13/06/2026
"စိမ်းစုရတနာ" ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာအချောထည်လုပ်ငန်းမှ မေတ္တာပို့သလျက်ပြန်လည်ကြိုဆိုနုတ်ခွန်းဆက်သလိုက်ပါတယ်။🙏🙏🙏🙏🙏
ယခုနှစ်2026မှာတော့ စိမ်းစုရတနာကျောက်စိမ်းပုတီးအချောထည်လုပ်ငန်းငယ်လေးမှအချောထည် ပုတီးနှင့် လပ်ကီးပြားများကိုအင်တိုက်အားတိုက်ပြန်လည်၍လုပ်ဆောင်ပေးနေပါပြီဆိုတဲ့အကြောင်းသတင်းကောင်းလေးပါးအပ်ပါတယ်🥰🥰🥰
ယခင်နှစ်များကအားပေးခဲ့ကြသောမိတ်ဟောင်းမိတ်သစ်များကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်းထပ်လောင်း၍ဖေါ်ကြူးတင်ပြအပ်ပါတယ်။👍💪🤟
လျပ်စစ်မီးများပုံမှန်လာလျက်ရှိပါ သောကြောင့် မိမိတို့၏အပ်ထည်များကိုအချန်မီရက်အနည်းငယ်အတွင်း(၃ရက်မှ ၇ရက်အတွင်း)အရည်အသွေးမီပြီးစီးအောင် ဆောင်ရွက်ပေးနိုင်လျက်ရှိပါပြီဆိုတဲ့အကြောင်းထပ်လောင်းတင်ပြအပ်ပါတယ်။😎😀🥰
မိတ်ဟောင်းများအတွက်လည်း ကျေးဇူးတုန့်ပြန်မေတ္တာလက်ဆောင်များအနေဖြင့် အထူးဈေးနူန်းများဖြင့်လက်ခံဆောင်ရွက်ပေးပါမည့်အကြောင်းတင်ပြအပ်ပါတယ်နော။🤟👍🙏
ပုတီးများပြုလုပ်ချင်သည့်မိတ်ဆွေတို့၏တန်ဖိုးထားအပ်သောရတနာဖြစ်သည့်ကျောက်စိမ်းအတုံးအတစ်များကိုသာကျွနုပ်တို့ထံယူလာခဲ့ပါ။မည်ကဲ့သို့သော ပုတီးများ သို့မဟုတ် လပ်ကီးပြားများထုတ် လုပ်၍ရနိုင်မည် သို့မဟုတ်မည်သို့ရောင်းချသင့်ကြောင်းစသဖြင့်အကြံပြုဆွေးနွေးပေးခြင်းကိုဆောင်ရွက်ပေးပါမည်။🤗🤔
တစ်ဦးမေတ္တာတစ်ဦးမှာဆိုသလို
အကြံဉာဏ်များရယူလိုပါကျွန်ုပ်တို့ထံသို့သာလာခဲ့ပါလို့မေတ္တာဖြင့်အသိပေးနိုးဆော်လိုက်ရပါကြောင်း နှင့် ကျွန်ုပ်တို့၏လုပ်ငန်းအရည်အသွေးနှင့်ပါသက်၍အကြံပြုမူ့နှင့်လမ်းညွန်ပြသမူတို ကိုလည်းလှိုက်လှဲစွာဖြင့်တောင်းဆိုအပ်ပါသည်ခင်ဗျာ။
ကိုယ်စိတ်နှစ်လုံးချမ်းသာကြပါစေ...
ဖုန်းဆက်မည်ဆိုပါက
09794402697/09268745926
အောင်မင်းနိုင်
လိပ်စာက...
မိုးကောင်းကျောက်ဝိုင်းအနီး၊နန့်ရင်းရပ်ကွက်အုပ်ချုပ် ရေးမူးရုံးအနီးမှာပါ။
ကျောက်ဝိုင်းမှာပုတီးခုံလို့မေးလာရင်လည်းညွန်ပြပေးကြမှာပါခင်ဗျ
မှတ်ချက်။ ပုတီးတစ်လုံးသွေးခ3000ကျပ်ပါ(7mm မှ 16mm)
အပွင့်၊လက်ရာ၊အချပ်အရောင်တင်၊ ဖြတ်သားအရောင်တင်ခြင်းများကိုတော့ကျွန်တော်တို့ရဲ့မိတ်ဆွေများထံကိုတိုက်ရိုက်အပ်နှံပေးပါတယ်ခင်ဗျာ။