလိုင်လ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ Htoe Kwin Collection မိတ်ဆက်ပွဲThe Burma Watch Co. နဲ့ Nyo တို့ ပေါင်...
16/07/2026

12 INYA Fusion မှာ ဇူလိုင်လ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ Htoe Kwin Collection မိတ်ဆက်ပွဲ

The Burma Watch Co. နဲ့ Nyo တို့ ပေါင်းစပ်ဖန်တီးထားတဲ့ Limited Htoe Kwin Collection မိတ်ဆက်ပွဲကို တက်ရောက်အားပေးခဲ့ကြတဲ့ ဧည့်သည်တော်များ၊ နိုင်ငံကျော် အနုပညာရှင်များ၊ လက်ဝှေ့ကျော် Nyo နှင့်အတူ The Burma Watch Co. ရဲ့ စီးပွားမိတ်‌ဖက်များက ဒီပွဲကို ပိုမိုအဓိပ္ပာယ်ရှိစေခဲ့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။

မြန်မာ့လက်ဝှေ့ရဲ့ ရိုးရာအမွေအနှစ်၊ “လက်ခမောင်း” သင်္ကေတရဲ့ စိန်ခေါ်မှုတွေနဲ့အတူ Htoe Kwin Collection နာရီတစ်လုံးရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေကို ဝေမျှခွင့်ရခဲ့တာဟာ The Burma Watch Co. အတွက် တကယ့်ကို အမှတ်တရနဲ့ ဂုဏ်ယူစရာကောင်းတဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။

Htoe Kwin Collection မိတ်ဆက်ပွဲ ညနေခင်းရဲ့ အငွေ့အသက်တွေကို အားလုံးနဲ့အတူ ဓာတ်ပုံမှတ်တမ်းလေးများမှ တဆင့် ပြန်လည်မျှဝေလိုက်ပါတယ်။

အမွေအနှစ်ကို ဆောင်ပါ။ စစ်သည်တော်ရဲ့ စိတ်ဓာတ်ကို ဝတ်ဆင်ပါ။

Burma Watch - A story on your wrist

We would like to extend our deepest gratitude to all the esteemed guests, renowned artists, our partner, Lethwei champion Nyo, and all the business associates of The Burma Watch Co. who joined us to celebrate the launch of our limited-edition Htoe Kwin Collection. Your presence made the evening truly meaningful and unforgettable.

Sharing the stories behind the Htoe Kwin Collection—the legacy of Myanmar Lethwei and the spirit of the "Lekha Moun" symbol—was a moment of immense pride for The Burma Watch Co. It was an honor to present the inspiration and craftsmanship that defines this collection to such a distinguished audience.

We are delighted to share these captured memories from the launch evening with you all.

Carry the legacy. Wear the spirit of the warrior.

The Burma Watch Co. — A story on your wrist.


Address

Heritage Market, The Secretariat Building
Yangon

Telephone

+959784376540

Website

Alerts

Be the first to know and let us send you an email when The Burma Watch Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Burma Watch Company:

Shortcuts

Share