May-Diamond gold and jewellery shop

May-Diamond gold and jewellery shop စိန်​ထည်​ ​ရွှေထည်​ ​ကျောက်​ထည်​များ ဝယ်​ယူစု​ဆောင်းနိုင်​ပါပြီ 😍 လက်​လီ၊လက္ကားဖြန့်​ချီသည်​၊ကိုယ်​စားလှယ်​လည်း လက်​ခံပါတယ်​ရှင့်

🛑ခေတ်အဆက်ဆက်တိုးလာတဲ့ရွှေ၁ကျပ်သားဈေးနှုန်းများ 1938 = 50 ကျပ်1950 = 180 ကျပ်1960 = 240 ကျပ်1962 = 260 ကျပ်1970 = 460 ကျပ...
17/08/2024

🛑ခေတ်အဆက်ဆက်တိုးလာတဲ့ရွှေ၁ကျပ်သားဈေးနှုန်းများ
1938 = 50 ကျပ်
1950 = 180 ကျပ်
1960 = 240 ကျပ်
1962 = 260 ကျပ်
1970 = 460 ကျပ်
1975 = 1800 ကျပ်
1980 = 2400 ကျပ်
1982 = 3000 ကျပ်
1984 = 4500 ကျပ်
1988 = 10,500 ကျပ်
1989 = 13,000 ကျပ်
1990 = 15,000 ကျပ်
1991 = 20,000 ကျပ်
1992 = 22,000 ကျပ်
1993 = 26,500 ကျပ်
1994 = 26,500 ကျပ်
1995 = 30,000 ကျပ်
1996 = 45,000 ကျပ်
1997 = 46,000 ကျပ်
1998 = 50,000 ကျပ်
1999 = 50,000 ကျပ်
2000 = 63,500 ကျပ်
2001 = 103,700 ကျပ်
2002 = 190,000 ကျပ်
2003 = 190,000 ကျပ်
2004 = 225,000 ကျပ်
2005 = 309,500 ကျပ်
2006 = 431,000 ကျပ်
2007 = 577,000 ကျပ်
2008 = 600,000 ကျပ်
2009 = 616,600 ကျပ်
2010 = 672,900 ကျပ်
2011 = 730,400 ကျပ်
2012 = 771,300 ကျပ်
2013 = 660,000 ကျပ်
2014 = 673,100 ကျပ်
2015 = 750,400 ကျပ်
2016 = 867,000 ကျပ်
2017 = 937,300 ကျပ်
2018 = 1,056,000 ကျပ်
2019 = 1,190,000 ကျပ်
2020 = 1,310,000 ကျပ်
2021= 1,780,000 ကျပ်
2022 = 2,800,000 ကျပ်
2023 = 3,715,000 ကျပ်(30.12.2023)
2024= 4,003,000 ကျပ် (6.3.2024).
2024 = 4,800,000 ကျပ် ( April)
2024 = 5,400,000 ကျပ် (May)
2024 = 5,200,000 ကျပ် (June)
2024 = 5,800,000 -6,800,000 ကျပ် (JULY)
2024 = 8,500,000 ကျပ် (Aug)

" တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့   စီးပွားရေးလမ်းညွှန် (၁၇) ချက် "၁။ ဆိုင်နေရာကောင်းခြင်းဟာ     ဆိုင်ကြီးတာ ငယ်တာထက် ပိ...
10/04/2024

" တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့
စီးပွားရေးလမ်းညွှန် (၁၇) ချက် "

၁။ ဆိုင်နေရာကောင်းခြင်းဟာ
ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ
ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။

၃။ စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ
အရေးကြီးပါတယ်။
ဖောက်သည်ကို ပိုမြဲစေပါတယ်။

၎။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊
ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ
အရေးကြီးပေမဲ့
နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက
ပိုရောင်းကောင်းနေတတ်ပါတယ်။
ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက
ထင်မြင်သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊
မဝယ်မချင်းတိုက်တွန်းနေတာမျိုးရှောင်ကြဉ်ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ သူကိုလည်း
ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့သူလိုပဲ မျှမျှတတ ဆက်ဆံပါ ။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ ဝယ်သူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို
ဆဲဆိုအပြစ်တင်ခြင်းဟာ ဝယ်သူကို မောင်းထုတ်တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို
အမျိုးလို သဘောထားပါ။
တတ်နိုင်သမျှ သူတို့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်း
ပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ
ဖောက်သည်ကို လျစ်လျူရှုတာ ၊
စော်ကားတာနဲ့ အတူတူပဲ။

၁၂။ ဈေးနူန်းတစ်ခုတည်း ဖြစ်ပါစေ ။
တစ်ခုခုကြောင့် ဈေးလျှော့ရောင်း ခြင်းဟာ
စိတ်ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။
ကတိကို ထိခိုက်နိုင်စေပါတယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုပါနဲ့ ။
ဝယ်သူ ကြိုက်တဲ့ပစ္စည်းဟာ
ဝယ်သူ အကျိုးရှိစေတဲ့ ပစ္စည်းလည်း ဖြစ်ပါစေ ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊
လက်ဆောင်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။
ဝယ်သူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊
ကလေးဈေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။
(ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း
မလုပ်ဘူး) ဆိုတာ သိပါစေ။

၁၆။ အသစ်ထွင်ပါ။
ဝယ်သူကို ဆွဲဆောင်နိုင်အောင်အမြဲ ကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး
အစွမ်းကုန် ကြိုးစားပါ။
ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။
ဝယ်သူ များလာအောင်
ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။

Credit

ဘဝမှာ တခါ​လောက်​​တော့ သူ​ဌေးဆန်​ဆန်​ ဂုဏ်​ရှိရှိ ​နေသင့်​​တေ​လေ 😚😘•ကိုယ့်​ကိုယ်​ကို တန်​ဖိုးထားပါ၊ နဂိုထက် ကိုယ့်ရဲ့​​ဂု...
09/04/2024

ဘဝမှာ တခါ​လောက်​​တော့ သူ​ဌေးဆန်​ဆန်​ ဂုဏ်​ရှိရှိ ​နေသင့်​​တေ​လေ 😚😘

•ကိုယ့်​ကိုယ်​ကို တန်​ဖိုးထားပါ၊ နဂိုထက် ကိုယ့်ရဲ့​​ဂုဏ်​အ​ရောင်​အဝါ ပို​တောက်​​စေချင်​ရင်​ ဒါမျိုး​လေး​တွေ ဝတ်​သင့်​ပါ​တေ​နော်​၊

• ဝယ်​ထားတာက ​ကုန်​သွားတာမဟုတ်​ဘူး​နော်​၊ စု​ဆောင်းသိမ်းဆည်းထားခြင်းတမျိုးပါဘဲ​နော်​၊အချိန်​မ​ရွေး ​ငွေ​ဖော်​လို့ရ​သေား 😍

သင်္ကြန်​​ အချစ်​​ဈေး - 31 သိန်း

အချိန်​မ​ရွေး ​ရောင်းလဲ (12,7%)

#မြန်​မာပြည်​အနှံ့သာမက japan,malaysia,thai,singapore ပို့​ပေး​နေတဲ့ ​လေးပါ

(3 နှစ်​ပြည့်​ စိတ်​ကြိုက်​ဝတ်​ ​ရောင်းလဲ 0%)

(ချစ်​​သော customer များ လိုချင်​​သော အထည်​​လေး​တွေကို cb က​နေ အားမနာတမ်း ​မေးမြန်းနိုင်​ပါ​တေရှင့်​ 😍)






ရွှေအတင်​ 7 ပဲ​ကျော်​အလယ်​စိန်​ထွားထွား​လေးစိန်​ ကျင်​ -1 ရတီ ☺😍သင်္ကြန်​​ အချစ်​​ဈေး - 21 သိန်းအချိန်​မ​ရွေး ​ရောင်းလဲ ...
09/04/2024

ရွှေအတင်​ 7 ပဲ​ကျော်
အလယ်​စိန်​ထွားထွား​လေး
စိန်​ ကျင်​ -1 ရတီ ☺😍

သင်္ကြန်​​ အချစ်​​ဈေး - 21 သိန်း

အချိန်​မ​ရွေး ​ရောင်းလဲ (12,7%)

#မြန်​မာပြည်​အနှံ့သာမက japan,malaysia,thai,singapore ပို့​ပေး​နေတဲ့ ​လေးပါ

(3 နှစ်​ပြည့်​ စိတ်​ကြိုက်​ဝတ်​ ​ရောင်းလဲ 0%)

(ချစ်​​သော customer များ လိုချင်​​သော အထည်​​လေး​တွေကို cb က​နေ အားမနာတမ်း ​မေးမြန်းနိုင်​ပါ​တေရှင့်​ 😍)





☀️ကမ္ဘာ့အပူဆုံးမြို့ဖြစ်လာ🌡️• ကမ္ဘာ့အပူဆုံးမြို့(၁၅)မြို့စာရင်းထဲ၌• မြန်မာနိုင်ငံမှ မြို့ပေါင်း (၆)မြို့ပါဝင်ပြီး• မကွေးတိ...
09/04/2024

☀️ကမ္ဘာ့အပူဆုံးမြို့ဖြစ်လာ🌡️
• ကမ္ဘာ့အပူဆုံးမြို့(၁၅)မြို့စာရင်းထဲ၌
• မြန်မာနိုင်ငံမှ မြို့ပေါင်း (၆)မြို့ပါဝင်ပြီး
• မကွေးတိုင်း ချောက်မြို့ဟာ အပူချိန်(46.4°C) ဖြင့် Top-1 အဖြစ် တည်ရှိနေ✅


ကျန်းမာ​ရေးအထူးဂရုစိုက်​ကြပါ
အတတ်​နိုင်​ဆုံး အပြင်​မထွက်​ဘဲ အရိပ်​ထဲ​နေကြပါ ချစ်​​သော fb မိတ်​​ဆွေများ

စိန်​ဖိုးအလကား​ဈေးနဲ့ ☺😍သင်္ကြန်​​ဈေး​လေးပါ -755555 ksအချိန်​မ​ရွေး ​ရောင်းလဲ (12,7%) #မြန်​မာပြည်​အနှံ့သာမက japan,mala...
09/04/2024

စိန်​ဖိုးအလကား​ဈေးနဲ့ ☺😍
သင်္ကြန်​​ဈေး​လေးပါ -755555 ks

အချိန်​မ​ရွေး ​ရောင်းလဲ (12,7%)

#မြန်​မာပြည်​အနှံ့သာမက japan,malaysia,thai,singapore ပို့​ပေး​နေတဲ့ ​လေးပါ

(3 နှစ်​ပြည့်​ စိတ်​ကြိုက်​ဝတ်​ ​ရောင်းလဲ 0%)




ဖောက်ပြန်ခြင်းနဲ့ ကြုံရတဲ့အခါ … ဖောက်ပြန်တာကို ကြုံရတဲ့အခါ ဒါဟာ blessing တစ်မျိုးပဲလို့ တွေးကြည့်ပါ ။ Cheat လုပ်ခံနေရတာက...
27/02/2024

ဖောက်ပြန်ခြင်းနဲ့ ကြုံရတဲ့အခါ …

ဖောက်ပြန်တာကို ကြုံရတဲ့အခါ ဒါဟာ blessing တစ်မျိုးပဲလို့ တွေးကြည့်ပါ ။

Cheat လုပ်ခံနေရတာကို သိတဲ့အချိန်ဟာ နာကျင်ရပေမဲ့လည်း ကိုယ့်အတွက် တကယ်ကို အကျိုးရှိပါတယ် ။

ကိုယ့်အပေါ် စိတ်ဝင်စားမှုမရှိတော့တဲ့သူ ၊
မချစ်တော့ပဲ ညာနေတဲ့သူကို သိခွင်ရလိုက်တယ် ။
ခုလိုသာ စောစော မသိခဲ့ရရင် ဘယ်လောက်ကြာသည်အထိ ကိုယ့်ကို လိမ်ညာနေဦးမယ် မသိဘူး ။
ကိုယ့်ကို မချစ်တော့လို့ ၊ ဖောက်ပြန်ချင်လို့ ပြောင်းလဲလာတဲ့ သူ့အပြုမူတွေကို ကိုယ့်မှာတော့ ငါ့မှာ ဘယ်လိုအားနည်းချက်တွေရှိလို့များလဲ ဆိုပြီး အမျိုးမျိုး
ပြုပြင်နေခဲ့ရမှာ ၊ မတန်တဲ့ သူ့ကို ပိုဂရုစိုက်ပေးနေမိမှာ ။

ကြုံရဖူးတယ်မဟုတ်လား …
ဖောက်ပြန်ချင်လို့ စိမ်းကားလာတာကို သူအဆင်မပြေလို့ဖြစ်မှာပါဆိုပြီး အလိုက်တသိ တိတ်ဆိတ်နေပေးရတာတွေ ၊ နားလည်ပေးရတာတွေ ၊ သည်ခံတာမျိုးတွေ ၊ ဒါဟာ အကုသိုလ်တစ်မျိုးပဲ ။
ကိုယ့်ကို မကြည်ဖြူတော့တာကိုမသိပဲ သူ့အတွက်နဲ့
ပြယာတွေခတ်နေခဲ့ရတာ ။

ခုလိုမျိုး Cheat လုပ်နေတာကို သိခွင့်ရတဲ့အခါ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ ။ ငါ့မို့လို့ မချစ်တော့တာ ၊ ငါမကောင်လို့ ၊ ငါ့အားနည်းချက်တွေကြောင့် ဖြစ်တာလို့ မတွေးနဲ့ … ။ ဖောက်ပြန်တယ်ဆိုတာ ဗီဇ ပဲ ။ ဘယ်လောက်ပြည့်စုံအောင်ထားထား ဖောက်ပြန်ချင်သူက ဖောက်ပြန်တာပဲ ။

လူဆိုတာက ကိုယ်လိုချင်မြတ်နိုးလို့ ရယူပြီးတဲ့အရာတစ်ခုကို ရိုသေရမယ် ၊ တန်ဖိုးထားရမယ် ။
လူတစ်ယောက်အတွက် ရည်စူးပြီးသား ၊ ပေးပြီးသား အရာတစ်ခုကို တခြားသူဆီ ထပ်မပေးရဘူးဆိုတာ သိရမယ် ။ ဒါကို နားမလည်တဲ့သူ ၊ စိတ်ခံစားချက်အတက်ကျအတိုင်း ပြောင်းလဲနေတတ်သူဟာ ကိုယ့်အချစ်နဲ့မတန်ဘူး ။

ဖောက်ပြန်တာဟာ Gender လဲ ခွဲစရာမရှိဘူး ။ ဖောက်ပြန်ချင်တဲ့စိတ်ရှိရင် လူတိုင်း ဖောက်ပြန်လို့ရတယ် ။ သူ့ထက်ကောင်းတဲ့သူတွေ ၊ ပိုင်ရှင်ရှိမှန်းသိရက်
အတင်းဝင်တိုးတဲ့သူတွေ ၊ ဖောက်ပြန်ချင်စရာ ကောင်းလောက်အောင် မျက်နှာသာပေးနေတဲ့ အခွင့်ရေးတွေမှ အများကြီး ။ ကိုယ်ကလွဲပြီး သူ့မှာအခြားရွေးချယ်စရာမရှိဘူးလို့မှ မဟုတ်ပဲ ။

ဖောက်ပြန်ဖို့ အခွင်ရေးဘယ်လိုရရ လွယ်လွယ်
စိတ်မယိုင်သွားဘူး ဆိုတာ ကိုယ်ရွေးချယ်ပြီးတဲ့အရာကို တန်ဖိုးထားရမှာသိလို့ ၊ သစ္စာစောင့်တည်ရမယ်ဆိုတာ နားလည်လို့ပဲ မဟုတ်လား … ။

ကိုယ့်အပေါ် သစ္စာမစောင့်တည်နိုင်သူ ၊ ကိုယ့်အတွက် အပြည့်ဝမဟုတ်တဲ့သူကို လမ်းခွဲရတာဟာ ဝမ်းနည်းစရာမဟုတ်ဘူး ။ ကိုယ့်ကို အပြည့်ဝ တန်ဖိုးထားပြီး ချစ်ပေမဲ့သူတွေအများကြီးရှိတယ် ။

ဒီမှားယွင်းတဲ့လူတစ်ယောက်တည်းကိုပဲ စိတ်ရော ၊ လူပါ နှစ်ပြီးချစ်နေရင် ပင်ပန်းရတယ် ၊ အချိန်ကုန်တယ် ။ ကိုယ့် Energyတွေ ၊ မေတ္တာတရားတွေကို အလဟာသဖြုန်းပစ်တာနဲ့အတူတူပဲ ။

ကိုယ်လူနဲ့ ဖောက်ပြန်သွားတဲ့သူကိုလည်း ဒေါသထွက်စရာမလိုပါဘူး ။ ကိုယ့်လူသာ ကိုယ့်အတွက်သေချာရင် ဒီလိုဖြစ်စရာအကြောင်းမှ မရှိပဲ ။ ဒီလို ဖောက်ပြန်တဲ့ စရိုက်ရှိတဲ့သူ ၊ လိုသမျိုး မလိုသမျိုးပြောင်းလဲတတ်သူကို ကိုယ့်ဆီက ဆွဲထုတ်သွားတာ ။ ကိုယ့်အကုသိုလ်တွေကို သူက လိုလိုချင်ချင်ယူသွားတာပဲ ။ သူလဲ လိုချင်တာရပြီး ပျော်ပါစေ … ကိုယ်လဲ လွှတ်လပ်ပါစေပဲပေါ့ ။

ပိုင်ရှင်ရှိမှန်းသိရက် မက်မောတာဟာလဲ သိက္ခာမဲ့ခြင်း တစ်မျိုးပဲ ၊ ဒါကို ကိုယ်က လိုက်တုပြီး ရန်ရှာမယ် .. ပြဿနာတွေ လုပ်နေမယ်ဆို ကိုယ့် Role ကို ချသလိုပဲ ။

" Give people time. Give people space. Don't beg anyone to stay. Let them roam. What's meant for you, will always be yours. "

ဘယ်အရာကိုမှ ချုပ်နှောင်မနေပဲ လွတ်လပ်ခွင့်ပေးထားလိုက်ပါ ၊ သူသာ ကိုယ့်အတွက် ကိုယ့်လူဆိုတာမှန်ရင် ကိုယ့်အတွက် အမြဲ ရှိနေမှာပါပဲ ။

သူရှိချင်ရတဲ့ အကြောင်းပြချက်ကလည်း ကိုယ်ပဲဖြစ်နေမှာ ။ ဖောက်ပြန်တယ် ဆိုတည်းက ကိုယ့်အတွက်မရှိလို့ ၊ ကိုယ့်လူမဟုတ်လို့ပေါ့ ။ အသာတကြည်လွတ်ပေးလိုက်ပါ ။

ဒါ့ကြောင့် Cheat လုပ်ခံရတဲ့ သူအတွက် အကောင်းဘက်ကကြည့်ရင် ဖောက်ပြန်တာကို သိခွင့်ရခြင်းဟာ ကိုယ့်အတွက် ကောင်းခြင်းတစ်ပါးပဲ ။

ဖောက်ပြန်ခံရတဲ့အခါ … blessing တစ်ခုလို့ မှတ်ယူပြီး ၊ စိတ်သစ် လူသစ်နဲ့ ဘဝသစ်တစ်ခုကို
လှပစွာလျှောက်လှမ်းပါ … ၊၊


စိန်​နဂါးဆွဲသီး - 51 သိန်းနဲ့ အကိတ်​ကြီးဝတ်​ရမယ်​​နော်​တမျိုးတည်း instock မို့ ခုမှာ ခုရ ☺
27/02/2024

စိန်​နဂါးဆွဲသီး - 51 သိန်းနဲ့ အကိတ်​ကြီး
ဝတ်​ရမယ်​​နော်

တမျိုးတည်း instock မို့ ခုမှာ ခုရ ☺

ဘယ်အရာကိုမှ အကောင်းမမြင် တစ်ယောက်တည်း အထီးကျန်ရင်း စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် ဒီ ဇာတ်ကားလေးက အဖြေဖြစ်မယ်လို့ထင်ပါတယ်။ဒီဇာ...
27/02/2024

ဘယ်အရာကိုမှ အကောင်းမမြင် တစ်ယောက်တည်း အထီးကျန်ရင်း စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် ဒီ ဇာတ်ကားလေးက အဖြေဖြစ်မယ်လို့ထင်ပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင်လည်း ကိုယ့်ကိုကိုယ် အခြားသူတွေနဲ့ အဆင်‌မပြေဘူးလို့ထင်နေတဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်။ပြီးတော့ မင်းသားက Carl Allen အဖြစ် Jim Carrey ကသရုပ်ဆောင်ထားတာမလို့ လုံးဝ ကြည့်သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ကြည့်ခါမှ အရသာ ပိုကောင်းစေအောင်လို့ အစပိုင်းလေးပဲ ပြောပြေပေးပါမယ်။
Carl ဆိုတဲ့ လူက ကိုယ့်ကိုကိုယ် အဆိုးမြင်တဲ့အပြင် အခြားသူတွေကိုလည်း ကြည့်မရတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။သူငယ်ချင်းတွေ လာခေါ်ရင်တောင် မလိုက်ဘဲ သူဘာသူတစ်ယောက်တည်း အရာအားလုံးကို အဆိုးမြင်ရင်း ဖြတ်သန်းနေတဲ့ လူတစ်ယောက်ပေါ့။သူကိုယ်သူလည်း အခြားသူတွေနဲ့ မပေါင်းသင်းတတ်သူလို့ ထင်နေတဲ့သူမလို့ အလုပ်မှာ အဆင်မပြေတဲ့အပြင် ပျော်စရာအချိန်ဆိုတာတောင် မရှိခဲ့တာကြာပါပြီ။ဒါပေမယ့်လည်း တစ်ရက်မှာတော့ ဟောပြောပွဲ တစ်ခုကို သွားနားထောင်ရင်း သူ့အတွက် လိုအပ်နေတဲ့ ကွက်လပ်လေးရဲ့ အဖြေကို တွေ့သွားပါတယ်။အဲ့ဒီအဖြေလေးအတိုင်းပဲ ကျင့်သုံးရင်း သူက လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံတာ ကောင်းမွန်လာပြီး အလုပ်မှာလည်း ရာထူးတွေပါ တိုးလာခဲ့ပါတယ်။သူ့အတွက် အရာရာ အဆင်ပြေလာပေမယ့် သူ့က အဖြေအတိုင်း ကျင့်သုံးရာမှာ လိုအပ်‌ချက်လေးတွေ ရှိနေခဲ့ပါတယ်။အဲ့ဒီ အဖြေက ဘာဖြစ်မလဲ ၊ သူကရော ဘာလိုအပ်လေးတွေ ရှိနေလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ ကိုယ့်ကိုကို အဆိုးမြင်နေတဲ့သူတွေအတွက် ရလာတဲ့ အခွင့်အရေးတွေကို လက်မလွှတ်သင့်ကြောင်းကို ဟာသလေးနဲ့ ရောနှောပြီး ပြောပြထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။အဲ့တာကြောင့်မလို့ တစ်ယောက်တည်း အထီးကျန်နေတယ် စိတ်ညစ်နေတယ်ဆိုရင် "Yes Man(2008)" ဆိုတဲ့ ရုပ်ရှင်လေးက အဖြေပေးနိုင်မယ်ထင်လို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

Yes Man (2008)

ဇာတ်ကားကြည့်ရန် တယ်လီဂရမ် လင့်

https://t.me/apexorigin101/46

ကျွန်ဝောာ်တို့ MSP ရဲ့ Fb Group လေးဖြစ်ပါတယ်
https://www.facebook.com/groups/233004103092823/?ref=share&mibextid=NSMWBT

•ချစ်​စရာစိန်​နားကပ်​​လေး​တွေ• တရံချင်း​ဈေး​လေးပါတယ်​ သဲတို့​ရေ•အချိန်​မ​ရွေး ​ရောင်းလဲ 12,7% ပါအတန်​ဆုံး​ဈေးဘဲ ​ရော...
27/02/2024

•ချစ်​စရာစိန်​နားကပ်​​လေး​တွေ
• တရံချင်း​ဈေး​လေးပါတယ်​ သဲတို့​ရေ
•အချိန်​မ​ရွေး ​ရောင်းလဲ 12,7% ပါ
အတန်​ဆုံး​ဈေးဘဲ ​ရောင်း​ပေးပါတယ်

Kpay,wave pay,AYA pay % မဖြတ်​ဘဲ ဝယ်​ယူအား​ပေးနိုင်​ပါတယ်

အထည်​​လေး​တွေက အကုန်​မြန်​လို့ post တင်​တုန်း ကြိုက်​ရင်​ ယူ​စေချင်​ပါတယ်

Order သစ်​ဆို order ​ဈေးသွားပါတယ်​ သဲ​လေးတို့ 😉

#ပြည်​တွင်းပြည်​ပပို့​ပေးသည်

#စိန်​နားကပ်​အ​သေး

#ရန်​ကုန်​instockအထည်
09670834833

25/10/2023

(1:32pm)
25.10.2023
$3270
3440000
3430000

အမြဲသတင်း​တွေ မပြတ်​သိရဖို့ like & share ​လေးလုပ်​ထား​ပေးပါရှင့်​ ☺

  Price- 1,500,000 ksသီတင်းကျွတ်​ promotion မို့ ရှယ်​တန်​မယ်​​နော်​ ☺​ရောင်းလဲ 18%      May Thet Su
20/10/2023


Price- 1,500,000 ks
သီတင်းကျွတ်​ promotion မို့ ရှယ်​တန်​မယ်​​နော်​ ☺

ရောင်းလဲ 18%




May Thet Su

Address

Yangon

Telephone

+959670834833

Website

Alerts

Be the first to know and let us send you an email when May-Diamond gold and jewellery shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share