07/09/2026
ဒီ Universal Genève Gilt Shadow Automatic
"ဒါကတော့ ဆူဇာလန်နိုင်ငံထုတ်
ကမ္ဘာကျော် Universal Genève ရဲ့
Gilt Shadow Automatic
ဗင်းတေ့ချ် နာရီအမျိုးအစား ဖြစ်ပါတယ်။
၁၉၆၀-၇၀ ခုနှစ်များက နာမည်ကြီး ဒီဇိုင်နာ
Gérald Genta (ဂျရတ်ဂျန်တာ)
ကိုယ်တိုင် ဒီဇိုင်းထုတ်ပေးခဲ့တဲ့ ပုံစံဆန်း
တိုနိုး (Tonneau) ကေစ်နဲ့ ရောမ
ကိန်းဂဏန်း Dial ပါဝင်တာကြောင့်
ဝတ်ဆင်ရတာ အလွန်ဆန်းသစ်ပြီး
စမတ်ကျပါတယ်။
ဒီနာရီရဲ့ အဓိက ထူးခြားချက်ကတော့
စက်ပိုင်းဆိုင်ရာမှာ Micro-rotor
(မိုက်ခရိုရိုတာ) အော်တိုမက်တစ်
စက်စနစ်ကို သုံးပေးထားတာပါ။
ရိုတာအသေးလေးကို စက်ထဲမှာ
မြှုပ်ထည့်ထားလို့ အော်တိုမက်တစ်
စက်ဖြစ်ပေမဲ့ နာရီကေစ်ကို ပါးပါးလျလျနဲ့
အလွန်သပ်ရပ်အောင် ဖန်တီးနိုင်ခဲ့တာ
ဖြစ်ပါတယ်။
မူရင်း Buckle လည်း အပြည့်အစုံပါဝင်ပြီး၊
စက်ပိုင်းဆိုင်ရာ နည်းပညာရော ဒီဇိုင်းပိုင်းပါ
သမိုင်းဝင် တန်ဖိုးရှိလှတဲ့ ဆွစ်ထုတ် ရှေးဟောင်းအနုပညာလက်ရာကောင်း
တစ်ခု ဖြစ်ပါတယ်ဗျာ။"