20/01/2026
“ရွှေထည်တွေကိုမရှုံးအောင် ဘယ်လိုဝယ်မလဲ?”
💁♀️ဒီနေ့မှာတော့ ရွှေဝယ်တဲ့အခါ မရှုံးရအောင် သိထားသင့်တဲ့အချက်တွေထဲက တခုကို သီရိပြောပြပေးချင်ပါတယ်ရှင့်…
ရွှေဝယ်တော့မယ်ဆိုရင် အလှဝတ်ဖို့တင်မဟုတ်ဘဲ နောင်တစ်ချိန် ပြန်ရောင်းတဲ့အခါ အရှုံးနည်းဖို့ကလည်း အရေးကြီးပါတယ်။ ဥပမာ- လက်ထဲမှာ ရွှေတစ်ကျပ်သားဖိုး ဝယ်နိုင်တဲ့ ငွေပမာဏရှိတယ်ဆိုရင် ရွှေထည်၄၊ ၅ခု ခွဲဝယ်တာထက် တစ်ကျပ်သားအပြည့် အထည်ကြီး တစ်ခုတည်း ဝယ်တာက ပိုပြီးတွက်ခြေကိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့… အထည်လေးတွေ ၄၊ ၅ခုခွဲဝယ်ရင် အလျော့တွက်နဲ့ လက်ခက ၄၊ ၅ခုစာပေးရပါတယ်။ အထည်ကြီး တစ်ခုတည်းဝယ်ရင်တော့ တစ်ခုစာအတွက်ပဲ အလျော့လက်ခကျသင့်မှာဖြစ်လို့ ကိုယ်ရမယ့် ရွှေသားအလေးချိန် ပိုများလာပါတယ်။ ပြန်ရောင်းတဲ့အခါမှာလည်း အလျော့တွက်နဲ့ လက်ခက ပြန်မရတာမို့လို့ အရှုံးနည်းပြီး လက်ထဲမှာငွေပိုကျန်ပါတယ်။ ရွှေအလေးချိန် များများစားစားကို တစ်စုတစ်စည်းတည်း သိမ်းထားခြင်းက တန်ဖိုးတက်လာတဲ့အခါမှာလည်း ပိုပြီးသိသာထင်ရှားတဲ့ အကျိုးအမြတ်ကို ရစေပါတယ်။
သီရိတို့ရွှေဆိုင်တွေ အနေနဲ့ကတော့ များများရောင်းရတာကို ပိုကြိုက်ပေမယ့် ဝယ်သူတွေအနေနဲ့ အမှန်တကယ်အဆင်ပြေစေဖို့ ဒီနည်းလမ်းလေးကို မျှဝေပေးတာပါရှင့်။ ဒါကြောင့် သီရိအကြံပေးချင်တာက တစ်ကျပ်သားမှ မဟုတ်ပါဘူး ကိုယ်ဝယ်နိုင်တဲ့ပမာဏကို အထည်အသေးလေးတွေ ခွဲမဝယ်ဘဲ အလေးချိန်အများဆုံး တစ်ခုတည်းကိုသာ ရွေးချယ်ဝယ်ယူဖို့ အကြံပြုလိုပါတယ်ရှင်…🥰
#ရွှေဝယ်နည်း #အလျော့လက်ခ #ရွှေပြန်ရောင်းရင်မရှုံးဖို့