ကိုမင်းစိုးကြီး

ကိုမင်းစိုးကြီး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကိုမင်းစိုးကြီး, ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာ, Paungde.

12/11/2019

အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့... Zawgyi

၁။ အချိန်မဖြုန်းပါနဲ့
၂။ အပျော်ပါးလျော့ပါ
၃။ ငွေကိုအလွယ်တကူမသုံးပါနဲ့(စုပါ)
၎။ အားလပ်တဲ့အခါစာဖတ်ပါ
၅။ ခံပြင်းစိတ်ထားပါ
၆။ အပြောအဆိုသိမ်မွေ့ပါ
၇။ အလုပ်တစ်ခုကိုအကြွေးမထားပါနဲ့
၈။ လက်ရှိအလုပ်ကိုသစ္စာရှိပါ
၉။ အိပ်ယာထမပျင်းပါနဲ့
၁၀။ ရည်မှန်းချက်ထားပါ
၁၁။ ကျန်းမားရေးဂရုစိုက်ပါ

***အချိန်မဖြုန်းပါနဲ့***
အချိန်မဖြုန်းပါနဲ့ဆိုသည်မှာ တစ်နာရီပဲသွားသင့်တဲ့ခရီးကို တစ်နာရီပဲအကုန်ခံပါ(ရန်သူမျိုးငါးပါး,အကြောင်းမျိုးမျိုးကြောင့်အချိန်လက်ဟင်းတာကိုမဆိုလိုပါ)အကယ်၍တစ်နာရီထက်ပိုအချိန်ကုန်သွားတဲ့အချိန်ဟာသင့်ရဲ့အောင်မြင်မှု့နဲ့အလှမ်းဝေးသွားကြမဲ့အချိန်တွေပါပဲ ဒါကြောင့်အချိန်ကိုမဖြုန်းပါနဲ့....။

***အပျော်ပါးလျော့ပါ***
ခေတ်လူငယ်ပဲအသောက်စားတော့ရှိမှာပဲ ထိုစကားဟာလုံးဝမှားပါတယ် လူငယ်ဆိုတိုင်းသောက်စားနေကြရင်လူငယ်တိုင်းအကုန်သောက်စားသမားတွေဖြစ်ကုန်မှာပေါ့ "အစရှိ တနောင်နောင်"တဲ့ အစမကောင်းရင်အနှောင်းမသေချာပါဘူး မိမိသူငယ်ချင်းဆေးသောက်တိုင်းမိမိကလိုက်သောက်စရာမလိုပါဘူး အတုခိုးသင့်,မသင့်စဉ်းစားပါ...။

***ငွေကိုအလွယ်တကူမသုံးပါနဲ့***
မိမိချေးနဲစာနဲ့ရလာတဲ့ငွေကိုပဲဖြစ်ဖြစ်အလွယ်တကူပဲရလာတဲ့ငွေပဲဖြစ်ဖြစ်တန်ဖိုးထားပါ သုံးပြီးလို့ပိုလာတာကိုမစုပါနဲ့မိမိသတ်မှတ်ထားတဲ့စီမံချက်တိုင်းစုလို့ပိုလာတဲ့ငွေကိုသုံးပါ
ပိုက်ဆံမရှိတဲ့အခါကျန်တာတွေအဝေးကြီးစဉ်းစားမနေနဲ့မိမိအမြဲတမ်းလိုလိုကျွေးမွေးခဲ့တဲ့သူဟာမိမိအဆင်မပြေတဲ့အခါသူဟာမိမိပေါ်ဘယ်လိုဆက်ဆံလဲ(သူငယ်ချင်းတိုင်းမဟုတ်ပါအများစုဖြစ်တတ်ကြပါတယ်)ကြုံဖူးသူတိုင်းသိကြမှာပါ နောက်တစ်ခုကမိမိရဲ့မိသားစုထဲမှာငွေမရှိတဲ့သားသမီးဟာ မောင်နှမ ညီအစ်ကိုတွေမိမိဘယ်လိုဆက်ဆံလဲ...?ဒါတွေကိုသိနေရင် မိမိငွေတစ်ခါသုံးဖို့ငွေစက္ကူတစ်ရွတ်ထုတ်တိုင်းအမှတ်ရပါ...။

***အားလပ်တဲ့ခါစာဖတ်ပါ***
"စာအုပ်စာပေ လူ့မိတ်ဆွေ"တဲ့ မိမိလမ်းမှားနေရင်စာအုပ်ဖတ်တဲ့အခါမိမိဖြစ်နေတဲ့ဖြစ်ရပ်နဲ့ကိုက်ညီသောစာသားတွေ့ခဲ့ရင်ရှေ့ကိုဘယ်လိုလုပ်ရမလဲဆိုတာတွေကိုအဲဒီစာပေတွေကမိမိကိုပြန်လည်လမ်းပြပေးမှာပါ အတွေ့မရှိသော်လည်းစာပေရဲ့ဗဟုသုတကြောင့် လွယ်လင့်တကူပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်တစ်ခုကိုချနိုင်ပါတယ် ဒါကြောင့် မိမိအားလပ်နေတဲ့အချိန်တွေကိုမဖြုန်းတီးပဲစာဖတ်ပါ...။

***ခံပြင်းစိတ်ထားပါ***
ခံပြင်းစိတ်ထားခြင်းဟာလဲမိမိလုပ်နေတဲ့အလုပ်တွက်အားအင်တစ်ခုပါပဲ မလုပ်တော့လို့စိတ်ဓာတ်ကျတဲ့အခါမိမိငွေမရှိတဲ့အခါ ပတ်ဝန်းကျင် သူငယ်ချင်း မိသားစုတွေကမိမိပေါ်ဘယ်လိုဆက်ဆံလဲ...??ပြန်အမှတ်ရပြီး ကျသွားသောစိတ်ဓာတ်ကိုပြန်လည်ထူထောင်စေတယ်ဒါကြောင့်ခံပြင်းစိတ်ထား၍မိမိအလုပ်ကိုအရင်ကထက်၂ဆပိုမိုလုပ်ပြီးကြိုးစားလိုက်ပါ...။

*** အပြောအဆိုသိမ်မွေ့ပါ ***
အပြောအဆိုသိမ်မွေ့ခြင်းဟာမိမိလုပ်ငန်းတွက်မိတ်ဆွေတိုးပွား၍လုပ်ငန်းကိုလဲပိုမိုဖြစ်မြောက်စေပါတယ် ဥပမာ=ငါ့ညီရေ...အကိုတို့ဒီပစ္စည်းလေးဝယ်တုန်းကဘယ်လောက်ပေးရတယ်အကိုတို့ကအမြတ်ကိုဘယ်လောက်လေးပဲတင်ထားတာပါဒီလိုအေးအေးဆေးဆေးလေးသိမ်မွေ့စွာရှင်းပြခြင်းအားဖြင့်မိမိပစ္စည်းဟာအမြန်ရောင်းရစေပါတယ် အဲလိုမဟုတ်ပဲ "ငါဝယ်တာတောင်ဘယ်လောက်ပေးရတာမင့်ကိုငါကဒီဈေးနဲ့ပေးရမယ် မင့်ကြိုက်ရင်ဝယ်မဝယ်ချင်နေ"ဒီလိုပြောတာနဲ့အင်မတန်မှကွာခြားလှပါတယ် ထို့ကြောင့် မိမိရဲ့အောင်မြင်မှုတွေအမြန်ပိုင်ဆိုင်ဖို့အတွက်အပြောအဆိုသိမ်မွေ့ခြင်းဟာလဲအရာရောက်ပါတယ်....။

*** အလုပ်တစ်ခုကိုအကြွေးမထားပါနဲ့ ***
မိမိလုပ်စရာရှိတဲ့အလုပ်တဲ့ချက်ချင်းထလုပ်လိုက်ပါ တော်ကြာမှ...ခဏနေမှဆိုတဲ့ပုံစံကိုဘယ်တော့မှမလုပ်ပါနဲ့ အဲလိုလုပ်ခြင်းဟာ မိမိရဲ့ပန်းတိုင်ကို မြန်မြန်မလိုချင်ပါဘူးလို့ငြင်းပယ်လိုက်တာနဲ့အတူတူပါပဲ အလုပ်တစ်ခုဘယ်တော့မှအကြွေးမထားပါနဲ့ မိမိမလုပ်ပဲထိုင်နေတဲ့အချိန်တွေကဘယ်လိုတန်ဖိုးရှိလဲဆိုတာ တော်ကြာမှဆိုပြီးပြစ်ထားလိုက်တဲ့အလုပ်ကိုစိတ်ပါမှထလုပ်ရင်း အချိန်တွေမလောက်ငှပဲ နောက်အလုပ်တွေကိုနောက်နှေးစေပါတယ် လုပ်စရာရှိတဲ့အလုပ်မြန်မြန်သာထလုပ်လိုက်ပါ....။

***လက်ရှိအလုပ်ကိုသစ္စာပါ***
အလုပ်ရှင်ဟာလဲ အလုပ်သမား-အလုပ်သမားဟာလဲ အလုပ်ရှင်ပါပဲ ရောင်းဝယ်သူအသံတူနေမှသာ လုပ်နေတဲ့အလုပ်ဟာစည်းလုံးခြင်းကိုဖြစ်ပေါ်စေပါတယ် အလုပ်သမားဟာလဲမိမိအလုပ်နေတဲ့အလုပ်ကို မိမိကိုယ်ပိုင်ပစ္စည်းသဖွယ်စိတ်ထဲထင်မှတ်ကာသစ္စာရှိပါ အလုပ်ရှင်ဟာလဲ မိမိအလုပ်သမားတွေဟာ ငါရဲ့စီးပွားရေးလုပ်ငန်းအောင်မြင်ခြင်းတွက်ထောက်ပံ့နေသောသူတွေပါလို့ တစ်ဦးမေတ္တာတစ်ဦးသိလို့လက်ရှိအလုပ်ကိုသစ္စာရှိပါ...။

***အိပ်ယာထမပျင်းပါနဲ့***
"ဝီရိယအကျိုး စောစောနိုး -သူခိုးတုတ်နဲ့ပြစ်လတ္တံ"တဲ့ရှေးဆိုရိုးစကားရှိပါတယ် စောစောအိပ်ယာထပြီးအလုပ်လုပ်ခြင်းဟာမိမိပြောမပြတတ်လောက်အောင်အကျိုးကြီးမားလှပါတယ် ဥပမာ၁နာရီနားရမဲ့ဟာ၁၀နာရီနဲ့နားရပါတယ် အချိန်တွေကိုပိုမိုရစေပါတယ် စောစောထပြီးအလုပ်လုပ်တော့
နောက်ဆုံးပြောရရင်တစ်ခြားသူတွေနေပူတာလောက်တောင်မခံရပါဘူး ထို့ကြောင့်အိပ်ယာစောစောထပြီးအလုပ်ကိုကြိုးစားကြပါ....။

***ရည်မှန်းချက်ထားပါ***
မိမိအောင်မြင်မှု့ရခြင်းတွက် ရည်းမှန်းချက်ထားပါ ဥပမာ-ငါခုအသက်၂၀ရှိပြီ ဒီနှစ်ကိုငါဆိုင်ကယ်တစ်စီးပိုင်ဆိုင်ရမယ် နောက်၂နှစ်နေရင် ငါ့မှာကိုယ်ပိုင်အလုပ်လေးတစ်ခုပိုင်ဆိုင်ရမယ် ၃နှစ်ကြာရင်ငါမြေကွက်တစ်ကွက်ပိုင်ရမယ် ဒီ၆နှစ်မှာငါ့ဘဝခုလက်ရှိဘဝနဲ့မတူပြောင်းလဲစေရမယ် လူ့လောကမှာအသက်၃၀ကျော်သွားရင်လုပ်ရကိုင်ရတာတွေသိပ်အဆင်မပြေတော့ပါဘူး ဒီလိုစီမံကိန်းချ ရည်မှန်းချက်ထားပါ ရည်မှန်းချက်မရှိရင်ဘာလုပ်လုပ်အလကားပါပဲ ရည်မှန်းချက်ရှိရှိအလုပ်ကိုလုပ်ကြပါ....။

***ကျန်းမာရေးဂရုစိုက်ပါ***
မြတ်စွာဘုရားဟောကြားခဲ့ပါတယ် "အာရောဂျံ ပရမံ လာဘံ"ကျန်းမာခြင်းသည်လာဘ်တစ်တစ်ပါးပါပဲ၊ မိမိကျန်းမာရေးကိုဂရုစိုက်ပါ မိမိနေမကောင်းရင်အလုပ်လုပ်ဖို့မပြောနဲ့အုံး မိမိမဟုတ်တဲ့အခြားတစ်ယောက်ချက်ထားတဲ့ထမင်း.ဟင်းတောင်စားရတာအဆင်မပြေပါဘူး မိမိမှာဘယ်လောက်ပဲစည်းစိမ်တွေရှိနေပါ ကျန်းမာရေးမကောင်းရင်အပြည့်အဝခံစားပိုင်ခွင့်မရှိပါဘူး မိမိလုပ်ချင်သောအလုပ် မိမိလိုချင်သောရည်ရွယ်ချက်တွေကိုဘာတစ်ခုမှလုပ်လို့မရပါဘူး မိမိမကျန်းမာခြင်းဟာလိုချင်ပန်းတိုင်ကိုဟန့်တားစေပါတယ် ဒါကြောင့်ကျန်းမာရေးဟာလဲ မိမိအောင်မြင်မှု့ရခြင်းတွက်အရေးပါလှပါတယ်....။

ဒီဟာကိုဖတ်မိသူတိုင်းအောင်မြင်သောစီးပွားရေးပိုင်ရှင်တစ်ယောက်ဖြစ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်တယ်...
ကျန်းမာချမ်းသာလို့ ရွှင်လန်းချမ်းမြေ့ကြပါစေ.....





Unicode
အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့...

၁။ အချိန်မဖြုန်းပါနဲ့
၂။ အပျော်ပါးလျော့ပါ
၃။ ငွေကိုအလွယ်တကူမသုံးပါနဲ့(စုပါ)
၎။ အားလပ်တဲ့အခါစာဖတ်ပါ
၅။ ခံပြင်းစိတ်ထားပါ
၆။ အပြောအဆိုသိမ်မွေ့ပါ
၇။ အလုပ်တစ်ခုကိုအကြွေးမထားပါနဲ့
၈။ လက်ရှိအလုပ်ကိုသစ္စာရှိပါ
၉။ အိပ်ယာထမပျင်းပါနဲ့
၁၀။ ရည်မှန်းချက်ထားပါ
၁၁။ ကျန်းမားရေးဂရုစိုက်ပါ

***အချိန်မဖြုန်းပါနဲ့***
အချိန်မဖြုန်းပါနဲ့ဆိုသည်မှာ တစ်နာရီပဲသွားသင့်တဲ့ခရီးကို တစ်နာရီပဲအကုန်ခံပါ(ရန်သူမျိုးငါးပါး,အကြောင်းမျိုးမျိုးကြောင့်အချိန်လက်ဟင်းတာကိုမဆိုလိုပါ)အကယ်၍တစ်နာရီထက်ပိုအချိန်ကုန်သွားတဲ့အချိန်ဟာသင့်ရဲ့အောင်မြင်မှု့နဲ့အလှမ်းဝေးသွားကြမဲ့အချိန်တွေပါပဲ ဒါကြောင့်အချိန်ကိုမဖြုန်းပါနဲ့....။

***အပျော်ပါးလျော့ပါ***
ခေတ်လူငယ်ပဲအသောက်စားတော့ရှိမှာပဲ ထိုစကားဟာလုံးဝမှားပါတယ် လူငယ်ဆိုတိုင်းသောက်စားနေကြရင်လူငယ်တိုင်းအကုန်သောက်စားသမားတွေဖြစ်ကုန်မှာပေါ့ "အစရှိ တနောင်နောင်"တဲ့ အစမကောင်းရင်အနှောင်းမသေချာပါဘူး မိမိသူငယ်ချင်းဆေးသောက်တိုင်းမိမိကလိုက်သောက်စရာမလိုပါဘူး အတုခိုးသင့်,မသင့်စဉ်းစားပါ...။

***ငွေကိုအလွယ်တကူမသုံးပါနဲ့***
မိမိချေးနဲစာနဲ့ရလာတဲ့ငွေကိုပဲဖြစ်ဖြစ်အလွယ်တကူပဲရလာတဲ့ငွေပဲဖြစ်ဖြစ်တန်ဖိုးထားပါ သုံးပြီးလို့ပိုလာတာကိုမစုပါနဲ့မိမိသတ်မှတ်ထားတဲ့စီမံချက်တိုင်းစုလို့ပိုလာတဲ့ငွေကိုသုံးပါ
ပိုက်ဆံမရှိတဲ့အခါကျန်တာတွေအဝေးကြီးစဉ်းစားမနေနဲ့မိမိအမြဲတမ်းလိုလိုကျွေးမွေးခဲ့တဲ့သူဟာမိမိအဆင်မပြေတဲ့အခါသူဟာမိမိပေါ်ဘယ်လိုဆက်ဆံလဲ(သူငယ်ချင်းတိုင်းမဟုတ်ပါအများစုဖြစ်တတ်ကြပါတယ်)ကြုံဖူးသူတိုင်းသိကြမှာပါ နောက်တစ်ခုကမိမိရဲ့မိသားစုထဲမှာငွေမရှိတဲ့သားသမီးဟာ မောင်နှမ ညီအစ်ကိုတွေမိမိဘယ်လိုဆက်ဆံလဲ...?ဒါတွေကိုသိနေရင် မိမိငွေတစ်ခါသုံးဖို့ငွေစက္ကူတစ်ရွတ်ထုတ်တိုင်းအမှတ်ရပါ...။

***အားလပ်တဲ့ခါစာဖတ်ပါ***
"စာအုပ်စာပေ လူ့မိတ်ဆွေ"တဲ့ မိမိလမ်းမှားနေရင်စာအုပ်ဖတ်တဲ့အခါမိမိဖြစ်နေတဲ့ဖြစ်ရပ်နဲ့ကိုက်ညီသောစာသားတွေ့ခဲ့ရင်ရှေ့ကိုဘယ်လိုလုပ်ရမလဲဆိုတာတွေကိုအဲဒီစာပေတွေကမိမိကိုပြန်လည်လမ်းပြပေးမှာပါ အတွေ့မရှိသော်လည်းစာပေရဲ့ဗဟုသုတကြောင့် လွယ်လင့်တကူပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်တစ်ခုကိုချနိုင်ပါတယ် ဒါကြောင့် မိမိအားလပ်နေတဲ့အချိန်တွေကိုမဖြုန်းတီးပဲစာဖတ်ပါ...။

***ခံပြင်းစိတ်ထားပါ***
ခံပြင်းစိတ်ထားခြင်းဟာလဲမိမိလုပ်နေတဲ့အလုပ်တွက်အားအင်တစ်ခုပါပဲ မလုပ်တော့လို့စိတ်ဓာတ်ကျတဲ့အခါမိမိငွေမရှိတဲ့အခါ ပတ်ဝန်းကျင် သူငယ်ချင်း မိသားစုတွေကမိမိပေါ်ဘယ်လိုဆက်ဆံလဲ...??ပြန်အမှတ်ရပြီး ကျသွားသောစိတ်ဓာတ်ကိုပြန်လည်ထူထောင်စေတယ်ဒါကြောင့်ခံပြင်းစိတ်ထား၍မိမိအလုပ်ကိုအရင်ကထက်၂ဆပိုမိုလုပ်ပြီးကြိုးစားလိုက်ပါ...။

*** အပြောအဆိုသိမ်မွေ့ပါ ***
အပြောအဆိုသိမ်မွေ့ခြင်းဟာမိမိလုပ်ငန်းတွက်မိတ်ဆွေတိုးပွား၍လုပ်ငန်းကိုလဲပိုမိုဖြစ်မြောက်စေပါတယ် ဥပမာ=ငါ့ညီရေ...အကိုတို့ဒီပစ္စည်းလေးဝယ်တုန်းကဘယ်လောက်ပေးရတယ်အကိုတို့ကအမြတ်ကိုဘယ်လောက်လေးပဲတင်ထားတာပါဒီလိုအေးအေးဆေးဆေးလေးသိမ်မွေ့စွာရှင်းပြခြင်းအားဖြင့်မိမိပစ္စည်းဟာအမြန်ရောင်းရစေပါတယ် အဲလိုမဟုတ်ပဲ "ငါဝယ်တာတောင်ဘယ်လောက်ပေးရတာမင့်ကိုငါကဒီဈေးနဲ့ပေးရမယ် မင့်ကြိုက်ရင်ဝယ်မဝယ်ချင်နေ"ဒီလိုပြောတာနဲ့အင်မတန်မှကွာခြားလှပါတယ် ထို့ကြောင့် မိမိရဲ့အောင်မြင်မှုတွေအမြန်ပိုင်ဆိုင်ဖို့အတွက်အပြောအဆိုသိမ်မွေ့ခြင်းဟာလဲအရာရောက်ပါတယ်....။

*** အလုပ်တစ်ခုကိုအကြွေးမထားပါနဲ့ ***
မိမိလုပ်စရာရှိတဲ့အလုပ်တဲ့ချက်ချင်းထလုပ်လိုက်ပါ တော်ကြာမှ...ခဏနေမှဆိုတဲ့ပုံစံကိုဘယ်တော့မှမလုပ်ပါနဲ့ အဲလိုလုပ်ခြင်းဟာ မိမိရဲ့ပန်းတိုင်ကို မြန်မြန်မလိုချင်ပါဘူးလို့ငြင်းပယ်လိုက်တာနဲ့အတူတူပါပဲ အလုပ်တစ်ခုဘယ်တော့မှအကြွေးမထားပါနဲ့ မိမိမလုပ်ပဲထိုင်နေတဲ့အချိန်တွေကဘယ်လိုတန်ဖိုးရှိလဲဆိုတာ တော်ကြာမှဆိုပြီးပြစ်ထားလိုက်တဲ့အလုပ်ကိုစိတ်ပါမှထလုပ်ရင်း အချိန်တွေမလောက်ငှပဲ နောက်အလုပ်တွေကိုနောက်နှေးစေပါတယ် လုပ်စရာရှိတဲ့အလုပ်မြန်မြန်သာထလုပ်လိုက်ပါ....။

***လက်ရှိအလုပ်ကိုသစ္စာပါ***
အလုပ်ရှင်ဟာလဲ အလုပ်သမား-အလုပ်သမားဟာလဲ အလုပ်ရှင်ပါပဲ ရောင်းဝယ်သူအသံတူနေမှသာ လုပ်နေတဲ့အလုပ်ဟာစည်းလုံးခြင်းကိုဖြစ်ပေါ်စေပါတယ် အလုပ်သမားဟာလဲမိမိအလုပ်နေတဲ့အလုပ်ကို မိမိကိုယ်ပိုင်ပစ္စည်းသဖွယ်စိတ်ထဲထင်မှတ်ကာသစ္စာရှိပါ အလုပ်ရှင်ဟာလဲ မိမိအလုပ်သမားတွေဟာ ငါရဲ့စီးပွားရေးလုပ်ငန်းအောင်မြင်ခြင်းတွက်ထောက်ပံ့နေသောသူတွေပါလို့ တစ်ဦးမေတ္တာတစ်ဦးသိလို့လက်ရှိအလုပ်ကိုသစ္စာရှိပါ...။

***အိပ်ယာထမပျင်းပါနဲ့***
"ဝီရိယအကျိုး စောစောနိုး -သူခိုးတုတ်နဲ့ပြစ်လတ္တံ"တဲ့ရှေးဆိုရိုးစကားရှိပါတယ် စောစောအိပ်ယာထပြီးအလုပ်လုပ်ခြင်းဟာမိမိပြောမပြတတ်လောက်အောင်အကျိုးကြီးမားလှပါတယ် ဥပမာ၁နာရီနားရမဲ့ဟာ၁၀နာရီနဲ့နားရပါတယ် အချိန်တွေကိုပိုမိုရစေပါတယ် စောစောထပြီးအလုပ်လုပ်တော့
နောက်ဆုံးပြောရရင်တစ်ခြားသူတွေနေပူတာလောက်တောင်မခံရပါဘူး ထို့ကြောင့်အိပ်ယာစောစောထပြီးအလုပ်ကိုကြိုးစားကြပါ....။

***ရည်မှန်းချက်ထားပါ***
မိမိအောင်မြင်မှု့ရခြင်းတွက် ရည်းမှန်းချက်ထားပါ ဥပမာ-ငါခုအသက်၂၀ရှိပြီ ဒီနှစ်ကိုငါဆိုင်ကယ်တစ်စီးပိုင်ဆိုင်ရမယ် နောက်၂နှစ်နေရင် ငါ့မှာကိုယ်ပိုင်အလုပ်လေးတစ်ခုပိုင်ဆိုင်ရမယ် ၃နှစ်ကြာရင်ငါမြေကွက်တစ်ကွက်ပိုင်ရမယ် ဒီ၆နှစ်မှာငါ့ဘဝခုလက်ရှိဘဝနဲ့မတူပြောင်းလဲစေရမယ် လူ့လောကမှာအသက်၃၀ကျော်သွားရင်လုပ်ရကိုင်ရတာတွေသိပ်အဆင်မပြေတော့ပါဘူး ဒီလိုစီမံကိန်းချ ရည်မှန်းချက်ထားပါ ရည်မှန်းချက်မရှိရင်ဘာလုပ်လုပ်အလကားပါပဲ ရည်မှန်းချက်ရှိရှိအလုပ်ကိုလုပ်ကြပါ....။

***ကျန်းမာရေးဂရုစိုက်ပါ***
မြတ်စွာဘုရားဟောကြားခဲ့ပါတယ် "အာရောဂျံ ပရမံ လာဘံ"ကျန်းမာခြင်းသည်လာဘ်တစ်တစ်ပါးပါပဲ၊ မိမိကျန်းမာရေးကိုဂရုစိုက်ပါ မိမိနေမကောင်းရင်အလုပ်လုပ်ဖို့မပြောနဲ့အုံး မိမိမဟုတ်တဲ့အခြားတစ်ယောက်ချက်ထားတဲ့ထမင်း.ဟင်းတောင်စားရတာအဆင်မပြေပါဘူး မိမိမှာဘယ်လောက်ပဲစည်းစိမ်တွေရှိနေပါ ကျန်းမာရေးမကောင်းရင်အပြည့်အဝခံစားပိုင်ခွင့်မရှိပါဘူး မိမိလုပ်ချင်သောအလုပ် မိမိလိုချင်သောရည်ရွယ်ချက်တွေကိုဘာတစ်ခုမှလုပ်လို့မရပါဘူး မိမိမကျန်းမာခြင်းဟာလိုချင်ပန်းတိုင်ကိုဟန့်တားစေပါတယ် ဒါကြောင့်ကျန်းမာရေးဟာလဲ မိမိအောင်မြင်မှု့ရခြင်းတွက်အရေးပါလှပါတယ်....။

ဒီဟာကိုဖတ်မိသူတိုင်းအောင်မြင်သောစီးပွားရေးပိုင်ရှင်တစ်ယောက်ဖြစ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်တယ်...
ကျန်းမာချမ်းသာလို့ ရွှင်လန်းချမ်းမြေ့ကြပါစေ.....



ယခုမှ iPhone စဝယ်မည့်သူများ စကိုင်မည့်သူများအတွက် ဂျင်းမမိစေချင်လို့ရေးတဲ့ စာ======================================Septe...
16/09/2019

ယခုမှ iPhone စဝယ်မည့်သူများ စကိုင်မည့်
သူများအတွက် ဂျင်းမမိစေချင်လို့ရေးတဲ့ စာ
======================================

September 12, 2019 Zwe Man

အားလုံးသတိထားမိကြလား မသိဘူး
ဒီနှစ်ပိုင်းအတွင်းမှာ အပြင်သွားရင် အရင်တုန်းကထက်
ပိုပြီး iPhone user တွေ အရမ်းများလာတာကို

ကားပေါ်မှာ ရထားပေါ်မှာ shopping centre မှာ
လမ်းမှာ ဘုရားမှာ နေရာတကာမှာ iPhone ringtone သံလေးတွေက အများအပြားကြားလာကြရတယ်

ကိုယ့်နိုင်ငံက လူတွေ iPhone ကိုင်တာ ဝမ်းသာရမယ့်
ကိစ္စကို မင်းက ဘာတွေစကားများနေတာလဲလို့မေးရင်
ကျွန်တော်စကားများနေတာ လာမေးတဲ့ bro အတွက်ပါလို့ပဲဖြေရပါလိမ့်မယ် (ဘာလို့လဲဆိုတော့
ကျွန်တော်ရေးထားတဲ့ အရာတွေကို သိပြီးသားလူက
ဒီစကားဝင်ပြောမှာ လုံးဝမဟုတ်လို့ပါပဲ)

iPhone တွေအကိုင်များလာတာနဲ့အမျှ iPhone က
ကြောင်နေတယ် လေးနေတယ် ထစ်နေတယ် ဖုန်းက
ခဏခဏပျက်တယ် error တက်တယ် တရုတ်ဖုန်း
လောက်တောင်မကောင်းဘူး ဆိုတဲ့ အသံတွေပါ
အများကြီးပိုကြားလာရပါတယ်

ဒီအသံတွေ အရင်ကထက် ပိုပြီး ကြားလာရတာဟာ iPhone user များလာတာ တစ်ခုထဲအတွက်ကြောင့်
မဟုတ်ပါဘူး တစ်ခြားအကြောင်းလဲရှိနေပါသေးတယ်

iPhone user တွေများလာတာ ဝမ်းသာစရာပေမယ့်
အကိုင်များနေတဲ့ iPhone တွေမှာ China Refur တွေ
အများအပြားပါနေပါတယ် 😄
တစ်ချိန်က ဈေးအရမ်းများခဲ့တဲ့ iPhone တွေကို
ကိုယ် လက်လှမ်းမှီတဲ့ ဈေးနဲ့ဝယ်ရပီဆိုတော့ တော်တော်
များများက ဝယ်ကိုင်လာကြပါတယ်

Apple Refurbished (CPO)

ဒီနေရာမှာ Refurbished ဆိုတာကို ရှင်းပြချင်ပါတယ် Apple ရဲ့Refurbrished iPhone တွေကို
CPO(apple certified pre-owned) ဆိုပီးရောင်းချ
ပါတယ် CPO ဆိုတာ Apple ကနေ official ပြန်ပီးပြင်
ရောင်းတဲ့အလုံးတွေကို IMEI စစ်ကြည့်တဲ့ အချိန်မှာ Refurbished လို့ပေါ်နေတဲ့ အလုံးတွေကို ခေါ်ပါတယ်

Apple CPO အလုံးတွေကို official 1year warranty နဲ့ သာရောင်းချပါတယ် ဈေးကလဲ official warranty နဲ့
ဖုန်းအသစ်တွေထက် အနည်းငယ်ပဲ သက်သာပါတယ်
CPOရဲ့ဘူးက iPhone အသစ်တွေနဲ့လုံးဝမတူပဲ
အဖြူ ဆွတ်ဆွတ် ဖြစ်နေပါလိမ့်မယ်
မြန်မာမှာဆိုရင် CPO (official refur)အမှန်က
6s plus 32GB ကို တောင် (၇၅၀,၀၀၀ကျပ်ဝန်းကျင်)
အထိပေးဝယ်နေရပါသေးတယ်

Apple သည် သူ့brand image ကို တန်ဖိုးအရမ်းထားတဲ့ ကုမ္ပဏီတွေထဲက တစ်ခုပါ။ ဘယ်တော့မှ သူ့ပစ္စည်းတွေကို ဈေး ပေါပေါ ဘယ်လောက်model နိမ့်နေနေ မရောင်းတတ်ပါဘူး

တကယ့် CPO အလုံးအမှန်တွေ ဟာဈေးလဲ မသက်သာသလို quality ကလဲ အသစ်တွေနဲ့100% တူပီး စိတ်ချရပါတယ် 😄

China Refur

China refur ဆိုတာကေတာ့ Apple refurbished (CPO) အလုံးတွေကို ပုံမှား ရိုက်ပြီး
ရောင်းနေတဲ့ အလုံးတွေကိုခေါ်တာပါ

China refur ဆိုတာ ဖုန်းအစုတ်အပြတ်တွေ အကွဲတွေ အဟောင်းတွေ ကို Quality အညံ့စား body တွေ
ဈေးကွက်မှာပေါပေါနဲ့ ဝယ်လို့ရတဲ့ အပေါစားမှန်တွေ နဲ့ တရုတ်ပြည်က အပြင်ဆိုင်တွေမှာတင် တပ်ဆင်ပြီး
Packaging ပြန်ပိတ်ရောင်းနေတဲ့ အလုံးတွေကို
ခေါ်ပါတယ်။

China refur တွေကို Apple unlock refur ,
A quality refur ,Brand new parking ဆိုပီးနာမည်
အမျိုးမျိုးတပ်ပီး ဈေးကွက်မှာရောင်းနေကြပါတယ်

တချို့ဆိုင်တွေ က ပိုပီးဂျင်းတာ အကွက်စေ့ပါတယ် warranty 1 year ပါသူတို့ကိုယ်တိုင်ပေးပီး
အစစ်ယောင်ယောင်နဲ့ apple official 1 year warranty refur ဆိုပီး ရောင်းတတ်ပါသေးတယ်

ဒါကြောင့် iPhone 1 လုံးဝယ်မယ်ဆိုရင် ပေးထားတဲ့ warranty က ဆိုင်ကပေးတာလား
apple ကပေးတာလားဆိုတာသေချာစစ်ဆေးပီးမှ
ဝယ်သင့်ပါတယ်

ဂျင်းဖုန်းတွေမှာ ဘူးက iPhone အသစ်လိုမျိုး ဘူးနဲ့
သာလာပီး packing အသစ်တွေဖြစ်နေပါတယ်
ဒါပေမယ့် IMEI စစ်ပြီး apple warranty ကို
check ကြည့်လိုက်ရင်တော့ model အနိမ့်တွေမှာ warranty ကုန်ခဲ့တာနှစ်ချီပြီးကြာခဲ့ပါပြီ
Activated လုပ်ထားတာလဲ အချိန်က အရမ်းကြာနေပါပြီ ကိုယ်က အခုမှ parking ဖောက်ပေမယ့် ဖုန်းက warranty တောင်ကုန်ပီး စသုံးထားတာနှစ်ချီနေပီ
ဆိုတော့ စဉ်းစားသာကြည့်ပါတော့

china refur (ဂျင်းဖုန်း) တွေကို ဆိုင်အများစုက
warranty ၁ လလောက်ပဲအများဆုံးပေးတက်ပါတယ်
1 နှစ်လောက်ပေးတဲ့ဆိုင်တွေရှိပေမယ့်
Apple ကပြင်ပေးမှာ မဟုတ်ပါဘူး
သူတို့ဆိုင်ကပဲ လက်ပူတိုက်ပြီး ပြန်ပြင်ပေးမှာပါ

ဒါပေမယ့် ငါ့အတွက် official warranty က
အရေးမကြီးပါဘူး ဆိုင်ကပြန်ပြင်ပေးရင် ပြီးတာပဲ ဆိုတဲ့ လူတွေလဲ စာကိုဆုံးအောင်ဖတ်ပေးပါခဗျာ 🙏

warranty က အရေးမကြီးပေမယ့် ဝယ်ထားတဲ့
iPhone က iphone ဖြစ်ဖို့လိုပါတယ်

IOS တစ်ခုပဲ iphone လို့ခေါ်ရပြီး iPhone တစ်လုံး
မဟုတ်တဲ့ built quality မဟုတ်တာကိုင်ရတဲ့ အထိ clone တစ်လုံးလို ဖြစ်နေတဲ့ display
ချောင်နေတဲ့ ခလုတ်တွေ
ခဏခဏ ပျက်ခြင်း၊ ကြောင် ခြင်း စတဲ့ error
ဗလပွ ဒုက္ခ တွေကို လဲ ကြုံရမှာပါ
iPhone အစစ်တလုံးကို ကိုင်တဲ့ရတဲ့ feeling နဲ့
အများကြီးကွာနေပီး လက်ထဲမှာ ၁သိန်းကျော်တန်ဖုန်း
တစ်လုံးလို ပေါပေါပဲပဲ feeling ပဲ ရနေမှာပါ။

(Admin ကိုယ်တိုင် ဂျင်းဆိုင်တစ်ဆိုင်ကိုသွားပီး admin iPhone နဲ့ model တူကို ယှဉ်ကိုင်ပီးစမ်းလာတာပါ အစစအရာရာကွာပါတယ်)

ဂျင်းဆိုင်မှန်း သိသာစေသောအချက်များ 😎

1. ဈေး

မြန်မာ က China refur ရောင်းတဲ့ ဂျင်းဆိုင်တွေမှာ
ဂျင်းထည့်တဲ့ ပညာတစ်ခုလိုနေသေးပါတယ်

ဒါကတော့
သူတို့ရဲ့ရောင်းရချင်ဇောနဲ့လျှော့ချလိုက်တဲ့ဈေးပါ

Apple refurbished လို့ပြောရောင်းနေပေမယ့်
သူတို့ရောင်းနေတဲ့ ဈေးက apple က နေ refurbished
ရောင်းတဲ့ဈေးထက်ပိုသက်သာနေပါတယ်

Apple website ကေန 649$ (မြန်မာငွေ ၁၀သိန်းနီးပါး)
ရောင်းနေတဲ့ iPhone 7plus 256 GB ကို 8သိန်းခွဲ
လောက်နဲ့ ရောင်းနေနိုင်ချင်းပါ Apple ထက်
ဈေးသက်သာတယ်ဆိုတော့ 🤔 ဖြစ်နိုင်ပါ့မလား

(ပြောလို့တော့ မရဘူးပေါ့ Tim cook ရဲ့ အမျိုးလာဖွင့်တဲ့
ဆိုင်လဲ ဖြစ်ရင် ဖြစ်မှာပေါ့😝)

တရုတ်ပြည်မှာ ဂျင်း iPhone တွေကို
ဈေးသက်သက်သာသာနဲ့ ဝယ်ယူလို့ရတယ်လို့လဲ
သိရပါတယ် (eg- iPhone X =$500 ၇သိန်းခွဲ)
ဂျင်းဆိုင်တွေဟာ အမြတ်များများတင်ပီးရောင်းရုံသာမကပဲ ဖုန်းတွေကို ပါ အခွန်မဆောင်ပဲpersonal import
သွင်းလာတာပါ 😏

2.Apple က ဆက်ပီးမထုတ်တော့တဲ့ Model တွေ
အနိမ့်အမြင့် အစုံ ဝယ်ယူနိုင်ခြင်း

ဒီကိစ္စက နဲနဲ နက်နဲပါတယ် iPhone model အနိမ့်ကို မှ 4s 8GB လောက်အထိကိုပါ ဈေးသက်သက်သာသာနဲ့
လိုသလောက်ဝယ်လို့ရတာပါ (model အနိမ့်ထဲမှာ
6 32GB ,6s+ 32 GB တို့ကို apple ကထုတ်ရောင်းထားတာရှိပေမယ့် ရောင်းတဲ့ဆိုင်နည်းပါးပီ ဈေးလဲ များပါတယ် 6 32 ကို ၄သိန်းကျော် 6s plus 32 ကို 7 သိန်းကျော်
ကျော်ပါ)

ဂျင်းဆိုင်တွေမှာ iPhone 6 16GB ကို 3သိန်းအောက်နဲ့
ဝယ်လို့ရတဲ့ အချိန်မှာ Apple ဆိုအထင်ကြီးတက်တဲ့ iPhone လေးဈေးသက်သက်သာသာနဲ့ ဆိုရင်
ကိုင်မယ်ဆိုတဲ့ ဘော်ဒါတွေ ဂျင်းကောင်းကောင်းမိပါပီ

(3သိန်းဆိုတဲ့ ဈေးမှာ android ဖုန်းကောင်းကောင်းလေး
တွေ ကိုင်လို့ရနေပါပီ iPhone ကိုင်ချင်ဇောနဲ့ဒုက္ခကို
သုံးသိန်းပေးမဝယ်ပါနဲ့ )

ဝယ်မိသွားရင် ဝယ်လိုက်တဲ့ phone က iPhone
မဟုတ်ပါဘူး iOS တင်ထားတဲ့ apple motherboard နဲ့ အညံ့စား တရုတ်ဖုန်း တစ်လုံးပါ။

ဈေးသက်သာချက်တော့ iPhone 4s ကို ၆သောင်း
၇သောင်းနဲ့ရောင်းနေတာကို သာ Steve Job ကြီး
မြင်ခဲ့ရင် နောက်တစ်ခါထပ်သေချင်စိတ်
ပေါက်သွားပါလိမ့်မယ်

ဈေးတွေ က model တိုင်းမှာ apple ရဲ့ phone
အသစ်တွေ CPO တွေထက် အများကြီး
ဈေးသက်သာနေတာကို တွေ့ရမှာပါ

3. IMEI စစ်ကြည့် (or) computer နဲ့ iTunes မှာ
join ကြည့်လို့ ကိုယ့်ရဲ့ ဖုန်းနဲ့ အရောင် သို့မဟုတ်
GB သို့မဟုတ် Model ကွာနေရင် 😖

ဒီ ပြဿနာကို မဖြစ်နိုင်ဘူးထင်ခဲ့ပေမယ့်
အခု အချိန်မှာတော့ IOS group တွေထဲမှာ မြင်လာရပါပီ

ကျွန်တော့် iPhone 5s ကို iTunes မှာ join ကြည့်တာ
5 လို့ပေါ်လို့ ကျွန်မ 6s က IMEI စစ်တဲ့နေရာမှာrose gold ကို silver လို့ပေါ်နေလို့ 64GB ကို 16 လို့ပေါ်လို့
စတဲ့ post တွေက ဒီ ဂျင်းဖုန်းတွေမှာပဲရှိတာပါ

iTunes နဲ့ Computer မှာ ထိုးစစ်တာ အကောင်းဆုံး
နည်းဖြစ်ပေမယ့် apple ရဲ့ official website က နေလဲ warranty ကျန်မကျန် official refur ဟုတ်မဟုတ် colour, GB တူမတူ ကို https://checkcoverage.apple.com/ai/en/ မှာလဲ
စစ်နိုင်ပါတယ်

http://iphoneimei.info မှာလဲ စစ်ကြည့်နိုင်ပါတယ် ခဗျာ😄

4.ဘူးထဲမွာ ပါတဲ့ Accessories တွေ က အတုတွေ
အပေါစားတွေ ဖြစ်နေခြင်း

ဒါတွေ ကတော့ iPhone သုံးဖူးတဲ့ လူတွေအတွက်
တောင်ခွဲဖို့နည်းနည်းခက်ပါတယ်

အားသွင်းကြိုးမှာ သိပ်မသိသာပေမယ့် အတုနဲ့ အစစ် သိသိသာသာ ကွာတာ နားကြပ်က Apple ရဲ့ နားကြပ်က
တော်တော် အသံကောင်းတဲ့ ထဲမှာပါပါတယ်
ဂျင်းနားကြပ် အတုကတော့ သိသာပါတယ်

Model အနိမ့် တွေမှာတော့ ခွဲလို့ပိုလွယ်မဲ့ အပေါစားတွေ ထဲ့ထားပေးပါတယ်

5. Built quality (ဒီဟာကတေါ့ အလုံးတိုင်းမဟုတ်ပါ)

–ဂျင်းဖုန်းတွေ က camera lens မှာ မတည့်တာတွေ
ရှိပါတယ်။
အပေါက်နဲ့ centre မကျတာမျိုးတွေလဲရှိတက်ပါတယ်

-Speaker ပေါက်မှာလဲ အပေါက်အတိုင်းကြီးဖြစ်နေပြီး
ဇကာမပါတာ (admin သွားတိုက်ကြည့်တဲ့ ဆိုင်က
7plus မှာမပါတာကိုတွေ့ခဲ့ပါတယ်)

–နောက်က apple logo ကပြောင်လွန်းနေတာ
သို့မဟုတ် မှိန်လွန်းနေတာ

-Sim card အထုတ်အသွင်းလုပ်တဲ့ အခါ ထစ်ခြင်း
အံမကျဝင်ခြင်းတို့လဲ ဖြစ်နေပါတယ်

–အပေါစားဖုန်းတစ်ခုကို ကိုင်သလိုခံစားရတာ
(iPhone မှန်သမျှ အားလုံးက သူ့ခေတ်သူ့အခါမှာ premium flagship phone တွေပါ
Flagship တစ်လုံးက ဘယ်နှစ်နှစ်ကြာကြာ အပေါစားလို
မခံစားရပါဘူး)

6.ဖုန်းကို သုံးတဲ့ အခါ touch ကiphone အစစ်လို
ချောချောမွေ့မွေ့မရှိတာ

7.Display က အရောင် over saturation ဖြစ်ပီး
အရောင်တွေ က အပြင်ထွက် တောက်လွန်းနေတာ
သို့မဟုတ်မွဲခြောက်ခြောက်အရောင်ဖြစ်နေတာ

စတဲ့ အချက်တွေ က တစ်ချက်ချက်နဲ့ကိုင်ညီခဲ့ ရင်တော့
ဂျင်းဖုန်း ဖြစ်ဖို့သေချာနေပါပီ


ဒီအချက်တွေနဲ့ စစ်ဆေးတဲ့ အခါ refur တွေအသစ်တွေကို သာမက second hand iPhone တွေဝယ်တဲ့ အခါမှာလဲ
စစ်ဆေးသင့်ပါတယ် (ဂျင်းဖုန်းရဲ့ second ကို ဝယ်မိရင်
တော့ မိအေးနှစ်ခါနာပါပဲ)😂

ကျွန်တော်ဒီ post လေးကိုရေးဖြစ်တာ မသိနားမလည် tech နဲ့ပတ်သက်ပီး အကျွမ်းတဝင်မရှိတဲ့ရိုးသားတဲ့လူတွေကို ဂျင်းထဲ့နေတဲ့ လူတစ်စုရဲ့ရန်ကို ရှောင်နိုင်အောင်
ရေးပေးခြင်းဖြစ်ပါတယ် 🤗

ဒီဂျင်းကို မိန်းခလေးတွေ အမိများပါတယ်
iPhone ကြိုက်တက်တော့ ဈေးသက်သာရင်
မစဉ်းစားပဲဝယ်တက်ကြလို့ပါ 😄

သူငယ်ချင်းတွေကြားမှာ iPhone ကိုင်စေချင်လွန်းလို့
သမီးလေးတွေအတွက် ဈေးသက်သာတဲ့ iPhone လေးonline ကနေမှာပေးလိုက်ပီး ခဏခဏ ပျက်နေတဲ့
အသိဦးလေးတစ်ယောက်နဲ့ သူငယ်ချင်းတွေကို
မတိုင်ပင်ပဲဈေး သက်သာလို့ချက်ချင်းကောက်ဝယ်လိုက်ပီ းတိုင်ပတ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ ပြန်ပြောပြတာလေးတွေကို ကျွန်တော့် အမြင်နဲ့
သိသလောက်တွေနဲ့ ပေါင်းစပ် ပီးရေးပေးထားပါတယ်

🚫 China Refur ဂျင်းဖုန်းတွေကို လုံးဝမဝယ်ကြဖို့လဲ အကြံပြုချင်ပါတယ် 🚫

လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ

ဂျင်းမမိစေချင်သောစေတနာဖြင့်

မူရင်းတင်သူ – AK Tech

https://www.zweman.org/tech/175/

 #ညောင်နီပင်က #ကိုမင်းစိုးကြီးထံမှီာနော် #ငွေသွင်း_ငွေထုတ်_ငွေလွှဲ              ​ငွေလွှဲ ​ငွေထုတ်​ ပြုလုပ်​လိုပါက​ကိုမင်း...
14/09/2019

#ညောင်နီပင်က
#ကိုမင်းစိုးကြီးထံမှာ
ီနော်
#ငွေသွင်း_ငွေထုတ်_ငွေလွှဲ


ငွေလွှဲ ​ငွေထုတ်​ ပြုလုပ်​လိုပါက
ကိုမင်းစိုးကြီး ထံသို့သာ ကြွခဲ့လိုက်​ပါ။
မ​လေးရှား၊ ထိုင်း၊ စင်္ကာပူတို့မှလည်း
တိုက်​ရိုက်​ ​ငွေလွှဲနိုင်​ပါတယ်​။ အ​သေးစိတ်​သိရှိလိုပါက
ဖုန်းဆက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
Messenger မှလည်း
ဆက်​သွယ်​​မေးမြန်းနိုင်​ပါတယ်​။

#ကိုမင်းစိုးကြီး_ညောင်နီပင်ရွာ

09 6912 55 66 9

Address

ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာ
Paungde

Opening Hours

Monday 08:00 - 17:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 09:00 - 19:00

Telephone

09691255669

Website

Alerts

Be the first to know and let us send you an email when ကိုမင်းစိုးကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share