01/01/2023
🎊🎊🎊နှစ်သစ်မင်္ဂလာဆုတောင်းလွှာ🎊🎊🎊
2023 ခုနှစ် နှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသား အပေါင်း၊ မြန်မာပြည်သူပြည်သား တိုင်းရင်းသားညီအကိုမောင်နှမအပေါင်း ၊ နန်းစံရတနာစိန်ရွှေရတနာဆိုင်ရဲ့ ဝယ်ယူအားပေးကြသော ချစ်ဧည့်သည်အပေါင်းတို့နှင့် အားပေးဝန်းရံပေးကြပါသော ချစ်ညီကိုမောင်နှမအပေါင်းတို့သည် ကပ်ရောဂါဘေးဆိုးအန္တရာယ်ဆိုး စစ်ဘေးစစ်ဒါဏ်အန္တရာယ်များမှ ကင်းစင်လွတ်မြောက်ဝေးငြိမ်းအေးနိုင်ကြပါစေ။🙏🙏🙏
စီးပွားဥစ္စာ လုပ်ငန်းကိုင်ငန်းများလည်း ဆထက်တန်ပိုး ကြီးပွားတိုးတက် အောင်မြင်ကြ၍ ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံ ရရှိခံစား စံစားနိုင်ကြပါစေ။ 🙏🙏🙏
တနေ့တခြား ဝင်ငွေများလည်း ဒီရေလှိုင်းလုံးများအလား တလိမ့်လိမ့်ဖြင့် အဆက်မပြတ် ရရှိဝင်ရောက်ပိုင်ဆိုင်နိုင်ကြပါစေ။🙏🙏🙏
သူတော်ကောင်းတရားများ ပိုမိုပွားများအားထုတ်နိုင်ပြီး အလှူရေစက် လက်နှင့်မကွာပေးကမ်းလှူဒါန်းနိုင်ကြ၍ ကောင်းမှုကုသိုလ်များလည်း အစဉ်အမြဲပြုလုပ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။🙏🙏🙏
နန်းစံရတနာစိန်ရွှေရတနာဆိုင်မိသားစုနှင့်ဝန်ထမ်းများ🙏🙏🙏