Emerald Crown

Emerald Crown မြစိမ်းသရဖူ

15/03/2024

မိန်းမတွေများပြဿနာတခုခုဖစ်ရင်
အာ့ပြဿနာနဲ့သက်ဆိုင်တဲ့
post တွေဘယ်ကသွားသွားရှာပီး
share လဲမသိဘူး သူတို့ဖစ်တဲ့ပြဿနာနဲ့
သူတို့share တဲ့ post အကုန်ကွက်တိ

🙊

ကိုယ်တို့ကျောင်းသားဘဝတုန်းက အင်တာနက် ဆိုတာလား?ဒီလို…Internet Cafe ဆိုတဲ့ ယဉ်ကျေးမှုဟာ ကိုယ်တို့လူငယ်တွေ အကြား သိပ်ခေတ်စာ...
15/03/2024

ကိုယ်တို့ကျောင်းသားဘဝတုန်းက အင်တာနက် ဆိုတာလား?
ဒီလို…

Internet Cafe ဆိုတဲ့ ယဉ်ကျေးမှုဟာ
ကိုယ်တို့လူငယ်တွေ အကြား
သိပ်ခေတ်စားတယ်…
လူတစ်ကိုယ် အကောင့်တစ်ခုမှ
ဖွင့်မထားနိုင်ရင် မျက်နှာက XXS လောက် ငယ်တယ်…

အကောင့်တစ်ခု ပိုင်ဆိုင်ဖို့ ဆိုတာကလည်း ခုလို မလွယ်ဘူး…
လုပ်တတ် ကိုင်တတ်တဲ့ တစ်ယောက်ယောက်ကို ဆရာတင်ရတယ်…
ဂျီတော့လ် တို့ ဂျီမေးလ်တို့ဆိုတာ လာ မပြောနဲ့…
ကီးဘုတ်တောင် လက်ညှိုးနှစ်ချောင်းနဲ့ တောင်နှိပ် မြောက်နှိပ် နှိပ်တဲ့ခေတ်…😂😂😂

အဲ နာမည်ခပ်ကြောင်ကြောင် အနောက်က နံပါတ်တို့ မြို့နာမည်တို့နဲ့
ကိုယ်ပိုင်အကောင့်တစ်ခု ရပြီ ဆိုရင်တော့ အကောင်ပဲ…
အင်တာနက်ဖိုးနဲ့ မွဲတော့မယ့် အကောင်…

အကောင့်နာမည်တွေက
Pinky lay01 တို့ rabbit lay.ygn တို့ aung02.mdy တို့ maymyothulay တို့စသဖြင့်ပေါ့…
သူငယ်ချင်းတစ်ယောက်ဆို apyarlay ဆိုပြီး လုပ်လာလို့ ဒုက္ခရောက်ရသေးတယ်…😂😂😂
အပြာလေးတောင် ရိုးရိုးအပြာလေး မဟုတ်ဘူး
gtc.apyarlay ဆိုပဲ…😂😂😂

အကောင့်မှာ ပုံအစစ် တင်တဲ့သူတော့ ရှားသေးတယ်…
ကိတ်မုန့်ပုံ ကြွက်ပုံ သစ်ရွက်စိမ်းပုံ စသဖြင့် တင်ကြတယ်.…
ဒါလည်း မမြင်ရဘဲ တစ်ယောက်နဲ့တစ်ယောက် ဖီးတက်ပြီး ကြူကြတာပဲ…
အကောင့်မှာလည်း မီးသုံးခု ပါတယ်…
မီးစိမ်းနေရင် အားနေတယ်…
မီးဝါနေရင် တစ်ခုခု လုပ်နေတယ်…
မီးနီပြထားရင် လုံးဝမအားဘူး ဆိုတဲ့ ယဉ်ကျေးမှုနဲ့ သွားတယ်…

အဲ့ဒီခေတ်ကတော့ မြန်းဂလိ လို့ခေါ်တဲ့ အသံထွက်အင်္ဂလိပ်ဟာ အသုံးအများဆုံး ဘာသာစကားပဲ…
မြန်မာလို သိပ်မရိုက်တတ်ကြဘူး…
မြန်မာစာ ရိုက်တတ်သူဟာ
အမေရိကတိုက်ကို စတင်တွေ့ရှိသူထက် မျက်နှာပွင့်တယ်…

ခုခေတ် status ရေးသလိုပဲ
အကောင့်နာမည်နားမှာ
ကိုယ့်ခံစားချက်လေးတွေ ရေးထားလို့ရတယ်.…
တစ်ချို့က ကဗျာလေးတွေ
သီချင်းစာသားလေးတွေ
တစ်ချို့ကလည်း ဟာသလေးတွေ ဒါမှမဟုတ်
လန်ထွက်အောင် ဒန်ခွက်နဲ့ ဘာဖြစ်တယ်ဆိုလား အဲ့လိုမျိုး ပေါက်ကရလေးတွေလည်း ရေးလို့ရတယ်…

အံမယ် လျှော့တော့ မတွက်နဲ့…
VZO ဆိုတဲ့ ပုံထွက် ခပ်ညံ့ညံ့နဲ့ video call ရှိတယ်…
ကင်မရာကို ကိုယ့်မျက်နှာ တည့်တည့်ချိန်ပြီး ပြဲစကော မျက်နှာကြီးတွေနဲ့ ကြူတာ ကြူတာ ဆိုတာ…
အဲ့တုန်းကတော့ တကယ့်အနှစ်ပဲ…
VZO ဆိုတာ တကယ့် VIP ပုဂ္ဂိုလ်နဲ့မှ ပြောကြတာ…

အကောင့်တစ်ခု ရပြီဆိုတာနဲ့
နိုင်ငံတော်သမ္မတထက် အလုပ်ရှုပ်ပြီဆိုတာ ဗေဒင်မမေးနဲ့…
သမ္မတကမှ ရုံးပိတ်ရက် ရှိဦးမယ်…
ဂျီတော့ပ် ယူဆာတွေက ပိတ်ရက် မရှိဘူး…
အင်တာနက်ဆိုင်သွားပြီး တစ်နာရီ လေးရာမျိုး ငါးရာမျိုးပေးပြီး ချက်တင်ထုကြတာ…

လိုင်းကျတဲ့နေ့ဟာ ယူကြုံးမရ အပူလုံးကြွ ကြတဲ့နေ့ပဲ…
လည်နေတဲ့ အဝိုင်းကို တစ်နာရီ ငါးရာလောက်ပေးပြီး ဆင့်ဟွာ ခွေးမျှော်သလို စခရင်ကြီး ထိုင်ကြည့်ပြီး စောင့်ကြတာ စောင့်ကြတာ ဆိုတာ…
ဆိုင်ရှင်က ကျော်တတ် ခွတတ်ရင်တော့ ကိုယ့်စက်က ဝင်လို့ရတယ်…
ဒီတော့ လိုင်းကောင်းမယ့်ဆိုင်ကို တစ်မြို့လုံးပတ်ပြီး ရေကြည်ရာ မြက်နုရာ ရှာရတယ်…
ရွှေ့ပြောင်းကြူစိန် ဒုက္ခသည်တွေပေါ့…😂😂😂

အံမယ်… လာသေးတယ်
Gmail ဆိုတဲ့ဟာ…
တစ်နေ့တစ်ခါ မေးလ်စစ်ကြသတဲ့…
နေကောင်းလား စားပြီးပြီလား
ဒီသီချင်းလေး နားထောင်ကြည့်
ဒီစာလေးဖတ်ကြည့်ပြီး မျှဝေပါ ဆိုတဲ့ အီးမေးလ်တွေကို နေ့စဉ် စစ်ကြည့်ကြရတယ်…
မသိရင် သံရုံးက ဝန်ထမ်းတွေလိုပဲ
မေးလ်ကို အရေးတကြီး စစ်ကြ Forward တွေ လုပ်ကြရတာ…

ဒီကတစ်ဆင့်တက်ရင်တော့
အပြင်မှာ မိတ်ဖွဲ့ကြတယ်…
ဘယ်ဆိုင်မှာ ဘယ်နှနာရီမှာ အကျီ င်္ ဘာအရောင် ဝတ်ပြီး လာခဲ့ပါ ဆိုပြီး အချိန်းအချက် ပြုတယ်…
တစ်ဖက်လူက ချောနေမလား ရင်ခုန်မှုကလည်း တစ်မျိုးလေးပေါ့…
မချောလည်း ဘာမှ မဖြစ်ပါဘူး…
တွေ့တာနဲ့ ဝမ်းသာအားရ နှုတ်ဆက်ကြတယ်…
တစ်ချို့ ခြေလွန် လက်လွန် ပြောထား မိတဲ့သူတွေကတော့ တစ်ဖက်လူက ပုံမလာရင် ချောက်ထဲကျရန် လက်နှလုံးအလိုမှာ သူမမြင်ခင် တိတ်တိတ်လေးပြန်သွားပြီး အကောင့် ဘလော့တတ်ကြတယ်…

ကိုယ်တို့ခေတ်တုန်းက အင်တာနက် ဆိုတာ အမုန်းစကား မရှိဘူး…
Say Hi က စနှုတ်ဆက်မယ်…
အဆင်ပြေရင် စကားကြောရှည်မယ်…
ဟာသလေးတွေ ဗဟုသုတလေးတွေ သီချင်းလေးတွေကို တစ်ယောက်နဲ့တစ်ယောက် share ကြတယ်…
ကော်ဖီလေးတစ်ခွက်နဲ့ သီချင်းနားထောင်ရင်း လိုင်းသုံးတယ်…
လိုင်းကျရင် မျောက်လို မှိုင်တယ်…😂😂😂😂
ဒီလောက်ပဲ…

တောသားဆိုတာလည်း မရှိသေးဘူး…
ဘယ်ရှိမလဲ…
ကိုယ်တိုင်ကိုက တောသားလေ…
GTalk ဆိုတာကလည်း ကိုယ်ကျောင်းတက်တဲ့ မြို့ကြီးမှာပဲ သုံးခွင့်ရတာ…
ကျောင်းပိတ်လို့ နယ်ပြန်သွားရင်
ဟာတာတာကြီး…
သံယောဇဉ် အမျှင်တန်းသူတွေ ရှိရင်တော့ ဖုန်းနံပါတ် ပေးထားခဲ့ပြီး ဆက်သွယ်ကြတယ်…

ဘာပဲပြောပြောလေ…
အဲ့ဒီတုန်းက လိုင်းသုံးရတာ တကယ် ပျော်စရာ စိတ်လှုပ်ရှားစရာ အချိန်တွေပါပဲလေ…
တစ်ခါတစ်လေတော့လည်း
အဲ့ဒီ ခံစားမှုလေးကို ပြန်လွမ်းမိသား…
ယူတို့ရော တစ်ခေတ်တစ်ခါက ခင်တွယ်ခဲ့ရတဲ့ ဂျီတော့လ် အကောင့်လေးကို ပြန်မလွမ်းမိဘူးလား… ❤ ❤ ❤️

မင်္ဂလာနေ့လည်ခင်းပါ။စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျမ်းမာခြင်း တွေနဲ့ပြည့်စုံပြီး စီးပွါး လာဒ်လာဘများ ဆထက်တပိုး တိုးတက် အောင်...
20/01/2024

မင်္ဂလာနေ့လည်ခင်းပါ။
စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျမ်းမာခြင်း တွေနဲ့ပြည့်စုံပြီး စီးပွါး လာဒ်လာဘများ ဆထက်တပိုး တိုးတက် အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျ။

🔸 သူတပါး မကောင်းတာကို တွေးနေရင် ..ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့ အချိန်တွေ ဆုံးရှုံးတယ် ။🔹 သူတပါး မကောင်းကြောင်းတွေ ပြ...
19/01/2024

🔸 သူတပါး မကောင်းတာကို တွေးနေရင် ..
ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့
အချိန်တွေ ဆုံးရှုံးတယ် ။

🔹 သူတပါး မကောင်းကြောင်းတွေ ပြောနေရင် ..
ကိုယ့်အတွက် ကောင်းတာတွေ ပြောဖို့
အချိန်တွေ ဆုံးရှုံးတယ် ။

🔸 သူတပါး မကောင်းမှု လုပ်တာကို ထိုင်ကြည့်နေရင် ..
ကိုယ်ကောင်းတာလုပ်ဖို့ အချိန်တွေ ဆုံးရှုံးတယ် ။

🕐 ကမ္ဘာကြီးက တဖြည်းဖြည်းပူလာတယ် ။
ကိုယ့်စိတ်တွေ အေးအောင်ကြိုးစားထားမှ
ဘဝအချိန်ခဏလေးနေရတာ တန်ဖိုးရှိမယ် ။

✔ နေရာတိုင်းက ဆူနေတယ် ။
ကိုယ့်စိတ်ကိုယ်တိတ်အောင်ငြိမ်အောင် ကြိုးစားထားမှ
ဘယ်နေ့ ဘယ်အချိန် ဘယ်ဘေးနဲ့ သေရမယ်မှန်း
မသိနိုင်အတွက် ပြင်ဆင်ပြီးသားဖြစ်မယ်။

❌ ကုသိုလ်လည်း မရ၊ ပညာလည်း မရ ၊ ဥစ္စာလည်း မရ
အကုသိုလ်တွေပဲ အဖတ်တင်တဲ့
အလုပ်တွေအတွက် အချိန်မဖြုန်းပါနဲ့ ။

💯 ကုသိုလ်ကောင်းမှုက
တိတ်ဆိတ်တဲ့ သဘောရှိတယ်၊ အေးချမ်းတယ် ။
အကုသိုလ်က ဆူတယ်၊ ပူတယ် ။

🙏 အကုသိုလ်ဆို မလုပ်နဲ့ ။
ကုသိုလ်မှန်သမျှ အကုန်လုပ်။
မိမိရဲ့ရုပ်ကြီးကို ကောင်းတဲ့ဘက် မှာ များများခိုင်း ။
မိမိရဲ့စိတ်ကို ကောင်းတဲ့ဘက်မှာ ပဲ ​ကြံစည်နိုင်ရမယ် ။
ဘဝက သိပ်မြန်လွန်းပါတယ် ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)🙏🙏

ထပ်ဆင့်ကူးယူ၍ ပူဇော်ပါသည် ။

06/10/2023

ရှေ့မှာပန်းချီရှုံးအောင်
ပြုံးပြတတ်သူတွေဟာ
နောက်ကွယ်မှာဘီလူးရှုံးအောင်
ယုတ်မာတတ်ကြတယ်

03/10/2023
မတန် လို့ပါသူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတပ်တယ်..အဲ့တော့ သူ့ယောက်ျား သူတောင်းစာ...
23/09/2023

မတန် လို့ပါ

သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်
ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတပ်
တယ်..
အဲ့တော့ သူ့ယောက်ျား သူတောင်းစားကို
ပူစာတယ်။

မောင်တော် ဘုရင့် ပွဲတော်အုပ် စားချင်တယ်
လို့နှမတော်ချဉ်ချင်းတပ်တယ် .. ဘုရင့်ပွဲတော်
အုပ်မှ မစား ရရင် နှမတော် သေရ ပါလိမ့်မယ်
မောင်တော် ရအောင်ယူပေးပါ။ "

ဪနှမတော်ရယ် သူတောင်းစားနဲ့
ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆို
တော်သေး.."ဒို့က သူတောင်းစား "ဘုရင့် ပွဲ
တော်အုပ် မတန်မရာ ဘယ်လိုယူလို့ရမလဲ.."

" မောင်တော် နှမတော်ကိုချစ်ရင် ယူပေးရ
မယ်မဟုတ်လို့ကတော့ နှမတော်ဒေါသကိုသိ
တယ်နော် "

အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ်
နန်းတော်ထဲဝင်ခိုးလို့ မလွယ်ဘူး မိရင် ငါ
သေမှာ..အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီး
ဆွမ်းခံ ကြွရင် အဆင်ပြေ မယ်..ခေါင်း တုံး
သင်္ကန်းပတ် သပိတ်လွယ်ပြီး နန်းတော်ရှေ့
ကိုကြွ.. သူတောင်းစားဆိုတော့ ဟန်ဆောင်
ကောင်းတယ်။

နန်းတော်ရှေ့မှာ ဣနြေ္ဒ အပြည့်နဲ့ ရပ်နေ
တာ ဘုရင်ကတွေ့တော့ ပညာရှိဘုရင်ပဲ သိ
တာပေါ့.

ဘုရင်က"ငါဒီရဟန်းအတုကို မောင်းထုတ်
လိုက်ရင် ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်
တယ်ဆိုပြီး အများပြည်သူတွေက ငါ့ကို ကဲ့
ရဲ့ရှုတ်ချကြမယ်."

ဒီတော့ ဘုရင်ကအမတ်ကိုပြောတယ်..
`ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်
ထားသကဲ့သို့စိမ်းလို့ ဣနြေ္ဒ အပြည့်နဲ့ ,, ဒါ
နဲ့ အမတ်တစ်ယောက်ကို လွှတ်ပြီး ``ဘာ
အလိုရှိလဲ လျောက်လိုက်စမ်း..ဆိုပြီးခိုင်း
တယ်။

အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ
ဘုရင်ကိုပြန်လျောက်တင်တယ်`` ဘုရင့်ပွဲ
တော်အုပ် အလှူခံချင်တယ်တဲ့ဘုရားပေါ့
လျောက်တယ်။

ဘုရင်က"ဒါဆို ယူပြီးကပ်လိုက်စမ်း."ပြီးတော့
ဘုရင်က အမတ်ကိုပြောတယ်"ဒီရဟန်းထူးခြား
တယ်၊အနောက်ကနေ မသိမသာ လိုက်ချောင်း
စမ်း၊ ဘာလဲသိရအောင်"ပေါ့။

ဒါနဲ့အမတ်က အနောက်ကနေလိုက် မြို့ပြင်
ဇရပ်နားရောက်တော့ သူတောင်းစားက သင်္ကန်း
ကို ချွတ်လိုက်တော့ အောက်ကလူဝတ်ကိုလည်း
မြင်ကော" ဒီကောင်သူတောင်းစားပဲ."ဆိုတာ သိလိုက်တယ်။

အမတ်ကလဲ ပညာရှိအမတ်ဆိုတော့
စဉ်းစားတယ်`` ငါ ဘုရင်ကို အမှန်အတိုင်း
ပြန်လျောက်ရင် ဘုရင်က ဒီသူတောင်းစား
ကို သတ်လိမ့်မယ်..ဒီသူတောင်းစား အဆင့်
လောက်နဲ့ ငါ့ ဘုရင် အကုသိုလ် ဖြစ် ရတာ
"မတန်ပါဘူး"လို့ စဉ်းစားပြီး နန်းတော်ကိုပြန်
တယ်။

နန်းတော်ပြန်ရောက်တော့ ဘုရင်ကမေးတယ်
ဟိုရဟန်း အခြေနေဘာထူးလဲအမတ် လို့ မေး
တော့

အမတ်က`` မှန်လှပါ အရှင်ဘုရားရဲ့ဘုန်း
တော်ကြောင့် မြို့ပြင်ဇရပ်တစ်နေရာမှာကြည့်
ရင်းကြည့်ရင်းနဲ့ ရဟန်းအသွင်ပျောက်သွားပါ
တယ်ဘုရား လို့ လျောက်တင်တော့

အရေးတယူ လုပ်ရမည့်ကိစ္စမဟုတ်တော့
ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်
တယ်.။

" မတန်လို့ ဒီတိုင်းလွှတ်ထားတာကို မသိဘူးလို့
တော့ မထင်ပါနဲ့တဲ့

တစ်ချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့်
အရေးတယူလုပ်ဖို့ မတန်တာတွေ အများကြီးမို့
တုဖက်ပြိုင်ပြီး ငြင်းမနေကြဘဲ ဥပေက္ခာ ပြု
လိုက်ကြပါနော်။

အားလုံးကိုဖတ်စေချင်သောအရမ်းကောင်းတဲ့စာစုလေး....(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့အခါ တစ်ယောက်တည်းသီချင်းနားထောင်...
17/09/2023

အားလုံးကိုဖတ်စေချင်သော
အရမ်းကောင်းတဲ့စာစုလေး....
(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။
ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။
(၂) တကယ်လို့ တစ်ယောက်တည်း
အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။
တခြားလူရဲ့နှစ်သိမ့်မှုတွေမလိုပါဘူး။
ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။
(၃) စိတ်ထိခိုက်တဲ့အခါ
ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို
ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး
စိတ်ထိခိုက်စေတယ်။
(၄) မပျော်ရွှင်တဲ့အချိန်မှာ
ကောင်းကင်ပြာကို မော်ကြည့်ပါ။
ကြယ်တွေကို ရေတွက်ပါ။
အပြောကျယ်တဲ့ကောင်းကင်မှာ
ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။
"ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်
ယုံကြည်မှုတစ်ခုတော့ပေးပါ။
(၅) မိသားစုအပါအဝင်
ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။
ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။
မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင်
ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။
(၆) အားလပ်ချိန်မှာ
ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊
စာကောင်းလေးတွေရှာဖတ်ပါ။
ခဏတာ အိပ်စက်ပါ။
(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။
ငါ့ကိုလွမ်းလား? ချစ်လားလို့
တစ်ဘက်သားကို သွားမမေ့ပါနဲ့။
တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင်
သူဘာသာသူပြောလိမ့်မယ်။
ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။
(၈) ကိစ္စတချို့၊ လူတချို့ကြောင့်
ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။ ဥပမာ-
ထမင်းမစားတာ၊ ငိုတာ၊ အခန်းအောင်းတာ၊
စိတ်အနှောင့်အယှက်ဖြစ်တာ... ဒါတွေက
လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။
တစ်ခါတလေမှာ နုံ့အတာပဲ
(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်
သူတစ်ပါးနောက်ကွယ်မှာ
သူ့မကောင်းကြောင်း မပြောပါနဲ့။
ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။
မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။
(၁ဝ) ပြောစရာရှိလို့ပြောမယ်ဆိုလည်း
အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ်။
ပြောချင်တာပြောပြီးရင်
ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။
(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင်
ကြိုးစားပါ။
ဒေါသထွက်နေသူတစ်ယောက်က
ကိုယ့်ခံစားချက်ကိုမထိန်းနိုင်တဲ့
အရူးတစ်ယောက်နဲ့တူပြီး
အရမ်းကြောက်ဖို့ကောင်းပါတယ်။
သည်းခံပြီး ပြဿနာရင်းမြစ်ကိုရှာပါ။
စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။
Credit.....

Address

Yangon

Telephone

+959966488172

Website

Alerts

Be the first to know and let us send you an email when Emerald Crown posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Emerald Crown:

Share