Me & My Progress

Me & My Progress Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Me & My Progress, Yangon.

ချမ်းသာဖို့/ဘဝမှာ အပူအပင်မရှိနေနိုင်ဖို့ ပိုက်ဆံတွေရှာကြတယ်။ ရှာရင်း ရှာရင်းနဲ့ ‘ကဲ ဒီလောက်ဆို လုံလောက်ပြီ’ ဆိုပြီး ကြည်...
04/05/2025

ချမ်းသာဖို့/ဘဝမှာ အပူအပင်မရှိနေနိုင်ဖို့ ပိုက်ဆံတွေရှာကြတယ်။ ရှာရင်း ရှာရင်းနဲ့ ‘ကဲ ဒီလောက်ဆို လုံလောက်ပြီ’ ဆိုပြီး ကြည့်လိုက်တဲ့အခါ ‘အသက််အတော်ရနေပြီ’။

▪️ဝယ်နိုင်ပေမယ့် မစားနိုင်တော့ဘူး
▪️ဝယ်နိုင်ပေမယ့် မဝတ်ချင်တော့ဘူး
▪️စိတ်ကသွားပေမယ့် ကိုယ်ကမပါချင်တော့ဘူး

တနေ့မှာ ဘဝကို အေးဆေး enjoy လုပ်ဖို့ ရှာဖွေလာသမျှဟာ ဆေးဖိုးဝါးခတွေ ဖြစ်ကုန်ပြီ။

ပျော်ရွှင်မှုမှာလည်း expired date ရှိတယ်ဆိုသလိုပဲ -

*** ဘဝမှာ timingတွေကိုက်မှ တကယ်ပျော်ရတာပါ။ ***

ခုခေတ် လူငယ်လူလတ်ပိုင်းတော်တော်များများ
-Financial freedom နဲ့ Early retirement ရဖို့ striving လုပ်ကြတယ်

တချို့လည်း
-သမားရိုးကျအတိုင်း အသက် ၆၀ လောက်မှပဲပင်စင်ယူပြီး အပြည့်အဝနားလိုက်မယ်ဆိုတာမျိုး။

▪️ဒါနဲ့
ဘဝက သင့်ကို စောင့်နေမှာ သေချာလို့လား??

မနက်ဖြန်တောင်မှ မသေချာတဲ့ဘဝကြီးမှာ
အချိန်ကောင်း အရွယ်ကောင်းတွေ လက်လွတ်ခံမယ့်အစား

သေချာတဲ့ ဒီအချိန်၊ ဒီပစ္စုပ္ပန်မှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး mini retirements လေးတွေပေးပါ။

“ Retirement Vs Mini retirements “

ပုံမှန်ပင်စင် (Retirement)
->အသက် ၆၀ အထိ အလုပ်လုပ်၊
-> အသက် ၆၀ နောက်ပိုင်း နှစ်ဆယ်နဲ့ချီပြီးလုံးဝအနားယူ

ပင်စင်ငယ်လေးများ (mini retirements)
->ဘယ်အရွယ်နေနေ အလုပ်ကြိုးစားနေရင်း
->ကြားထဲမှာ ၁ပတ်တန်သည် ၁လတန်သည် ကြိုကြား ကြိုကြား နားရက်ယူပြီး
->ခရီးထွက်တာဖြစ်ဖြစ်/ဝါသနာပါတာ တစ်ခုခုကို လုပ်တာဖြစ်ဖြစ်/ whatever it can be ….. ကိုယ်ကြိုက်ရာ ကိုယ်လုပ်ဖို့ပါ

mini retirements ဘာလို့ယူသင့်တာလဲ?
ဘဝမှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်တွေရောက်ဖို့ ကြိုးစားသင့်သလို၊ တစ်ဖက်ကလည်း

✔️ဘဝကို အချိန်မနှောင်းခင် enjoy လုပ်နိုင်ဖို့
{ Don’t let your life pass you by! }
✔️စိတ်ဖိစီးမှုတွေ လျှော့ချဖို့
✔️အားအင်ပြန်ဖြည့်ပြီး idea ကောင်းတွေရဖို့
✔️ဘဝကို ပြန်လည်သုံးသပ်နိုင်ဖို့
✔️ချစ်ရသူတွေကို သက်ရှိထင်ရှားရှိနေစဉ်အတွင်း အချိန်ပေးနိုင်ဖို့

Reference 💡 ဒီ mini retirements ဆိုတဲ့ concept ကိုစာရေးဆရာ Tom Ferriss ရဲ့ The 4-Hour Workweek စာအုပ်ဖတ်ရင်း သိလာရတာပါ။ ကျနော်ကိုယ်တိုင်လည်း ကြိုက်သလို ဒီစာအုပ်မဖတ်ရသေးတဲ့ အခြားသူတွေကိုလည်း ပြန် share ချင်လို့ ဒီစာလေးရေးဖြစ်သွားပါတယ်။

ဒီစာကိုဖတ်နေသူတွေထဲမှာရော mini retirements ကို လက်တွေ့ကျင့်သုံးသူတွေ ရှိကြလားခင်ဗျာ? ဘယ်လို benefits တွေရလဲ …. အပန်းမကြီးရင် sharing လုပ်သွားပေးကြပါဉီးဗျ။

( Note - လက်ရှိအခြေအနေတွေအရတော့ အားလုံးကြပ်တည်းနေတဲ့ ကာလဖြစ်တဲ့အလျောက် ဒီ concept က လူငယ်/လူလတ်ပိုင်း တော်တော် များများအတွက် apply လုပ်ရခက်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ရှိနေတဲ့ အနေအထားတစ်ခုမှာ ကိုယ့်နည်းကိုယ့်ဟန်လေးနဲ့ အနားယူ + လက်ရှိပစ္စုပ္ပန် ကို enjoy လုပ်ဖို့ မမေ့ဖို့လေး သတိပေးချင်တာပါခင်ဗျာ။

ကုန်ပစ္စည်းတွေမဟုတ်တဲ့ ကျနော်တို့လို လူသားတွေမှာ expiry date ကို ကြိုမသိနိုင်ဘူးမဟုတ်လား…. )

**ဤပို့စ်အား လွပ်လပ်စွာ share နိုင်ပါသည်။
ပြန်လည်ကူးယူခွင့်မပြုပါ။**

Me & My Progress

Address

Yangon
1139

Website

Alerts

Be the first to know and let us send you an email when Me & My Progress posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share