04/09/2026
Happy 5th Anniversary ပါ သဲရေး❤️
9.18ရက်ဆိုကိုကိုနဲ့ချစ်သူဖစ်ခဲ့တာ ၅ နှစ်တောင်ပြည့်ပြီနော်။
၅ နှစ်ဆိုတာ အချိန်ကြာတယ်လို့ ပြောလို့ရပေမယ့် အတူဖြတ်သန်းခဲ့တဲ့နေ့ရက်တွေကတော့ အချိန်ခဏလေးလိုပဲ။အဝေးမှာရှိနေကြပေမယ့် အကွာအဝေးတွေက တို့နှစ်ယောက်ရဲ့ချစ်ခြင်းကို မလျော့စေချင်ဘူး။
တစ်ခါတလေ မတွေ့ရလို့ လွမ်းတယ်၊ စိတ်မကောင်းဖြစ်တယ်။ ဒါပေမယ့် ဘယ်လောက်ဝေးဝေး ကိုကို့ရှိနေတာမမေ့နဲ့နော်။စိတ်ညစ်တဲ့အချိန်တိုင်း အားပေးပေးတာ၊ မပြောဘဲနဲ့တောင် ကိုကိုအခြေအနေကို နားလည်ပေးတာတွေကို ဘယ်တော့မှ မမေ့ပါဘူး။ဒီ ၅ နှစ်က အမှတ်တရအစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပြီး နောက်ထပ် ၁၀ နှစ်၊ ၂၀ နှစ်… နောက်ဆုံး လက်ထပ်ပြီးတဲ့အထိ ကိုကို့ဘေးမှာပဲ ရှိေနေစချင်တယ်။ဘယ်လောက်ပဲ အခက်အခဲတွေရှိလာပါစေ။လက်မလွှတ်ဘဲ တစ်ယောက်ကိုတစ်ယောက် ရွေးချယ်ပြီး ဆက်လျှောက်သွားကြမယ်နော်။သဲဘဝမှာ ကိုကိုရှိနေတာကို အရမ်းကျေးဇူးတင်တယ်။၅ နှစ်ပြည့်တဲ့ ဒီနေ့မှာလည်း ချစ်တယ်၊ နောက်ဆုံးနေ့အထိလည်း ချစ်နေမယ်။ 🤍Happy 5th Anniversary, my love.
လက်ထပ်ပြီးတဲ့နေ့အထိ၊ အသက်ထက်ဆုံးအနားမှာရှိနေသွားမယ်..ချစ်တယ်သဲရေး❤️🥰အစစအရာရာဂရုစိုက်ပါသဲရေး..