အောင် - Aung Moissanite Diamond

အောင် - Aung Moissanite Diamond Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အောင် - Aung Moissanite Diamond, Jewellery wholesaler, Mandalay, Mandalay.

“ကျင့်ဝတ်နဲ့လည်းညီ သဘာဝအတွက်လည်း အကျိုးပြုတဲ့ ကျောက်မြတ်”Moissanite ဆိုတာ အမြင်တင်လှတာတန်ဖိုးရှိတာ မဟုတ်ဘူးဗျ…..သူ့မှာကေ...
21/01/2026

“ကျင့်ဝတ်နဲ့လည်းညီ
သဘာဝအတွက်လည်း အကျိုးပြုတဲ့ ကျောက်မြတ်”

Moissanite ဆိုတာ အမြင်တင်လှတာ
တန်ဖိုးရှိတာ မဟုတ်ဘူးဗျ…..
သူ့မှာကောင်းတဲ့အချက်တွေ အများကြီးရှိသေးတယ်။

ကျွန်တော်တို့ မိုင်းတွင်းဆိုရင်တော့
ရိုးရာအတိုင်းပဲ ကျွန်တော်တို့ရဲ့
ပတ်ဝန်းကျင်ပေါ်မှာ
အမာရွတ်နက်နက် ကျန်ခဲ့ကြစမြဲပဲပေါ့ဗျာ….
တချို့ တချို့ သောနေရာတွေမှာဆို
ဇာတ်ကားတွေထဲ မြင်ဖူးသလိုကိုရှိတယ်ဗျ
ဘယ်လိုလဲတော့ ပြောဖို့လိုမယ်မထင်ပါဘူး။

Moissanite တွေကတော့
ဓာတ်ခွဲခန်းတွေထဲကနေ ထုတ်လုပ်ထားတာလေးတွေ
ဖြစ်တာမလို့ သဘာဝပတ်ဝန်းကျင်အတွက်လည်း
အများကြီးသက်သာစေသလို
ကျင့်ဝတ်ချိုးဖောက်မှာတွေကိုလည်း
စိတ်ပူစရာ မလိုတော့ပါဘူးပေါ့ဗျာ…..
ထိခိုက်မှုမရှိတဲ့ လှပမှုက luxury ဆိုတာတွေကလည်း
သန့်ရှင်းကြောင်း မိတ်ဆွေကနေစလို့ ရနေပါပြီ…..

Contact us ;
09- 09777744398

#အောင်

Moissanite တွေက ဘာလို့ပိုလှကြတာလဲ???သိပ္ပံနည်းကျကျပဲ ပြောကြတာပေါ့…. အလင်းက ကျောက်မြတ်ရတနာ တစ်ခုထဲကိုဝင်သွားပြီဆိုတာနဲ့ယိ...
20/01/2026

Moissanite တွေက ဘာလို့ပိုလှကြတာလဲ???

သိပ္ပံနည်းကျကျပဲ ပြောကြတာပေါ့….
အလင်းက ကျောက်မြတ်ရတနာ
တစ်ခုထဲကိုဝင်သွားပြီဆိုတာနဲ့
ယိုင်တယ်၊ကွဲသွားတယ်
ပြီးရင်တော့ အလင်းပြန်တယ်ပေါ့ဗျာ….
အဲ့လိုတွေဖြတ်သန်းနေ ၊ ဖြစ်နေရတာကို
မျက်လုံးနဲ့ မြင်လိုက်ရတာကတော့
Sparkle !! Sparkle!!
ဟာ !!!
အရောင်တွေတလက်လက်
တောက်နေတာပေါ့….

ကျောက်မြတ်ရတနာတွေရဲ့
အဲ့လိုတောက်ပမှုနှုန်းကို
ကျွန်တော်တို့လောကမှာ Refractive Index(RI)
(အလွယ်မှတ်ရရင် တောက်ပမှုစံကိန်းပေါ့ဗျာ)
အဲ စကားမစပ်ပြောရရင်
စိန်တွေရဲ့ RI က 2.42
Moissanite ကတော့ 2.62ဗျ
RI များလေ တဖျတ်ဖျတ်လက်လေပေါ့ဗျာ…..

Contact us ;
09- 09777744398

#အောင်

“လက်ဝတ်ရတနာကို စိတ်ဝင်စားသူတိုင်းသိသင့်တဲ့ အချက်(၃)ချက်”မိတ်ဆွေက လက်ဝတ်ရတနာကို တကယ့်ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီအချ...
19/01/2026

“လက်ဝတ်ရတနာကို စိတ်ဝင်စားသူတိုင်း
သိသင့်တဲ့ အချက်(၃)ချက်”

မိတ်ဆွေက လက်ဝတ်ရတနာကို
တကယ့်ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့
ဒီအချက်(၃)ချက်ကိုတော့
သေသေချာချာလေး နားလည်ထားသင့်တယ်ဗျ ။

Brilliance : ပစ္စည်းတစ်ခု၊အထည်တစ်ခုကထွက်လာတဲ့ အဖြူရောင်အလင်းတန်း(တောက်ပမှု) ဘယ်လောက်ရှိလဲ???

Fire : မီးတော့မဟုတ်ဘူးဗျ။ ကျွန်တော်တို့ကသူ့ကို အရောင်လို့ခေါ်တယ်ဗျ။
စိန်တို့ Moissanite တို့ကနေထွက်တဲ့ သက်တန့်လို အရောင်ထွက်လား???

Scintillation : အလင်းကျတိုင်း တောက်ပလာတဲ့၊ပေါ်လာတဲ့
အလင်းကွက်ရဲ့ ပုံသဏ္ဌာန်လေးတွေ…

အင်းပြောရင်း ဆိုရင်း
ထပ်ကြွားရမယ်ဆိုရင်တော့
Moissanite ကအဲ့ဒီ့နေရာသုံးခုလုံးမှာ
အလှပဆုံး၊အကောင်းဆုံးလို့တောင် ပြောလို့ရသေးတယ်ဗျ။
လက်ဝတ်ရတနာပညာရှင်တွေကတောင်
“ခေတ်သစ်လက်ဝတ်ရတနာတွေထဲက
အလှပဆုံး ကျောက်တုံး”လို့တောင် ခေါ်ယူကြရတာကိုးဗျ…..

Contact us ;
09- 09777744398

#အောင်

ဘာလို့ Moissanite ကို ရွေးရမှာလဲ ???ကျွန်တော်တို့ ကမ္ဘာမှာ ရှိသမျှ ရတနာတိုင်းက သဘာဝတရားကြီးက ပေးထားတာမဟုတ်ပါဘူး။ တချို့သ...
18/01/2026

ဘာလို့ Moissanite ကို ရွေးရမှာလဲ ???

ကျွန်တော်တို့ ကမ္ဘာမှာ ရှိသမျှ ရတနာတိုင်းက
သဘာဝတရားကြီးက
ပေးထားတာမဟုတ်ပါဘူး။
တချို့သောရတနာတွေက
ကျွန်တော်တို့ရဲ့ ကြိုးစားမှုကြောင့်
ဖြစ်ပေါ်လာကြတာပါ။
အဲ့လိုပဲ….
လွန်ခဲ့တဲ့ နှစ်(၁၀၀)တုန်းကတွေ့ခဲ့တဲ့
ဥက္ကာခဲကို အခြေခံပြီးထွက်လာတဲ့
ကျွန်တော်တို့ Moissanite စိန်ကလည်း
တစ်ခုအပါအဝင်ပဲပေါ့…..
မာကျောမှုမှာလည်း သူမတူ
တောက်ပမှုမှာလည်း သူ့ကိုဘယ်သူမှ
မယှဉ်နိုင်တဲ့ Moissanite စိန်လေးတွေကို
စိတ်ဝင်စားတယ်ဆိုရင်တော့ …..

Contact us ;
09- 09777744398

#အောင်

“အလင်းရောင်ဝင်လာတာနဲ့ လူပဲဖြစ်ဖြစ် စိန်ပဲဖြစ်ဖြစ်အမှန်ပေါ်လာတာပဲ…..”ကျွန်တော်တို့  “‌ အောင် ” မှာတော့ စိန့်တပွင့်ချင်းစီ...
17/01/2026

“အလင်းရောင်ဝင်လာတာနဲ့
လူပဲဖြစ်ဖြစ် စိန်ပဲဖြစ်ဖြစ်
အမှန်ပေါ်လာတာပဲ…..”

ကျွန်တော်တို့ “‌ အောင် ” မှာတော့
စိန့်တပွင့်ချင်းစီက
တောက်ပပြီး လှပရုံတင်မဟုတ်ပါဘူး။
ပုံပြင်လေးတွေပါ ရှိတတ်တာကို နားလည်စေချင်တာပါ။

ကျွန်တော်တို့ ရောင်းချလိုက်တဲ့
စိန်တစ်ပွင့်ချင်းစီက ကိုယ်ပိုင်ပုံပြင်လေးတွေကို
နားလည်နိုင်ပါစေလို့ မျှော်လင့်ရင်း…..

Contact us ;
09- 09777744398

#အောင်

အချိန်ကြာလေလေ တောက်ပလာလေလေ ရှိတာဆိုလို့ “ပညာ”ပဲရှိပါတယ်….. ကျွန်တော်တို့ “ အောင် ”မှာတော့ ပညာဆိုတာကျွန်တော်တို့ ရောင်းနေ...
16/01/2026

အချိန်ကြာလေလေ
တောက်ပလာလေလေ ရှိတာဆိုလို့
“ပညာ”ပဲရှိပါတယ်…..

ကျွန်တော်တို့ “ အောင် ”မှာတော့
ပညာဆိုတာ
ကျွန်တော်တို့ ရောင်းနေတဲ့ ရတနာတွေနဲ့အတူ
ထပ်တူတန်ဖိုးရှိတယ်လို့ပဲ သတ်မှတ်ထားတယ်ဗျ။
ကျွန်တော်တို့ Sharing လုပ်ပေးနေတဲ့
အရာတွေအားလုံးက မိတ်ဆွေတွေကို
ကျွန်တော်တို့ ရောင်းနေတဲ့ တလက်လက်တောက်ပနေတဲ့
Moissanite တွေရဲ့ အကြောင်းလို့ နားလည်စေချင်လို့ဗျာ။
ဘာလို့ဆို သမိုင်းကိုသိတော့
ပိုပြီးတန်ဖိုးထားတတ်အောင်လို့ပေါ့ ….

Contact us ;
09- 09777744398

#အောင်

Quality ကောင်းတဲ့ Moissanite ကို ဘယ်လိုသိနိုင်လဲ ???လူတွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက်မတူသလိုMoissanite တွေကလည်း တစ်လုံးန...
15/01/2026

Quality ကောင်းတဲ့ Moissanite ကို ဘယ်လိုသိနိုင်လဲ ???

လူတွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက်မတူသလို
Moissanite တွေကလည်း
တစ်လုံးနဲ့တစ်လုံး အရည်အသွေးမတူကြဘူးဗျ။

ဒီတော့ ဝယ်မယ်ဆို ဘာတွေကို သတိထားကြည့်သင့်လဲ???
Cut precision : ဖြတ်သားလှမှ အရောင်တွေ၊တောက်ပမှုတွေကလည်း ကောင်းတာဗျ။ မညီမညာဖြတ်ထားရင် ကြည့်ရတာလည်းမလှပသလို တောက်ပမှုကလည်း အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။

Color Grade : တန်ဖိုးကြီးလေလေ အရောင်မပါလေလေပဲဗျ။
ဥပမာ ဝါနေတာ နီနေတာလိုမျိုးတွေပါတယ်ဆိုရင်တော့
သေချာတယ် low-qualityပဲ။

Clarity : အနာအဆာတွေ inclusions တွေစစ်ရတာပေါ့
inclusions နည်းလေလေ အလင်းပိုပြီးတောက်လေလေပါပဲ။

Certification : အကောင်းဆုံးကတော့ GRA certificate ပါပဲ…..
ဒါပေမယ့် အခြား certificate တွေနဲ့လည်း ထွက်ရှိတာမလို့
သေသေချာချာတော့ စစ်ဆေးဝယ်မှရပါမယ်။

တကယ်တော့ ကြည့်တတ်သွား၊ မြင်သွားပြီဆိုရင်
တစ်ခါသိသွားတာနဲ့ နောက်ဆို
မမြင်ချင်ပါဘူးဆိုရင်တောင်မြင်နေရမှာမလို့
စိတ်အညစ်မခံချင်ရင် မကြည့်ပါနဲ့ ။

အဲ စိတ်ညစ်လည်းမခံချင်ဘူး
ပစ္စည်းကောင်းတွေလည်း လိုချင်တယ်ဆိုရင်တော့
အခုပဲ “‌ အောင် ”ကို ဆက်သွယ်လိုက်ပါ…..

Contact us ;
09- 09777744398

#အောင်

“Moissanite လေးတွေရဲ့  ခရီးစဉ်”Moissanite တိုင်း….Moissanite တိုင်းက မာကျောမှုနဲ့ကြည်လင်မှုမှာ နာမည်ကြီးကြတဲ့Pure silico...
14/01/2026

“Moissanite လေးတွေရဲ့ ခရီးစဉ်”

Moissanite တိုင်း….
Moissanite တိုင်းက
မာကျောမှုနဲ့ကြည်လင်မှုမှာ နာမည်ကြီးကြတဲ့
Pure silicon carbide လို့ခေါ်တဲ့
သန္ဓေသားအဆင့်ကနေ စတင်လာခဲ့ကြတာဗျ။

သူတို့လေးတွေကို ဓာတ်ခွဲခန်းထဲမှာ
အပူချိန်မှန်မှန်၊ Pressure မှန်မှန်နဲ့
တစ်ဆင့်ပြီးတစ်ဆင့်
ရောင်းတန်းဝင်တဲ့အထိ
သေသေချာချာကြီးကို ဂရုတစိုက်နဲ့
ထုတ်လုပ်ကြရတာဗျ။

ပြီးရင်တော့ အတောက်ပဆုံးဖြစ်အောင်
အလှပဆုံး ဖြစ်အောင်
ပုံသွင်းဖြတ်တောက်ပြီးမှ
ဈေးကွက်ထဲကို ဝင်လာကြတာဗျ။
အဲ့တာတွေကြောင့်ပဲ
မိတ်ဆွေနဲ့ လက်ထဲမှာရှိနေတာက
သဘာဝကို အလှပဆုံးဖြစ်အောင် ပြုပြင်ထားတာလေးတွေပေါ့ဗျာ…..

Contact us ;
09- 09777744398

#အောင်

Moissanite ဆိုတာ ဘာကြီးလဲ? မိတ်ဆွေရော Moissanite ဆိုတာ ဘာကိုများပြောနေကြတာပါလိမ့်လို့ တွေးကြည့်ဖူးလား ?တကယ်တော့ဗျ….. လွန...
13/01/2026

Moissanite ဆိုတာ ဘာကြီးလဲ?
မိတ်ဆွေရော Moissanite ဆိုတာ
ဘာကိုများပြောနေကြတာပါလိမ့်လို့ တွေးကြည့်ဖူးလား ?

တကယ်တော့ဗျ…..
လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခု(နှစ်ပေါင်း တစ်ရာကျော်)က
ဥက္ကာပျံ အစိုင်အခဲတစ်ခုက စခဲ့တာပဲဗျ …..
အဲ့ဒီဥက္ကာခဲကိုအခြေခံပြီး
နောက်ပိုင်း သုတေသနပညာရှင်တွေ
သိပ္ပံပညာရှင်တွေ စုပေါင်းအားထုတ်မှုနဲ့
ဓာတ်ခွဲခန်းထဲမှာ စတင်မွေးဖွါးလာခဲ့တာဗျ။

ဘာကိုမွေးဖွားခဲ့တာလဲ ???
စိန်ရဲ့မာကျောမှုနဲ့အတူ
စိန်ထက်တောက်ပမှုပိုတဲ့ ကျောက်မြတ်ရတနာတစ်ခုကိုပေါ့…..
Moissanite ဆိုတာက တုပမှုမဟုတ်ပါဘူး !!!
လူသားတွေရဲ့ စွမ်းရည်ကနေမွေးဖွားလာပြီး
တောက်ပမှုကို နှစ်သက်တဲ့လူတိုင်းရဲ့
ချစ်ခြင်းတွေကို သိမ်းပိုက်ထားတဲ့ ဆန်းသစ်မှုတစ်ခုပါပဲ…..

Contact us ;
09- 09777744398

#အောင်

Address

Mandalay
Mandalay

Website

Alerts

Be the first to know and let us send you an email when အောင် - Aung Moissanite Diamond posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share