Zin Gold and Jewellery

Zin Gold and Jewellery ပစ္စည်းမှန် စျေးမှန် စေတနာမှန် ဖြင်?

ရွှေ Point ဈေးလေးတွေ ခဏရပ်ထားပါ့မယ်ရှင့်ပြန်ဖွင့်ရင် အသစ် ပြန်တင်ပေးပါ့မယ်
13/06/2025

ရွှေ Point ဈေးလေးတွေ ခဏရပ်ထားပါ့မယ်ရှင့်

ပြန်ဖွင့်ရင် အသစ် ပြန်တင်ပေးပါ့မယ်

12.6.2025//9:30AM1 Point= 6200 MMK
12/06/2025

12.6.2025//9:30AM
1 Point= 6200 MMK

11.6.2025//9:00AM1 Point= 6150 MMK
11/06/2025

11.6.2025//9:00AM
1 Point= 6150 MMK

ရွှေလုပ်တဲ့အယောက် ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းခန့်က ရွှေရောင်း ရွှေ၀ယ်တာနဲ့ ပတ်သတ်ပြီးနားမလည်ကြပါဘူး။ နားမလည်သည့်အတွက် ဆုံးရ...
09/06/2025

ရွှေလုပ်တဲ့အယောက် ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းခန့်က ရွှေရောင်း ရွှေ၀ယ်တာနဲ့ ပတ်သတ်ပြီးနားမလည်ကြပါဘူး။

နားမလည်သည့်အတွက် ဆုံးရှုံးနစ်နာမှုတွေဖြစ်စေနိုင်ပါတယ်။
ထို့ကြောင့်ရွှေနဲ့ပတ်သတ်ပြီး အခြေခံဗဟုသုတလေး မျှဝေပေးလိုက်ပါတယ် . . .

ရွှေဆိုသည်မှာ..........
- အခေါက်ရွှေ (သို့မဟုတ်) မီးလင်း
- ၁၅ ပဲရည် (ဆယ့်ငါးပဲရည်)
- ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်
- ၁၄ ပဲရည် (ဆယ့်လေးပဲရည်)
- ရွေးသုံးဆယ်စပ်
- မိုးကြိုး

"ရွှေ" ကိုချိန်တွယ်ရာတွင် "ကျပ်သား" ပေါ် မူတည်စံပြု၍ ချိန်တွယ်သောကြောင့် ရွှေအချိန်အတွယ်တွင်
"ကျပ်သား" ၊ "ပဲသား" ၊ "ရွေးသား" ဟူ၍ အဆင့်ဆင့် ပါရှိသည်။
တစ်ကျပ်သား = ၁၆ ပဲသား
တစ်ကျပ်သား = ၁၂၈ ရွေးသား (ရန်ကုန်အချိန်)
တစ်ကျပ်သား = ၁၂၀ ရွေးသား (မန္တလေးအချိန်)
၁-ပဲသား = ၈ ရွေးသား (ရန်ကုန်အချိန်)
၁-ပဲသား = ၇.၅ ရွေးသား (မန္တလေးအချိန်) ။

အောက်ပါတို့မှာ ရန်ကုန် အလေးချိန်ဖြစ်ပါသည်။
တစ်ကျပ်သား = ၁၆ ပဲ = ရွေး ၁၂၈
ငါးမူးသား = ၈ပဲ(ရှစ်ပဲ) = ရွေး ၆၄
တစ်မတ်သား = ၄ပဲ = ရွေး ၃၂
တမူးသား = ၂ပဲ။ = ရွေး ၁၆
တစ်ပဲသား = ရွေး ၈ ။
အောက်ပါတို့မှာ မန္တလေး အလေးချိန်ဖြစ်ပါသည်။
တစ်ကျပ်သား = ၁၆ ပဲ =ရွေး ၁၂၀
ငါးမူးသား = ၈ပဲ(ရှစ်ပဲ) = ရွေး ၆၀
တစ်မတ်သား = ၄ပဲ = ရွေး ၃၀
တစ်မူးသား = ၂ပဲ = ၁၅ ရွေး
တစ်ပဲသား = ၇.၅ ရွေး ။

ရွှေ၏ အရည်အသွေးနှင့် အခေါ်ဝေါ်ဖြစ်ပေါ်ပုံ ......
မီးလင်း နှင့် အခေါက်သည် အတူတူ ခေါ်ဝေါ်ပုံသာကွဲသည် ရွှေစျေး အသုံးအနှုန်းကို အခေါက်ရွှေနှင့်သာ
အရောင်းအ၀ယ်လုပ်သူများ အသုံးပြုပြောကြားကြသည်။

အခေါက်ရွှေဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်းဒြပ်စင်ဖြစ်သည်။
၁၅ ပဲရည်ဆိုသည်မှာ အခေါက်ရွှေ ၁၅ပဲသားနှင့် ကြေးနီ+ဘော် အချိုးကျ ၁ဲ(တစ်ပဲ) သားနှင့်ရောစပ်ပြီး
တစ်ကျပ်သားပြုလုပ်ထားတာဖြစ်သည်။

ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်ဆိုသည်မှာလည်း အခေါက်ရွှေ ၁၀၈ ရွေးကို ကြေးနီ+ဘော် ၁၂ ရွေးအချိုးကျ ရောစပ်ထားတာဖြစ်သည်။
၁၄ ပဲရည်(ဆယ့်လေးပဲရည်) ဆိုသည်မှာလဲ ထိုနည်း၄င်း အခေါက်ရွှေ ၁၄ပဲ (ဆယ့်လေးပဲ)သားကို ကြေးနီနှင့် ဘော်အချိုးကျ ၂ပဲသား(နှစ်ပဲသား) ရောစပ်ထားခြင်းပဲဖြစ်ပါသည်။
ရွေးသုံးဆယ်စပ် ဆိုတာကတော့ အခေါက်ရွှေ သုံးမတ်သား ရွေး (သို့) ၁၂ပဲသားကို ကြေးနီနှင့် ဘော် အချိုးကျ ၁ မတ်သားရောစပ်၍ တစ်ကျပ်သား ဖြစ်အောင်ပြုလုပ်ထားတာဖြစ်သည်။
မိုးကြိုး- ဆိုသည်မှာတော့ အခေါက်ရွှေ တစ်မတ်သား (၄ပဲ)ကို ကြေးနီ နှင့်ဘော် အချိုးကျ သုံးမတ်သား(၁၂ပဲ)သားရောစပ် ၍တစ်ကျပ်သားဖြစ်အောင်ပြုလုပ် ထားတာဖြစ်တယ်။
အခေါက်ရွှေတစ်ကျပ်သား စျေးဘယ်လောက်ရှိတယ်ဆိုတာ သိရင် ကျန်တဲ့အရွှေအမျိုးအစားတွေရဲ့စျေးဟာလဲ ဘယ်လောက်ရှိတယ်ဆိုတာ ဒီလို ဒီလို ဖော်မြူလာလေးတွေ ရှိတယ် . . . ။

မန္တလေအချိန်အတွယ်ဖြင့် တွက်ပြထားသော ဖော်မြူလာ ......
အခေါက်ရွှေစျေး x ၁၁၂.၅ / ၁၂၀ = ၁၅ပဲရည်စျေး
အခေါက်ရွှေစျေး x ၁၀၈ / ၁၂၀ = ဒင်္ဂါးရည်စျေး
အခေါက်ရွှေစျေး x ၁၀၅ / ၁၂၀ = ၁၄ပဲရည်စျေး
အခေါက်ရွှေစျေး x ၉၀ / ၁၂၀ = ရွေးသုံးဆယ်စပ်စျေး
အခေါက်ရွှေစျေး x ၃၀ / ၁၂၀ = မိုးကြိုးစျေး ။
ရန်ကုန်အချိန်အတွယ်ဖြင့် ပြန်လည်တွက်ပြထားသော ဖော်မြူလာ ....
အခေါက်ရွှေစျေး x ၁၂၀ / ၁၂၈ = ၁၅ပဲရည်စျေး
အခေါက်ရွှေစျေး x ၁၁၅.၂ / ၁၂၈ = ဒင်္ဂါး ရည်စျေး
အခေါက်ရွှေစျေး x ၁၁၂ / ၁၂၈ = ၁၄ပဲရည်စျေး
အခေါက်ရွှေစျေး x ၉၆ / ၁၂၈ = ရွေးသုံးဆယ်စပ်စျေး
အခေါက်ရွှေစျေး x ၃၂ / ၁၂၈ = မိုးကြိုးစျေး ... ဖြစ်ပါသည် ။
အခေါက်ရွှေ ဟာပျော့တယ်
ကြေးနီနှင့်ဘော် ပါ၀င်နှုန်းများလာလေ ရွှေဟာအရည်ညံလေမာလာလေဖြစ်ပါတယ်။
အခေါက်ရွှေကို မီးနဲ့ နီရဲးလာအောင် အပူပေး ရေထဲသို့ ချလျှင်သော်၄င်း ဒီအတိုင်းပဲ အအေးခံလျှင်သော်၄င်း အဝါရောင်အတိုင်း မပြောင်းလဲပဲမြင်တွေ့ရပါလိမ့်မယ်။
ရွှေထည်များ၀ယ်ယူ ၀တ်ဆင်ပြီးပါက
ပြန်လည်ရောင်းချသောအခါဘောက်ချာပျောက်လျှင်သော်၄င်း မိမိ၀ယ်ယူသည့်ဆိုင်မဟုတ်ပဲ
တစ်ခြားဆိုင်သို့ရောင်လျှင်သော်၄င်း စျေးအနှိမ်ခံရပါတယ်။
အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့
ရွှေထည်တစ်ခု လုပ်တော့မယ်ဆိုရင် ဂဟေဆော်ရတယ်။ အဲ့ဒီဂဟောဆော်ဖို့က
အထည်လုပ်မည့်ရွှေ အမျိုးအစား ၂ ဆကို ကြေးနီနှင့်ဘော် ဆတူ၀န်းကျင် ရောစပ်ထားတဲ့ စပ်ခဲ ၁ဆနဲ့ရောရတယ်။
ရွှေထည်တစ်ကျပ်သားဆိုပါက စပ်ခဲ ၁ ရွေးမှစ၍ ၅ ရွေး ၆ ရွေးအထိ၀င်ပါတယ်။
တစ်ခါတစ်ရံ တစ်ပဲ၀န်းကျင်သာ အတင်ချိန်ရှိတဲ့ နားကပ် လက်စွပ် တစ်ခုခုပြုလုပ်ပါကလဲ စပ်ခဲ ၁ရွေး ၂ ရွေးအထိ၀င်ပါတယ်။ နားကပ်တစ်ရံဆိုပါစို့ ရွှေချိန်က ၁ဲ သားပဲရှိတယ်
စပ်ခဲက ၂ရွေးလောက်၀င်နေတယ်။
ရွှေက ၅ ရွေးခွဲပဲကျန်တော့တယ်။
ဆိုင်ကကိုယ်၀ယ်ခဲ့တော့ ၁ဲဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း ရွှေပါတာက ၁ဲ မပြည့်ဘူး။
အလျှော့တွက်လက်ခက ၃ ရွေးလောက်ပေးရတယ်။ ကိုယ်၀ယ်မယ်ဆိုရင် အတင်ချိန်+အလျှော့တွက်လက်ခ ၁၀.၅ ရွေးဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း အဲ့ဒီအထည်မှာ ပါတဲ့ရွှေက ၅ ရွေးခွဲးလောက်ပါတယ်။
ဒါကို မိမိ၀ယ်ယူတဲ့ဆိုင်မှာ ပြန်ရောင်းမယ်ဆိုရင် ပြဿနာမရှိဘူး ရွှေချိန် ၁ပဲကိုလဲ ၁ပဲ ဖိုးပြန်ပေးတယ်။

အလျှော့တွက်လက်ခ ၃ ရွေးယူထားတာကိုလဲ
အထည်မပျက်စီးသေးဘူးဆိုရင် တစ်၀က်ဖိုးပြန်ပေးတယ်။ အဲ့ဒါကြောင့် မိမိ၀ယ်ယူတဲ့ဆိုင်ကို ပြန်ရောင်းမယ်ဆိုရင် အလျှော့တွက် တစ်၀က်လောက်ပဲရှုံးတယ်။ အခြားဆိုင်မှာ သွားရောင်းမယ်ဆိုပါက သူတို့လုပ်ထားတဲ့ အထည်မဟုတ်တဲ့အတွက် လက်ရှိအထည်မှာပါတဲ့ ရွှေတန်ဖိုးကိုပဲ တွက်၀ယ်မှာဖြစ်ပါတယ်။
ရွှေပါ၀င်တာက ၅ ရွေးခွဲလောက်ပဲရှိမယ်ဆိုရင် သူတို့အတွက် အမြတ်က တစ်ခြမ်းလောက်ချန်လိုက်မယ်(တစ်ရွေး၏တစ်၀က်) ရောင်းတဲ့လူမှာ ၅ ရွေးဖိုးပဲပြန်ရတော့မယ်။ ၀ယ်တုန်းက ဆယ်ရွေးနဲ့ တစ်ခြမ်းရှိတယ် ငါးရွေးခွဲးလောက် ရှုံးသွားမယ်။
ရွှေဆိုင်ကြီးတွေမှာ ရောင်းလိုက်ရတဲ့အထည် တစ်၀က်လောက်ကဆိုင်ကိုပြန်လာတယ်။
တစ်၀က်လောက်က ဆိုင်ကိုယ်ပြန်မလောတော့ဘူးလို့ ခန့်မှန်းခြေသိရပါတယ်။
ရွှေထည်များ၀ယ်ယူမည် ဆိုပါက ထိုကဲ့သို့ ရှိပါသည်။

တစ်ကယ်လို့ ပိုက်ဆံပျောက်ပျက်သွားမှာစိုးလို့ ရွှေ၀ယ်ထားချင်တယ်ဆိုရင် အကယ်ဒမီ မီးလင်း အခေါက်ရွှေက်ု အခဲလိုက်၀ယ်ထားတာက
အဆင်အပြေဆုံးပါ။

မူရင်း ပိုစ့်ပိုင်ရှင်အား လေးစားစွာဖြင့် ကူးယူဖော်ပြအပ်ပါသည်။

9.6.2025// 9:00 AM1 Point= 6100 Mmk
09/06/2025

9.6.2025// 9:00 AM
1 Point= 6100 Mmk

08/06/2025

8.6.2025//9:00 AM

1 Point = 6150 MMK

၇.၆.၂၀၂၅ ၁ ပွိုင့် = ၆၁၅၀ ကျပ်
07/06/2025

၇.၆.၂၀၂၅
၁ ပွိုင့် = ၆၁၅၀ ကျပ်

အားလုံးပဲ ကောင်းသောနေ့လေးပါရှင့်အသိမိတ်ဆွေ တွေ အတွက်ပဲ လုပ်ပေးရင်းကနေ အားလုံးရဲ့ တောင်းဆိုမှုကြောင့် ဒီ "ရွှေစုကြမယ်" ဆိ...
06/06/2025

အားလုံးပဲ ကောင်းသောနေ့လေးပါရှင့်

အသိမိတ်ဆွေ တွေ အတွက်ပဲ လုပ်ပေးရင်းကနေ အားလုံးရဲ့ တောင်းဆိုမှုကြောင့် ဒီ "ရွှေစုကြမယ်" ဆိုတဲ့ အစီစအစဉ်လေးကို စတင် မိတ်ဆက်ပေးပါရစေရှင့်

- ကိုယ်တိုင်လဲ ရွှေစ‌လေးတွေ စုတတ်တာကြောင့်ရော
- ရွှေတုံး အကြီး ကို ချက်ချင်း မဝယ်နိုင်သေးတာကြောင့်
- ကိုယ့်မုန့်ဖိုးထဲကနေ တမူးရ တမူး တပဲရ တပဲ စုသွားချင်သူများအတွက်လဲ အဆင်ပြေအောင်

ကျမ တို့ အားလုံး ရွှေတူတူ စုကြရအောင်

ဥပမာ မာလာရှမ်းကော တပွဲ အနိမ့်ဆုံး ၈၀၀၀ ကနေ စစားရအောင်... တပတ် တခါ စားမယ်ဆိုရင်... ၃၂၀၀၀ ကျသင့်ပါမယ်...

ဒီနေ့ ရွှေဈေးအရ တပွိုင့် ကို ၆၁၀၀ ဝန်းကျင် ကျသင့်ပါမယ်...(တရွေးရဲ့ ၁၀ ပုံ ၁ပုံ)

ဒါဆို မာလာရှမ်းကော ၂ ပတ် တခါ ပဲ စားပြီး ၁၆၀၀၀ ကို ရွှေစုမယ် ဆိုရင် ၂ ပွိုင့် ခွဲ လောက် စုမိထားမယ် ဆိုရင်... နောက်နေ့မှာ ရွှေဈေး တက်သွားခဲ့ရင် ရက်ပိုင်းနဲ့ ၁၆၀၀၀ ကနေ ၂၀၀၀၀ သင် ပိုင်ဆိုင်သွားမှာပါ...

ဟုတ်ပါပြီ

ဘယ်လို စစုရမလဲ???
- ကျမ တို့ Page မှာ ဈေး Update တိုင်းအတွက် တပွိုင့် ဈေး တင်ပေးပါ့မယ်...
- ကိုယ် စုချင်တဲ့ အမောင့်အတိုင်း ပြော ဝယ်ပါ...
- ၂ ပဲ ကနေ စပြီး ဖြတ်စ စထုတ်နိုင်ပါပြီ...
- အကယ်ဒမီ ၁၆ ပဲရည် အခေါက်ရွှေ ဖြတ်စ/အတုံးကို သာ ရောင်းပေးပါတယ်
- ကိုယ်စုနေရင်းကနေ ပြန်ရောင်းချင်တယ် ဆိုလဲ ပေါက်ဈေး ရောင်းဈေး အတိုင်း တွက်ပြီး ပြန်လွှဲပေးပါမယ်
- ရွှေသား ထုတ်ယူမယ်ဆို ရင် ကိုယ်ယူမယ့် ပုံပေါ် မူတည်ပြီး အကယ်ဒမီ ရွှေဆိုင်ဘက်က တောင်းမယ့် ကျသင့်ငွေ တော့ ရှိပါမယ်
- ဘာအာမခံ ပေးနိုင်လဲဆို ဆိုင်မှာ ကိုယ်တိုင် ဖြတ်စ လာရောက် ထုတ်ယူနိုင်ပါတယ်
- ရွှေစုသူတိုင်း အချိန်မရွေး စစ်ဆေးနိုင်ပါတယ်
- အဓိက ရွှေစုစေချင်လို့ပါ

ရွှေကို ရောင်းဈေး/ဝယ်ဈေး ပေါက်ဈေးအတိုင်း ရောင်းပေးတာ ဆိုတော့ ဆိုင်က ဘာအမြတ်ယူလဲ???
- ဝယ်ယူမှုအပေါ် လိုက်ပြီး ဝန်ဆောင်ခ ပိစိလေးတွေတော့ ရှိပါမယ်
- စာရင်းထိန်းသိမ်းခ၊ ဆိုင်မှာ သွားရောက် ဝယ်ယူခ မုန့်ဖိုးလေး အဖြစ် ယူပါမယ်
- ဝန်ဆောင်ခ လေးတွေကိုတော့ နောက်တပို့စ်မှာ သီးသန့် ရေးပေးသွားပါ့မယ်

ဒီအထိ မှာ မေးစရာ မေးခွန်းလေးတွေ ပေါ်လာမယ်ဆိုရင် 09952005338 သို့ Page Messenger မှာ လာရောက် မေးမြန်းစုံစမ်း လို့ ရပါတယ်...

#ရွှေစုကြမယ်
#နည်းနည်းကစရွှေတုံးဝယ်မယ်
#အကယ်ဒမီအခေါက်ရွှေ

Address

Yangon
11421

Website

Alerts

Be the first to know and let us send you an email when Zin Gold and Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share