Xing Pearl & Jewelry

Xing Pearl & Jewelry ပုလဲချစ်သူတို့အတွက် အရည်အသွေးကောင်းတဲ့ပုလဲစုံကို လက်လီ လက်ကား စိတ်တိုင်းကျဝယ်ယူနိုင်ပါပြီ

အဖြူစစ်စစ်ကိုမှ ကြိုက်တယ်ဆို ဒါလေးက တအားလှပြီးLusterလည်း အရမ်းကောင်းတဲ့ သဘာဝမြိတ်ပုလဲဖြူလေးတွေပါရှင် နားကပ် - ၁၅ သိန်း ဝ...
13/01/2026

အဖြူစစ်စစ်ကိုမှ ကြိုက်တယ်ဆို ဒါလေးက တအားလှပြီး
Lusterလည်း အရမ်းကောင်းတဲ့ သဘာဝမြိတ်ပုလဲဖြူလေးတွေပါရှင်

နားကပ် - ၁၅ သိန်း ဝန်းကျင်
ဆွဲသီး - ၁၄ သိန်း ဝန်းကျင်



#ရေထွက်ဦးလမ်းမကြီး ၊ တောင်ကြီးမြို့

မြိတ်ပုလဲလေးတွေကိုအဆောင်အဖြစ်လည်း ဝတ်ချင်တယ် // လက်ဆောင်လည်းပေးချင်တယ် စျေးလည်းအများကြီးမသုံးချင်ဘူးဆိုတဲ့ မတို့အတွက် ကျ...
24/12/2025

မြိတ်ပုလဲလေးတွေကိုအဆောင်အဖြစ်လည်း ဝတ်ချင်တယ် // လက်ဆောင်လည်းပေးချင်တယ်
စျေးလည်းအများကြီးမသုံးချင်ဘူးဆိုတဲ့ မတို့အတွက်
ကျား//မ မရွေး ဆင်တူလည်းဝတ်လို့ရတဲ့ ပုလဲလက်ပတ်လေးတွေ ဆိုင်မှာရပါပြီရှင့်
ကိုယ်ကြိုက်တဲ့ အရောင်နဲ့ စိတ်ကြိုက်ရွေးလို့လည်းရမယ်
စျေးကလည်း ၁ သိန်း ကျော်ဝန်းကျင်က စရှိပါတယ်ရှင့်

&jewelry

@ရေထွက်ဦးလမ်းမကြီး ၊ဘုရားဖြူရပ်ကွက်၊ကျိုင်းတုံခေါက်ဆွဲဆိုင်ရှေ့ , တောင်ကြီးမြို့ // &jewelry

စိန် ၆ ပွင့် အလှလေး ကို  &Jewelry မှာ ကိုယ်စိတ်ကြိုက်အရောင်လေးတွေနဲ့ Customize မှာလို့ရပါပြီရှင့်     #မြိတ်ပုလဲစစ်စစ်
15/12/2025

စိန် ၆ ပွင့် အလှလေး ကို &Jewelry မှာ ကိုယ်စိတ်ကြိုက်အရောင်လေးတွေနဲ့ Customize မှာလို့ရပါပြီရှင့်



#မြိတ်ပုလဲစစ်စစ်

ပုလဲ အစစ်ကိုမှ 18 K နဲ့ ခတ်ထားတဲ့ ကြိုးလေးတွေ ကို 5 သိန်း ဝန်းကျင်ကစပြီးရပီနော် Daily ဝတ်လို့လှတဲ့ ကြိုးလေးတွေ ရောက်ပါပြ...
07/12/2025

ပုလဲ အစစ်ကိုမှ 18 K နဲ့ ခတ်ထားတဲ့ ကြိုးလေးတွေ ကို 5 သိန်း ဝန်းကျင်ကစပြီးရပီနော်
Daily ဝတ်လို့လှတဲ့ ကြိုးလေးတွေ ရောက်ပါပြီရှင့်

&Jwelry

#ကျိုင်းတုံခေါက်ဆွဲဆိုင်ရှေ့ ၊ ရေထွက်ဦးလမ်းမကြီး ၊ တောင်ကြီးမြို့
09778018137// 09976622671

မြိတ်ပုလဲစစ်စစ်ကိုမှ ၅သိန်းကျော် ဝန်းကျင်လောက်နဲ့ရမဲ့ပုonlyme  ဆွဲကြိုးလေး🥰🥰
05/12/2025

မြိတ်ပုလဲစစ်စစ်ကိုမှ ၅သိန်းကျော် ဝန်းကျင်လောက်နဲ့ရမဲ့ပုonlyme ဆွဲကြိုးလေး🥰🥰

05/12/2025

ဆိုင်ကိုဘယ်သူလေးလာသွားလဲနော် အပြင်မှာလဲ ချစ်စရာလေး🥰

ဝတ်လိုက်တာနဲ့အရမ်းကိုလှပသွားစေမဲ့ ပုလဲဆွဲသီးဒီဇိုင်းအသစ်လေး၂ပဲ၆ရွှေး စိန် ၃၄ပွင့်//  ၂ပဲ၃ရွှေး စိန် ၃၄ပွင့်၂၄/၂၆ဝန်းကျင်...
11/09/2025

ဝတ်လိုက်တာနဲ့အရမ်းကိုလှပသွားစေမဲ့
ပုလဲဆွဲသီးဒီဇိုင်းအသစ်လေး

၂ပဲ၆ရွှေး စိန် ၃၄ပွင့်// ၂ပဲ၃ရွှေး စိန် ၃၄ပွင့်
၂၄/၂၆ဝန်းကျင်နဲ့ရမယ်ရှင်

&jewelry

20/08/2025

အရမ်းလှသောလေး 😍 @၂၀ကျော်ဝန်းကျင်လောက်နဲ့ရမဲ့စိန်နဲ့ကွတ်ထားတဲ့ပုလဲလက်စွပ်လေး pearl &jewelry

daily ပေါ့ပေါ့ပါးပါး ဝတ်လို့ရပြီး သေးသေးလေးတွေ ဝတ်ရတာ နှစ်သက်တဲ့သူတွေအတွက်မြိတ်ရေငန်ပုလဲနက် Setလေးကိုမှ ပုလဲ ဆွဲသီး _ ၄ ...
14/06/2025

daily ပေါ့ပေါ့ပါးပါး ဝတ်လို့ရပြီး သေးသေးလေးတွေ ဝတ်ရတာ နှစ်သက်တဲ့သူတွေအတွက်

မြိတ်ရေငန်ပုလဲနက် Setလေးကိုမှ

ပုလဲ ဆွဲသီး _ ၄ သိန်းဝန်းကျင်
ပုလဲ နားကပ် _ ၅ သိန်း ဝန်းကျင် ဘဲမို့ အမြန်ဝယ်လိုက်တော့နော်




မင်မင် ပုလဲတွေအကြောင်း ခဏခဏ ရှင်းပြတယ်ဆိုတာ...ပုလဲတွေအကြောင်း သေချာသိပြီး စိတ်ကြိုက် ရွေးချယ်နိုင်ဖို့ပါရှင်🙏🍀မြန်မာ့ ပု...
11/06/2025

မင်မင် ပုလဲတွေအကြောင်း ခဏခဏ
ရှင်းပြတယ်ဆိုတာ...ပုလဲတွေအကြောင်း သေချာသိပြီး စိတ်ကြိုက် ရွေးချယ်နိုင်ဖို့ပါရှင်🙏🍀

မြန်မာ့ ပုလဲ အကြောင်း ပုလဲချစ်သူတို့အတွက်
မျှဝေပေးပါရစေရှင့်♥️

ပုလဲဆိုတာနဲ့ လူတွေရဲ့အသိထဲမှာ ငွေရောင်အဖြူရောင် အလုံးဝိုင်းလို့ ချက်ခြင်းမြင်လိုက်ကြတာ လူ ၁၀ ယောက်မှာ ၇ ယောက်လောက် ရှိမယ်လို့ ထင်မိပါတယ်...

ပုလဲဆိုတာနဲ့ ကမာကောင်ရဲ့ မျက်ရည်လို့ ထင်လိုက်ကြတဲ့သူတွေကလည်း ဒု နဲ့ ဒေးပါ

မှန်ပါတယ်..ပုလဲဆိုတာ ကမာ ကောင်လေးတွေရဲ့ မျက်ရည်တော့ မဟုတ်ပါဘူး..ကမာကောင်လေးတွေကို ခွဲထုတ်ပြီး အထဲက ရလာတဲ့ ရေထွက် ရတနာ စစ်စစ်ပါ (ခွဲထုတ်လိုက်တယ်ဆိုပေမဲ့ ကမာကောင်လေးတွေဟာ သေ သွားတာ မဟုတ်ပါဘူး)

ရှေးခေတ်တွေမှာ ပုလဲဟာ သဘာဝ စစ်စစ်.. ပြုပြင်လုပ်ယူထားတဲ့ ပုလဲမဟုတ်ပဲ ရှားပါးတဲ့ သဘာဝ ပုလဲစစ်စစ် တွေ ရ ကောင်းရ ရှိကောင်းရှိကြပါတယ်...

ခုတိုးတက်ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ ပုလဲကို ကမာကောင်တွေ မွေးမြူပြီး ပုလဲ စစ်စစ်တွေကို ထုတ်လုပ်လာကြပါတယ်(မွေးပုလဲများ)

ပုလဲအကြောင်းဟာ အသေးစိတ်ပြောပြရ ရင် ရေးလို့ကုန်မှာတောင်မဟုတ်ပါဘူး..

အဲ့ဒါကြောင့် နားလည်မှု့လွဲနေတဲ့ပုလဲနဲ့ပက်သတ်တာလေးတွေပဲ သိသလောက် ဝေမျှပေးချင်ပါတယ်....။

အရင်ဆုံး..စပြောချင်တာကသဘာဝ ပုလဲစစ်စစ်တွေဟာ ခုနောက်ပိုင်းမရှိသလောက်ရှားပါး ပါတယ်...

ရှိတယ်ဆိုရင်တောင် လူကြီးမင်းတို့ ထင်နေတဲ့ပုလဲအဖြူအလုံးအသန့် မဟုတ်ပါဘူး
မညီမညာပုံလေးတွေ အသေးအဖွဲ့အမှုန့်အမွှားလေးတွေပဲ ကျွန်မတော့ တွေ့ဖူးပါသေးတယ်(ကျွန်မ မမြင်ဖူးတာဖြစ်ရင်လည်းဖြစ်ပါလိမ့်မယ်)

လူကြီးမင်းတို့ခုခေါ်နေတဲ့အမှတ်မှားနေတဲ့ သဘာဝ ပုလဲ ဆိုတာ ရေငံမွေးပုလဲ စစ်စစ်များဖြစ်ကြပါတယ်။
မွေးပုလဲဆိုတာနဲ့ ပုလဲအတု မဟုတ်ပါဘူး ကမာကောင်ထဲကရတဲ့မွေးမြူထားတဲ့ ပုလဲအစစ်တွေပါ.....( နားလည်အောင်အလွယ်ပြောရ ရင် မြစ်ချောင်းထဲက လွတ်လွတ်လပ်လပ် ကူးခတ်နေတဲ့ငါးနဲ့ ကန်ထဲမွေးမြူ ထားတဲ့ ငါး ကွာသလိုပါပဲ ငါး ကတော့ ငါး ပါပဲ)

မွေးမြူရေးပုလဲကိုမှ ရေချို မွေးပုလဲ
ရေငံ မွေးပုလဲဆိုပြီး ၂ မျိုး ရှိပါတယ်

ရေငံမွေးပုလဲကို တစ်ချို့က မြိတ်ပုလဲ( သဘာဝ ပုလဲ) လို့လည်း ခေါ်ကြပါတယ် ရေငံပုလဲဟာ ပိုပြီး တောက်ပြောင်အား (luster)ကောင်းပါတယ်..

ရေချိုမွေးပုလဲ ကိုတော့ များသောအားဖြင့် စျေးသင့်လို့ လူတန်းစားမရွေးဝတ်ဆင်နိုင်ကြပါတယ်

ရေချိုရေငံမွေးပုလဲတွေဟာလည်း အလုံး၊ အဝိုင်း၊ဘဲဥပုံ၊ ပုံမဲ့၊ အပြား၊ အချွန်၊ အချောင်း ပုံစံ အစုံနီးပါး မြင်ရတက်ပါတယ်
အရွယ်စုံ ဆိုဒ်စုံလည်း ရှိပါတယ်…

မြန်မာ့ရေထွက် ရတနာ ပုလဲတွေကို
အဓိက မွေးမြူနေတဲ့ ကျွန်းစခန်းများကတော့

ဒိုမယ်လ်ကျွန်း - ပုလဲကျွန်း ၊ ဘုတ်ပြင်းမြို့
မလိကျွန်း - ပုလောမြို့
ရွှေကျွန်းကြီး - ကော့သောင်းမြို့ တို့ပဲဖြစ်ပါတယ်

မြန်မာ့ပုလဲများဟာ အရည်သွေးကောင်းပြီးစျေးကွက်ဝင် ရတနာ များဖြစ်ကြပါတယ်

ပြည်ပပုလဲမွေးမြူတဲ့နိုင်ငံတွေကတော့ ဂျပန်၊တရုတ်၊ အိန္ဒိယ တို့ကိုတော့ ဗဟုသုတ အဖြစ်သိရပါတယ်..

တဟေတီပုလဲနက်နဲ့ အာဂိုယာ ပုလဲတို့ဟာ ဂျပန်နိုင်က လာတဲ့မွေးမြူရေးပုလဲများဖြစ်ကြပါတယ်။

ပုလဲဟာ နဝရတ်ကိုးပါးမှာ တစ်ပါးအပါဖြစ်ပါတယ်။တစ်ခုတည်းသော ရေထွက် ရတနာ ဖြစ်ပြီး ကျက်သရေ ရှိခြင်း ဂုဏ်သတ္တိကို အထူးပြုပါတယ်..
အေးချမ်းခြင်း
ကျန်းမာခြင်း
ငွေမြဲခြင်း
အိမ်တွင်းမိသားစု သာယာခြင်း အစရှိတဲ့ ဂုဏ်သတ္တိတွေလည်း ရှိပါတယ်ဆိုပြီး လူကြီးသူမ စကားများ တဆင့်စကား တဆင့်နား ကြားရပါသေးတယ်။

တနလ်ာသားသမီးနဲ့ Jun လဖွား သားသမီးတို့ရဲ့ အဆောင် ရတနာ တစ်ခုလည်း ဖြစ်ပါသေးတယ်...

ပုလဲတစ်လုံးအား...

1.Size( အရွယ်စား)
2.Shape (ပုံသဏ္ဍန်)
3.Color(အရောင်)
4.Luster(တောက်​ပြောင်အား)
5.Surface(မျက်နှာပြင်ချောမွေ့မှု့)
6.Nacre Thickness(ပုလဲအသားအထူးအပါး တနည်း ပုလဲအရည်)
7.Matching (တစ်လုံးနဲ့တစ်လုံးတူညီနိုင်အား) အစရှိတဲ့ အချက်တွေနဲ့ တိုင်းတာပြီး တန်ဖိုး အနိမ့်အမြင် ကွာသွားကြပါတယ်

ပုလဲကို ဘယ်လိုထိမ်းသိမ်းကြမလည်း..
ပုလဲဟာ ရေမွေး၊ lotion ၊ ချွေး တို့ကိုကြောက်ပါတယ်။ ရေမွေး၊ lotion တို့ အသုံးပြုပြီးမှ ပုလဲကို ဝတ်ဆင်ပါ..
ပုလဲကို အခြားသော ရတနာများနဲ့ တွဲမထားစေချင်ပါဘူး..ပုလဲဟာနူးညံ့လို့ ပွတ်တိုက်မိမှာဆိုးပါတယ်။
ပုလဲကို သိမ်းဆည်မယ်ဆို ဝတ်ဆင်ပြီးပါက ရေစိုဝတ်လေးနဲ့ ပွတ်တိုက်ပါ အခြောက်ပြန်သုတ်ပြီး ဗူးလေး တစ်ခုထဲပါ ဂွမ်း မခံပဲ သိမ်းဆည်းပါ။

ပုလဲအတုအစစ်...
ပုလဲလုံးတွေကို ရှေ့သွားလေးနဲ့ခြစ်ကြည့်ပါ ကြမ်းရှရှလေးဖြစ်နေရင် အစစ်ပါ
ပုလဲလုံးအစစ်လေးတွေရဲ့ အထိတွေက အေးမြပါတယ်....

ပုလဲလုံးလေးတွေက အလင်းပြန်တဲ့ ဂုဏ်သတ္တိရှိပါတယ် နေပူထဲ ရိုက်ထားတဲ့ပုံနဲ့နေရိပ်ထဲရိုက်ထားတဲ့ပုံ အရောင်ဖြာထွက်မှု့ကွဲပြားပါတယ်..
နောက်တစ်ခုက ဓာတ်ခွဲခန်းမှာစစ်ဆေးချက်ထုတ်နိုင်ပါတယ်။

ဒီနေရာမှာ တစ်ခု ပြောချင်တာက (ကမာပုလဲအစစ်)ပါလို့စျေးကွက်မှာပြောနေတဲ့ ပုလဲများသည် ပုလဲ အတုများသာ ဖြစ်ပါတယ်
ကမာပုလဲဆိုတာ ကမာကောင် အခွံတွေကို ကျိတ်ပြီး စက်နဲ့ ပြန်လုံးထားပါတယ်.. အရောင်ကျွတ်မှု့က ၂နှစ်ကျော် ၃နှစ်လောက်ထိ မကျွတ်ပါဘူး..
ကော်ပုလဲလုံးများထက်စာရင် ကမာ ပုလဲက ပို ကောင်းပါတယ်

ရေထွက်မြန်မာ့မွေးပုလဲ များကတော့ တစ်သက်တာ အရောင်မကျွတ်ပါဘူး။

ခု သိသလောက် ဗဟုသုတအဖြစ်မျှဝေထားတာ ပုလဲရဲ့ အခြေ ခံ အချက်လေးတွေပဲဖြစ်ပါ..ပုလဲအကြောင်းက ကျယ်ပြန့်လို့ လေ့လာမကုန်န်ိုင်ပါဘူး။

22/05/2025

ဒုံးထည် နဲ့ အင်ဒုံးထည်

ဒုံးထည်ဆိုတာ ​ရွှေဖိုးပဲ ​ပေးရပြီး အ​လျော့တွက် လက်ခဖိုး မ​ပေးရတဲ့ အထည်ကို ​ခေါ်တာပါ....

အ​ပေါင်ဆိုင်​တွေက အ​ပေါင်ဆုံးသွားတဲ့ အထည်​တွေကို အ​ခေါက်သွားချွတ်ရင် ချွတ်ခ ​ပေးရတာနဲ့ သွားရ လာရ အလုပ်ရှုပ် အချိန်ကုန် လမ်းစရိတ်ကုန်တာနဲ့ သွားမချွတ်​တော့ဘဲ ​ရွှေဖိုးပဲ ယူပြီး ပြန်​ရောင်း​ပေးတာကို ဒုံးထည်လို့ ​ခေါ်တာပါ၊ အမှန်တကယ် အ​လျော့တွက် လက်ခ သက်သာပါတယ်....

အင်ဒုံးထည် ဆိုတာက အ​လျော့တွက် လက်ခ မယူ​ပေမယ့် အ​လျော့တွက် လက်ခကို ​ရွှေတန်ဖိုးမှာ ​ပေါင်းပြီး ယူထားတဲ့ အထည်ကို ​ခေါ်တာပါ....

အ​ပေါင်ဆုံးထည် မဟုတ်ဘဲ ပန်းထိမ်ကို အပ်ပြီး ဒုံးထည်လို့ ​ပြော​ရောင်း​နေတာ အင်ဒုံးထည်​တွေပါ၊ Live Cele ဟိုအမကြီး ​​မေးသလို ပန်းထိမ်​တွေက အ​လျော့တွက်မယူဘဲ လုပ်​ပေးရ​အောင် သူ့လင်​တွေမို့လို့လား ဆိုတာ ​မေးသင့်ပါတယ်...

Crdit-ဆရာ​ဇော် (တိတ်စိန်​ရွှေဆိုင်)

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Xing Pearl & Jewelry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share