𝗨𝗡𝗜𝗧𝗬-𝗚𝗲𝗺 𝗟𝗮𝗯

  • Home
  • Myanmar
  • Mandalay
  • 𝗨𝗡𝗜𝗧𝗬-𝗚𝗲𝗺 𝗟𝗮𝗯

𝗨𝗡𝗜𝗧𝗬-𝗚𝗲𝗺 𝗟𝗮𝗯 A laboratory specializes in identification, treatment detection, and origin of gemstones.

မန္တလေးမြို့ရှိ UNITY Gem Lab တွင် အမျိုးသမီးစာရေး လစ်လပ်နေရာ (၃) နေရာအတွက် သင့်လျော်သော ဝန်ထမ်းများခေါ်ယူနေပါသည်။✨ လိုအ...
14/06/2026

မန္တလေးမြို့ရှိ UNITY Gem Lab တွင် အမျိုးသမီးစာရေး လစ်လပ်နေရာ (၃) နေရာအတွက် သင့်လျော်သော ဝန်ထမ်းများခေါ်ယူနေပါသည်။

✨ လိုအပ်သော အရည်အချင်းများ ✨

• ဆယ်တန်း ( သို့ ) ၁၂ တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
• Computer basic ကျွမ်းကျင်စွာသုံးနိုင်ရမည်။
• သင်ယူလိုစိတ်ရှိပြီး ကျောက်မျက်ဓာတ်ခွဲခန်းတွင် လိုအပ်သော အကူအညီများကို စနစ်တကျ လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
• စာရင်းပြုစုခြင်းကို ကျွမ်းကျင်စေ့စပ်စွာ ဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
• မန္တလေးမြို့တွင်း နေထိုင်နိုင်သူ ဦးစားပေးပါမည်။

ℹ️ အသေးစိတ်အချက်အလက်များ ℹ️
• လစာ- ၃ သိန်း + ရက်မှန်ကြေး
• အစမ်းခန့်ကာလပြီးဆုံးပါက လစာ ၃ သိန်းခွဲ
• အသက်- ၂၈ နှစ်အတွင်း
• အလုပ်ချိန်- မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
• နားရက်- တစ်လ ၂ ရက်

📝 လျှောက်ထားလိုပါက 📝
စိတ်ဝင်စားသူများက မိမိတို့၏ CV form များကို Page chat box တွင် လာရောက်ပေးပို့ လျှောက်ထားနိုင်ပါပြီ။

Phone – 09755180188 📞

လိပ်စာ - ၃၄ လမ်း ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မန္တလေးမြို့။ 📍

#ကျောက်မျက်ဓာတ်ခွဲစမ်းသပ်ချက်

ကျောက်မျက်ရတနာတွေရဲ့အတွင်းပိုင်းထဲက Inclusions (ကျောက်တွင်းအနာအဆာ၊ အောင်းဝင် သို့မဟုတ် လက်ဗွေရာ) တွေဟာ ကမ္ဘာ့မြေလွှာအောက...
11/06/2026

ကျောက်မျက်ရတနာတွေရဲ့အတွင်းပိုင်းထဲက Inclusions (ကျောက်တွင်းအနာအဆာ၊ အောင်းဝင် သို့မဟုတ် လက်ဗွေရာ) တွေဟာ ကမ္ဘာ့မြေလွှာအောက်အနက်ကြီးမှာ နှစ်သန်းပေါင်းများစွာ ပြင်းထန်တဲ့အပူရှိန်၊ ဖိအားတွေနဲ့ ရုန်းကန်ပြီးသဘာဝအတိုင်းဖြစ်ပေါ်လာကြတာဖြစ်ပါတယ်။

ဓာတ်ခွဲခန်းထုတ်ကျောက်မျက်များ (Synthetic Gemstone ) သို့မဟုတ် Synthetic Diamonds (CVD, HPHT) တွေဟာ သဘာဝကျောက်မျက်တွေရဲ့ ဓာတုဗေဒဖွဲ့စည်းပုံ အတိုင်း တူညီအောင် ဖန်တီးလာနိုင်ရုံတင်မကဘဲ သဘာဝအတိုင်းအနာအဆာ (Inclusions) ပါဝင်နေတဲ့ပုံစံမျိုးကိုပါ ပညာသားပါပါတုပပြုလုပ်လာကြပြီဖြစ်ပါတယ်။

အတုအပပြုလုပ်သူများသည် သဘာဝကျောက်ဟု ပုံမှားရိုက်၍ ဈေးကွက်အတွင်း သိန်းရာချီ၊ ထောင်ချီကာ လိမ်လည်ရောင်းချမှုများရှိလာနေပါတယ်။

🛡️ Gem Lab များကသာ အတိအကျဖော်ထုတ်နိုင်ခြင်း

ခေတ်မီဆန်းပြားတဲ့လှည့်ကွက်တွေကိုဖော်ထုတ်ဖို့အတွက် စနစ်တကျဖွဲ့စည်းထားတဲ့ ကျောက်မျက်ဓာတ်ခွဲခန်း (Gem Lab) များနဲ့ အဆင့်မြင့်သိပ္ပံနည်းကျစက်ကိရိယာများသာလျှင် တစ်ခုတည်းသော အဖြေဖြစ်လာပါတယ်။

Microscopic Analysis

အဆင့်မြင့် ဓာတ်ခွဲခန်းသုံးအဏုကြည့်မှန်ပြောင်းများဖြင့် ကျောက်မျက်ရဲ့အတွင်းပိုင်း ကြီးထွားမှုပုံစံ (Growth Patterns) ကိုစစ်ဆေးပြီး လူလုပ်အနာအဆာလား သို့မဟုတ် သဘာဝအတိုင်းဖြစ်တည်လာတဲ့ လက်ဗွေရာလားဆိုတာကို သေချာစွာခွဲခြားပေးနိုင်ပါတယ်။

Advanced Spectroscopy

အဆင့်မြင့်စက်ကြီးများကသာ ကျောက်မျက်အတွင်းရှိ အက်တမ်တည်ဆောက်ပုံနဲ့ ဒြပ်စင်များကိုစစ်ဆေးပြီး ပညာသားပါပါထည့်သွင်းထားတဲ့ကုထုံးများ (Treatments)၊ ဓာတ်ခွဲခန်းထုတ်ကျောက်မျက် (Synthetic) များကို ရာနှုန်းပြည့်တိကျစွာ ဖော်ထုတ်ပေးနိုင်ပါတယ်။

📌 ဝယ်ယူသူများအတွက် အကြံပြုချက်

တန်ဖိုးကြီးမားလှတဲ့ ကျောက်မျက်ရတနာတွေကိုဝယ်ယူစုဆောင်းတော့မယ်ဆိုရင် ရောင်းချသူရဲ့ အာမခံချက်စကားတစ်ခွန်းတည်းအပေါ်မှာမူတည်ပြီးမဆုံးဖြတ်သင့်ဘဲ၊ ကျောက်မျက်ရဲ့ အတွင်းပိုင်းလက်ဗွေရာများကို တိကျစွာဖတ်ရှုဖော်ထုတ်ပေးနိုင်တဲ့ လွတ်လပ်တဲ့ ဓာတ်ခွဲခန်း (Independent Gem Lab) ရဲ့ စစ်ဆေးချက် Report အထောက်အထားဖြင့်သာ စိတ်ချလက်ချဝယ်ယူသင့်ပါကြောင်း တိုက်တွန်းတင်ပြအပ်ပါတယ်။

ကျောက်မျက်များကိုစစ်ဆေးလိုပါက Page chat box မှာဖြစ်စေ......

Phone – 09755180188 📞 သို့ဖြစ်စေ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

လိပ်စာ - ၃၄ လမ်း ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မန္တလေးမြို့။ 📍

#အောင်းဝင် #ကျောက်မျက်ဓာတ်ခွဲစမ်းသပ်ချက်

09/06/2026

Can synthetic gemstones also have inclusions?




08/06/2026

"မြ" နဲ့ပတ်သတ်ရင် မဖြစ်မနေသိထားသင့်တာ ဘာတွေဖြစ်မလဲ?

အပြည့်အစုံကို Motion Video လေးထဲမှာ လေ့လာနိုင်ပါပြီ။






#ကျောက်မျက်ဓာတ်ခွဲခန်း

ယနေ့ခေတ်ကျောက်မျက်ရတနာလောကဟာ အလှအပသက်သက်တင်မကဘဲ "နည်းပညာနဲ့ ယုံကြည်မှု" အပြိုင်အဆိုင်လုနေကြရတဲ့ စီးပွားရေးနယ်ပယ်တစ်ခုဖြစ...
05/06/2026

ယနေ့ခေတ်ကျောက်မျက်ရတနာလောကဟာ အလှအပသက်သက်တင်မကဘဲ "နည်းပညာနဲ့ ယုံကြည်မှု" အပြိုင်အဆိုင်လုနေကြရတဲ့ စီးပွားရေးနယ်ပယ်တစ်ခုဖြစ်လာပါတယ်။ ခေတ်မီဆန်းသစ်လာတဲ့ ကျောက်မျက်အတုအပတွေနဲ့ လှည့်ကွက်မျိုးစုံကြားမှာ လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် Gem Lab (ကျောက်မျက်ဓာတ်ခွဲခန်း) တွေရဲ့ အခန်းကဏ္ဍက မရှိမဖြစ်လိုအပ်လာတာပါ။

ကျောက်မျက်ဓာတ်ခွဲခန်းတစ်ခုဟာ ရောင်းသူနဲ့ ဝယ်သူကြားက ဘက်မလိုက်တဲ့ "တတိယအဖွဲ့အစည်း (Third-Party)" အဖြစ် ရပ်တည်ပြီး လုပ်ငန်းတွေကို နည်းလမ်း (၃) ခုနဲ့ ကာကွယ်ပေးပါတယ်။

▪ Financial & Reputation Risk မှ ကာကွယ်ခြင်း (နာမည်ပျက်ခြင်းမှ ကာကွယ်ခြင်း):

ကုန်သည်တစ်ယောက်ဟာအစစ်မှတ်လို့ သိန်းရာချီပေးဝယ်ထားတဲ့ စိန် သို့မဟုတ် ကျောက်မျက်ကအတုဖြစ်နေရင် ချက်ချင်းငွေကြေးဆုံးရှုံးရုံတင်မကဘဲ၊ လုပ်ငန်းရဲ့ "ဂုဏ်သတင်း (Reputation)" လျော့ကျသွားစေပါတယ်။

▪ နည်းပညာမြင့်လှည့်ကွက်များကိုဖော်ထုတ်ပေးခြင်း (Advanced Detection):

ခုခေတ် CVD/HPHT Diamonds တွေနဲ့ Synthetic Rubies/Sapphires တွေဟာ သဘာဝအနာအဆာ များနှင့်ထင်မှားအောင်အထိဖန်တီးလာနိုင်လို့ သာမန်မျက်စိ ဒါမှမဟုတ် စက်အသေးလေးတွေနဲ့ လုံးဝခွဲခြားလို့မရတော့ပါဘူး။ Lab တွေမှာရှိတဲ့အဆင့်မြင့်စက်ကြီးတွေက အသေးစိတ်စစ်ဆေးပြီး အမှန်တရားကိုဖော်ထုတ်ပေးပါတယ်။

▪ မရိုးသားသောပြုပြင်မှုများမှကာကွယ်ခြင်း (Disclosing Treatments):

ကျောက်စိမ်းမှာဆိုးဆေးနဲ့ အစေးသွင်းထားတာ (Type B, C)၊ ပတ္တမြား/နီလာတွေမှာ အပြင်းအထန်အပူပေးထားတာ ဒါမှမဟုတ် ဆီအနီစိမ်ထားတာ (Red Oil) စတဲ့ ဈေးကွက်တန်ဖိုးကိုထိုးကျစေမယ့် ပြုပြင်မှုတွေကို ကွက်ကွက်ကွင်းကွင်းဖော်ပြပေးခြင်းဖြင့် လုပ်ငန်းတွေ အဝယ်မှား၊ အရောင်းမှားဖြစ်မှာကိုတားဆီးပေးပါတယ်။

UNITY Gem Lab မှာ Digital Database System ရှိတဲ့အတွက် မတော်တဆ Customer လက်ထဲရောက်မှ လက်မှတ်စာအုပ် ပျောက်ဆုံးသွားရင်တောင် ဒေတာတွေကိုပြန်လည်ထုတ်ယူ (Re-issue) ပေးနိုင်လို့ Customer ရဲ့ စိတ်ကျေနပ်မှုကိုပိုမိုရရှိစေပါတယ်။

နိုင်ငံတကာအဆင့်မီ လက်မှတ်တွေနဲ့ တွဲပြနိုင်တာက သင့်လုပ်ငန်းကို High-end Brand တစ်ခုအဖြစ် ပုံဖော်ပေးနိုင်ပါတယ်။

၁။ ရတနာဆိုင်ကြီးများနှင့် လက်လီအရောင်းဆိုင်များ

၂။ ကျောက်မျက်ကုန်သည်များနှင့် အကျိုးဆောင်များ

၃။ Online Live Selling လုပ်ငန်းများနှင့် ရတနာ Content Creator များ

၄။ ရတနာဒီဇိုင်နာများနှင့် လက်ရာဆန်း ထုတ်လုပ်သူများ အနေနဲ့ မိမိတို့ရဲ့ Brand image အတွက် UNITY Gem Lab နဲ့လက်တွဲပြီး ယုံကြည်မှုတည်ဆောက်နိုင်ပါပြီ။

Phone – 09755180188 📞

လိပ်စာ - ၃၄ လမ်း ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မန္တလေးမြို့။ 📍

#ကျောက်မျက်ဓာတ်ခွဲစမ်းသပ်ချက်

စိန်ဝယ်ယူသူတွေဟာ သိန်းရာချီ၊ ထောင်ချီပေးဝယ်ပြီးမှ ဓာတ်ခွဲခန်းထုတ်စိန် (Lab-grown) ဖြစ်နေရင် တန်ဖိုးကချက်ချင်းထိုးကျသွားမ...
31/05/2026

စိန်ဝယ်ယူသူတွေဟာ သိန်းရာချီ၊ ထောင်ချီပေးဝယ်ပြီးမှ ဓာတ်ခွဲခန်းထုတ်စိန် (Lab-grown) ဖြစ်နေရင် တန်ဖိုးကချက်ချင်းထိုးကျသွားမှာကိုကြောက်ကြပါတယ်။

စိန်အရောင်းအဝယ်လုပ်တဲ့ ကုန်သည်တွေဟာလည်း စိန်ပွင့်ရည် Lots (ရာစီး) လိုက်ဝယ်တဲ့အခါ သဘာဝစိန်တွေကြားထဲ CVD စိန်တွေ ရောညှပ်ပါလာမှာကိုအကြောက်ဆုံးပါ။

စိန်စစ်ဆေးတဲ့စက်အသေးလေးတွေက "စိန်စစ်တယ်" လို့ပဲပြနိုင်တာဖြစ်ပြီး "သဘာဝစိန်လား၊ ဓာတ်ခွဲခန်းထုတ်စိန်လား" ဆိုတာကို ခွဲခြားမပေးနိုင်တာကြောင့်အမှားအယွင်းရှိနိုင်ပါတယ်။

ကုန်သည်အချို့ကလည်း Lab ကို စိန် အစစ်ခံဖို့ပို့တဲ့အခါ ကျွမ်းကျင်မှုမရှိလို့ စိန်တွေ ပျောက်ရှ သွားမှာ ဒါမှမဟုတ် စိန်တွေပွန်းပဲ့သွားမှာကို အရမ်းစိုးရိမ်တတ်ပါတယ်။

Lab report ထုတ်ခဲ့ရင်တောင်စာအုပ်လေး မတော်တဆပျောက်ဆုံးသွားရင် သို့မဟုတ် ပျက်စီးသွားရင် "စိန်ကအစစ်ဖြစ်နေရင်တောင်ဈေးနှိမ်ခံရတော့မှာလား"၊ "Lab မှာ အသစ်ပြန်စစ်ဖို့ အချိန်တွေ၊ ငွေတွေထပ်ကုန်ရဦးမှာလား" ဆိုပြီး ရင်တထိတ်ထိတ် ဖြစ်ကြပါတယ်။

UNITY Gem Lab မှာ စိန်ထည်တွေကိုစစ်ဆေးရင်

✔ Report Number မှတ်သားထားပါက Report ပြန်လည်ထုတ်ပေးပါတယ်။

✔ နိုင်ငံတကာအဆင့်မှီစိန်စစ်ဆေးစက်ကြီးများနဲ့စစ်ဆေးပေးတာကြောင့် စိန်ထည်ရာစီးအထိ ၁၀၀% တိကျမှုရှိပါတယ်။

✔ စိန်ထည်ပျက်စီးမှု၊ မှားယွင်းမှုမရှိအောင် ဂရုစိုက်စစ်ဆေးပေးပါတယ်။

✔ စိန်ထည်များကို ညအိပ်ထားခြင်းမရှိဘဲ နေ့ချင်းပြီးစစ်ဆေးပေးပါတယ်။​

✔ အိမ်တိုင်ရာရောက်စစ်ဆေးပေးတဲ့ဝန်ဆောင်မှုအတွက် ကြိုတင်စာရင်းပေးထားနိုင်ပါတယ်။

ရတနာလောကမှာ စိန်နဲ့ပတ်သတ်တဲ့စိုးရိမ်စိတ်တွေကင်းဝေးရအောင် စိတ်ချယုံကြည်ရတဲ့ UNITY Gem Lab နဲ့ လက်တွဲရင်း ကိုယ့်လုပ်ငန်းရဲ့ပုံရိပ်ကို အကောင်းဆုံးမြှင့်တင်နိုင်ပါပြီ။

အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက -

Phone - 09755180188

လိပ်စာ - ၃၄ လမ်း ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မန္တလေးမြို့။

#ကျောက်မျက်ဓာတ်ခွဲစမ်းသပ်ချက်

30/05/2026

This informative video provides an explanation of the Chelsea filter and its crucial role in gemstone identification.


Cobalt spinel ဆိုတာဘယ်လိုကျောက်မျိုးလဲသိချင်ကြမယ်ထင်ပါတယ်။Spinel ဆိုတဲ့ ကျောက်ကတော့ အားလုံးနဲ့မစိမ်းတဲ့ကျောက်အမျိုးအစားပ...
25/05/2026

Cobalt spinel ဆိုတာဘယ်လိုကျောက်မျိုးလဲသိချင်ကြမယ်ထင်ပါတယ်။

Spinel ဆိုတဲ့ ကျောက်ကတော့ အားလုံးနဲ့မစိမ်းတဲ့ကျောက်အမျိုးအစားပါ။ Cobalt spinel ဆိုတာကလည်း spinel ကျောက်အမျိုးအစားတစ်ခုပါဘဲ။

Cobalt spinel ဟာ အပြာရောင်တောက်တောက် (electric blue) ဆိုပြီးနာမည်ကြီးပါတယ်။

Blue spinel နဲ့တူလားဆိုတဲ့ မေးခွန်းတွေလည်းရှိပါတယ်။ အဖြေကတော့ လုံးဝကိုမတူပါဘူး။

Cobalt spinel ရဲ့ အပြာရောင်တောက်တောက်ဟာ Cobalt လို့ခေါ်တဲ့ ဒြပ်စင်ကြောင့်ဖြစ်လာတာပါ။ Blue spinel ကတော့ cobalt spinel လိုအပြာရောင်တောက် တောက် ဖြစ်လာဖို့ဆိုရင်မီးဖုတ်အပူပေးရပါတယ်။

Cobalt spinel ကို Luc Yen, Vietnam မှာ 1980- 1990 ခုနှစ်အတွင်းစတင်တူးဖော်ရခဲ့ပါတယ်။2020-2022 ခုနှစ်အတွင်း Tanzania နိုင်ငံမှာလည်း တူးဖော်လာကြပါပြီ။

စစ်ဆေးချင်တဲ့ Spinel ကျောက်ရှိနေရင် ဒါမှမဟုတ် အဝယ်မှားမှာစိုးလို့ ကြိုတင်စစ်ဆေးချင်ရင် UNITY Gem Lab ကိုလာရောက်စစ်ဆေးနိုင်ပါတယ်။

UNITY Gem Lab မှာ ‌ကျောက်မျက်ရတနာမျိုးစုံအပြင် 100% အတိအကျခွဲခြားဖို့ခက်ခဲတဲ့ စိန်ထည်ရာစီးများကိုပါ ရာနှုန်းပြည့်မှန်ကန်အောင် စစ်ဆေးပေးနေပါတယ်။

မန္တလေးမြို့ရဲ့ လူအစည်းကားဆုံးကျောက်မျက်ရောင်းချရာ Yadanar Mall အနီးမှာပဲဖွင့်လှစ်ထားတာမို့ လွယ်လင့်တကူလာရောက်စစ်ဆေးနိုင်ပါတယ်။ အချိန်ကြာမြင့်မှုမရှိဘဲ အကောင်းဆုံးဝန်ဆောာင်မှုများနဲ့ လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကို မှတ်တမ်းတင်ပေးနေပါပြီ။

Phone – 09755180188 📞

လိပ်စာ - ၃၄ လမ်း ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မန္တလေးမြို့။ 📍

English Version

What is Cobalt Spinel?

Spinel is a gemstone variety that is already familiar to many people. Cobalt spinel is also one type of spinel gemstone.

Cobalt spinel is famous for its vivid “electric blue” color. Many people ask whether cobalt spinel is the same as blue spinel. They are completely different. The bright electric blue color of cobalt spinel is caused by the element called cobalt.

Ordinary blue spinel, on the other hand, usually needs heat treatment to achieve the intense vivid blue color seen in cobalt spinel.

Cobalt spinel was first discovered and mined in Luc Yen, Vietnam, during the 1980s–1990s. Between 2020 and 2022, cobalt spinel deposits were also discovered and mined in Tanzania.

#ကျောက်မျက်ဓာတ်ခွဲစမ်းသပ်ချက်

လိမ်လည်သူတွေဟာ ဝယ်ယူသူတွေရဲ့ "သဘာဝကို မြတ်နိုးတဲ့စိတ်" ကို အသုံးချပြီး ပုံစံအမျိုးမျိုးနဲ့ လှည့်စားတတ်ကြပါတယ်။‌စိန်ရဲ့သဘ...
18/05/2026

လိမ်လည်သူတွေဟာ ဝယ်ယူသူတွေရဲ့ "သဘာဝကို မြတ်နိုးတဲ့စိတ်" ကို အသုံးချပြီး ပုံစံအမျိုးမျိုးနဲ့ လှည့်စားတတ်ကြပါတယ်။
‌
စိန်ရဲ့သဘာဝအနာအဆာ (Inclusions) တွေကိုတောင် အတုလုပ်ပြီးဈေးကွက်ထဲမှာ လိမ်လည်ရောင်းချနေကြပါပြီ။
‌
လေဆာနည်းပညာကိုသုံးပြီး စိန်အတု (Lab-grown Diamond) တွေရဲ့ အတွင်းထဲမှာ သဘာဝအတိုင်း ဖြစ်နေတဲ့ Crystal အစက်အပြောက်လေးတွေ၊ အက်ကြောင်းလေးတွေနဲ့ ပုံစံတူအောင် တမင်တကာဖန်တီးလာကြပါတယ်။
‌
စိန်ရဲ့ ပုံဆောင်ခဲဖွဲ့စည်းပုံထဲကိုတခြားဒြပ်စင်အမှုန်အမွှားလေးတွေထည့်သွင်းပြီး သဘာဝအတိုင်းဖြစ်တည်နေတဲ့ အညစ်အကြေးပုံစံမျိုးဖြစ်အောင်လည်းဖန်တီးကြပါတယ်။
‌
ပိုဆိုးတာက စိန်ရဲ့ အနာအဆာအနေအထား (Clarity Plot) ကိုဖော်ပြထားတဲ့ လက်မှတ်အတုတွေလုပ်ပြီးရောင်းဝယ်ကြတာပါ။ အဲဒီလက်မှတ်ထဲကအနာအဆာနေရာနဲ့ စိန်ထဲကတမင်ဖန်တီးထားတဲ့အနာအဆာနေရာကိုတိုက်ပြပြီး အစစ်ဖြစ်ကြောင်းယုံကြည်အောင်လုပ်ကြပါတယ်။
‌
သာမန်မျက်စိနဲ့ (သို့မဟုတ်) 10x Loupe နဲ့ ကြည့်ရုံနဲ့ ဒီခေတ်ကအနာအဆာအတုတွေကိုခွဲဖို့ မလွယ်တော့ပါဘူး။
‌
ခိုင်မာတဲ့ဓာတ်ခွဲခန်းတွေကထုတ်ပေးတဲ့လက်မှတ်ရှိမရှိနဲ့ အဲဒီလက်မှတ်ကစိန်မှာပါတဲ့ Laser Drill တွေကို ဖော်ပြထားခြင်းရှိမရှိ သေချာစစ်ဆေးဖို့အရေးကြီးပါတယ်။
‌
UNITY Gem Lab က စိန်တစ်ပွင့်ချင်းရော၊ ရာစီးလိုက်ပါအသေးစိတ် အတိကျဆုံးစစ်ဆေးပေးနိုင်တာကြောင့် စိန်ကုန်သည်များရော၊ ဝယ်သူများပါယုံကြည်စိတ်ချစွာလာရောက်စစ်ဆေးနိုင်ပါတယ်။
‌
၁၀၀ ရာခိုင်နှုန်းတိကျအောင်စစ်ဆေးပေးနိုင်တဲ့ အဆင့်မြင့်စိန်စမ်းသပ်စက်နဲ့စစ်ဆေးပေးတာဖြစ်ပြီး အချိန်ကြာမြင့်မှုမရှိတဲ့အပြင် Mobile Lab အနေနဲ့ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးနေပါပြီ။

Website link - ‌http://www.unitygemlab.com

Phone – 09755180188 📞
‌
လိပ်စာ - ၃၄ လမ်း ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မန္တလေးမြို့။ 📍
‌
#ကျောက်မျက်ဓာတ်ခွဲစမ်းသပ်ချက်

Synthetic emerald " မြအတု " ရဲ့ Veils of flux inclusion နဲ့ Growth patterns လေးတွေဖြစ်ပါတယ်။​◾ Veils of Flux ​Microscope...
15/05/2026

Synthetic emerald " မြအတု " ရဲ့ Veils of flux inclusion နဲ့ Growth patterns လေးတွေဖြစ်ပါတယ်။

​◾ Veils of Flux

​Microscope အောက်မှာကြည့်လိုက်တဲ့အခါ ကျောက်ရဲ့အတွင်းပိုင်းမှာ နူးညံ့တဲ့ဇာပဝါလေးတွေဖြန့်ခင်းထားသလိုမျိုး၊ တိမ်တိုက်လေးတွေလိုမျိုးတွေ့ရတဲ့ Flux Inclusions တွေဟာ မြအတုတစ်လုံးရဲ့ဖြစ်တည်မှုကို အဓိကဖော်ပြနေပါတယ်။ ဒါဟာဓာတ်ခွဲခန်းထဲမှာဖြစ်ပေါ်စဉ်ကာလက မှတ်တမ်းတွေဖြစ်ပြီး သဘာဝလား၊ ဓာတ်ခွဲခန်းထုတ်လားဆိုတာကို ခွဲခြားပေးနိုင်တဲ့ အရေးကြီးအချက်ဖြစ်ပါတယ်။

​📐 Growth Patterns

​အခု မြအတု မှာတော့ လှပတဲ့ Growth Lines တွေကိုတွေ့ရှိရပါတယ်။ ဒီမျဉ်းကြောင်းတွေဟာ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ အပူချိန်နဲ့ ဖိအားပြောင်းလဲမှုတွေကြားမှာ ဖြစ်ပေါ်လာလဲဆိုတာ ပြသနေတာဘဲဖြစ်ပါတယ်။ ဒီလို Wavy Growth patterns တွေကိုကြည့်ပြီး Hydrothermal နည်းနဲ့ ဖန်တီးထားတဲ့ မြအတုဆိုတာ ချက်ချင်းသိနိုင်ပါတယ်။




Address

34th Street, 78street
Mandalay
X3CP+9GMANDALAY

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when 𝗨𝗡𝗜𝗧𝗬-𝗚𝗲𝗺 𝗟𝗮𝗯 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share