Sein Shwe Htun

Sein Shwe Htun Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sein Shwe Htun, Jewellery wholesaler, အမှတ် (၇၅၁) ၊ (၂) ရပ်ကွက် ၊ ပြည်လမ်း ၊ သရက်တောလမ်းထိပ် ၊ မှော်ဘီမြို့, Hmawbi.

29/05/2026

အထည်ပျက်ကြိုထားတဲ့ ရွှေချောင်းကို
ရိုးရိုးစက်နဲ့ density တိုင်းပြီး
ရွှေပါဝင်နှုန်းနဲ့
ပဲရည်ပြန်ဖွဲ့ခြင်း
#စိန်ရွှေထွန်းရတနာရွှေဆိုင်

26/05/2026

၁၅ပဲရည် Hand Chain အလှ​လေး​တွေ မျိုးစုံ ရပါတယ်ရှင့်

#စိန်ရွှေထွန်းရတနာရွှေဆိုင် #ဟန်းချိန်း

စိန်ရွှေထွန်း ရတနာရွှေဆိုင်
ဆိုင် ၁ / လိပ်စာ - အမှတ် (စျ/၁၇) ၊ အ​နောက်မင်းလမ်း ၊ ​စျေးကြီးရပ်ကွက် ၊ ရန်ကုန်-ပဲခူးလမ်း ၊ လှည်းကူးမြို့နယ် / ဖုန်း 095182818

ဆိုင် ၂ / လိပ်စာ - အမှတ် (၇၅၁) ၊ သရက်​တောလမ်းထိပ် ၊ ပြည်လမ်း ၊ (၂) ရပ်ကွက် ၊ ​​မှော်ဘီမြို့နယ် / ဖုန်း 09777545444, 095190555

24/05/2026

အခေါက်မီးလင်းရွှေကို ရိုးရိုးချိန်စက်ဖြင့် density တိုင်းပြီး အခေါက်ရွှေကိုအတည်ပြုခြင်း။ density စက်မဟုတ်တဲ့အတွက် အဖြေအနည်းငယ်ကွာနိုင်ပါတယ်။ #စိန်ရွှေထွန်းရတနာရွှေဆိုင် #မှော်ဘီ #လှည်းကူး

22/05/2026

အ​ခေါက်​/မီးလင်း​ရွှေ VS ၁၄ပဲရည် ကို ယှဥ်ပြီး မီးကင်ခြင်း။

မှတ်ချက် အ​​ခေါက်ကို မှတ်တိုက် ၊ Density တိုင်းပြီး ထပ်မံအတည်ပြုဖို့ လိုပါတယ် #စိန်ရွှေထွန်းရတနာ​​ရွှေဆိုင်

https://vt.tiktok.com/ZSxUaJbfS/

စိန်ရွှေထွန်း ရတနာရွှေဆိုင်
ဆိုင် ၁ / လိပ်စာ - အမှတ် (စျ/၁၇) ၊ အ​နောက်မင်းလမ်း ၊ ​စျေးကြီးရပ်ကွက် ၊ ရန်ကုန်-ပဲခူးလမ်း ၊ လှည်းကူးမြို့နယ် / ဖုန်း 095182818
ဆိုင် ၂ / လိပ်စာ - အမှတ် (၇၅၁) ၊ သရက်​တောလမ်းထိပ် ၊ ပြည်လမ်း ၊ (၂) ရပ်ကွက် ၊ ​​မှော်ဘီမြို့နယ် / ဖုန်း 09777545444, 095190555

န၀ရတ်ကိုးပါးလက်စွပ် နဝရတ် ကိုးပါးဆိုသည်မှာ ကျောက်မျက်ရတနာ ကိုးမျိုးကို ခေါ်ဆိုသည်။ နဝရတ်ဟူသည် နဝရတနဟူသော ပါဠိမှလာ၍ ရတနာက...
21/05/2026

န၀ရတ်ကိုးပါးလက်စွပ်

နဝရတ် ကိုးပါးဆိုသည်မှာ ကျောက်မျက်ရတနာ ကိုးမျိုးကို ခေါ်ဆိုသည်။ နဝရတ်ဟူသည် နဝရတနဟူသော ပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်ရသည်။ နဝရတ် ကိုးပါးချယ်ထားသော လက်စွပ်ကို နဝရတ်လက်စွပ် ဟုခေါ်သည်။ ကဝိလကဏာ သတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ နဝရတ်၊ စီခတ်အမွန်းတင် ဟုတွေ့ရသည်။ လူတို့သည် နဝရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ယုံကြည်၍ ဆင်ယင်လေ့ရှိသည်။ ရှေးပဝေသဏီကပင် ကျောက်မျက်များ၏ ထူးခြားသော တန်ခိုးများ ရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ နဝရတ်တွင် အပါအဝင် ကျောက်မျက်ရတနာ တစ်ပါးပါး၏ တန်ခိုးအာနိသင်မှာ အောက်ပါအတိုင်း ဖြစ်သည်ဟု ယူဆကြသည်။

ပတ္တမြား ဘုန်းတောက်၊ မြ ကျောက် အေးချမ်း
စိန် စွမ်းဂုဏ်ရောင်၊ ကြောင် ကား သိဒ္ဓိ
မဏိ နီလာ - မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား
ဥဿဖယား ကျန်းမာ၊ သန္တာ ကြီးကဲ
ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည်
ကိုးထွေ နဝရတ် စွမ်းရည်တည်း။

နဝရတ်ကိုးပါးမှာ-
ပတ္တမြား (Ruby)
မြ (Emerald)
စိန် (Diamond)
ကြောင် (Cat's eye stone or Moonstone)
နီလာ (Sapphire)
ဂေါ်မိတ် (Zircon or Garnet)
ဥဿဖယား (Topaz)
သန္တာ (Coral Stone)
ပုလဲ (Pearl) ဖြစ်သည်။
ယင်း ရတနာကိုးပါးစလုံးသည် ကျောက်မျက်မျိုးတွင်ပါဝင်သောရတနာများဖြစ်ကြသည်။ ၎င်းတို့အနက် စိန်၊ ပတ္တမြား၊ မြ နှင့် နီလာတို့သည် အဖိုးအတန်ဆုံးဖြစ်ကြသည်။ ပုလဲနှင့်သန္တာသည် တွင်းထွက်ကျောက်မျက်များမဟုတ်ဘဲ ပုလဲကို ကမာ (သို့မဟုတ်) မုတ်ကောင်၏ ကိုယ်တွင်းမှရ၍ သန္တာကို သန္တာကောင်များရှိသော သန္တာကျောက်တန်းများမှ ရသည်။ နီလာနှင့် ပတ္တမြားမှာ ကျောက်မျက်အမာမျိုး တမျိုးတည်းပင်ဖြစ်၍ အသွေးအရောင်၌သာ ခြားနားခြင်းရှိကြသည်။ ပတ္တမြားသည် သွေးကဲ့သို့ နီသောအရောင်ရှိ၍ နီလာသည် တောက်ပသော အပြာရောင်ရှိသည်။ စိန်ကို ကျောက်မျက်တို့၏ ဘုရင်ဟုပင်ခေါ်သည်။ ကျောက်မျက်အမျိုးပေါင်း ၁၂၀ ရှိသည့်အနက်စိန်သည် အမာဆုံးသောကျောက်မျက်ဖြစ်သည်။ ကြောင်ကို ကြောင်မျက်ရွဲဟုလည်း ခေါ်ကြသည်။ မြတွင်ကြည်လင်စိမ်းမြသော အရောင်ရှိသည်။ သို့သော် စိန်၊ နီလာနှင့် ဥဿဖယားတို့လောက် မမာချေ။ ဂေါ်မုတ်သည် ကျောက်သလင်းနှင့်ရော၍ တွေ့ရတတ်သောကျောက်မျိုးဖြစ်သည်။ အထက်ပါရတနာကိုးပါးစီခြယ်အပ်သော လက်စွပ်ကို န၀ရတ်လက်စွပ်ဟုခေါ်သည်။

အကျိုးကျေးဇူးများ
ပဒေသရာဇ်ခေတ် မြန်မာဘုရင်များ၏ အသုံးအဆောင်များဖြစ်သော ကွမ်းအစ်၊ လည်ဆွဲကြိုး၊ လက်ကောက်၊ ဆံထုံးများတွင် န၀ရတ်ကိုးပါး စီခြယ်ထားသည်ကို တွေ့ရှိရသည်က ရှေးခေတ်များတွင်ကျောက်မျက်များ၌ ထူးခြားသော တန်ခိုးများရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ နဝရတ်တွင်ပါသော ကျောက်မျက်ရတနာတပါးစီတွင် တန်ခိုးအာနိသင်များ ရှိကြသည်ဟု သိရသည်။ ပတ္တမြားသည် မြန်မာနိုင်ငံမှထွက်ရှိ၍ဘုန်းတန်ခိုးရှိသည်။ ရန်သူအန္တရာယ်မှ ကာကွယ်နိုင်သည်ဟု အယူရှိကြသည်။ မြန်မာနိုင်ငံမှ ပတ္တမြားငမောက်ကို ပဒေသရာဇ်မင်းတို့က ဘုန်းတန်ခိုးအာနိသင်ရှိအောင်နှင့် ရန်သူအန္တရာယ်မှ ကာကွယ်နိုင်အောင် ဆောင်ထားခြင်းကို သမိုင်းရာဇဝင်များတွင် လေ့လာတွေ့ရှိရသည်။ မြကျောက်သည် စိမ်းမြသောအရောင်နှင့် ညီမျှသော အေးချမ်းခြင်း၊ သောကကင်းဝေးခြင်း၊ စိတ်တည်ငြိမ်ခြင်းကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။ စိန်သည် တောက်ပဖြူစင်ပြီး ဘုန်းတန်ခိုးကြီးခြင်း၊ အိမ်ထောင်ခိုင်မြဲခြင်း၊ စီးပွားလာဘ်လာဘတိုးတက်ခြင်းတို့ကို စွမ်းဆောင်နိုင်သည်ဟုဆိုသည်။ ကမ္ဘာလူသားတိုင်း မင်္ဂလာလက်စွပ်လဲလှယ်ရာတွင် စိန်လက်စွပ်ကိုအသုံးပြုကြခြင်းသည် အိမ်ထောင်ခိုင်မြဲမှုအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ရုရှားနိုင်ငံနှင့် အာဖရိကနိုင်ငံများတွင် ကမ္ဘာ့အကောင်းဆုံးစိန်များထွက်ရှိသည်။ ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည်၊ အောင်မြင်သည်၊ တန်ခိုးရှိသည် စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။ နီလာကျောက်သည် သူတပါး၏မေတ္တာကိုရရှိသည်။ လူတို့၏ချစ်ခင်မြတ်နိုးမှုကိုရရှိသည်။ ရန်အပေါင်းမှကာကွယ်နိုင်သည် စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။ ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း၊ စသည်များကို စွမ်းဆောင်နိုင်သည်ဟုသိရသည်။ ဥဿဖယား ကျောက်သည် ကျန်းမာရေးကောင်းမွန်မှုကို ပေးစွမ်းနိုင်ခြင်း၊ စိတ်ချမ်းသာခြင်း၊ စီးပွားလာဘ်လာဘကောင်းခြင်း စသည်များကိုစွမ်းဆောင်နိုင်သည်ဟုဆိုသည်။ သန္တာကျောက်သည် အကြီးအကဲဖြစ်ခြင်း၊ ခေါင်းဆောင်ဖြစ်ခြင်း၊ သူတပါးအကျိုးကို ဆောင်ရွက်နိုင်ခြင်း၊ ရန်သူကိုအောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟုဆိုသည်။ ပုလဲရတနာသည် ကျက်သရေရှိခြင်း၊ လူ၊နတ်၊ချစ်ခင်ခြင်း၊ ကျန်းမာခြင်း၊ အန္တရာယ်ကင်းခြင်း စသည်များကိုစွမ်းဆောင်နိုင်သည် ဟုသိရသည်။ ကဝိလက္ခဏာသတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ န၀ရတ်၊ စီခတ်အမွှမ်းတင်-ဟုတွေ့ရသည်။ လူတို့သည် န၀ရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာ ပြည့်စုံသည်ဟုယုံကြည်၍ ဆင်ယင်လေ့ရှိကြသည်။

မှတ်ချက်။ ။ နဝရတ်လက်စွပ်ပြုလုပ်ရာတွင် မဏိသျှတ္တရ-ရတနာကျမ်း မူအရ အများဆုံး ပြုလုပ်လေ့ရှိသည်။

ကိုး​ကား - Wikipedia

စိန်ရွှေထွန်း ရတနာရွှေဆိုင်
ဆိုင် ၁ / လိပ်စာ - အမှတ် (စျ/၁၇) ၊ အ​နောက်မင်းလမ်း ၊ ​စျေးကြီးရပ်ကွက် ၊ ရန်ကုန်-ပဲခူးလမ်း ၊ လှည်းကူးမြို့နယ် / ဖုန်း 095182818

စိန်ရွှေထွန်း ရတနာရွှေဆိုင်
ဆိုင် ၂ / လိပ်စာ - အမှတ် (၇၅၁) ၊ သရက်​တောလမ်းထိပ် ၊ ပြည်လမ်း ၊ (၂) ရပ်ကွက် ၊ ​​မှော်ဘီမြို့နယ် / ဖုန်း 09777545444, 095190555

#န၀ရတ်ကိုးပါးလက်စွပ် #န၀ရတ်ကိုးပါး

19/05/2026

မမ​ချော​ချော​လှလှ​လေး​တွေနဲ့ လိုက်ဖက်မယ့် ​ကျောက်တပွင့်နဲ့ Design အဆန်း လက်စွပ်​လေးလဲ ရမယ်ရှင့် #ကျောက်လက်စွပ်

19/05/2026

န၀ရတ်၉ပါးကို နေရာအစဉ်တကျထည့်သွင်းထားတဲ့ န၀ရတ်လက်စွပ်များလဲ ရှိပါတယ်ရှင့် #န၀ရတ်လက်စွပ်

19/05/2026

၂ ကျပ်သား ၃ ကျပ်သား အ​ခေါက်လက်​ကောက်များလဲ ရှိပါတယ်ရှင့် #အခေါက်အထည်

17/05/2026

ပုလဲကြိုက်တဲ့ မမလေးတွေမှာလိုက်တော့ရှင့် သစ်ခက်လေးတွေနဲ့ ပုလဲပေါင်းစပ်ထားတဲ့ ဒီဇိုင်းလေး လက်လှလှလေးနဲ့သာဆို လှပတင့်တယ်နေမှာ နော်
တန်ဖိုး - ၂၅ သိန်းဝန်းကျင်

ရွှေရည်ပြည့် အလျော့တွက် လက်ခ သက်သာ ချင်ရင် စိန်ရွှေထွန်းရတနာရွှေဆိုင်သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်

စိန်ရွှေထွန်းရတနာရွှေဆိုင်

ဆိုင်(၁) - အမှတ် ဈ/၁၇ ၊ အနောက်မင်းလမ်း ၊ ဈေးကြီးရပ်ကွက် ၊ ရန်ကုန်-ပဲခူးလမ်းမကြီးပေါ် ၊ လှည်းကူးမြို့နယ်
Ph-095182818, 09401695542

ဆိုင်(၂) - အမှတ်(၇၅၁) ၊ (၂)ရပ်ကွက် ၊ သရက်တောလမ်းထိပ် ၊ မှော်ဘီမြို့နယ်
Ph-09777545444, 095190555

15/05/2026

၁၅ပဲရည်ချင်းအတူတူ စိိိန်​ရွှေထွန်း​ရွှေဆိုင်က ​၁၅ပဲရည်ပြည့်ပါတယ်ရှင့်

Address

အမှတ် (၇၅၁) ၊ (၂) ရပ်ကွက် ၊ ပြည်လမ်း ၊ သရက်တောလမ်းထိပ် ၊ မှော်ဘီမြို့
Hmawbi

Website

Alerts

Be the first to know and let us send you an email when Sein Shwe Htun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share