ရွှေရည်လင်း ရတနာရွှေဆိုင် - Shwe Yee Lin Gold & Jewellery

  • Home
  • Myanmar
  • Yangon
  • ရွှေရည်လင်း ရတနာရွှေဆိုင် - Shwe Yee Lin Gold & Jewellery

ရွှေရည်လင်း ရတနာရွှေဆိုင် - Shwe Yee Lin Gold & Jewellery �"အနာဂတ်အတွက် ရွှေကို စုဆောင်းပါ...
ရွှေရည်လင်းမှာ ဝယ်ယူပါ"�
�Online Gold Shop�

17/04/2026

ရွှေဆိုတာ စုဆောင်းသူတွေအတွက်တော့ အဖိုးတန်ရတနာတစ်ခုပါ။ အထူးသဖြင့် Academy အခေါက်ရွှေစစ်စစ် ကိုမှ စိတ်ချလက်ချ စုချင်သူတွေအတွက် ကျွန်မတို့ "ရွှေရည်လင်း ရတနာရွှေဆိုင်" က အမြဲအသင့်ရှိနေပါတယ်နော်။
​ဓာတ်ခွဲခန်းဆရာမ ကိုယ်တိုင်တောင် ယုံကြည်စိတ်ချစွာနဲ့ လာရောက်ဝယ်ယူသွားတာမို့ အရည်အသွေးနဲ့ ပတ်သက်ရင်တော့ လုံးဝ စိတ်ပူစရာမလိုပါဘူး။ အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကတော့ ရွှေစုခြင်းပါပဲ။ ✨️💛
#ရွှေစုမယ် #အနာဂတ်အတွက်
#ရွှေရည်လင်းရတနာရွှေဆိုင်

မင်္ဂလာရှိသော မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါစေရှင်🙏✨မြန်မာနှစ်သစ်အခါသမာယမှာ "ရွှေရည်လင်း ရတနာရွှေဆိုင်" ရဲ့ ချစ်လှစွာသော ...
17/04/2026

မင်္ဂလာရှိသော မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါစေရှင်🙏✨

မြန်မာနှစ်သစ်အခါသမာယမှာ
"ရွှေရည်လင်း ရတနာရွှေဆိုင်" ရဲ့ ချစ်လှစွာသော မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ 🙏
ရွှေရည်လင်း နဲ့အတူ နှစ်သစ်မှာ ရွှေတွေအများကြီး ဝယ်ယူစုဆောင်းနိုင်ကြပါစေရှင်။ 💰💍
​ #ရွှေရည်လင်းရတနာရွှေဆိုင်
#မြန်မာနှစ်သစ်ကူး "

နောင်ရေးအတွက် ရွှေစုတော့မယ်ဆိုရင်  မဖြစ်မနေသိသင့်တဲ့ အခေါက်ရွှေအမျိုးအစား🪙ပုံ (၂) ကလို ပဲသား "ဖြတ်စ" ထက်   ပုံ(၁) ကလို ၁...
14/04/2026

နောင်ရေးအတွက် ရွှေစုတော့မယ်ဆိုရင် မဖြစ်မနေသိသင့်တဲ့ အခေါက်ရွှေအမျိုးအစား🪙
ပုံ (၂) ကလို ပဲသား "ဖြတ်စ" ထက် ပုံ(၁) ကလို ၁ ပဲကစရတဲ့ "ရွှေပြား" လေးတွေက ဘာကြောင့် ပိုပြီးစိတ်ချရသလဲ? 🪙🪙🪙✨
​အနာဂတ်အတွက် ရည်ရွယ်ပြီး ရွှေစုကြတဲ့အခါ ၁ ပဲသား "ဖြတ်စ" ဝယ်တာက Mold ဖိုး (ပုံစံခ) သက်သာတယ်ဆိုပေမဲ့ အကယ်ဒမီအတုံးကြီးတွေကို ညှပ်ရောင်းတာဖြစ်လို့ "Academy" ဆိုတဲ့ တံဆိပ်နဲ့ ရွှေစင်ရုပ်ပုံစံတွေ အပြည့်အစုံ ပါဝင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပြန်ရောင်းတဲ့အခါ တံဆိပ်မပါတဲ့အတွက် ပေါက်ဈေးထက် အနည်းငယ် အနှိမ်ခံရတာမျိုး ဒါမှမဟုတ် ဝယ်ဈေးနဲ့ ခွာပြီး ပြန်သွင်းရတာမျိုး ကြုံရတတ်ပါတယ်။ အကယ်ဒမီ "၁ ပဲ ရွှေပြား" လေးတွေကတော့ Mold ဖိုး အနည်းငယ်ပေးရရုံနဲ့ အကယ်ဒမီတံဆိပ်၊ ရွှေစင်ရုပ်ပုံနဲ့ စာသားတွေ အပြည့်အစုံပါဝင်ပြီးသားမို့ ပြန်ရောင်းရင်လည်း ပေါက်ဈေးအတိုင်း အပြည့်ရလို့ ပိုပြီးစိတ်ချရပါတယ်။ ဒါ့အပြင် ပုံစံလေးကလည်း သေသပ်လှပတာကြောင့် ကိုယ်တိုင်စုဆောင်းဖို့ပဲဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် မျက်နှာပန်းလှပြီး တန်ဖိုးရှိလှတဲ့အတွက် ရေရှည်အတွက်ဆိုရင်တော့ ဒီလိုအချက်အလက်ပြည့်စုံတဲ့ ရွှေပြားလေးတွေကိုပဲ ရွေးချယ်ဝယ်ယူဖို့ ဗဟုသုတအဖြစ် အကြံပြုမျှဝေပေးလိုက်ပါတယ်ရှင်။ 💛
#ရွှေရည်လင်းရတနာရွှေဆိုင် #အကယ်ဒမီအခေါက်ရွှေ
#ရွှေစုနည်း

ဘာလို့ "အကယ်ဒမီ" အခေါက်ရွှေကိုပဲ စုကြတာလဲ? 🤔🪙​စုဆောင်းသူတွေကြားမှာ ရေပန်းအစားဆုံး ဖြစ်နေရတဲ့ အကြောင်းရင်း (၄) ချက် -​✅ ၁...
13/04/2026

ဘာလို့ "အကယ်ဒမီ" အခေါက်ရွှေကိုပဲ စုကြတာလဲ? 🤔🪙
​စုဆောင်းသူတွေကြားမှာ ရေပန်းအစားဆုံး ဖြစ်နေရတဲ့ အကြောင်းရင်း (၄) ချက် -
​✅ ၁၆ ပဲရည် (99.99%) အစစ်ဖြစ်လို့ အရည်အသွေး စိတ်ချရတယ်။
✅ ဘယ်ရွှေဆိုင်မှာမဆို ပေါက်ဈေးအတိုင်း ပြန်ရောင်းရလွယ်တယ် (Liquidity မြင့်တယ်)။
✅ လက်ခနဲ့ အလျော့တွက် မရှိလို့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အမြတ်ပိုကျန်တယ်။
✅ ငွေကြေးဖောင်းပွမှုကို အကောင်းဆုံး ကာကွယ်ပေးနိုင်တယ်။
​မိမိရဲ့ စုဆောင်းငွေ တန်ဖိုးမကျချင်ရင်တော့ အကယ်ဒမီ အခေါက်ရွှေက အကောင်းဆုံးပါပဲ။ ✨
​ရွှေရည်လင်း Gold & Jewellery မှာ ငွေပမာဏ နည်းနည်းဖြင့် အကယ်ဒမီ မီးလင်း ၁၆ ပဲရည် အခေါက် 24K ရွှေကတ်လေးများကို ၁ ပဲသားမှ စ၍ ဝယ်ယူစုဆောင်းနိုင်ပါပြီ။ အသေးစိတ်သိရှိလိုပါက Cb သို့ လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါသည်ရှင်။ 😊

#ရွှေစုကြမယ်

Address

Latha Township
Yangon

Alerts

Be the first to know and let us send you an email when ရွှေရည်လင်း ရတနာရွှေဆိုင် - Shwe Yee Lin Gold & Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share