ရွှေထီး

ရွှေထီး လှံထမ်းလာတာမြင်ရပေမယ့် ကံထမ်းလာတာ မမြင်ရဘူးမို့ ကံစမ်းကြည့်ပါလို့။🥰

04/06/2026

မင်းခန့် သနပ်ခါးပိုင်ရှင် အကိုပြောတဲ့
ဂါထာလေးရွတ်တာ ၂ ပတ် ဆက်တိုက် ထိုင်းထီ ဆုသေးလေးတွေပေါက် တာ တော်ရုံတိုက်ဆိုင်မှု မဟုတ်တော့ဘူး

“ဇိနော ဇယံ မယှံဒေတု”
24/05/2026

“ဇိနော ဇယံ မယှံဒေတု”

⌑ တိုသလောက် ထိရောက်လှသည့် ထီပေါက် ဂါထာတော် ⌑

ကျွန်တော့်ထံကို ထီပေါက်ကျင့်စဉ်တွေ၊ ဂါထာမန္တန်တွေအကြောင်း မကြာခဏ လာမေးသူတွေ ရှိတတ်ပေမယ့် ကျွန်တော်ကိုယ်တိုင်က ထီကို သိပ်ဝါသနာ မပါသလို ထီနဲ့ ပတ်သက်ပြီး ကိုယ်တိုင် ဘဝင်ကျလောက်တဲ့ ကျင့်စဉ်၊ ဂါထာမန္တန်လည်း အလွန်ရှားလို့ မရေးပေးဖြစ်တာ ကြာပါပြီ။ အခု​တော့ အနက်အဓိပ္ပါယ် အလွန်ကောင်းမွန်ဆီလျော်လှသလို လက်တွေ့ အကျိုးဖြစ်ထွန်းသူတွေလည်း ရှိခဲ့တဲ့ ဂါထာတော်တစ်ပုဒ်ကို တွေ့လို့ ရေးပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၃၀ ခန့်က ဇနီးမောင်နှံနှစ်ဦးဟာ ဒီဂါထာတော်ကို မကြာခဏ တက်ညီလက်ညီ ရွတ်ဆိုပွားများခဲ့ကြလို့ နှစ်အနည်းငယ်အတွင်းမှာ အဲဒီခေတ်အဲဒီအခါက အောင်ဘာလေထီ မင်္ဂလာစုံတွဲဆု သိန်း ၁၅၀ ကျော်ကို ဆွတ်ခူးနိုင်ခဲ့ဖူးပါသတဲ့။ ရွေးထိုးခဲ့တာတောင် မဟုတ်ပဲ ထီဆိုင်က ရောင်းမကုန်တဲ့ ထီလက်မှတ်တွေကို အိမ်တိုင်ရာရောက် လာရောင်းရင်း ပေါက်သွားခဲ့တာပါ။ ဒီအကြောင်း ပြန်လည်ကြားသိခဲ့ရတဲ့သူတွေလည်း အားကျပြီး လိုက်ရွတ်ကြလို့ ထီဆုပေါင်းစုံ ပေါက်သွားခဲ့ကြတဲ့ အဖြစ်အပျက်တွေလည်း ရှိလာခဲ့ဖူးပါတယ်။

မင်္ဂလာစုံတွဲဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဇနီးမောင်နှံဟာ ဒီဂါထာတော်ကို ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်ထဲက တွေ့လို့ ရွတ်ဆိုခဲ့ကြတာဖြစ်ပြီး အနက်အဓိပ္ပါယ်တောင် သေသေချာချာ မသိခဲ့ကြပါဘူး။ အနက်အဓိပ္ပါယ်ကို သိရှိနားလည်ပြီးသာ ရွတ်ခဲ့ရင် ဘယ်လောက်တောင် အကျိုးခံစားရနိုင်လဲဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။

အဲဒီ ဇနီးမောင်နှံဟာ ဒီဂါထာတော်ကို မကြာခဏ ရွတ်ဆိုတဲ့အပြင် အခြားကုသိုလ်အဖြစ် အိမ်က ဘုရားစင်/ဘုရားကျောင်းဆောင်မှာ သာသနာကန်တော့ပွဲ အမြဲနီးပါး ကပ်လှူကာ ထီလက်မှတ်တွေကိုလည်း အဲဒီပွဲထဲမှာပဲ ထည့်ထားလေ့ရှိတယ်လို့တော့ ဆိုပါတယ်။ ကျွန်တော့်ရဲ့အယူအဆအရတော့ မိမိတတ်နိုင်ရင် ဒီလိုကပ်လှူတာ ကောင်းပေမယ့် မလှူဖြစ်ပဲ ဒီအတိုင်းရွတ်လည်း သေချာပေါက် အကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ဂါထာမန္တန်ရွတ်ဖို့ဆိုတာ ကန်တော့ပွဲလှူမှ မဟုတ်ပါဘူး။ ထီလက်မှတ်ကို ဘုရားစင်/ဘုရားကျောင်းဆောင်ပေါ်မှာ ဒီအတိုင်း တင်ထားလို့လည်း ရနိုင်ပါတယ်။

(စကားချပ် - ရွှေတိဂုံဘုရားမှာ အနန္တောအနန္တပွဲ/ သာသနာပွဲ ကပ်လှူလိုသူတွေရှိရင်တော့ ကျွန်တော့်ကို ကန်တော့ပွဲဖိုးနဲ့ လမ်းစရိတ်လွှဲပေးရင် ကျွန်တော် ဘုရားသွားဖြစ်တဲ့အခါ ကပ်လှူပေးလိုက်နိုင်ပါတယ်။ လတ်တလော ရွှေတိဂုံဘုရားမှာ မကြာခဏ ပုတီးစိပ်ဖြစ်နေလို့ ထည့်ရေးလိုက်ခြင်း ဖြစ်ပါတယ်။)

ဂါထာတော်ကို ဖော်ပြပါမယ်။

"""ဇိနော ဇယံ မယှံ ဒေတု။"""
(အသံထွက် သိသာပါပြီ)

{အနက်အဓိပ္ပါယ်}
မာရ်ငါးပါးကို အောင်မြင်တော်မူပြီးသော မြတ်စွာဘုရားသည် တပည့်တော်/တပည့်တော်မအား အောင်ဆုကို ပေးသနားတော်မူပါ။
.........

လွယ်တယ်ဆိုပြီး တစ်ခေါက်၊ နှစ်ခေါက်လောက် ရွတ်ရုံနဲ့တော့ သိသိသာသာ အကျိုးခံစားရမှာ မဟုတ်ပဲ ထုံနေအောင် ရွတ်ဆိုပွားများဖို့​ လိုအပ်ကြောင်းကိုတော့ သတိချပ်ကြစေလိုပါတယ်။ ဒီဂါထာတော်ကို ခန္တီးဆရာတော်ဘုရားကြီးရဲ့သစ္စာအလင်းပြကျမ်းထဲမှာ ရေးသားပူဇော်ထားတာကိုလည်း တွေ့နိုင်ပါသေးတယ်။ ထီဝါသနာရှင် ရေစက်တိုက်ဆိုင်သူအပေါင်း ထီဆုကြီးများ ဆွတ်ခူးနိုင်ကြပါစေ။ share ထားနိုင်ပါတယ်။ နောက်ရက်တွေမှာလည်း လောကီပညာအကြောင်း စာတွေဆက်ရေးသွားဦးမှာမို့ ဖတ်လိုရင် follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။

⬧⬧⬧⬧⬧⬧⬧⬧⬧⬧

✶ ပညာဒါနစာတွေနဲ့ ပတ်သက်ပြီးဖြစ်စေ၊ လောကီပညာအကြောင်းဖြစ်စေ၊ သိချင်တာရှိရင် လာမေးနိုင်ပါတယ်။ တတ်နိုင်သလောက် ဖြေကြားပေးပါမယ်။
✶ ကိစ္စပေါင်းစုံအတွက် အဟောမေးနိုင်ပါတယ်။ ဆေးဖယောင်းတိုင် အစီအရင်လည်း ပြုလုပ်ပေးပါတယ်။

09780992963 ဖုန်း/viber/telegram
page cb ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

အရင်ပတ်က ယူတို့ကိုပြောတယ်လေ လပ်ကီးနံပါတ်ရွေးလို့ သည်၁၀ စောင်ထဲကနေ ဘတ် ၄၀၀၀ ဆု ၂ ဆုတောင်ပါတယ်လို့ သည်ပတ်လည်း ရွေးကြအုံးပု...
20/05/2026

အရင်ပတ်က ယူတို့ကိုပြောတယ်လေ
လပ်ကီးနံပါတ်ရွေးလို့

သည်၁၀ စောင်ထဲကနေ ဘတ် ၄၀၀၀ ဆု ၂ ဆုတောင်
ပါတယ်လို့

သည်ပတ်လည်း ရွေးကြအုံး

ပုံကသူများတင်ထားလို့

၁၀၉ ပါအောင် ထိုးတဲ့😀

With Khin Lay Nwe – မော်ကင်းမင်းသားကိုလိုက်ကြည့်ရင်း တော့ဖန်တွေကိုဖြစ်လ်ု့ပါနော် 😅I just got recognized as one of their ...
17/05/2026

With Khin Lay Nwe – မော်ကင်းမင်းသားကိုလိုက်ကြည့်ရင်း တော့ဖန်တွေကိုဖြစ်လ်ု့ပါနော် 😅I just got recognized as one of their top fans! 🎉

“ကိုယ့်ဆီကနေ ပေါက်ပါစေဆိုတာ သည်ပတ်ဆုတောင်းပြည့်တယ်ဗျို့ “ #နောက်ပတ်တွေဆက်လက်ကံထူးကြပါစေ
16/05/2026

“ကိုယ့်ဆီကနေ ပေါက်ပါစေဆိုတာ

သည်ပတ်ဆုတောင်းပြည့်တယ်ဗျို့ “

#နောက်ပတ်တွေဆက်လက်ကံထူးကြပါစေ

15/05/2026

စုပေါက်ထီနဲ့ ကံကောင်းကြမယ်

“စုပေါက်ထီ” Lucky Number “004192”နက်ဖန် ညနေ ထီထွက်ပြီဆိုတော့ လက်ကျန်ထဲက ထီတစ်စောင်ကို မရောင်းတော့ပဲ စုပေါက်ထီ လုပ်ပေးလို...
15/05/2026

“စုပေါက်ထီ”

Lucky Number “004192”

နက်ဖန် ညနေ ထီထွက်ပြီဆိုတော့
လက်ကျန်ထဲက ထီတစ်စောင်ကို
မရောင်းတော့ပဲ
စုပေါက်ထီ လုပ်ပေးလိုက်ပါပီ။

စုပေါက်ထီကဘာလည်းဆိုတော့

ပေါက်ရင် ဆုငွေကို
အားလုံးစုပြီး မျှယူကြမယ်ဆိုတဲ့သဘောပါ။

ဆုငွေရရှိမယ့်သူတွေကတော့
ကွန့်မန့်မှာ မန့်ထားတဲ့သူအားလုံးပါမယ်နော်။

ကံကောင်းမယ့်သူတွေ စုပေါက်ထီထဲပါဖို့

မန့်မှာ

“ကံကောင်းပါပြီ”

လို့ရေးပေးခဲ့ကြနော်။

#ကံကောင်းသူများ

14/05/2026


#ထိုင်းထီ

သူတို့ပြီးရင်၁၆ ရက်နေ့ ဒို့ ပလေးမယ့် ပွဲ ဟဲ ဟဲ ……
14/05/2026

သူတို့ပြီးရင်

၁၆ ရက်နေ့ ဒို့ ပလေးမယ့် ပွဲ

ဟဲ ဟဲ ……

“အစဉ်လာမပျက် ကြင်နာလျှက်”အပတ်စဉ် #ထိုင်းထီလက်ဆောင် အစီစဉ်လေးလာပါပြီ။ ပိုစ့်ကို Like ပေးပြီးကွန်းမန့်မှာ  “လက်ဆောင်” လို့...
14/05/2026

“အစဉ်လာမပျက် ကြင်နာလျှက်”

အပတ်စဉ်

#ထိုင်းထီလက်ဆောင် အစီစဉ်လေးလာပါပြီ။

ပိုစ့်ကို Like ပေးပြီး

ကွန်းမန့်မှာ “လက်ဆောင်” လို့ မန့်ပေးနော်

၁၆ ရက်နေ့ နေ့လည် ၂ နာရီ မတိုင်ခင်

လက်ဆောင်ရသူကို မဲဖောက် ကြေငြာပေးပါမယ်။

ပုံ/ ရွှေထီး

Address

Thanthumar Road
Yangon
11211

Alerts

Be the first to know and let us send you an email when ရွှေထီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေထီး:

Shortcuts

Share