26/02/2026
"3D Jewellery Design Course"
ခေတ်စနစ်တွေပြောင်းလဲလာတာနဲ့အမျှ မြန်မာ့ရိုးရာလက်ပန်းတိမ်ကနေ IT နည်းပညာပေါင်းစပ်ထားတဲ့ စက်ပန်းတိမ်ခေတ်ကို ကူးပြောင်းလာကြပါပြီ။ ဒါပေမဲ့ ဒီလိုပြောင်းလဲလာတဲ့ခေတ်မှာ...
ကျွန်တော်တို့ 3D နဲ့ လက်စွပ်တစ်ကွင်း ဆွဲလိုက်တယ်၊ Screen ပေါ်မှာတော့ အရမ်းလှတယ်ဗျာ။ ဒါပေမဲ့...
အဲဒီလက်စွပ်ကို တကယ် မိုသွန်းလောင်းပြီးတဲ့အခါ ကျောက်နေရာတွေက လွဲနေရင်ကော?
ဒါမှမဟုတ် ပန်းထိမ်ဖိုက ကျောက်တပ်ဆရာက "ဒီဒီဇိုင်းက ကျောက်တပ်လို့မရဘူး၊ ကျောက်တပ်တာ ကျောက်ဂွင်မကျဘူး" လို့ ငြင်းလိုက်ရင်ကော?
Ok... သင်ဟာ Software ကိုပဲ ကျွမ်းကျင်တာလား၊ တကယ့်ရတနာပညာကိုကော သေချာနားလည်ရဲ့လား? 🤔
ဒီလို Complain တွေကို ဖြေရှင်းနိုင်ဖို့အတွက် လေ့လာထားရမယ့် အကြောင်းအရာလေးတွေကို ပြောပြလိုက်ပါတယ်။
တကယ်တော့ 3D Software ဆိုတာ Tool (ကိရိယာ) တစ်ခုပဲ ဖြစ်ပါတယ်။ Jewellery Knowledge ကသာ အဓိက Foundation (အခြေခံအုတ်မြစ်) ဖြစ်ပါတယ်။ Foundation မရှိရင် Design ဟာ လှပေမဲ့ လက်တွေ့ ထုတ်လုပ်လို့မရတဲ့ Design မျိုး ဖြစ်သွားနိုင်ပါတယ်။
💡 ဒီလို Knowledge တွေဖြည့်ဖို့ အကောင်းဆုံးနေရာကတော့...
ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရတနာဈေးကွက်မှာ ကိုယ်ပိုင်ဒီဇိုင်းအမိုက်စားတွေ ဖန်တီးပြီး နေရာယူချင်တယ်ဆိုရင်တော့ AAA စက်ပန်းတိမ်ရဲ့ 3D Jewellery Designer Course က အသင့်တော်ဆုံးပါပဲ။
✨ AAA ရဲ့ သင်တန်းက ဘာလို့ ထူးခြားတာလဲ?
📚 ပြည့်စုံတဲ့ သင်ရိုးညွှန်းတမ်း:
RhinoGold (၄ လ) နဲ့ ZBrush (၃ လ) အပါအဝင် Tools တွေကို အခြေခံကနေ ကျွမ်းကျင်တဲ့အထိ သင်ကြားပေးမှာပါ။ နားကပ်၊ ဆွဲသီး၊ လက်စွပ်၊ လက်ကောက်၊ ဘယက် စတဲ့ ဒီဇိုင်းစုံကို ကိုယ်တိုင်ဖန်တီးနိုင်ရပါမယ်။
🛠️ လုပ်ငန်းခွင်သုံး လက်တွေ့ပညာ:
Design ဆွဲတတ်ရုံနဲ့မပြီးပါဘူး။ ဖယောင်းအခြေခံ ပန်းထိမ်အမြင်ဖြစ်တဲ့ အနိမ့်အမြင့်၊ အခုံးအခွက်၊ စိန်တပ်/ကျောက်တပ် Setting အမြင်တွေကိုပါ စက်ပန်းတိမ်လုပ်ငန်းခွင်ထဲမှာ တိုက်ရိုက်ပေါင်းစပ်သင်ကြားပေးသွားမှာပါ။ (ဒါကြောင့် အပေါ်ကပြောခဲ့တဲ့ လုပ်ငန်းခွင် ပြဿနာတွေကို လုံးဝ စိတ်ပူစရာမလိုတော့ပါဘူး။)
👨🏫 သင်ထောက်ကူ အစီအစဉ်များ:
🔸 Senior Designer များကိုယ်တိုင် အနီးကပ်သင်ကြားပေးခြင်း။
🔸 သင်ခန်းစာတိုင်းအတွက် Video Recording ပြန်လည်လေ့လာနိုင်ခြင်း။
🔸 လက်တွေ့ Hands-on Practice အပြည့်အဝရရှိခြင်း။
💼 Job Opportunity:
(၁) အလုပ်အကိုင် အာမခံချက်: သင်ယူမှုရလဒ်ကောင်းမွန်ပြီး Skill ပြည့်မီပါက လုပ်ငန်းခွင်တန်းဝင်နိုင်ဖို့ အာမခံပါတယ်။
🗓️ သင်တန်းစတင်မည့်ရက်: 1.March.2026
💰 သင်တန်းကြေး: ၁,၅၀၀,၀၀၀ ကျပ်
လူဦးရေကန့်သတ်ထားလို့
ဒီအခွင့်အရေးကို လက်မနှေးဘဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြစို့နော်... 🏃♂️🏃♀️