The Empress Gems and Jewellery

The Empress Gems and Jewellery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Empress Gems and Jewellery, Yangon.

ချစ်သူကိုပေးဖို့အတွက်ဆို ………..ရင် အိုကွယ် လှလွန်းတယ် 🥰
13/02/2026

ချစ်သူကိုပေးဖို့အတွက်ဆို ………..ရင်

အိုကွယ်

လှလွန်းတယ် 🥰

🥰😍
13/02/2026

🥰😍

22/01/2026
22/01/2026

သွေးပြီးသား ပတ္တမြား တစ်လုံးကို မြင်လိုက်ရုံနဲ့ အကောင်းလား၊ အညံ့လားဆိုတာ သင် တကယ်ခွဲခြားတတ်ပြီလား? 💎

ပတ္တမြားကို အရိုင်းအတုံးဝယ်တာနဲ့ သွေးပြီးသားတာပလာ ကို ဝယ်ယူတဲ့အခါ ပေးရတဲ့စျေးနဲ့ တန်ဖိုးမျှတဖို့အတွက် ကြည့်ရမယ့်အချက်တွေရှိပါတယ်။

ဒီနေ့မှာတော့ကျွန်မရဲ့ အတွေ့အကြုံအရ ပတ္တမြား သွေးပြီးသား တာပလာကို ဝယ်ယူရာမှာ မဖြစ်မနေ စစ်ဆေးရမယ့် အချက် (၇) ချက်ကို အခုလိုပဲ မျှဝေပေးလိုက်ပါတယ်ရှင်။

💎 ပတ္တမြား (Faceted Stone) ဝယ်ယူရာတွင် စစ်ဆေးရမည့် အချက် (၇) ချက်
၁။ အရောင်
အရေးအကြီးဆုံးအချက် ပတ္တမြားရဲ့ တန်ဖိုးကို အရောင်က အဓိက ဆုံးဖြတ်ပါတယ်။ အနီရောင်စစ်စစ် ဖြစ်ရပါမယ်။ အပြာဘက် သို့မဟုတ် အညိုဘက်ကို လွန်ကဲစွာ ဆင်းမနေရသလို၊ အရောင်ကွက်ခြင်း မရှိဘဲ တစ်လုံးလုံး ညီညာနေဖို့ လိုပါတယ်။

၂။ အလင်းပြန်မှုနှင့် တောက်ပမှု (Luster)
ကျောက်ရဲ့ Luster ကိုကြည့်တဲ့အခါမှာ သွေးပြီးသားကျောက် ဖြစ်တဲ့အတွက် အလင်းပြန်မှု ကောင်းရပါမယ်။ ကျောက်ကြည့်မီးနဲ့ ထိုးကြည့်တဲ့အခါ ကျောက်အတွင်းထဲကနေ မီးထွန်းထားသလို တောက်ပနေရပါမယ်။ အလင်းပြန်မှုမရှိဘဲ မှိုင်းနေတဲ့ ကျောက်မျိုးကို ရှောင်ရပါမယ်။

၃။ Cutting သို့မဟုတ် ကျောက်ပုံကျမှု
ကျောက်ရဲ့ မျက်နှာပြင် တွေ ညီညာမှုရှိရပါမယ်။ အချိုးအစား မမှန်ဘဲ ကျောက်က တခြမ်းစောင်းနေတာမျိုး စျေးကွက်ထဲမှာဆို ရသွေးသွေးတယ္လို့တော့ပြောကြပါတယ်။ အဲ့လိုဆိုရင် ကျောက်အရောင်ကိုပါအနှာင့်အယှက်ဖြစ်နိုင်လို့ ဒါကိုကြည့်ဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ် အလင်းပေါက် တွေ ဖြစ်နေရင် အရောင်ကောင်းပေမယ့် ကျောက်ရဲ့ အလှနဲ့ တန်ဖိုးကို ကျဆင်းစေပါတယ်။

၄။ အတွင်းအပြစ်အနာ
သဘာဝကျောက်မှာ အနာအဆာ ရှိတာ သဘာဝပါ။ ဒါပေမဲ့ မျက်စိနဲ့ အထင်အရှား မြင်နေရတဲ့ အပြားကြီးတွေ ဒါမှမဟုတ် အက်ကြောင်း တွေ ပါဝင်နေရင်တော့ လွယ်လွယ်နဲ့ ကွဲနိုင်တဲ့အတွက် သတိထားရပါမယ်။

၅။ Treatment
ဒီအချက်က စျေးနှုန်းကို အဓိက ပြောင်းလဲစေပါတယ်။ ကျွန်မတို့က Treatment Stone လို့ပြောတာနဲ့ Temperature ပေးတာလား Radiation လုပ်တာလား ဒါမှမဟုတ် Chemical တွေနဲ့ Glass filled လိုပုံစံ ပြုပြင်ဖန်တီးထားတာလားကြည့်ရမှာဖြစ်ပါတယ်။ တချို့ကျောက်တွေမှာဆိုရင် အပူပေးထားရုံ ကို လက်ခံနိုင်ပေမယ့် တခြားအရာတွေ ဥပမာ Glass filling (သို့မဟုတ်) Lead fillingပါဝင်နေရင်တော့ တန်ဖိုး သိသိသာသာ နိမ့်ကျသွားပါတယ်။ ဒါတွေကိုတော့ Certificate တွေမှာ သေချာကြည့်နိုင်ပါတယ်

၆။ အလေးချိန်
ပတ္တမြား/ နီလာလို Precious gem ဖြစ်ပြီး ကျောက်ရည် ကျောက်သား ကျောက်အရောင်ကောင်းတယ် အလေးချိန် ၁ ကာရက်အထက်ဆိုရင် ၀ယ်သင့်ပါတယ်။ စျေးတက်တာ မြန်ပါတယ်။ ဒါပေမဲ့ အရောင်မကောင်းဘဲ အလေးချိန်ကြီးတာထက် အရောင်တောက်ပြောင်တဲ့ အသေးလေးက ပိုပြီး တန်ဖိုးရှိသလို ပြန်ရောင်းတဲ့အခါမှာလည်း ပိုလွယ်ကူပါတယ်။

၇။ Origin & Certificate
မြန်မာ့မိုးကုတ်ပတ္တမြား ဟာ သန့်စင်မှုကောင်း အရောင်ကောင်းရင်ကမ္ဘာမှာ အကောင်းဆုံးနဲ့ စျေးအကြီးဆုံးပါ။ ဝယ်ယူတဲ့အခါ ယုံကြည်ရတဲ့ SSEF , GIA, GRS သို့မဟုတ် Gübelin , ကဲ့သို့ နိုင်ငံတကာအဆင့်မီ (Certificate) ပါဝင်တာက အကောင်းဆုံးဖြစ်ပါတယ်။

ပတ္တမြားတွေထဲမှာ "Pigeon’s Blood Red" ဟာ အမြင့်ဆုံးနဲ့ တန်ဖိုးအရှိဆုံး အရောင်ဖြစ်ပါတယ်။ ဒီလိုကျောက်မျိုးကို ဝယ်ယူနိုင်ရင် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။

ကျောက်ဝယ်တဲ့အခါ မဖြစ်မနေ မေးရမယ့် မေးခွန်းက "ဒီကျောက်က Heat only လား? Glass filling ပါလား?" ဆိုတာပါပဲ။ ဒီမေးခွန်းကို မေးတတ်ခြင်းက အလိမ်အညာ ခံရခြင်းကနေ ၅၀ ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင်ပါတယ်။

သေချာသိချင်ရင်တော့ ကျွန်မသင်တန်းမှာအသေးစိတ်လာရောက်လေ့လာနိုင်ပါတယ် 💫committed to excellence💫 သိလိုတာများမေးမြန်းလိုပါက ဖုန်း ☎️-09886666481, 09660535455.,-Viber နှင့် ပေ့ချ် မက်ဆေ့တွင်မေးမြန်းနိုင်ပါတယ်ရှင် 📝 သင်တန်းရဲ့အားသာချက်တွေကြောင့်လူအမြဲပြည့်တဲ့အတွက်စာရင်းကြိုသွင်းရပါတယ်ရှင် YouTube www.youtube.com/ TikTok https://www.tiktok.com/...
ပုံနှင့်စာယူသုံးခွင့်မပြုပါ
ပိုစ်ကိုလွတ်လပ်စွာရှယ်နိုင်ပါတယ်

22/01/2026

ကျောက်မျက်ရတနာကို၀ယ်ယူရင် ဘယ်လိုကြည့်ရမလဲဆိုတာ လူတိုင်းမေးလေ့ရှိကြတဲ့ General မေးခွန်းဖြစ်သလို ကျောက်မျက်ရတနာတွေကို အလှအပတစ်ခုတည်းကြည့်ပြီး ဝယ်နေမိလို့ နောင်တရနေသူတွေကို ကျွန်မ ခဏခဏ တွေ့ဖူးပါတယ်။

ကျောက်မျက်ရတနာဆိုတာ အလှဆင်ဖို့တင်မကဘဲ တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု (Asset) ဖြစ်တာကြောင့် စနစ်တကျ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

အဓိကကတော့ ၀ယ်တော့မယ်ဆိုရင် ဘယ်လိုကျောက်အမျိုးအစားကို၀ယ်မှာလဲဆိုတာကို သိရပါမယ်။ Precious gem လား other precious gem လား ဘာကို၀ယ်မှာလဲ။
Precious gem ကို၀ယ်မယ်ဆိုရင်တော့ ကျွန်မပြောနေကျ 6c အပြင် နောက်ထပ် ၂ချက် စုစုပေါင်း ၈ ချက်ကို သိထားရပါမယ်။

၁။ ကျောက်အမျိုးအစား
မိမိဝယ်ယူမယ့် ရတနာအမျိုးအစား (ဥပမာ - စိန်၊ ပတ္တမြား၊ မြ၊ နီလာ) ကို အတိအကျ သိထားရပါမယ်။ ဒါဟာ သဘာဝကျောက်စစ်စစ် လား၊ ပြုပြင်ထားတဲ့ကျောက်လား ဒါမှမဟုတ် ဓာတ်ခွဲခန်းထုတ် လက်လုပ်ကျောက်လား ဆိုတာကို အရင်ဆုံး မေးမြန်းခွဲခြားရပါမယ်။

၂။ အရောင်
ရတနာတစ်လုံးရဲ့ တန်ဖိုးကို အများဆုံး သတ်မှတ်တာက အရောင် ပါ။ အရောင်ရဲ့ တောက်ပြောင်မှု၊ Saturation နဲ့ အရောင်ညီညွတ်မှုကို ကြည့်ရပါမယ်။ မဲလွန်းတာ ဒါမှမဟုတ် ဖျော့လွန်းတဲ့ ကျောက်တွေက တန်ဖိုး သိသိသာသာ ကျတတ်ပါတယ်။

၃။ Clarity
ကျောက်ရဲ့အတွင်းမှာ အပြစ်အနာအဆာ ဘယ်လောက်ရှိလဲဆိုတာ ကြည့်ရပါမယ်။ မျက်လုံးနဲ့ မြင်ရလောက်အောင် အပြစ်များနေရင် တန်ဖိုးကျပါတယ်။ ကျောက်သား သန့်ရှင်းမှု ကောင်းလေလေ စျေးနှုန်း မြင့်လေလေပါပဲ။

၄။ Cut
ကျောက်တစ်လုံးရဲ့ အလှအပနဲ့ တောက်ပမှု ဟာ ဖြတ်တောက်ပုံပေါ်မှာ အများကြီး မူတည်ပါတယ်။ ဖြတ်တောက်မှု မကောင်းရင် ဘယ်လောက်ပဲ အရောင်ကောင်းတဲ့ကျောက်ဖြစ်ပါစေ တောက်ပလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် အချိုးညီညာမှုနဲ့ ပုံသဏ္ဌာန်လှပမှုကို သေချာကြည့်ပါ။

၅။ အလေးချိန် / ကာရက်
အလေးချိန် ကြီးလေလေ စျေးနှုန်း မြင့်လေလေ ဖြစ်ပေမယ့် အရောင်နဲ့ သန့်ရှင်းမှု မကောင်းရင်တော့ ထိုက်တန်တဲ့ တန်ဖိုး ရှိမှာမဟုတ်ပါဘူး။ ကာရက်ကြီးတာ တစ်ခုတည်းကိုပဲ မကြည့်ဘဲ တခြားအရည်အသွေးတွေနဲ့ မျှတမှု ရှိမရှိ ကြည့်ရပါမယ်။

၆။ Treatment
ကျောက်ကို အပူပေးထားတာလား၊ ဒါမှမဟုတ် ဆေးသွင်းထားတာလား စတာတွေကို သေချာ မေးမြန်းရပါမယ်။ ပြုပြင်ဖန်တီးထားတဲ့ ကျောက်တွေက သဘာဝအတိုင်း ရှိနေတဲ့ ကျောက်တွေထက် တန်ဖိုး အများကြီး နည်းပါတယ်။

၇။ အတည်ပြုလက်မှတ်
တန်ဖိုးကြီးတဲ့ ကျောက်မျက်တွေ ဝယ်မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ ဓာတ်ခွဲခန်းလက်မှတ် (ဥပမာ - GIA, GRS, AIGS စသည့်) ရှိဖို့ လိုအပ်ပါတယ်။ လက်မှတ်မရှိဘဲ စျေးကြီးတဲ့ ကျောက်တွေကို ဝယ်ယူခြင်း မပြုသင့်ပါဘူး။

၈။ Pricing

Pricing ကို သိချင်တယ်ဆိုရင်တော့ အပေါ်ကပြောခဲ့တဲ့ Grading တွေကိုကောင်းကောင်းသိရပါမယ္။ Diamond GIA မှာ Pricing ကိုသတ်မှတ်လို့ရသလို ဒီကျောက်တွေမှာလည်း Pricing ကိုသတ်မှတ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ကျွန်မသင်တန်းမှာတော့ Pricing Grading ကိုကျွမ်းကျင်စေဖို့ သီးသန့်Class လေးတွေလည်းရှိပါတယ်။

ဆိုတော့ ဒါက Precious gem တွေဖြစ်တဲ့ ပတ္တမြား/နီလာ/ကျောက်စိမ်း/မြ/ စိန် စတာတွေအတွက်ပါ။ ဒီငါးမျိုးထဲမပါတဲ့ Other precious gem တွေကိုလည်း ၀ယ်ယူရင် ကြည့်ရမယ့်အရာတွေရှိပါသေးတယ်။ ဒါကို နောက် post တွေမှာဆက်ပြောပေးပါမယ်။

မှတ်ထားရမယ့် သင်ခန်းစာကတော့ "စျေးချိုလွန်းရင် သံသယထားပါ" ဆိုတဲ့ အချက်ပါပဲ။ ကျောက်မျက်ရတနာဆိုတာ သူ့ရဲ့ အရည်အသွေးအတိုင်း စျေးနှုန်းက ရှိပြီးသားပါ။ အလှအတွက်ပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် မဝယ်ခင်မှာ ကိုယ်တိုင် အခြေခံ ဗဟုသုတ ရှိထားတာက အကောင်းဆုံး အကာအကွယ်ပါပဲ။

မိမိတို့ ဝယ်ယူချင်တဲ့ ကျောက်မျက်အမျိုးအစားအလိုက် (ဥပမာ - စိန်၊ ပတ္တမြား၊ မြ) အသေးစိတ် သိလိုတာရှိရင် ကွန်မန့်မှာ မေးမြန်းနိုင်ပါတယ်ရှင် 📍။

သေချာသိချင်ရင်တော့ ကျွန်မသင်တန်းမှာအသေးစိတ်လာရောက်လေ့လာနိုင်ပါတယ် 💫committed to excellence💫 သိလိုတာများမေးမြန်းလိုပါက ဖုန်း ☎️-09886666481, 09660535455.,-Viber နှင့် ပေ့ချ် မက်ဆေ့တွင်မေးမြန်းနိုင်ပါတယ်ရှင် 📝 သင်တန်းရဲ့အားသာချက်တွေကြောင့်လူအမြဲပြည့်တဲ့အတွက်စာရင်းကြိုသွင်းရပါတယ်ရှင် YouTube www.youtube.com/ TikTok https://www.tiktok.com/...
ပုံနှင့်စာယူသုံးခွင့်မပြုပါ
ပိုစ်ကိုလွတ်လပ်စွာရှယ်နိုင်ပါတယ်

ရတနာရှိရာ ရတနာ လာ 💎💎💎💎💎💎
05/01/2026

ရတနာရှိရာ ရတနာ လာ 💎💎💎💎💎💎

January Birthstone 😇Garnet 💎
05/01/2026

January Birthstone 😇Garnet 💎

Address

Yangon

Telephone

+959421124586

Website

Alerts

Be the first to know and let us send you an email when The Empress Gems and Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share