Jamu's Gems Collection

Jamu's Gems Collection 💎Each Gem has a story to tell,
and wearing it is like carrying a piece
of that story with you.💎

"စေ့စပ်လက်စွပ်နဲ့လက်ထပ်လက်စွပ်ကြားအဓိပ္ပါယ်ကွာခြားချက်များ"  Hello 👋 👋 👋 မကြာခင်မှာဆိုရင်ဖြင့် ဝါလကင်းလွတ် သီတင်းကျွတ်လရ...
27/09/2025

"စေ့စပ်လက်စွပ်နဲ့လက်ထပ်လက်စွပ်ကြားအဓိပ္ပါယ်ကွာခြားချက်များ"

Hello 👋 👋 👋 မကြာခင်မှာဆိုရင်ဖြင့် ဝါလကင်းလွတ် သီတင်းကျွတ်လရာသီ ရောက်ပြီမို့ ချစ်ရသူတွေ ရွှေလက်တွဲမဲ့ အချိန်လေးရောက်ရှိလာတော့မှာဖြစ်ပါတယ်ရှင့်...😊
ဒီနေ့မှာတာ့ မင်မင်က ရွှေလက်တွဲကြမဲ့ချစ်သူများအတွက် ဗဟုသုတလေးရအောင် စေ့စပ်လက်စွပ်နဲ့ လက်ထပ်လက်စွပ်တို့က ဘယ်လိုကွာခြားလဲဆိုတာ ပြောပြပေးသွားပါမယ်နော်...

💍စေ့စပ်လက်စွပ်ဆိုတာကတော့ လက်မထပ်ခင် proposal ကာလမှာ လက်ထပ်ရန်ခွင့်‌တောင်းပြီး ကတိပေးတဲ့နေရာမှာ အသုံးပြုပြီး ပုံမှန်အားဖြင့် စိန်ဖြစ်စေ တခြားသော ကျောက်မျက်ရတနာတမျိုးမျိုးအသုံးပြု၍ ပြုလုပ်ကာ သတို့သမီးလောင်းလေးကိုဝတ်ဆင်စေတဲ့ လက်စွပ်လေးပဲဖြစ်ပါတယ်ရှင့်...
💍လက်ထပ်လက်စွပ်ကိုတော့ လက်ထပ်ပွဲနေ့မှာ သတို့သားနဲ့သတို့သမီး အပြန်လှန် လဲလှယ်ဝတ်ဆင်ကာ လူနှစ်ဦး‌ ပေါင်းစည်းခြင်းနှင့် အပြန်အလှန်ဘဝတသက်တာအတွက် ကတိကဝတ်များပေးခြင်းဆိုတဲ့ သင်္ကေတအဖြစ် အသုံးပြုကြပါတယ်ရှင့်။လက်ထပ်လက်စွပ်ကိုတော့ ရိုးရှင်းတဲ့ဒီဇိုင်းလေးတွေသာ အသုံးပြုကြပြီး နေ့စဉ်ဘဝမှာ အမြဲဝတ်ဆင်နိုင်ရန် ဒီဇိုင်းထုတ်ကြပါတယ်ရှင့်...😊

💍စေ့စပ်လက်စွပ်
👉ရည်ရွယ်ချက် - လက်ထပ်ရန် ကတိပေးခြင်းနှင့် အနာဂါတ်မှာအတူရှိကြရန် ကတိကဝတ်ပြုကြခြင်း။
👉အချိန် - လက်ထပ်ရန်ကမ်းလှမ်းသည့် proposal အချိန်။
👉သင်္ကေတ - ကတိကဝတ်ပြုခြင်း
👉ဒီီဇိုင်း - အများအားဖြင့် အလည်မှာစိန်ဖြစ်စေ အခြားကျောက်မျက်ရတနာတမျိုးဖြစ်‌စေအသုံးပြုပြီး လှလှလေးထုတ်ကြပါတယ်...
👉ဝတ်ဆင်သူ - သတို့သမီးလောင်း
👉ကုန်ကျစရိတ် - အသုံးပြုမည့်ကျောက်မျက်ရတနာနှင့်ဒီဇိုင်းပါ်မူတည်ပြီး ဈေးများကွာခြားလေ့ရှိပါတယ်...

💍လက်ထပ်လက်စွပ်
👉ရည်ရွယ်ချက် - အိမ်ထောင်ဖက်နှစ်ဦးကြား တရားဝင်ပေါင်းစည်းခြင်းနှင့်ထာဝရလက်တွဲသွားရန် ကတိကဝတ်ပြုခြင်းအတွက်။
👉အချိန် - မင်္ဂလာအခမ်းနားမှာ အပြန်လှန်လဲလှယ်ဝတ်ဆင်ကြပါတယ်...
👉သင်္ကေတ - အိမ်ထောင်သည်ဘဝမှာ တဦးနှင့်တဦး ကြင်နာနွေးထွေးပြီး ဘဝတစ်သက်တာ လက်တွဲရန်အတွက်။
👉ဒီီဇိုင်း - အများအားဖြင့် မောင်းကွင်းလိုရိုးရှင်းတဲ့ဒီဇိုင်း‌တွေအသုံးပြုကြပြီး ကျောက်မျက်ရတနာများအသုံးပြုပါကလဲ မျက်နှာပြင်ညီညာပြီး နေ့စဉ်ဝတ်ရအဆင်ပြေတဲ့ ဒီဇိုင်းကိုအသုံးပြုကြပါတယ်...
👉ဝတ်ဆင်သူ - အိမ်ထောင်ဖက်နှစ်ဦးလုံး အပြန်လှန်လဲလှယ်ဝတ်ဆင်ကြပါတယ်...
👉ကုန်ကျစရိတ် - ဒီဇိုင်းနဲ့အသုံးပြုတဲ့ရွှေရည်၊ရွှေချိန်၊ကျောက်မျက်ရတနာအရည်သွေးတို့ပေါ်မူတည်ပါတယ်...
လက်ထပ်ပွဲပြီးရင်တော့အများအားဖြင့် ဘယ်ဘက်လက်သန်းကြွယ်မှာပဲ လက်ထပ်လက်စွပ်ပေါ်စေ့စပ်လက်စွပ်ပါထပ်ပြီးဝတ်လေ့ရှိပြီး နှလုံးသားနဲ့နီးစပ်ရန်နှင့် စေ့စပ်ပြီး လက်ထပ်တဲ့ဘဝအထိ အတူလျှောက်လှမ်းနိုင်ခဲ့တဲ့ သင်္ကေတအဖြစ်ဝတ်ဆင်လေ့ရှိပါတယ်...
ဒီလောက်ဆို စေ့စပ်လက်စွပ်နဲ့လက်ထပ်လက်စွပ်အကြောင်းလေးလည်း စုံသလောက်ရှိပါပြီနော်...☺️
🤵👰ရွှေလက်တွဲမဲ့ချစ်သူများ အမြန်ဆုံးပေါင်းစည်းနိုင်ပြီး ဘဝတစ်သက်တာအပြန်လှန်ချစ်ခြင်းမေတ္တာများနဲ့ လက်တွဲသွားနိုင်ပါစေလို့ မင်မင်တို့ Jamu's Gems Collection မှ ဆုတောင်းမေတ္တာ ပို့သပေးပါတယ်နော်...
🤗နောက်နေ့များမှာလည်း ကျောက်မျက်ရတနာများနှင့် လက်ဝတ်လက်စားများအတွက် ဗဟုသုတလေးတွေတင်ပေးမှာမို့ မင်မင်တို့ Page ကလေးကို Like,Follow နဲ့ Share လေးတွေလုပ်ပေးသွားကြပါဦးရှင့်...😍

Sold out #1.35ct  MMK
10/09/2025

Sold out
#1.35ct
MMK

💎မိုးကုတ် သဘာဝ ပတ္တမြားအလှလေး အရောင်းပါရှင့်...😊 💎မိုးကုတ်သဘာဝပတ္တမြား ခါးရှိန်းရည်လေးပါနော် အပြင်မှာပိုလှပါတယ်ရှင့်😍 We...
02/09/2025

💎မိုးကုတ် သဘာဝ ပတ္တမြားအလှလေး အရောင်းပါရှင့်...😊

💎မိုးကုတ်သဘာဝပတ္တမြား ခါးရှိန်းရည်လေးပါနော် အပြင်မှာပိုလှပါတယ်ရှင့်😍
Weight -1.2ct
Prize -cb

sold out ပါပြီရှင့်
အရောင်းဈေး သိန်း၅၀တိတိ
#ဝယ်သူအားပေးသွားသော customer အား အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်...😍

💎 September Birthstone (စက်တင်ဘာလဖွားများ၏အဆောင်) "နီလာ" ကျောက်အကြောင်း သိမှတ်ဖွယ်ရာ  💎နီလာကျောက်ဟာ ကမ္ဘာမှာလူသိများပြီး...
01/09/2025

💎 September Birthstone (စက်တင်ဘာလဖွားများ၏အဆောင်) "နီလာ" ကျောက်အကြောင်း သိမှတ်ဖွယ်ရာ

💎နီလာကျောက်ဟာ ကမ္ဘာမှာလူသိများပြီး အများကြိုက်ကြတဲ့ ကျောက်မျက်ရတနာ တစ်ပါးဖြစ်ပါတယ်ရှင့်😍
💎နီလာဆိုတာကတော့ ပါဋိဝေါဟာရ "နီလ" မှတိုက်ရိုက်ဆင်းသက်လာပြီး အပြာရောင်ရှိသောကျောက်မျက်လို့ အဓိပ္ပါယ်ရပါတယ်ရှင်😊
💎နီလာဟာ corundum အုပ်စုဝင်ကျောက်မျက်ရတနာဖြစ်ပြီး မာခြင်းအဆင့်(9.0) နှင့် သိပ်သည်းဆကတော့(3.99) ရှိပါတယ်။နီလာကျောက်များဟာ မြန်မာနိုင်ငံ၊သီရိလင်္ကာနိုင်ငံ၊ထိုင်းနိုင်ငံ၊အမေရိကန်နိုင်ငံ၊အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသတို့မှ အဓိကထွက်ရှိပါတယ်ရှင်။
💎နီလာဟာ နဝရတ်ကိုးပါးတွင် တစ်ပါးအပါဝင်ဖြစ်ပြီး ကမ္ဘာမှာ အဖိုးတန်ကျောက်မျက်ရတနာစာရင်းထဲပါဝင်ပါတယ်ရှင့်😊

💎နီလာကိုဆောင်ယူဝတ်ဆင်ခြင်းဖြင့်
🧘‍♂️ စိတ်နှင့် ဉာဏ်
✅စိတ်ငြိမ်းချမ်းစေပြီး စိုးရိမ်ပူပန်မှုကို လျော့ချပေးတယ်။
✅ဉာဏ်ပညာ၊ အာရုံစိုက်နိုင်စွမ်း တိုးပွားစေတယ်။
✅ဆုံးဖြတ်ချက်ချရာမှာ ထင်ဟပ်မှု (clarity) ပေးတယ်လို့ ယုံကြည်ကြတယ်။

💼 အောင်မြင်မှုနှင့် အဆင်ပြေမှု
✅အလုပ်အကောင်အထည်ဖော်ရာမှာ အခက်အခဲများကို လျော့ချပေးပြီး အောင်မြင်မှုကို ဆွဲဆောင်ပေးတယ်။
✅စီးပွားရေး/အလုပ်အကိုင်မှာ အခွင့်အလမ်းအသစ်များ ရလာစေတယ်လို့ ယုံကြည်ကြတယ်။

💖 ဆက်ဆံရေးနှင့် သစ္စာ
✅ခိုင်မာတဲ့ သစ္စာနဲ့ သီလကို ကိုယ်စားပြုသဖြင့် မိသားစု၊ ခင်ပွန်းဇနီးမယား၊ မိတ်ဆွေတွေ အချင်းချင်း ယုံကြည်မှုတိုးစေတယ်။
✅ချစ်သူအချင်းချင်း ကြာရှည်ခံအချစ်မေတ္တာတရားအတွက် ကူညီပေးတယ်လို့ ယုံကြည်ကြပါတယ်။

🌿 ကျန်းမာရေး
✅အမြင်၊ မျက်စိနဲ့ ဆိုင်တဲ့ အဆိုးအမြင်တွေကို ကာကွယ်ပေးတယ်လို့ ယုံကြည်ကြတယ်။
✅သွေးလည်ပတ်မှု၊ သန့်ရှင်းမှုအတွက် အကျိုးရှိတယ်လို့ အရှေ့တိုင်းရာဇဝင်ကျမ်းစာတွေမှာ မှတ်သားထားရပါတယ်ရှင်။
✔️ဒီလောက်ဆို အရမ်းအကျိုးများတဲ့ နီလာကျောက်လေးအကြောင်းလည်းစုံသလောက်ရှိပါပြီနော်...😊
🤗နောက်ရက်တွေမှာလည်း သဘာဝကျောက်မျက်ရတနာများအကြောင်း ဗဟုသုတလေးတွေ ဝေမျှပေးသွားမှာမို့ မင်မင်တို့ Page ကလေးကို Like and Follow လေးလုပ်သွားကြပါဦးနော်...😊
👉မင်မင်တို့ page မှာတော့ မိုးကုတ်ဒေသထွက် ကျောက်မျက်ရတနာများကို ပစ္စည်းမှန် ဈေးနှုန်းမှန် အာမခံရောင်းချပေးနေတာမို့ မင်မင်တို့ဆီဆက်သွယ်ပြီး သဘာဝကျောက်မျက်ရတနာများကို ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်...😊
👉မင်မင်တို့ဆီက အားပေးဝယ်ယူခြင်ပါက
📞 09987488808/ 📞 09789182727
နံပါတ်များသို့ဖြစ်စေ Page Messenger မှဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်😊

💎 Hello🤗🤗🤗 ဒီနေ့မှာတော့ ဥတုဘောဇနသင်္ဂဟကျမ်းမူအရ နဝရတ်ကိုးပါးစီရင်ပုံလေး တင်ပေးမယ်နော်...😊 💎မနေ့က မင်မင်တင်ပေးထားတဲ့ post...
23/08/2025

💎 Hello🤗🤗🤗 ဒီနေ့မှာတော့ ဥတုဘောဇနသင်္ဂဟကျမ်းမူအရ နဝရတ်ကိုးပါးစီရင်ပုံလေး တင်ပေးမယ်နော်...😊
💎မနေ့က မင်မင်တင်ပေးထားတဲ့ post လေးမှာ မဏိသျှတရကျမ်းမူအရ နဝရတ်ကိုးပါးပြုလုပ်စီရင်ပုံလေး တင်ပေးထားခဲ့ပြီး နဝရတ်ကိုးပါးမှာပါတဲ့ ကျောက်မျက်တစ်မျိုးစီရဲ့ အစွမ်းသတ္တိတွေ နဝရတ်ကိုးပါးဆိုတာဘယ်လိုလဲဆိုတာတွေတင်ပေးခဲ့ပါတယ်နော်။မဖတ်ရသေးသူတွေရှိရင် page ထဲမှာဝင်ဖတ်ပေးသွားပါရှင့်😊
💎ဒီနေ့မှာတော့ နဝရတ်ကိုးပါးကို ဥတုဘောဇန သင်္ဂဟကျမ်းအရ စီရင်ပုံလေးကို ပုံလေးတင်ပေးပါမယ်နော်...
💎အရေးတကြီးမှတ်ထားသင့်တာက နဝရတ်ကိုးပါးပြုလုပ်မယ်ဆိုရင် အလည်တိုင် ပတ္တမြားကို မီးဖုတ်ကျောက်မဖြစ်စေဖို့ အထူးဂရုပြုရပါမယ်နော်။နောက်တချက်က အိမ်သုံးရွှေအဟောင်းများပြန်လည်အသုံးမပြုသင့်ပါဘူးရှင့်။ရွှေအသန့်ကိုအသုံးပြုတာက အကောင်းဆုံးဖြစ်ပါတယ်ရှင့်။

👉နောက်နေ့များမှာလည်း ကျောက်မျက်ရတနာများနဲ့ပတ်သတ်တဲ့ ဗဟုသုတလေးတွေ မျှဝေပေးသွားမှာမို့ မင်မင်တို့ Page ကလေးကို Like and Follow လေးလုပ်ပေးသွားကြပါဦးနော်...😊
💎မင်မင်တို့ Page ကလေးမှာ မိုးကုတ်ဒေသထွက်ကျောက်မျက်ရတနာများနှင့် ရွှေထည်လေးတွေကို ပစ္စည်းမှန် ဈေးနှုန်းမှန်နဲ့ အာမခံရောင်းချပေးနေတာမို့ လိုအပ်တာများရှိရင်ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်...😊
မှာယူချင်တယ်ဆိုရင်တော့ ဆက်သွယ်ရန်
📞 09987488808
📞 09789182727 နံပါတ်များသို့ဖြစ်စေ Page Messenger မှဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်

💎နဝရတ်ကိုးပါးကို ဘယ်လိုစီရင်လေ့ရှိကြလဲ သိပြီးပြီလား။ဒီနေ့မှာတော့ မင်မင်က မဏိသျှတရကျမ်းအရ နဝရတ်ကိုးပါးစီရင်ပုံလေးကိုမျှဝေ...
22/08/2025

💎နဝရတ်ကိုးပါးကို ဘယ်လိုစီရင်လေ့ရှိကြလဲ သိပြီးပြီလား။ဒီနေ့မှာတော့ မင်မင်က မဏိသျှတရကျမ်းအရ နဝရတ်ကိုးပါးစီရင်ပုံလေးကိုမျှဝေပေးသွားပါ့မယ်ရှင့်😍
နဝရတ်ကိုးပါးဆိုသည်မှာ...
ကျောက်မျက်ရတနာ ကိုးမျိုးကို ခေါ်ဆိုပါတယ်။ နဝရတ်ဟူသည် နဝရတနဟူသော ပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်ရပါတယ်ရှင့်။ နဝရတ် ကိုးပါးချယ်ထားသော လက်စွပ်ကို နဝရတ်လက်စွပ် ဟုခေါ်ပါတယ်။ ကဝိလကဏာ သတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ နဝရတ်၊ စီခတ်အမွန်းတင် ဟုတွေ့ရပါတယ်။ လူတို့သည် နဝရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ယုံကြည်၍ ဆင်ယင်လေ့ရှိကြပါတယ်။ ရှေးပဝေသဏီကပင် ကျောက်မျက်များ၏ ထူးခြားသော တန်ခိုးများ ရှိသည်ဟု လူတို့ အယူရှိခဲ့ကြပါသည်။ နဝရတ်တွင် အပါအဝင် ကျောက်မျက်ရတနာ တစ်ပါးပါး၏ တန်ခိုးအာနိသင်မှာ အောက်ပါအတိုင်း ဖြစ်သည်ဟု ယူဆကြသည်။

ပတ္တမြား ဘုန်းတောက်၊ မြ ကျောက် အေးချမ်း

စိန် စွမ်းဂုဏ်ရောင်၊ ကြောင် ကား သိဒ္ဓိ

မဏိ နီလာ - မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား

ဥဿဖယား ကျန်းမာ၊ သန္တာ ကြီးကဲ

ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည်

ကိုးထွေ နဝရတ် စွမ်းရည်တည်း။

နဝရတ်ကိုးပါးမှာပါဝင်တဲ့ ကျောက်မျက်ရတနာတစ်ပါးစီ၏ တန်ခိုးအာနိသင်များကတော့
✅ပတ္တမြား(Ruby) - ဘုန်းတန်ခိုးကြီးမားခြင်း
✅မြ(Emerald) - အေးချမ်းခြင်း
✅စိန်(Diamond) - ဂုဏ်ရောင်ထွန်းပြောင်ခြင်း
✅ကြောင်(Cat's Eye) - သဒ္ဓိပြီးခြင်း
✅နီလာ(Sapphire) - မေတ္တာကြီးမားခြင်း
✅ဂေါ်မိတ်(Zircon or Garnet) -ခွန်အားပြည့်စုံခြင်း
✅ဥဿဖယား(Topaz) -ကျန်းမာခြင်း
✅သန္တာ(Coral Stone) -အကြီးကဲဖြစ်ခြင်း
✅ပုလဲ(Pearl) -ကျက်သရေနှင့်ပြည့်စုံခြင်း
စသည့် ဂုဏ်တို့ကိုဖော်ဆောင်ပေးပါတယ်ရှင့်။
👉နောက်နေ့တွေမှာလည်း ကျောက်မျက်ရတနာများနဲ့ပတ်သတ်တဲ့ဗဟုသုတလေးတွေ ဝေမျှပေးသွားမှာမို့ မင်မင်တို့ Page လေးကို Like and Follow လေးလုပ်ပေးထားကြပါဦးနော်...😊
💎မင်မင်တို့ page လေးမှာ မိုးကုတ်သဘာဝကျောက်မျက်ရတနာများကိုလည်း ဈေးနှုန်းမှန်ကန်စွာနဲ့ ရောင်းချပေးနေတာမို့ ဆက်သွယ်မှာယူနိုင်ပါတယ်နော်...
မှာယူချင်တဲ့ ကာကာများကတော့
📞 09987488808/09789182727 နံပါတ်များသို့ဖြစ်စေ Page messenger မှဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်😍

💎ကျောက်မျက်ရတနာတွေကို ဘယ်လိုဆောင်ပြီးဝတ်ဆင်လေ့ရှိကြလဲ သိပြီးပြီလား... 💎ကျောက်မျက်ရတနာများကို လအလိုက်၊ဂဏန်းအလိုက်၊ဂြိုလ်သ...
17/08/2025

💎ကျောက်မျက်ရတနာတွေကို ဘယ်လိုဆောင်ပြီးဝတ်ဆင်လေ့ရှိကြလဲ သိပြီးပြီလား...

💎ကျောက်မျက်ရတနာများကို လအလိုက်၊ဂဏန်းအလိုက်၊ဂြိုလ်သက်အလိုက်ဆောင်ယူလေ့ရှိကြပါတယ်နော်...
🇧🇻🇫🇴🇫🇷 အနောက်တိုင်းနိုင်ငံများမှာတော့ လအလိုက်၊ရာသီအလိုက်၊ဂဏန်းအလိုက်ဝတ်ဆင်လေ့ရှိကြပြီး 🇮🇳🇯🇵🇰🇷အရှေ့တိုင်းနိုင်ငံများမှာတော့ နေ့အလိုက်၊ရာသီခွင်အလိုက်၊ဂြိုလ်သက်အလိုက် ဝတ်ဆင်လေ့ရှိကြပါတယ်ရှင့်...

ယနေ့မှာတော့ အရင်နေ့ကတင်ထားတဲ့ post လေး‌ရဲ့ အဆက်အဖြစ်နဲ့ "သက်ရောက်ဂြိုလ်သက်" အလိုက်ဆောင်ယူဝတ်ဆင်သင့်တဲ့ ရတနာများအကြောင်း ဖေါ်ပြပေးသွားပါမယ်နော်...

✅ တနင်္ဂနွေ(၆) - မြ/သန္တာ
✅ တနင်္လာ(၁၅) - စိန်
✅ အင်္ဂါ(၈) - ပုလဲ
✅ ဗုဒ္ဓဟူး(၁၇) - သန္တာ/ကြောင်
✅ ကြာသပတေး(၁၉) - နီလာ/မြ
✅ သောကြာ(၂၁) - ဥဿဖယား/နီလာ
✅ စနေ(၁၀) - ဂေါ်မုတ်
✅ ရာဟု(၁၂) - ကြောင်/ဥဿဖယား

😊နောက်နေ့တွေမှာလည်း ကျောက်မျက်ရတနာများနဲ့ပတ်သတ်ပြီး သိသင့်တဲ့အကြောင်းရာများကိုမျှဝေပေးသွားမှာမို့ မင်မင်တို့ page လေးကို Like and follow လေးတွေလုပ်‌ပေးသွားကြပါဦးနော်😊

မင်မင်တို့ page လေးမှာ မိုးကုတ်ဒေသထွက် သဘာဝကျောက်မျက်ရတနာများကိုလည်း ဈေးနှုန်းမှန်ကန်စွာနဲ့ အရည်သွေးစိတ်ချစွာ ဝယ်ယူအားပေးနိုင်တာမို့ ဝယ်သူလိုသော customer များအနေဖြင့် page messenger မှဖြစ်စေ
☎️09987488808/09789182727 နံပါတ်များသို့ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်...

'sgemscollection

💎ကျောက်မျက်ရတနာတွေကို ဘယ်လိုဆောင်ပြီးဝတ်ဆင်လေ့ရှိကြလဲ သိပြီးပြီလား... 💎ကျောက်မျက်ရတနာများကို လအလိုက်၊ဂဏန်းအလိုက်၊ဂြိုလ်သ...
05/08/2025

💎ကျောက်မျက်ရတနာတွေကို ဘယ်လိုဆောင်ပြီးဝတ်ဆင်လေ့ရှိကြလဲ သိပြီးပြီလား...

💎ကျောက်မျက်ရတနာများကို လအလိုက်၊ဂဏန်းအလိုက်၊ဂြိုလ်သက်အလိုက်ဆောင်ယူလေ့ရှိကြပါတယ်နော်...
🇧🇻🇫🇴🇫🇷 အနောက်တိုင်းနိုင်ငံများမှာတော့ လအလိုက်၊ရာသီအလိုက်၊ဂဏန်းအလိုက်ဝတ်ဆင်လေ့ရှိကြပြီး 🇮🇳🇯🇵🇰🇷အရှေ့တိုင်းနိုင်ငံများမှာတော့ နေ့အလိုက်၊ရာသီခွင်အလိုက်၊ဂြိုလ်သက်အလိုက် ဝတ်ဆင်လေ့ရှိကြပါတယ်ရှင့်...

ယနေ့မှာတော့ အရင်နေ့ကတင်ထားတဲ့ post လေး‌ရဲ့ အဆက်အဖြစ်နဲ့ "မွေးရက်ဂဏန်း" အလိုက်ဆောင်ယူဝတ်ဆင်သင့်တဲ့ ရတနာများအကြောင်း ဖေါ်ပြပေးသွားပါမယ်နော်...

✅ ၁ ဂဏန်း - ဥဿဖယား/ပယင်း
✅၂ ဂဏန်း - ကျောက်စိမ်း/ပုလဲ
✅၃ ဂဏန်း - ဂေါ်မိတ်
✅၄ ဂဏန်း - နီလာ
✅၅ ဂဏန်း - စိန်
✅၆ ဂဏန်း - မြ
✅၇ ဂဏန်း - ပုလဲ
✅‌၈ ဂဏန်း - စိန်/မဟူရာ/ပုလဲနက်
✅၉ ဂဏန်း - ပတ္တမြား

😊နောက်နေ့တွေမှာလည်း ကျောက်မျက်ရတနာများနဲ့ပတ်သတ်ပြီး သိသင့်တဲ့အကြောင်းရာများကိုမျှဝေပေးသွားမှာမို့ မင်မင်တို့ page လေးကို Like and follow လေးတွေလုပ်‌ပေးသွားကြပါဦးနော်😊

မင်မင်တို့ page လေးမှာ မိုးကုတ်ဒေသထွက် သဘာဝကျောက်မျက်ရတနာများကိုလည်း ဈေးနှုန်းမှန်ကန်စွာနဲ့ အရည်သွေးစိတ်ချစွာ ဝယ်ယူအားပေးနိုင်တာမို့ ဝယ်သူလိုသော customer များအနေဖြင့် page messenger မှဖြစ်စေ
☎️09987488808/09789182727 နံပါတ်များသို့ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်...

'sgemscollection

💎ကျောက်မျက်ရတနာတွေကို ဘယ်လိုဆောင်ပြီးဝတ်ဆင်လေ့ရှိကြလဲ သိပြီးပြီလား... 💎ကျောက်မျက်ရတနာများကို လအလိုက်၊ဂဏန်းအလိုက်၊ဂြိုလ်သ...
03/08/2025

💎ကျောက်မျက်ရတနာတွေကို ဘယ်လိုဆောင်ပြီးဝတ်ဆင်လေ့ရှိကြလဲ သိပြီးပြီလား...

💎ကျောက်မျက်ရတနာများကို လအလိုက်၊ဂဏန်းအလိုက်၊ဂြိုလ်သက်အလိုက်ဆောင်ယူလေ့ရှိကြပါတယ်နော်...
🇧🇻🇫🇴🇫🇷 အနောက်တိုင်းနိုင်ငံများမှာတော့ လအလိုက်၊ရာသီအလိုက်၊ဂဏန်းအလိုက်ဝတ်ဆင်လေ့ရှိကြပြီး 🇮🇳🇯🇵🇰🇷အရှေ့တိုင်းနိုင်ငံများမှာတော့ နေ့အလိုက်၊ရာသီခွင်အလိုက်၊ဂြိုလ်သက်အလိုက် ဝတ်ဆင်လေ့ရှိကြပါတယ်ရှင့်...

ယနေ့မှာတော့ အရင်နေ့ကတင်ထားတဲ့ post လေးရဲ့ အဆက်အဖြစ်နဲ့ "နေ့နံ" အလိုက်ဆောင်ယူဝတ်ဆင်သင့်တဲ့ ရတနာများအကြောင်း ဖေါ်ပြပေးသွားပါမယ်နော်...

✅ တနင်္ဂနွေ - ပတ္တမြား
✅တနင်္လာ - ပုလဲ
✅အင်္ဂါ - သန္တာ
✅ဗုဒ္ဓဟူး - မြ/ကျောက်စိမ်း
✅ကြာသာပတေး - ဥဿဖယား
✅သောက်ြာ - စိန်
✅စနေ - နီလာ
✅‌ရာဟု - ဂေါ်မုတ်

😊နောက်နေ့တွေမှာလည်း ကျောက်မျက်ရတနာများနဲ့ပတ်သတ်ပြီး သိသင့်တဲ့အကြောင်းရာများကိုမျှဝေပေးသွားမှာမို့ မင်မင်တို့ page လေးကို Like and follow လေးတွေလုပ်‌ပေးသွားကြပါဦးနော်😊

မင်မင်တို့ page လေးမှာ မိုးကုတ်ဒေသထွက် သဘာဝကျောက်မျက်ရတနာများကိုလည်း ဈေးနှုန်းမှန်ကန်စွာနဲ့ အရည်သွေးစိတ်ချစွာ ဝယ်ယူအားပေးနိုင်တာမို့ ဝယ်သူလိုသော customer များအနေဖြင့် page messenger မှဖြစ်စေ
☎️09987488808/09789182727 နံပါတ်များသို့ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်...

'sgemscollection

30/07/2025

(1.68ct)

ruby

#၁၀၀အငြိမ်းနဲ့တည့်သွားပါသည်

💎ကျောက်မျက်ရတနာတွေကို ဘယ်လိုဆောင်ပြီးဝတ်ဆင်လေ့ရှိကြလဲ သိပြီးပြီလား... 💎ကျောက်မျက်ရတနာများကို လအလိုက်၊ဂဏန်းအလိုက်၊ဂြိုလ်သ...
30/07/2025

💎ကျောက်မျက်ရတနာတွေကို ဘယ်လိုဆောင်ပြီးဝတ်ဆင်လေ့ရှိကြလဲ သိပြီးပြီလား...

💎ကျောက်မျက်ရတနာများကို လအလိုက်၊ဂဏန်းအလိုက်၊ဂြိုလ်သက်အလိုက်ဆောင်ယူလေ့ရှိကြပါတယ်နော်...
🇧🇻🇫🇴🇫🇷 အနောက်တိုင်းနိုင်ငံများမှာတော့ လအလိုက်၊ရာသီအလိုက်၊ဂဏန်းအလိုက်ဝတ်ဆင်လေ့ရှိကြပြီး 🇮🇳🇯🇵🇰🇷အရှေ့တိုင်းနိုင်ငံများမှာတော့ နေ့အလိုက်၊ရာသီခွင်အလိုက်၊ဂြိုလ်သက်အလိုက် ဝတ်ဆင်လေ့ရှိကြပါတယ်ရှင့်...

ယနေ့မှာတော့ အရင်နေ့ကတင်ထားတဲ့ post လေးရဲ့ အဆက်အဖြစ်နဲ့ "လ" အလိုက်ဆောင်ယူဝတ်ဆင်သင့်တဲ့ ရတနာများအကြောင်း ဖေါ်ပြပေးသွားပါမယ်နော်...

✅ ဇန်နဝါရီလ - Garnet/ဥဒေါင်ကျောက်
✅ဖေဖေါ်ဝါရီလ - ခရမ်းစွဲကျောက်
✅မတ်လ - မြပြာ
✅ဧပြီလ - စိန်
✅မေလ - မြ
✅ဇွန်လ - ပုလဲ
✅ဇူလိုင်လ - ပတ္တမြား
✅‌ဩဂုတ်လ - ပြောင်ခေါင်းစိမ်း
✅စက်တင်ဘာလ - နီလာ
✅အောက်တိုဘာလ - ဖရဲအူ
✅နိုဝင်ဘာလ - ထပ်တရာကျောက်
✅ဒီဇင်ဘာလ - ဂေါ်မိတ်

😊နောက်နေ့တွေမှာလည်း ကျောက်မျက်ရတနာများနဲ့ပတ်သတ်ပြီး သိသင့်တဲ့အကြောင်းရာများကိုမျှဝေပေးသွားမှာမို့ မင်မင်တို့ page လေးကို Like and follow လေးတွေလုပ်‌ပေးသွားကြပါဦးနော်😊

မင်မင်တို့ page လေးမှာ မိုးကုတ်ဒေသထွက် သဘာဝကျောက်မျက်ရတနာများကိုလည်း ဈေးနှုန်းမှန်ကန်စွာနဲ့ အရည်သွေးစိတ်ချစွာ ဝယ်ယူအားပေးနိုင်တာမို့ ဝယ်သူလိုသော customer များအနေဖြင့် page messenger မှဖြစ်စေ
☎️09987488808/09789182727 နံပါတ်များသို့ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်...

'sgemscollection

28/07/2025

MMK

's Gems

Address

Mandaly
Mandalay
05011

Website

Alerts

Be the first to know and let us send you an email when Jamu's Gems Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share