Akarit Myint Mo Diamond & Jewellery

Akarit Myint Mo Diamond & Jewellery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Akarit Myint Mo Diamond & Jewellery, Jewellery wholesaler, No(958/A), U Kyin U(1)Street, (32)Quater, North Dagon Township, Yangon.

09/09/2025
09/09/2025
09/09/2025

ဘုရား ဘယ်လို ရှိခိုးမလဲဆိုတော့….

မမြဲသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ
ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ ဘုရား…
(တစ်ကြိမ် ရှိခိုးလိုက်)၊

ဆင်းရဲသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ
ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ဘုရား…
(တစ်ကြိမ် ရှိခိုးလိုက်)၊

အစိုးမရသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ
ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ဘုရား…
(တစ်ကြိမ် ရှိခိုးလိုက်)။

ဤသို့အားဖြင့် ရတနာသုံးပါးကို
သုံးကြိမ်သုံးခါ ရှိခိုးပူဇော်ပါ။
အင်မတန် အကျိုးများတဲ့ဘုရားရှိခိုးနည်းပါ။

ဘာကြောင့်လဲဆိုတော့.......

မမြဲသော မိမိခန္ဓာကိုယ်ကြီးကို
မမြဲတဲ့အကြောင်း ပွားတာက ဝိပဿနာပါ။
(မမြဲခြင်း၊ဆင်းရဲခြင်း၊အစိုးမရခြင်း)

ကိလေသာမရှိတဲ့ ဘုရား ၊
ကိလေသာကင်းကြောင်းဖြစ်တဲ့ တရား ၊
ကိလေသာကင်းပြီးတဲ့ သံဃာတွေကို
အာရုံပြုတာက သမထပါ။

လှူဒါန်းပါ၏ ဆိုတာက ဒါနပါ။

ဒါနရော သမထရော ဝိပဿနာရော
ကုသိုလ် အကုန်ပါသွားတဲ့ဘုရားရှိခိုးနည်းပါ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး #မေတ္တာဖြင့် #မျှဝေးခြင်း #ကုသိုလ်ရယူကြပါစေ🙏🙏🙏🙏🙏
credit
#ဝိမုတ္တိယုဂခေတ်

🙏🙏🙏
07/07/2025

🙏🙏🙏

26/12/2024

🌟 ဒီပုံလေးက ကျမအသက် ၂၁ နှစ်တုန်းက ပုံပါ။

ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် ဆုတွေ အများဆုံးရထားတဲ့ International Airline တစ်ခုမှာ လေယာဉ်မယ် အလုပ်လျှောက်ဖို့ ရိုက်ထားတဲ့ပုံလေးပါ။

🌟 ကျမက အဲဒီအချိန် Singapore မှာ အလုပ်လုပ်နေတုန်း လစာလဲ သိပ်မဆိုး အသင့်တင့်ရတယ် ဆိုပေမဲ့ လေကြောင်းလိုင်းမှာ အလုပ်ရရင်တော့ လစာကလဲ လက်ရှိထက် ၂ ဆလောက် ပိုရမယ်။ နေစရာ အိမ်ပေးဘာပေးနဲ့ Benefits တွေ လဲ အများကြီး ပိုရမယ်။
အကြိုက်ဆုံးကတော့ ကုမ္ပဏီပိုက်ဆံနဲ့ ကမ္ဘာအနှံ့ ခရီးတွေ သွားရမယ်။ အတွေ့အကြုံတွေ အများကြီးရမယ်။

🌟 အရမ်းကို မက်လောက်စရာဆိုတော့ အရမ်းကို လိုချင်ခဲ့တဲ့အလုပ်။
ဒါပေမဲ့ Singapore မှာ လျှောက်ရတာဆိုတော့ Singaporean တွေ အယောက် ၄၀၀ လောက် လာလျှောက်ကြတော့ အရွေးခံရမဲ့ လူနည်းစုထဲမှာပါဖို့က တော်တော်လေးကို ကြိုးစားရ၊ ဆုတောင်းရတာပေါ့။

🌟 အဲဒီအလုပ်ကို ဘယ်လောက်လိုချင်ခဲ့လဲ မျှော်လင့်ခဲ့လဲဆိုတာကို ပြန်တွေးကြည့်ရင် ထင်ထင်ရှားရှား မှတ်မိနေတုန်းပဲ။ ဘာအမှားတစ်ခုမှ မပါအောင် ကြိုးစားခဲ့ရတာ။

🍀 ကံကောင်းထောက်မစွာနဲ့ပဲ အဲဒီအလုပ်လဲ ပထဆုံးအကြိမ် လျှောက်တဲ့အချိန်မှာပဲ ရခဲ့တယ်။ မြန်မြန်ဆန်ဆန် ရာထူးတက်ပြီး Business Class/ First Class မှာ အချိန်အကြာဆုံး လုပ်ခဲ့ရတယ်။ နောက်ဆုံးအလုပ်ထွက်တဲ့အချိန်မှာ လေယာဉ်မယ် အရာရှိပေါက်စ Purser level နဲ့ ထွက်ခဲ့တယ်။

🌟 အလုပ်မှာ စိတ်ညစ်စရာ Flight တွေ အများကြီးကြုံဖူးတယ်။ စိတ်ညစ်စရာ လူတွေလဲ အများကြီး ကြုံဖူးတယ်။ အဲလို စိတ်ညစ်စရာ ကြုံလာတိုင်း ဒီ ဓါတ်ပုံလေး ရိုက်တုန်းက ဒီအလုပ်ကို ဘယ်လောက်တောင် လိုချင်ခဲ့လဲ မျှော်လင့်ခဲ့လဲဆိုတဲ့ ခံစားချက်ကို ပြန်သတိရမိတယ်။

🌟 အဲတုန်းက အင်တာဗျူးဖြေဖို့ စောင့်နေတဲ့ ကောင်မလေးကို ဒီလို စိတ်ညစ်စရာတွေ ကြုံရမယ်နော်။ လုပ်နိုင်ပါ့မလား ခံနိုင်ရည်ရှိပါ့မလားလို့ မေးလာခဲ့ရင်...

လုပ်နိုင်ပါတယ်။ ဘာအခက်အခဲမဆို အကောင်းဆုံး ကျော်လွှားမှာပါ... လို့ စိတ်အား ထက်ထက်သန်သန်နဲ့ ဖြေခဲ့မှာ သေချာတယ်။

🌟 အဲဒီတုန်းက စိတ်အားထက်သန်မှုကို ပြန်တွေးလိုက်ရင် ကြုံရတဲ့အခက်အခဲလဲ သိပ်မခက်ခဲတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီယူနီဖောင်းကိုဝတ်နိုင်ဖို့ ကြိုးစားနေတဲ့သူတွေအများကြီးရှိတယ်။ ဒီယူနီဖောင်းကို ဝတ်လိုက်လို့ ဒီလိုအခက်အခဲတွေ ကြုံရတာ ကျေးဇူးတောင် တင်ရဦးမယ်လို့ပဲ တွေးမိတယ်။

🌟 နောက်တော့ ကိုယ်ပိုင်အလုပ်လုပ်ဖို့အတွက်ရယ် ကမ္ဘာပေါ်မှာ ကိုယ်သွားချင်တဲ့နိုင်ငံတွေလဲ အတော်စုံသွားပြီလို့ ခံစားရလို့ရယ်... အလုပ်ထွက်လိုက်တယ်။

--------------------

ကိုယ်ပိုင်စီးပွါးရေး စလုပ်တော့လဲ အရင်းအနှီး လောက်လောက်လားမရှိ၊ အသိုင်းအဝိုင်းမရှိ အားလုံးကို စလုံးရေ စ ရတာ။ ကိုယ်လိုချင်တဲ့ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ Target တွေ မျှော်လင့်ချက်တွေ ရှိခဲ့တယ်။

🌟 အခုအချိန်ကျတော့လဲ အဲတုန်းက လိုချင်ခဲ့တာလေးတွေ အတော်များများ လုပ်နိုင်နေပြီ။ ရနေပြီ။

ဒါပေမဲ့ တစ်နေ့တစ်နေ့ မရသေးတာတွေ မဖြစ်သေးတဲ့ ရည်မှန်းချက်တွေ နောက်ကို လိုက်ဖို့ပဲ အားသန်ရင်း ကြံစည်တွေးတောရင်းနဲ့ ပြေးလွှားလုံးပန်းဖြစ်တာ များပါတယ်။

🌟 ဒီဓါတ်ပုံလေး အမှတ်မထင် ပြန်တွေ့တော့မှ
လွန်ခဲ့တဲ့ ၁၅ နှစ်က အရမ်းကို လိုချင်တောင့်တမျှော်လင့်ခဲ့တာတွေ အတိုင်းထက်အလွန်မက ရခဲ့ပြီ။ ကိုယ်တိုင်တင်မက ကိုယ့်တပည့်လေးတွေ အယောက် ရာပေါင်းများစွာကို လေယာဉ်မောင်မယ်ဖြစ်အောင် ပျိုးထောင်ပေးနိုင်ခဲ့ပြီ။

🌟 လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၅ နှစ်လောက်က ရည်မှန်းချက်တွေ လိုချင်ခဲ့တာတွေ ကြိုးစားခဲ့တာတွေလဲ ရသင့်သလောက် ရခဲ့ပြီ။

ပြေးလွှားရုန်းကန်နေတာတွေ ခနလေးရပ်ပြီးတော့ ရခဲ့တဲ့၊ ရနေတဲ့ blessing တွေကို တစ်ခုချင်း ရေတွက်ပြီး ကျေးဇူးတင်ဖို့ ကိုယ့်ကိုယ်ကို သတိပေးဖြစ်တယ်။

--------------------

ကိုယ် ခင်မင်ရတဲ့ မိတ်ဆွေတွေကိုလဲ သတိလေးပေးချင်စိတ် ဖြစ်မိတယ်။

💓 တချိန်က ကိုယ်အသည်းသန် ပိုးပမ်းခဲ့တဲ့ကောင်မလေးက အခု ကိုယ့်အမျိုးသမီးအဖြစ် ဘေးနားမှာရှိနေလား။ ကတောက်ကဆ ဖြစ်တာတွေ ခဏမေ့ပြီး အဲတုန်းက အရမ်းလိုချင်ခဲ့တဲ့ စိတ်ခံစားမှုလေးကို ပြန်သတိရမိရင် ကျေးဇူးတင်မိမှာ....

💓 အရမ်းလိုချင်လို့ သားဆု၊ သမီးဆု ပန်ခဲ့ရတဲ့ သားသမီးလေးတွေ အခု ရင်ခွင်ထဲမှာ အသံစာစာနဲ့ ရောက်နေပြီလား၊ အလုပ်တွေရှုပ်ရ ပင်ပန်းရတာလေးတွေ ခဏမေ့ပြီး ရောက်လာတဲ့ blessing လေးကို ကျေးဇူးတင်ဖို့ သတိရရဦးမယ်...

💓 အရမ်းလိုချင်ခဲ့တဲ့ကားလေးတစ်စီးလောက် အခု Maintainance လုပ်ရတာ အလုပ်ရှုပ်လို့ ညဉ်းနေမိလား...

💓 အရင်တုန်းက လိုချင်ခဲ့တာလေးတွေ အခုပိုင်ဆိုင်နေရပြီဆိုရင်...
ဟိုးတုန်းက ရည်မှန်းချက်လေးတွေ အခု ပြည့်ဝနေပြီဆိုရင်
သတိတရ
အမှတ်တရလေး
မမေ့မလျော့ ဝမ်းသာ ကျေးဇူးတင်ရဦးမယ်မလား..

Love,
Ingyin

နတ်ကောင်းနတ်မြတ်များ မိမိထံလာသောအချိန်နှင့် လာသောအခါတွင် သိနိုင်သောအရာများ=============================သမ္မာဒေဝ နတ်ကောင်...
23/11/2024

နတ်ကောင်းနတ်မြတ်များ မိမိထံလာသောအချိန်
နှင့် လာသောအခါတွင် သိနိုင်သောအရာများ
=============================
သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့သည်
ဘုရားတရား အမြဲလုပ်သောသူ၊ကောင်းမှု့အမြဲပြုသောသူနှင့် တရားဘာဝနာ ပြုလုပ်သောသူ၊ သီလမြဲသောသူတို့ထံတွင် မကြာခဏလာရောက်လေ့ရှိတတ်၏။

ထိုနတ်ကောင်းနတ်မြတ်များသည်
မိမိတို့၏ အမျှဝေ မေတ္တာပို့ခြင်းကို ရလို၍သော်လည်း မိမိတို့အားစောင့်ရှောက်ပေးလို၍သော်လည်းကောင်း လာတတ်ကြ၏။

ထိုနတ်တို့လာတတ်သည့်အချိန်သည်ကား
ညပိုင်းအချိန် မိမိတို့ ဘုရားရှိခိုးနေချိန်၊တရားထိုင်နေသောအချိန်တွင် ပို၍လာတတ်ကြလေ၏။

ထိုနတ်ကောင်းနတ်မြတ်များသည်
မိမိတို့ အိမ်တွင်ရောက်လာလျှင်သော်လည်းကောင်း၊မိမိ၏ဘေးတွင် ရောက်နေလျှင်သော်လည်းကောင်း အမွေးရနံများ ရတတ်ခြင်း၊
မျက်စိထဲတွင် အလင်းတန်းမြင်​နေရ​​ခြင်း၊
မိမိ၏ဘေးတွင် တယောက်​​ယောက်ရှိ​နေသည်ဟု ထင်ရခြင်း၊
လူတစ်ကိုယ်လုံးကြက်သီးထတုန်လှုပ်​လာခြင်းများဖြစ်လာလေ၏။

ဤသည်ကား သမ္မာဒေဝနတ်များ လာရောက်ခြင်းနှင့် နတ်များလာရောက်ပါက သိနိူင်သော အရာများဖြစ်လေ၏။

အိမ်မြောင်စုပ်ထိုးခြင်း နဲ့ သမ္မာဒေဝနတ်များ
===============================
အိမ်မြောင်တို့သည်ကား
အိမ်တွင်ရှိနေတတ်သော်လည်း စုပ်ထိုးသည့်အခါတွင် အကြောင်းမဲ့ စုပ်ထိုးခြင်းမပြုလုပ်တတ်ပေ။
အိမ်မြောင်စုပ်ထိုးရသည့် အကြောင်းအရင်း ၂ ခုရှိလေသည်။

တစ်ခုသည်ကား မိမိအိမ်နှင့်မိမိတို့မိသားစု အရေးအကြောင်းများအတွက်သော်လည်း ကောင်း၊
လာဘ်လာဘ ဝင်လာနိူင်သည့်အခါတွင်သော် လည်းကောင်း စုပ်ထိုး၍ နိမိတ်ပေးတတ်လေ၏။
နောက်တစ်ခုသည်ကား ဘုရားရှိခိုး အမျှဝေချိန်တွင် အိမ်မြောင်စုပ်ထိုးခြင်း၊ ညအခါ၌ စုပ်ထိုးခြင်းများရှိတတ်လေသည်။

သမ္မာဒေဝနတ်ကောင်း နတ်မြတ်များသည်လည်း
လူတို့၏ မေတ္တာပို့ အမျှဝေခြင်းကို လိုလားနှစ်သက်စွာ ခံယူတတ်လေသည်။

လူတို့၏ မေတ္တာပို့ ကုသိုလ်အမျှဝေခြင်းကိုရ​​ခြင်းကြောင့် သမ္မာဒေဝနတ်များသည် ကိုယ်ရောင်ကိုယ်ဝါပိုမိုတောက်ပလာခြင်း၊ ဘုန်းတန်ခိုးကြီးမားလာခြင်းများ ဖြစ်ပေါ်လာလေ၏။

ထို့ကြောင့်ဘုရားရှိခိုးချိန် အိမ်မြောင်စုပ်ထိုးခြင်းသည် မိမိတို့အား နတ်များက နှစ်သက်ကာ သာဓုခေါ်ခြင်းဖြစ်လေသည်။

ထိုအတူ ညအချိန် စုပ်ထိုးခြင်းသည်လည်း သမ္မာဒေဝနတ်များက ကောင်းမှုများ မပြတ်လုပ်ဆောင်ရန် သတိပေးခြင်းနှင့် မိမိတို့အား စောင့်ရှောက်နေကြောင်းကို နိမိတ်ပြခြင်းဖြစ်လေ၏။
မေတ္တာဖြင့်🤍🙏🙏🙏
(Credit)

21/11/2024

စိန်တွေ မိုးကုပ်ကျောက်တွေနဲ့ပတ်သတ်ပြီး ဗဟုသုတရအောင် မကြာခဏ ပိုစ်လေးတွေ တင်ပေးနေပါတယ်...
ကျောက်မျက်စစ်ဆေးရေး lab တွေက ရေးပေးတဲ့စာလေးတွေနဲ့ပတ်သတ်ပြီးရှင်းပြပေးမယ်နော်...

Lab စစ်ချက်စာရွက်မှာ...
၁..synthetic ဆိုရင် ကျောက်အတု..

၂..Heated ဆိုရင် မီးဖုတ်ထားတယ်

၃...Glass filling ဆိုရင် ချော်တွေဖန်တွေဖြည့်ထားတယ်
Glass-filled rubies are created through a man-made process that involves filling a natural ruby's fractures with lead glass

၄...color no detected...
Color not detected in a gem" means that when examining a gemstone, no discernible color is visible, indicating it is essentially colorless, likely due to the absence of trace elements that typically give a gem its color; this is often referred to as a "colorless" gem, and in the gemological world, a gem like this would be considered "near-colorless" if there is a very faint hint of color only noticeable under specific lighting conditions.
(ယိုးဒယားကဝင်တဲ့ ခရမ်းစွဲတွေ... စလင်းဝါတွေဆိုရင်
Color no detected)လို့ပေးတယ်..ကုန်သည်လောကမှာ လေဆာလို့အလွယ်ခေါ်တယ်

5...Irradiated....ဆိုရင် စျေးကွက်ထဲမှာ လေဆာလို့ခေါ်တယ်...(An irradiated gem is a gemstone that has been treated with radiation to change or enhance its color: )
6...dye...ဆေးဆိုးထားတယ်

****cvd/ HTHP has tested(ဓာတ်ခွဲခန်းကထုတ်တဲ့ လူလုပ်စိန်အမျိုးအစား​​ဖြစ်တဲ့ cvd စိန်လား hthp စိန်လားဆိုတာကို စစ်ဆေးပြီးသွားပြီ(Has+v3 ဆိုရင် ပြီးပြီ လို့ဆိုလိုတာ)

7..Natural Diamnond....သဘာဝ တွင်းထွက်စိန်(စိန်အစစ်)

8....unmounted....အထည်ခတ်မထားဘူး....If a piece of jewellery, art, etc., is unmounted, it is not set on or attached to something to display it

၉...mounted... အထည်ခတ်ထားတယ်

၁၀...oil treatment(စျေးကွက်အခေါ် ဆီဖြည့်ထားတယ်)
Oiling is a gemstone treatment typically used for emerald and other gems with cracks that extend to their surface. Applying oil, with a refractive index near that of the stone it's being applied to, hides the cracks in the gemstone and gives the stone the appearance of more color.

ကူးယူဖော်ပြလို့ရပါတယ်
# crd ZawZaw Lat #

24/10/2024

မဂ်လာပါရှင့်

Address

No(958/A), U Kyin U(1)Street, (32)Quater, North Dagon Township
Yangon

Telephone

+959782146239

Website

Alerts

Be the first to know and let us send you an email when Akarit Myint Mo Diamond & Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share