03/08/2026
#နဝရတ်ကိုးပါးအကြောင်း
နဝရတ်ကိုးပါးဆိုသည်မှာ ကျောက်မျက်ရတနာကိုးမျိုးကို ခေါ်ဆိုပါသည်။ နဝရတ်ဟူသည် ‘နဝရတန’ ဟူသော ပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်အဓိပ္ပာယ်ရပါသည်။
နဝရတ်ကိုးသွယ်ဝတ်ဆင်ခြင်းအားဖြင့် ဘုန်းတန်ခိုးကြီးမားခြင်း၊ အသက်ရှည်ခြင်း၊ မင်္ဂလာအပေါင်းနှင့်ပြည့်စုံခြင်း၊ ကျန်းမာခြင်း အစရှိသည့် ဓါတ်သဘာ၀ ရရှိနိုင်သည်ဟု ယုံကြည်ခဲ့သည်မှာ ရှေးဘုရင်များ လက်ထက်ကပင် သမိုင်းကြောင်းအရ နဝရတ်ကိုးသွယ်ဝတ်ခြင်းသည် အလွန်ဘုန်းတန်ခိုးကြီးမားမှုကြောင့် ဘုရင်နှင့် နန်းတွင်း စစ်သူကြီး၊ မှူးမတ်များမှအပ မည်သူမျှ မဝတ်ရဲကြပေ။
ပန်းထိမ်ဆရာများလည်း နဝရတ်လက်စွပ်များ လုပ်ဆောင်ရာတွင် ဓါတ်ခိုက်မှုများမရှိရလေအောင် သက်သက်လွတ်စားပြီး လုပ်ကြလေ့ရှိပါသည်။
နဝရတ်ကိုးပါးလက်စွပ်ပြုလုပ်ရာတွင် ပါဝင်သည့်ကျောက်များမှာ ပတ္တမြား၊ မြ၊ စိန်၊ ကြောင်၊ နီလာ၊ ဂေါ်မိတ်၊ ဥဿဖရား၊ သန္တာ၊ ပုလဲ တို့ဖြင့် အလှပဆုံးသောဒီဇိုင်းလက်ရာဖြင့် မိုးကုတ်ပုံ ၊လေးထောင့်ပုံ၊ အဝိုင်းပုံထု များဖြစ်လုပ်ကြပါသည်။
နဝရတ်အပါအဝင် ကျောက်မျက်ရတနာ တစ်ပါးစီ၏ တန်ခိုးအာနိသင်တွေကတော့ . . .
ပတ္တမြား (Ruby) – ဘုန်းတန်ခိုးကြီးမားခြင်း
မြ (Emerald) – အေးချမ်းခြင်း
စိန်(Diamond) – ဂုဏ်ရောင်ထွန်းပြောင်ခြင်း
ကြောင်(Cat’s eye stone) – သိဒ္ဓိပြီးခြင်း
နီလာ (Sapphire) – မေတ္တာကြီးမားခြင်း
ဂေါ်မိတ် (Zircon or Garnet) – ခွန်အားပြည့်စုံခြင်း
ဥဿဖရား (Topaz)- ကျန်းမာခြင်း
သန္တာ (Coral Stone) – အကြီးအကဲဖြစ်ခြင်း
ပုလဲ (Pearl) – ကျက်သရေနှင့်ပြည့်စုံခြင်း စသည့် ဂုဏ်တို့ကိုဖော်ဆောင်ပေးပါတယ်။
ယင်း ရတနာကိုးပါးစလုံးသည် ကျောက်မျက်မျိုးတွင် ပါဝင်သောရတနာများဖြစ်ကြသည်။ ၎င်းတို့အနက် စိန်၊ ပတ္တမြား၊ မြ နှင့် နီလာတို့သည် အဖိုးအတန်ဆုံးဖြစ်ကြသည်။
Crd to U Htone
#ရတနာချစ်သူများအားလုံးနဝရတ်ကိုးပါးရတနာအပါအဝင် ရတနာများစွာပိါင်ဆိုင်ကြပါစေ