လှဧကရီ - Hla Akari

လှဧကရီ - Hla Akari Real Estate service and jewelry seller

မင် မင် ကလောရောက်နေ ပါတယ်လို့ ⛰️🌲
31/10/2023

မင် မင် ကလောရောက်နေ ပါတယ်လို့ ⛰️🌲

📌မြေဝယ်မကျ ဆိုသည်မှာ..မြေဝယ်မကျ  ဆိုသည့်အတိုင်း တွေ့တဲ့ ခြံ/မြေ နှင့်ပေါချောင်ကောင်း ရတဲ့ မြေတိုင်းတော့ 100% အာမမခံနိုင်...
23/06/2022

📌မြေဝယ်မကျ ဆိုသည်မှာ..

မြေဝယ်မကျ ဆိုသည့်အတိုင်း တွေ့တဲ့ ခြံ/မြေ နှင့်
ပေါချောင်ကောင်း ရတဲ့ မြေတိုင်းတော့ 100% အာမမခံ
နိုင်ပါ။ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို၊ လုံးဝ မဝယ်သင့် တဲ့ ခြံမျိုးလည်း ရှိပါသည်။ မြေပိုင်ဆိုင်မှု စာချုပ် စာတန်း
အမျိုးမျိုး နှင့် အရှုပ်ရှင်း အမျိုးမျိုးရှိပါသည်။ ဝယ်ထား
သော ခြံသည် ပိုင်ဆိုင်မှု့ ခိုင်မာ၍ နောင်တစ်ချိန် အချက်ချာ ကျနိုင်သော နေရာဖြစ်ရမည်။ မြေ အရောင်းဝယ်မှာ
မြေကို ဝယ်ခြင်း ဆိုသည်ထက် ၊ မြေ၏ ပိုင်ဆိုင်မှုကို
ဝယ်ယူခြင်း ဖြစ်ပါသည်။

📌ဂရံမြေ
လူတိုင်း မြေဝယ်မည် ဆုံးဖြတ်ပါက ဂရံမြေကို သာ
ပို သဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ် လွယ်ကူသည်၊ လူတိုင်း နှစ်သက်သော မြေ။
▪သစ်တော ဂရံမြေ
▪စိုက်ပျိုး ဂရံမြေ
▪စက်မှုဇုံ ဂရံ မြေ
▪လူနေထိုင်အိမ်ဂရံမြေ အမျိုးမျိုးရှိသည်

📌သစ်တော ဂရံမြေ
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေ ဖြစ်ပြီး၊
မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့် မှ အပ
အခြားစီးပွားရေး ပြုလုပ်ရန်(သို့မဟုတ်) ခြံပိုင်း၍
ရောင်းဝယ်ရန် မလွယ်ကူပါ၊ ခွင့်ပြုချက် အဆင့်ဆင့်
လျှောက် တင်ရပါမည်။

📌စိုက်ပျိုး ဂရံမြေ
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ(စလစ်)
မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့် အရောင်းဝယ်
ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချ ခြင်း လုံးဝ ပြုလုပ်ရန် မသင့်၊ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန် သိမ်းနိုင်သည်။

📌စက်မှု့ ဂရံမြေ
က-(၃၀) ဖြင့် ခွင့်ပြုချက် ကျပြီး၊ စက်မှုလုပ်ငန်းမှအပ။
(3)ခ ပါရင် လူနေအိမ် ဆောက်လုပ် နေထိုင်၍ ရသည်။

📌လူနေထိုင်အိမ် ဂရံမြေ
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန်
ဥပဒေ အရ သော်၄င်း၊ အရောင်းဝယ်ပြုရန်မှာ
အရှုပ်ရှင်းသော်၄င်း လုံးဝ ကင်းရှင်းသည်။
စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့်။

ဂရံမြေ ဝယ်ယူမည် ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊
မခိုင်မာသော ဂရံ မြေများ လည်း ရှိသည့် နည်းတူ၊
အရောင်းဝယ် ပြုလုပ်ရာ အရှုပ်ရှင်းများသော ဂရံ
မြေ များလည်း ရှိသည်။

မှတ်ချက် - ဂရံမြေများသည် အစိုးရ စီမံကိန်း နှင့်
မလွတ်ကင်းပါက အချိန်မရွေးသိမ်းယူနိုင်ပါသည်။
ပြည်သူရွေးကောက်တင်မြှောက်ထားသော အစိုးရ
ဖြစ်ပါက လျော်ကြေး ပြန်ရနိုင်ပါသည်။

📌ပါမစ်မြေ
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီး
ခိုင်မာမှု့ ရှိသော မြေ ပါ၊ သို့သော် ပါမစ် မြေ ဝယ်
ယူ မည်ဆိုပါက သတိထားပါ၊ အကောင်းဆုံးရှေ့နေ
ငှားရမ်းပြီး စီစစ်ပါ၊ စရံချပြီး သတင်းစာတွင် ကြေငြာ
ထည့်ပါ။ ပါမစ် မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေး
သော ပိုင်ဆိုင်မှု စာရွက်စာတမ်း/ အိမ်ထောင်စုစာရင်းကဲ့သို့မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ် တွဲလျက်ပါရှိရပါမည်။
မှတ်ချက် - ပါမစ်မြေသည် အတုပေါများသည်။

📌ပြေစာ(စလစ်)
ပြေစာ စလစ် ဖြင့် ပြသ နိုင်သော မြေ များသည်
အများအားဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည်။ သို့သော်
စည်ပင် ဧရိယာ အပြင် ဘက်မှ မြေ မျိုး များဖြစ်ပြီး
မြို့မြေ ဧရိယာ အတွင်း ဖြစ်နေပါက ဂရံ အထိ လျှောက်
နိုင်ပါသည်။
▪Gပြေစာ(စလစ်)
▪R/G ပြေစာ(စလစ်)
▪L ပြေစာ (စလစ်)
▪စ/ ပြေစာ (စလစ်)
▪ပုံစံ(5) ပြေစာ (စလစ်)
▪ရွာမြေ ပြေစာ(စလစ်)
▪R4 ပြေစာ(စလစ်)

📌 G မြေပြေစာ (စလစ်)
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟု
ခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ် သာ
ရှိမည်( အမွေဆိုင်) အိမ်ဆောက်လုပ်/ လူနေထိုင်
နိုင်သည်။ သို့သော် ဥပဒေ အရ ပိုမိုတရားဝင်လိုလျှင်
သ/အ လျှောက်လွှာ တင်ပြီး အိမ်ဆောက်လုပ် လူနေ
ထိုင် နိုင်ပါသည်။

📌 R/G မြေပြေစာ(စလစ်)
လယ်မှ ပုံစုံပြောင်းထားသော မြေ ဖြစ်ပြီး စိုက်ပျိုးခွင့်
မိသားစု နေအိမ် အတွက် (လယ်အိမ်) ပြောင်းလျှောက်
ပြီး။ G ပြေစာ(စလစ်) သို့မဟုတ် /က ၃၀ အဖြစ်
ပြောင်း လျှောက်သော နိုင် သော မြေ ဖြစ်သည်။

📌L မြေပြေစာ (စလစ်)
သစ်တောမှ မြေအငှား/ ဂရံ (သို့) ယာယီ ခွင့်ပြုချက် ချပေးသော မြေ ဖြစ်ပြီး (အခြား) ပြောင်းလျှောက်ခွင့် မှာ
ရရင်ရ၊ မရရင် မရ ပါ။ ဝယ်မည် ဆိုပါက ဌာန ဆိုင်ရာ
သို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများ၊
ညွန်ကြားချက် အတိုင်း လိုက်နာ၍ ပြောင်း လွဲရ
ပါမည်။အကွက်ရိုက် ရောင်းချ ခွင့် မရှိပါကြောင်း။

📌စ/ ပြေစာ (စလစ်)
အရောင်းဝယ် မပြုလုပ်လျင် ပိုကောင်းမည်။
အစိုးရမှ တိုက်ရိုက် ချပေးသော စိုက်ပျိုးဂရံ
(သို့မဟုတ်) ပြေစာ စလစ် ဖြစ်ပြီး စိုက်ပျိုးရန်
အတွက် သီးသန့်သာ ဖြစ်ပြီး တစ်မိသားစုမှ အပ
အခြား အိမ်များ ဆောက်လုပ် ခွင့် မရှိပါ၊ အခြား
မြေသို့ ပုံစံ ပြောင်း လျှောက် ၍ မရပါ။ အလွန်
ခက်ခဲမည်။ အရှုပ်ရှင်း ဖြေရှင်းရမည်။ အကွက်ရိုက်
ရောင်းချခြင်းမရှိပါ၊ အစိုးရမှ အလွယ်တကူ ပြန်လည်
သိမ်းယူ နိုင်ပါသည်။

📌 ပုံစံ(5)
ထိုမြေသည် လယ်ပျက် ဖြစ်ပြီး အခြားမြေသို့
စီးပွားရေး၊ စက်မှု့ဇုံ၊ လူနေအိမ်၊ အကွက်ရိုက်ရောင်း
စသည့် အရာများ ခွင့်ပြုချက် လျှောက် ၍ ပြုလုပ်နိုင်
ပါသည်။ လယ်ပျက် ဖြစ်၍ ရွာတိုးချဲ့ ခြင်း၊ မြို့ဧရိယာ
တိုးချဲ့ ခြင်း စသည့် အရာများ ပြု လုပ်နိုင်သည်။
(အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

📌 ရွာ မြေ ပြေစာ (စလစ်)
မြေ အမျိုးစားတွင် ခိုင်မာမှု ရှိပြီး Google Map
တွင်လည်း Singnal ပြသမည်။ Singnal မပြသ သော်လည်း R4 (or) G မြေ ဖြစ်နေပါက ရွာမြေ /ခြံမြေ
အမျိုးစားတွင် ထည့်သွင်း နိုင်ပါသည်။ အစိုးရ စီမံကိန်း
ရှိသော်လည်း မပယ်ဖျက်နိုင်၊ စက်မှုဇုံလည်း ဝင်လာ
၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့ မျိုး အရှင်း မရှိ။

📌 R4 ပြေစာ(စလစ်)
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာ
အတွင်း ပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့် ရှိပါသည်။ အမည်ပေါက် ဖြင့် ပြောင်းလျှောက်၍ အခြား မြေ အမျိုးစား
သို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။
လယ် ဧရိယာ အတွင်း တွင် မပါဝင်ရန်သာ လိုသည်။
( အရှုပ်ရှင်းကင်းရှင်းပါသည်)

📌လယ်မြေ
လယ်မြေ ပေမယ့် အရောင်းဝယ် ပြုလုပ်ရာတွင်
လွယ်ကူပါသည်။ (R1)(R2) လယ်များသာ
အရောင်းဝယ် မပြုလုပ်ရန်သတိထားရပါမည်။
လမ်းမ ဘေးမျိုး ဆိုပါက R3 မြေ မျိုး ဖြစ်နေလည်း
R4(သို့မဟုတ်) ပုံစံ(5) သို့ ပြောင်းလျှောက်နိုင်သည်။
တစ်ခု သိထားရမည်မှာ မြန်မာ နိုင်ငံတွင် လယ်မြေသည်
အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။

📌 ဘိုးဘွားပိုင်မြေ
မျက်မြင်အထောက်ထား တွေ့ရန် အလွန်
ခက်ခဲပါသည်။Admin မတွေ့ဖူး ၍လဲ ဖြစ်နိုင်ပါသည်။
ဘိုးဘွားပိုင်မြေသည် ကတီပါအသားဖြင့် ပိတ်ပေါ် တွင်
စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော စာချုပ်
စာတမ်း အမျိုးစား ဖြစ်သည်။ ခိုင်မာမှု့ တွင် ဂရံ မြေ
ထက် အဆ များစွာ သာသည်။ ခေတ် အဆက်ဆက်
အမွှေ ဆက်ခံ ခွင့်ရှိပြီး၊ အရောင်းဝယ် ပြု လုပ်ရာ ၌
အမွေစား အမွေခံ အရှုပ်ရှင်း ရှိသည်။

အရှုပ်ရှင်းဆိုသည်မှာ
မြေပိုင်ရှင်မှာ အမွေ ဆိုင် ရှိခြင်း၊ ပေါင်နှံထားခြင်း၊
အစိုးရ စီမံကိန်း နှင့် မလွတ်ကင်းခြင်း၊ သစ်တောမြေ
များအား ပိုင်းရောင်းခြင်း၊ အစိုးရမှ တိုက်ရိုက် ချပေး
သော စိုက်ပျိုး မြေ ဂရံ များ ရောင်းချခြင်း၊ ပုံစံ (7)
သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်း များ
ဖြစ်ပါတယ်။ မြေဝယ်ယူ မည် ဆိုပါက ထိုအရာများ
နှင့် မသက်ဆိုင်သော မြေ များ မှာ အရှုပ်ရှင်းကင်း
သည်ဟု ဆိုရပါမည်။

မြေဝယ်ယူမည်ဆိုပါက
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ၊ အမွေဆိုင်များရှိ ပါက ထိုသူ များအားရောင်းရန် သဘောတူကြောင်းအား မိမိ (ရှေ့နေ )အရှေ့တွင် ခံဝန်
လက်မှတ် ရေးထိုးခိုင်းပါ။ ပေါင်နှံထားခြင်း ရှိမရှိအား
စစ်ဆေးပါ၊ ဘဏ်(သို့မဟုတ်) ရပ် ကွက် အုပ်ချုပ်ရေး
မှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ်/မဟုတ်
ကြောင်းကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည်။
သစ်တောမြေ ဆိုပါက မြေဦးပိုင် မှာ (L) စာလုံးပါမည်
( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည်)
စိုက်ပျိုးမြေ ဆိုပါက ပြေစာ(စလစ်) တွင် (စ) စာလုံး
ပါ မည်။ မဝယ်ပါက ပို၍ ကောင်းမည်။ လယ်မြေ ဝယ်
ယူမည် ဆိုပါက ပုံစံ (7) စစ်ဆေးပါ၊ မြေဝယ်မည့်သူများ
အားလုံး အဆင်ပြေကြပါစေ။

#တိုက်ခန်းအရာင်း



Credit to - GloryEstate and original writer

20/06/2022

မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

မြေအရောင်းအဝယ်စာချုပ်တစ်ခုကို
ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲ

ပိုင်ဆိုင်မှုခိုင်မာအောင်
စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊

ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲ

ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့
မြေကွက်တွေဝယ်တော့မယ်ဆိုရင်
အရောင်းမှား အဝယ်မှားမဖြစ်အောင်ရယ်
ပိုင်ဆိုင်မှုကို ခိုင်မာသထက်ခိုင်မာအောင်
ဘယ်လိုလုပ်ကြမလဲဆိုတာ သိပ်အရေးကြီးပါတယ်

နောက်ကျောဓားနဲ့ထိုးခံရတယ်၊
ယုံမိလို့ ဆုံးရှုံးကုန်တယ်
နှုတ်ကတိပဲပေးမိပြီး ပြဿနာတက်တော့
ကတိမပေးဖူးပါဘူးလို့
ဗြောင်လိမ်ဗြောင်စားလုပ်တာခံရဖူးတယ်ဆိုရင်တော့
မဖြစ်ခင်က ကြိုတင်ကာကွယ်ထားနိုင်ဖို့
အရေးကြီးမှန်းသိလောက်ပါပြီ

အခုပြောပြမှာကတော့
ပိုင်ဆိုင်မှုခိုင်မာအောင်လုပ်နည်းပါ

မြေတစ်ကွက်ကို ရှိစုမဲ့စုနဲ့ဖြစ်စေ၊
ငွေပေါနေလို့ဖြစ်စေ ဝယ်ကြပြီဆိုရင်
ဘယ်သူမှ ဆုံးရှုံးချင်မှာမဟုတ်ပါဘူး

ဒါဆိုရင် အောက်ပါအချက်တွေကို အတိအကျလိုက်နာပါခင်ဗျာ

ပထမဦးဆုံးအနေနဲ့
မိမိဝယ်ယူလိုတဲ့မြေကွက်ကို အမည်ပေါက်ဘယ်သူလဲ၊
မြေပိုင်ဆိုင်မှုအထောက်အထား၊
စာရွက်စာတမ်းတွေစုံ/မစုံ၊
မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
မြေပုံ/မြေရာဇဝင် နဲ့
စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲ
ဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

မြေခွန်၊ အိမ်ခွန် ကြွေးကျန်ရှိ/မရှိ နဲ့ ဂရန်သက်တမ်းကိုလည်း စစ်ဆေးရပါမယ်

မြေပိုင်ဆိုင်မှုအထောက်အထား စုံ/မစုံဆိုတာမှာ
အရင်ဆုံး မြေအမျိုးအစားကို ရှင်းလင်းစွာသိထားရပါမယ်
ဘိုးဘပိုင်မြေလား၊ ဂရန်မြေလား၊
မြေချမိန့်ရထားတဲ့မြေလား၊
လယ်မြေလား၊ ယာမြေလား၊
မီးလောင်မြေချထားမိန့်နဲ့လား၊
ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်

မြေအမျိုးအစား စိစစ်ပြီးတာနဲ့
အဆိုပါမြေကို ရောင်းချသူက ဘယ်လိုပိုင်ဆိုင်ထားသလဲ စိစစ်ရပါမယ်
အနေကြာလို့ပိုင်ဆိုင်တာလား၊ အမွေဆက်ခံပိုင်ဆိုင်ထားသလား
ပေးကမ်းရယူပိုင်ဆိုင်တာလား၊ တရားရုံးအမိန့်အရပိုင်ဆိုင်လာတာလား
ဝယ်ယူပိုင်ဆိုင်လာတာလား၊ အခြားနည်းလွှဲပြောင်းပိုင်ဆိုင်လာတာလား
အစရှိသဖြင့် ဘယ်လိုပိုင်ဆိုင်လာသလဲဆိုတာ မဖြစ်မနေစစ်ဆေးရပါမယ်

သက်တမ်းနဲ့ချပေးတဲ့မြေတွေမှာ သက်တမ်းကိုပါ စစ်ဆေးရပါမယ်
ရောင်းချသူဟာ လက်ရောက်ပိုင်ဆိုင်နေခြင်းရှိ/မရှိဟာလည်း အရေးပါတဲ့အချက်ပါ

ရောင်းချသူ ဘယ်လိုပိုင်လာသလဲ သိရပြီဆို
စာရွက်စာတမ်း ပြည့်စုံခြင်းရှိ/မရှိစစ်ဆေးပါ
ငွေနဲ့ပတ်သက်ရင် ဘယ်သူ့မှမယုံရတာမို့
မိတ်ဆွေရင်းကြီးဖြစ်ပါစေ သေချာစွာစစ်ဆေးဖို့လိုပါတယ်

စာရွက်စာတမ်း စုံ/မစုံ ဘယ်လိုစစ်မလဲဆိုရင်...
ဂရန်မြေဆိုရင် -
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘပိုင်မြေဆိုရင် -
(က) ဘိုးဘပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်
(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

အစရှိတဲ့အတိုင်း စုံနေအောင် မူးနေအောင် စစ်ဆေးရပါတယ်
ဒါတွေက အများအားဖြင့်ရှိနေတဲ့ မြေအမျိုးအစားတွေကို ထုတ်နှုတ်ပြတာပါ

ဒါမျိုးတွေကို စရံမပေးခင်မှာ မိမိကိုယ်တိုင်
စနစ်တကျစစ်ဆေးမှသာ
နောင်မှာ အရှုပ်အရှင်းတွေဖြစ်ပေါ်မလာမှာဖြစ်ပါတယ်မိမိဝယ်ယူတဲ့ အိမ်မြေတွေဟာ
သိန်းရာထောင်ချီတန်တဲ့အတွက်
အနည်းငယ်သော ကုန်ကျစရိတ်ကို ကြည့်နေလို့မရပါဘူး

ဆိုခဲ့တဲ့အတိုင်း သက်ဆိုင်ရာရုံးဌာနတွေမှာ စနစ်တကျစုံစမ်းစစ်ဆေးပြီးတာနဲ့စာရွက်စာတမ်းမှန်ကန်ကြောင်း၊
ပြည့်စုံကြောင်း၊ အရှုပ်အရှင်းကင်းကြောင်း
အတည်ပြုလို့ရပြီဆိုတာနဲ့ စာချုပ်ချုပ်လို့ရပါပြီ...
အဆင့်အလိုက်ပြောပြချင်ပါတယ်..

အဆင့် (၁)
စရံပေးစာချုပ် (ကတိစာချုပ်) ချုပ်ဆိုရပါမယ်။
စရံပမာဏကို သင့်လျော်တဲ့ပမာဏကိုသာ
အရင်ပေးပြီး ခိုင်မာအောင်ချုပ်ဆိုရပါမယ်
စရံပေးစာချုပ်ဟာ အရောင်းအဝယ်လုပ်ငန်းစဉ်
တစ်ခုလုံးရဲ့ အသက်သွေးကြောပါ
ဖြစ်ပေါ်လာသမျှ ပြဿနာအားလုံးကို
အရောင်းအဝယ်အားလုံးမပြီးဆုံးခင်အထိ
စရံပေးစာချုပ်ရဲ့ အရည်အသွေးနဲ့ ပြည့်စုံခိုင်မာမှုဖြင့်သာ
ဝယ်သူဟာခေါင်းပြားအောင်အိပ်နိုင်ပါမယ်

အဆင့် (၂)
စရံပေးစာချုပ်ချုပ်ဆိုပြီးတာနဲ့
အရောင်းအဝယ်ပြုလုပ်ခြင်းအား ကန့်ကွက်လိုသူရှိ/မရှိ
လာရောက်ကန့်ကွက်နိုင်ပါကြောင်း
အများသိစေရန်
သတင်းစာမှာ ကြော်ငြာထည့်သွင်းရပါမယ်

အဆင့် (၃)
ကြော်ငြာပါတဲ့နေ့ကစပြီး (၁၄) ရက်အတွင်း
နောက်ထပ်စရံမပေးသေးဘဲ ကန့်ကွက်သူရှိ/မရှိ
ရက်ပြည့်အောင် စောင့်ကြည့်ရပါမယ်
ကန့်ကွက်သူပေါ်လာခဲ့ရင်
အရောင်းအဝယ်ကို ခေတ္တရပ်ထားပြီး
ရောင်းသူဘက်က ပြေလည်အောင်ဖြေရှင်းပေးဖို့နဲ့
ကန့်ကွက်သူမှာ ပိုင်ဆိုင်ခွင့်ရှိနေခဲ့မယ်ဆိုရင်
အရောင်းအဝယ်စာချုပ်မှာ ကန့်ကွက်ထားသူတွေပါ
လက်မှတ်ရေးထိုးနိုင်ဖို့ ရောင်းသူက ကြိုးစားပေးရပါမယ်

အဆင့် (၄)
သတင်းစာထည့်ပြီး စောင့်ကြည့်နေစဉ်ကာလအတွင်း
အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ရန်
မြေပုံ/မြေရာဇဝင် ရေးကူးခွင့်ရှိသူမှ
မြေပုံ/မြေရာဇဝင် ရေးကူးခြင်း
လိုအပ်နေတဲ့စာရွက်စာတမ်းတွေပြင်ဆင်ခြင်းများ
ကြိုတင်ပြုလုပ်ထားရပါမယ်
မြေပုံ/မြေရာဇဝင်ရေးကူးဖို့
မြေစာရင်းဦးစီးဌာန/အိုးအိမ်/စည်ပင်ရုံးများမှာ
ရေးကူးခွင့်ရှိသူရဲ့အချက်အလက်၊
ရေးကူးမယ့်မြေရဲ့အချက်အလက်၊
ပိုင်ဆိုင်မှုအထောက်အထား၊ မှတ်ပုံတင်မူရင်းများနဲ့
ရေးကူးမယ့်သူကိုယ်တိုင်
ရေးကူးခွင့်လျှောက်ထား/ထုတ်ယူရမှာဖြစ်ပါတယ်

အဆင့် (၅)
သတင်းစာမှာ သတ်မှတ်ထားတဲ့ (၁၄) ရက်အတွင်း
ကန့်ကွက်သူပေါ်မလာရင်တော့
နောက်တစ်ရက်မှာ စရံထပ်မံပေးခြင်း
(သို့မဟုတ်) ငွေချေခြင်းများပြုလုပ်နိုင်ပါပြီ
တစ်ပြိုင်တည်းမှာ
အရောင်းအဝယ်မြေပုံ/မြေရာဇဝင်ထုတ်ယူပြီးတာနဲ့
အခွန်ဦးစီးဌာနမှာ အဝယ်ခွန်ဆောင်ဖို့
လျှောက်ထားရပါတယ်

အဆင့် (၆)
အဝယ်ခွန်အတွက် မြေတန်ဖိုးသတ်မှတ်နှုန်းကျတာနဲ့
သတ်မှတ်ထားတဲ့ အခွန်ဆောင်၊ တံဆိပ်ခေါင်းများကပ်ရမှာပါ

အဆင့် (၇)
ငွေအကျေချေပြီးပြီဆိုတာနဲ့
မြေလက်ရောက်လွှဲပြောင်းရယူခြင်း၊
ဝယ်ယူတဲ့မြေနဲ့ဆိုင်တဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ
ဂရန်မူရင်း (သို့) ဘိုးဘစာအုပ် မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့
စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်

အဆင့် (၈)
အဲ့ဒီအဆင့်တွေအားလုံးပြီးတာနဲ့ ရောင်းသူ၊ ဝယ်သူတို့
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်ပါပြီ..မှတ်ပုံတင်စာချုပ်မှာ ရောင်းချတဲ့မြေရဲ့ ပိုင်ဆိုင်ခွင့်ရှိသူအားလုံးပါရပါမယ်။)

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့
မှတ်ပုံတင်အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့
ပိုင်ဆိုင်မှုအထောက်အထားတွေ၊
ပိုင်ဆိုင်လာသူရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့
မှတ်ပုံတင်၊ အိမ်ထောင်စုမူရင်းများ၊
မြေပုံ/မြေရာဇဝင်များနဲ့တကွ
သက်ဆိုင်ရာ အိုးအိမ်၊ မြေစာရင်း၊ ထွေအုပ်၊ စည်ပင်
အစရှိတဲ့ရုံးတွေမှာ မိမိအမည်ပေါက်ပြောင်းလဲဖို့
လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင်
ဆက်လက်လုပ်ဆောင်နိုင်ပါပြီ

ကျနော်ပြောခဲ့တဲ့ အထက်ပါအချက်တွေကို
အတိအကျလိုက်နာဆောင်ရွက်မယ် ဆိုရင်တော့
ရောင်းမှား၊ ဝယ်မှားမဖြစ်တဲ့အပြင် သားစဉ်မြေးဆက်အထိ ခိုင်မာတဲ့ပိုင်ဆိုင်မှုတွေနဲ့အတူ
ပျော်ရွှင်စွာဘဝကိုဖြတ်သန်းနိုင်မှာပါ

အသက်ကိုဥာဏ်စောင့်သလို
မိမိပိုင်ဆိုင်မှုဥစ္စာတွေကို
ကံရော၊ ဥာဏ်ရော၊
သက်ဆိုင်ရာရုံးဌာနအသီးသီးကပါ ဝိုင်းစောင့်မှ
ခိုင်မာတည်မြဲမှာဖြစ်ပါတယ်။

Credit - Original Uploader

🏡လှဧကရီ real estate agency မှ ကြို ဆို ပါတယ်ရှင့် 🏡 မရမ်း ကုန်း မြို့နယ် ၈ မိုင် Junction 8  အနီး  condo အခန်း ရောင်း ရန...
20/06/2022

🏡လှဧကရီ real estate agency မှ ကြို ဆို ပါတယ်ရှင့်

🏡 မရမ်း ကုန်း မြို့နယ် ၈ မိုင် Junction 8 အနီး condo အခန်း ရောင်း ရန်ရှိ ပါသည်။
၁၅၀၀ sqf ကျယ် ဝန်းပြီး master bed room အိပ်ခန်း ၂ ခန်း နှင့် common bath room ၁ခု နှင့် ကျယ် ဝန်း ပြီး လေ ဝင်လေထွက် ကောင်း ပြီး ရှုခင်း ကောင်း သော နား နေခန်း နှင့် လသာဆောင် ပါရှိ ပါသည်.
လေကောင်းလေသန့် ရပြီး အနီး ဆုံးတွင်
🌸Nursery and preschool,
🌸Chinese language center, 🌸🌸

🎈Shopping center and bus stop တည်ရှိပြီး အချက် အချာ ကျသောနေရာတွင် တည်ရှိ ပါသည်။

🏡total 1500 sqft
✌️2 master bed rooms
😎1 common bath room
👀24 hour security provided

🙏သိန်း ၂၂၀၀ ကျပ် ဖြင့် ညှိနှုင်း ရောင်း ပါမည်

💡ရင်း နှီး မြှပ်နှံသင့် ပြီး မိသားစု နေထိုင်ရန် နှင့် ရုံး ခန်း ဖွင့် မည် ဆို ပါကလည်း သင့် တော် သောကြောင့် လက် မလွတ် သင့် သော အခန်း ၁ခန်း ဖြစ်ပါသည်။

☎️စိတ် ဝင်စား လို့ ဝယ် ယူ လို ပါက ၀၉ ၅၃ ၇၀ ၇၉၀ သိူ့ ဆက်သွယ်နိုင် ပါပြီ။

for more details please feel free to contact this number or messenger chat box
contact - 09 53 70 790 ☎️
😎' Your Trusted consultant " 💯




#တိုက်ခန်းအရာင်း

20/06/2022

စလစ်မြေအကြောင်း
ယနေ့ခေတ်မှာ ဂရန်မြေက စျေးများတာ ရယ် အမည်ပြောင်း ဝယ်ခွန်ဆောင်ရတာရယ်ကြောင့်အချို့က စလစ် မြေကို ရွေးချယ် ဝယ်ယူကြတာတွေ လည်း ရှိကြပါတယ်။
စလစ်မြေဆိုတာ တိုးချဲ့ မြို့မြေ, လယ်ယာမြေ အစား အစားထိုးချပေးတဲ့မြေ နဲ့ မြို့နယ် မြေစာရင်း က စလစ်ထုတ်ပေးပြီး အမည်ပေါက်နေထိုင်ခိုင်းတဲ့ မြေပဲ ဖြစ်ပါတယ်.. မြေပြေစာ ထွက်ပါတယ်။
အရွယ်အစားကတော့ လက်ဖဝါးအရွယ် ဝါကျင့်ကျင့်အရောင်ပါ။
အဲ့ဒီစလစ်စာရွက်နောက်ကျောမှာ မြေကွက်ချထားပေးတဲ့ဌာန၊ ဥပမာ- မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအမည်တံဆိပ်အဝိုင်းနှင့် တာဝန်ခံအရာရှိရဲ့လက်မှတ်ပါရှိပါတယ်။
စလစ်မြေမဝယ်ခင် စလစ်မှာပါတဲ့ အမည် ပေါက် မည်သူ မည်ဝါ နဲ့ ရောင်းသူနဲ့ မည်သို့တော်စပ်သလဲ...သို့မဟုတ် စပ်ဆက်စာချုပ် အဆက်ဆက် နဲ့ မြေရာဇဝင်ကို သိဖို့လိုပါတယ်။
စလစ်ဟောင်းများ၊ မိတ္တူကူးထား သော စလစ်များနှင့်စလစ် အမည်ပေါက်သူ မဟုတ်ဘဲ
တစ်ဆင့်ခံရောင်းချခြင်းများ ရှိနေသောကြောင့်
နစ်နာမှုမရှိစေရန် ပိုင်ဆိုင်မှုအထောက်အထား၊
စာရွက်စာတန်းများကို သေချာစိစစ်ဝယ်ယူသင့်ပါတယ်။
စလစ်သည် အတု ဟုတ် မဟုတ် သက်ဆိုင်ရာ မြေစာရင်းမှာ စစ်ဖို့လိုသလို ရောင်းသူ လက်ရောက်ပိုင်ဆိုင်ခြင်း ရှိ မရှိ သွား စစ်ဆေးဖို့လည်း လိုပါတယ်..
စလစ်မြေကို လွှဲပြောင်းရောင်းချသည့်အခါမှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခွင့် မရပါ၊ အရပ်စာချုပ် (အရောင်းအ၀ယ်ကတိစာချုပ်) ဖြင့်သာ ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။
စလစ်မြေကို အမည်တိုက်ရိုက်ပြောင်းလို့မရပါ ပါမစ်မြေ၊ ဂရမ်မြေ စသည့်မြေအမျိုးမျိုးကို အရင်လျှောက်ထားရပါတယ်၊ အရောင်းအ၀ယ်စာချုပ်မှုရင်းနဲ့ စလစ်မှုရင်းကိုယူပြီး မြေပေးအမိန့် သက်ဆိုင်ရာမြေစီမံခန့်ခွဲရေးဌာနမှာ အရင်သွားရောက်လျှောက်ရပါတယ် ထို့မှတဆင့် ပါမစ်မြေ၊ ဂရမ်မြေအဖြစ် အဆင့်ဆင့်ထပ်လျှောက်ထားနိုင်ပါတယ်။
စာချုပ် ချုပ်တဲ့အခါ မြေတိုင်းပြီး သေချာ ချုပ်ပါ လိူ့ ထုတ်နုတ် ဖော်ပြအပ်ပါတယ်
Credit – Sayar KyiSoeIC

Johnny Depp နဲ့ Amber Heard နောက်ဆုံးပြောစကား ပေါက်ကြားသွားခဲ့ပါတယ်!!!!!Heard: ဂျော်နီ... ဟေး! မင်းငါ့ကိုလှည့်ပြီးကြည့်လ...
16/06/2022

Johnny Depp နဲ့ Amber Heard နောက်ဆုံးပြောစကား ပေါက်ကြားသွားခဲ့ပါတယ်!!!!!

Heard: ဂျော်နီ... ဟေး! မင်းငါ့ကိုလှည့်ပြီးကြည့်လို့ရမလား?

Depp : (ခေါင်းငုံ့နေခဲ့ပါတယ်)

Heard: ဂျော်နီ ငါတို့ပြောစရာရှိတယ် ငါ့ကိုကြည့်ပါ

Depp: (သူ့ရှေ့နေဘက်လှည့်ကြည့်ပြီး သူ့ရှေ့နေက ခေါင်းခါပြခဲ့ပါတယ်)

Heard : ငါမင်းကိုပြောစရာရှိတယ်။

Depp (ခေါင်းငုံ့ထားပြီး) : ငါ မင်းကို ပြောစရာစကား မရှိဘူး Amber

Heard : ကျေးဇူးပြုပြီး ငါ့ကို ကြည့်ပါဦး

Depp : နှုတ်ဆက်ပါတယ် Amber

Heard : ဂျော်နီ တစ်ခုခုပြောပါ နင်ငါ့ကိုချစ်သေးလား?

Depp: (တိတ်နေပါတယ်)

Herd: နင် ငါ့ကို ချစ်သေးလား ဂျော်နီ?

Depp (ခေါင်းမော့ပြီး မျက်လုံးများကို တည့်တည့်ကြည့်ကာ) ပြောလိုက်ပါတယ် :Amber ငါတို့ပြောတာ ဒါနောက်ဆုံးအကြိမ် ဖြစ်နိုင်တယ် အဲ့တာကြောင့် ငါ့ရဲ့စကားကို သေချာနားထောင်ပါ နင်အိမ်ပဲဝယ်ချင် ဝယ်ချင် ခြံတွေ မြေတွေ ပဲ ရောင်းချင် ရောင်းချင် လှဧကရီ လှဧကရီ - Hla Akari Ei Ei Kay Khine ဆီမှာဝယ်ပါ
သူရောင်းတဲ့ property တေက အရမ်းစိတ် ချပြီး ဆက်ဆံရေးလဲကောင်း မှန်လဲ မှန် စိတ်ချရတယ်

အထူးသဖြင့် ခုရောင်းနေတဲ့ ၆ မိုင်ခွဲ က ခြံတွေနဲ့ ၇မိုင် က ခြံတွေက နောက် စျေးတတက်ဆိုမှာတော့ ဝယ်သင့်တယ် Amber

😜
#ကိုးကား

Mingalabar Whether you’re looking to buy new home, sell your current apartment/condo/or house or obtain investment prope...
16/06/2022

Mingalabar
Whether you’re looking to buy new home, sell your current apartment/condo/or house or obtain investment properties, I am here to help you with ALL of your real estate needs.
thank you,

☎️ 095370790


#လှဧကရီ





#အိမ်ခြံမြေဝန်ဆောင်မှု့

မြောက်ဒဂုံ၁၅ ရပ်ကွက် က ဒီအိမ်လေး ရောင်း ပါမယ် ရှငိ့အကျယ် ၄၀ ၆၀အိမ်အကျယ်က ၂၅ ၃၀သိန်း ၃၅၀၀ ပါ (ညှိနှိုင်း) ☎️ ၀၉ ၅၃ ၇၀၇၉၀
12/06/2022

မြောက်ဒဂုံ၁၅ ရပ်ကွက် က ဒီအိမ်လေး ရောင်း ပါမယ် ရှငိ့

အကျယ် ၄၀ ၆၀

အိမ်အကျယ်က ၂၅ ၃၀
သိန်း ၃၅၀၀ ပါ (ညှိနှိုင်း)

☎️ ၀၉ ၅၃ ၇၀၇၉၀

တိုက် ခန်း အရောင်း တ/ဥ မြို့ နယ် ၅ ရပ်ကွက် ဒု ထပ် လမ်း ကျယ် စျေး နီး ကျောင်း နီး ရောင်း စျေး ၇၂၀ သိန်း (negotiate) လှဧကရ...
07/06/2022

တိုက် ခန်း အရောင်း
တ/ဥ မြို့ နယ်
၅ ရပ်ကွက်

ဒု ထပ် လမ်း ကျယ် စျေး နီး ကျောင်း နီး

ရောင်း စျေး ၇၂၀ သိန်း (negotiate)

လှဧကရီ - Hla Akari
☎️ 09 53 70 790
#လှဧကရီ



#လှဧကရီ

(၇) မိုင် ကုန်းမြင့်သာ မရမ်း ကုန်းမြို့နယ် ရှိ အိမ် နှင့် ခြံ ပိုင်ရှင် တိုက်ရိုက် ရောင်း မယ် ရှင့် ၆၅x 100 ပေး ကျယ် ဝန်...
07/06/2022

(၇) မိုင်
ကုန်းမြင့်သာ
မရမ်း ကုန်းမြို့နယ် ရှိ အိမ် နှင့် ခြံ
ပိုင်ရှင် တိုက်ရိုက် ရောင်း မယ် ရှင့်

၆၅x 100 ပေး ကျယ် ဝန်း ပြီး ဘိုးဘွားပိုင် မြေ အရှုပ်အရှင်း ကင်း
သိန်း ၂၆၀၀၀ ကျပိ

☎️095370790

လှဧကရီ - Hla Akari မှ ကြိုဆိုပါတယ်ရှင့်

#လှဧကရီ


04/06/2022

Address

No-118, MayDarWeeRoad, North Okkalapa
Yangon

Website

Alerts

Be the first to know and let us send you an email when လှဧကရီ - Hla Akari posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to လှဧကရီ - Hla Akari:

Share