24/05/2026
လွန်ခဲ့သော 14နှစ်က သုံးသိန်း ဝန်းကျင်တန်
စိန်ချွန်း colorless
နီလာ 3.20ct စျေးတွေက ရာကျော်မှာပါ
ဒီနှစ်ပွင့်မှာ သူငယ်ချင်းကတော့ ဝတ်မြဲဝတ်ဆဲဖြစ်ပြီး
ကျတော်ကတော့ ရသမျှ ရောင်းစားမြဲပါပဲ
နီလာဖြူ က သပ်သပ် အရောင်မဲ့ colorless ဆိုတာက သပ်သပ်ဆိုတာလေး သိစေချင်လို့ပါ
ရေကြည်ရောင်အရောင်မဲ့မှာ ချွန်းထိပ်ကနေ ခဲရည်လေး တချက်တချက် မြင်ရပါတယ်
နီလာဖြူလို့ပြောရင် ဖြူတယ်ဆိုတဲ့ အရောင်ကိုမြင်ရပါတယ် သုံးကလပ် စိန်ချွန်းချင်း စျေးမတူပါဘူး
နီလာဖြူသည် ရာအောက် ငါးဆယ်အထက်မှာ ရတတ်ပါတယ်
စိန်ပြီးရင် ခံစားလို့ ရမယ့် ဂုဏ်သတင်းကြီးတဲ့ ကျောက်ပါ ပြီးမှ chrysoberyl အဖြူရဲ့ အလှကို
တန်ဖိုးထားလို့ ရပါတယ်
မေ့နေမှာ စိုးတာလေးတခုက နီလာဖြူဟာ အညံ့ဖြူရဲ့ အလှကို မမှီဘူးဆိုတာပါ
ပတ္တမြား နီလာကို အရောင်တွေနောက် လိုက်နေရင်း
အခြားသော ချစ်စရာကောင်းသော စျေးကွက်မာသော
ကျောက်လေးတွေကို သတိမထားမိမှာလည်းပဲ စိုးပါတယ် —