09/03/2026
တကယ့်ကောင်တွေ😁
🇯🇵 မှာအများဆုံး ခိုးခံရတဲ့ ပစ္စည်းတွေကတော့ ထီးတို့ 👧အတွင်းခံတို့ပဲ ဖြစ်ပါတယ် 😁🥴
📢 ဂျပန်ရောက် ⚠️အမျိုးသမီးများအတွက် အထူးသတိပေးချက် 🚨
⚠️ဂျပန်ရောက် မြန်မာအမျိုးသမီးလေးများ အထူးသဖြင့် တိုက်ခန်းမြေညီထပ် (1st Floor) နဲ့ ပထမထပ် (2nd Floor) မှာ နေထိုင်သူတွေ သတိထားကြပါ🚨
အခုတလော အတွင်းခံသူခိုးတွေ အရမ်းသောင်းကျန်းနေပါတယ်။ဂျပန်နိုင်ငံ၊ ကိုဖူးမြို့ (Kofu City) မှာ မြို့နယ်အစိုးရဝန်ထမ်း အမျိုးသားတစ်ဦး(အစိုးရဝန်ထမ်းအဆင့်ရှိသူတောင် )အတွင်းခံ ၅၀၀ ကျော် ခိုးယူမှုနဲ့ အဖမ်းခံထားရတဲ့ သတင်းကသတိပေးခေါင်းလောင်းသံပါပဲ🚨
🤵🏻♀️အမျိုးသမီးအတွင်းခံများကို အိမ်ပြင်တွင် ပေါ်ပေါ်ထင်ထင် မလှန်းပါနှင့်❌ အိမ်ထဲတွင်သာ လှန်းခြင်း သို့မဟုတ် အပြင်ကမမြင်ရအောင် ကာရံပြီးလှန်းခြင်းက ပိုမိုဘေးကင်းပါတယ်။
ယခုအမှုတွင် အစိုးရဝန်ထမ်းတစ်ဦးကိုယ်တိုင် ပါဝင်နေတာကြောင့် မည်သူ့ကိုမဆို ပေါ့ဆစွာ မယုံကြည်ဘဲ မိမိအိမ်ပတ်ဝန်းကျင်တွင် ထူးခြားသည့် လူစိမ်းများရှိမရှိ အမြဲသတိထားပါ🚨
ဂျပန်ဟာ လုံခြုံတယ်ဆိုပေမဲ့ ဒီလို "အဝတ်ခိုးတဲ့သူ (Shimopan-dorobo)" တွေက နေရာတိုင်းမှာ ရှိနိုင်တာမို့ အမြဲတမ်း ဂရုစိုက်ကြပါနော်။