14/04/2023
Ruby & Pink Sapphireတူမတူ
လေ့လာဆန်းစစ်ကြည့်ခြင်း
*******************************
ဘစိုးဥ မြန်မာမှုအနုပညာရတနာ
ကျောက်မျက်ရတနာရောင်းဝယ်ရေးမှ
မေတ္တာဖြင့်သင်ကြားပေးသော
ကျောက်မျက်သင်တန်းတွင်သင်တန်းသားတော်တော်များများမှ
ပတ္တမြားကိုLab Certificate
ထုတ်တဲ့နေရာမှာ
Ruby & Sapphireဟူ၍
နှစ်မျိုးထွက်နေတာနှင့်ပါတ်သက်ပြီး
မေးမြန်းလေ့ရှိတဲ့အတွက်
ဖြေကြားခဲ့သည်များကို
ပြန်လှည်ပြောပြပေးလိုပါတယ်ခင်ဗျာ
သင်တန်းသူသင်တန်းများ
မေးမြန်မယ်ဆိုရင်လည်းမေးသင့်ပါတယ်
ဘာလို့လည်းဆိုတော့
ပတ္တမြားကို Lab certificate ထုပ်ရာမှာ
Geomologist မတူတာနဲ့
အဖြေကလည်းမတူကြတေ့ာသလို
တန်ဖိုးလဲကွာသွားကြပါတယ်
ကျွန်တော်တို့မြန်မာပြည်မှာlab တွေက
ပတ္တမြား ကို အမျိုးစားခွဲခြားရာမှာ
ခိုသွေးရည်ကို Pegion Ruby
အရည်ထက်ကို Vivid Ruby
ပန်းထက်ကို Red Ruby
ခါးထက်ရည် ကို Pinkish Ruby
ပန်းရည်ကိုဖြင့် Pink sapphire လို့
certificate ထုပ်ပေးကြတာကို
လေ့လာတွေ့ရပါတယ်ခင်ဗျာ
အမှန်တကယ်တမ်းကျတော့
Ruby & Sapphireက Corundum အုပ်စု
ကျောက်မျက်အမျိုးအစားများဖြစ်ပါတယ်
ဓါတုဖွဲ့စည်း Al2 O3 မာဆင့် 9
Chromium ခရိုမီယမ် ဟာ
ပတ္တမြားအနီရောင်ကိုပေးပါတယ်
Chromium ပါဝင်မူ့ နည်း ရင်
ပတ္တမြားအရောင် ဖျေ့ာ လာတယ်
အဲ့ဒါကြောင့်လည်းယခုခေတ်တွင်
ကမ္ဘာ့ကျောက်မျက်ကုန်သည် တွေက
ခိုသွေးထက်တစ်ပတ်ကျပန်းရည်ကို
Pink Sapphireဟု
သတ်မှတ်လာကြပါတယ်
ပတ္တမြားထွက်ရှိရာမိုးကုတ်မြို့မှာ
ပတ္တမြားကိုအရောင်အနုမှအရင့်အလိုက်
ခိုသွေးရည် အရည်ထက် စိန်ပတ်ရည်
ပန်းရည် ပန်းရည်ထက် ခါးရှိန်း ခါးထက်
အရည်ချိုဆိုပြီးတော့
အကြမ်းအားဖြင့်သတ်မှတ်ကြပါတယ်
ပတ္တမြား ရတနာအကြောင်းကို
နားလည်တတ်ကျွမ်းတဲ့
ကျောက်မျက်ကုန်သည်အချင်းချင်း
ဝယ်ရောင်းကြတာပြဿနာမရှိပေမယ့်
ကျောက်မျက်လုပ်ငန်း
စ တင်ရောင်းဝယ်သူနဲ့က
lab ခန်းမှာစစ်ဆေးပြီး
Ruby ဆိုလို့ဝယ်တာ
pink sapphire ဖြစ်နေလို့
မယူဘူး ဆိုပြီးပြသာနာကအဲ့မှာစတာပါ
Rubyမဟုတ်လို့မယူဘူးစတဲ့ပြဿနာတွေ
မကြားခဏတွေ့မြင်နေရပြီးအမှန်တကယ်တမ်းကျတော့
ပတ္တမြားကိုစစ်ချက်ထုတ်တဲ့နေရာမှာ
ပတ္တမြားအစစ်လို့အဖြေထွက်သော်လည်း
ကာလာအရောင်အပေါ်မူတည်ကာ
အနီရောင်ရင့်ပါက
Rubyလိုအဖြေထွက်ရင်ဈေးပိုရပြီး
ပန်းရောင်သမ်းပါက
Pink sapphireလိုအဖြေထွက်ရင်
ကာလာအရောင်ဖျောသောကြောင့်
ဈေးအရနည်းရခြင်းဖြစ်ပါတယ်ခင်ဗျာ
အမှန်တကယ်တန်းကြတော့
Ruby နဲ့ Pink sapphire ဆိုတာ
အရောင် အရည်သွေး
အနု အရင့် အဖျေ့ာ ပေါ်မူတည်ကာ
ဈေးနှုံးကွာခြားသွားတာကလွဲ၍
ပတ္တမြားပါဘဲလို့ပြောပြလိုပါတယ်
ကျွန်တော်ရဲ့မိတ်ဆွေများလည်း
Ruby & Pink sapphireဟာ
အတူတူပဲဆိုတာကို
သိထားသင့်ပါတယ်ခင်ဗျာ