MR M - Myanmar Ruby Mogok

MR M - Myanmar Ruby Mogok UK based natural Burmese gems jewellery.

25/12/2025

Merry Christmas! May the love of Christ fill your heart this holiday season, bringing you peace and comfort , happy and healthy. 🙏🎄🎅🤶
တဦးတယောက်စီတိုင်းကို ဘုရားရှင် ကောင်းကြီးပေးပါစေ 🙏
Bless you all 🙏🙏🙏

 #ကြာသပတေး သားသမီးများ နဲ့💛  Born သားသမီးများအတွက် 💛ကင်းစင်ရောဂါ ချမ်းသာစွာဉဿဖယား ကျောက်မြတ်ရတနာကြာသပတေး နေ့တွင်မွေးဖွား...
01/11/2025

#ကြာသပတေး သားသမီးများ နဲ့💛
Born သားသမီးများအတွက် 💛
ကင်းစင်ရောဂါ ချမ်းသာစွာ
ဉဿဖယား ကျောက်မြတ်ရတနာ

ကြာသပတေး နေ့တွင်မွေးဖွားသူများ
***********************************
ကြာသပတေးနေ့မှာ မွေးဖွားသူတွေဟာ သည်းခံခွင့်လွှတ်တတ်တယ် ။ စကားနည်းတယ်။ သဘောထားကြီးတယ်။ ပျော်ပျော်ပါးပါး နေတတ်တယ်။ အေးအေး နေတတ်တာကို ကြိုက်ပါတယ်။ စိတ်ဓာတ်ကျလွယ်ပါတယ်။ ဝမ်းနည်းတတ်တယ်။ သူတစ်ပါးအပေါ်မှာ အကောင်းမြင်စိတ်ရှိသူတွေ ဖြစ်တယ်။ စဉ်စားတွေးခေါ်တတ်တဲ့ ဉာဏ်ပညာရှိသူတွေ ဖြစ်တယ်။ အချော့ ကြိုက်တယ်။ သီးခြားနေရတာကို နှစ်ခြိုက်ပါတယ်။ သူတို့ဟာ ခေါင်းဆောင်တစ်ယောက်အဖြစ် မွေးဖွားလာသူတွေ ဖြစ်တယ်။ သြဇာတိက္ကမနှင့် ပြည့်စုံပြီး ဘာသာတရားကို အလွန်ယုံကြည်ကိုင်းရှိုင်းသူတွေ ဖြစ်တယ်။ အသက်မွေးဝမ်းကြော င်းပညာရပ်ကို လေ့လာလိုက်စားသူတွေ ဖြစ်တယ်။ မိမိကိုယ်တိုင်ကလဲ ပညာရပ်တစ်ခုခုနဲ့ အသက်မွေးဝမ်းကြောင်း ပြုသူတွေ ဖြစ်တယ်။ ခရီးထွက်ရတာ အလွန် ဝါသနာပါသူတွေ ဖြစ်တယ်။ တာဝန် သိစိတ်ရှိသူတွေ ဖြစ်တယ်။ တစ်ခါတစ်လေတော့ ပျင်းရိတတ်ပါတယ်။ မာနမထားတတ်ပါဘူး ။ လူတိုင်းကို ခင်မင်တတ်တယ်။ အကူအညီတောင်းခဲ့လျှင်လည်း မည်သူ့ကိုမဆို အကူအညီပေးရန်အသင့်ရှိနေတဲ့ ကြာသပတေး သားသမီးတွေဖြစ်ပါတယ်။

ကြာသပတေးသားသမီးတွေ အတွက် ဘဝတစ်သက်တာလုံး ကံကောင်းစေမယ့် အဆောင်ကျောက်အဖြစ် ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာကတေ့ာ ဥဿ ဖရားကျောက် ဖြစ်ပါတယ် ။

ဥဿ ဖရားကျောက်
******************
အနာရောဂါ ဝေဒနာ ကင်းစေနိုင်၏ ကျန်းမာရေးအတွက် အဆောင်ကောင်းဖြစ်၏

ဥဿဖရားဟာ ပတ္တမြားနဲ့
နီလာမျိုးနွယ်ဝင် Corundum
ကျောက်အမျိုးအစားဖြစ်ပြီး
ရှေးမြန်မာကျောက်မျက်ပညာရှင်များက
နီလာဖြူ (White Sapphire)
(Colorless Sapphire) ကို
ဥဿဖရားရယ်လို့
သီးခြားအမည်မှည့်ခေါ်ခဲ့ပါတယ်
အိန္ဒိယနိုင်ငံမှာတော့ဥဿဖရားကို
နီလာဝါ(Yellow Sapphire)လို့
ခေါ်ပါတယ်
ဥဿဖရားဟာ နီလာနည်းတူ
မာကျောမှုအဆင့် ( ၉ ) ရှိပြီး
အရောင်အားဖြင့်လည်း စိန်အရောင်နဲ့
အတော်လေးဆင်တူပြီး
စိန်နီးပါးမာကျောတာကြောင့်စိန်လိုပင်
တန်ဖိုးထားခံရကာ နဝရတ်ကိုးပါး
စားရင်းဝင်ဖြစ်လာခြင်းဖြစ်ပါတယ်

Topez ကိုတော့ထပ်တရာကျောက်လို့
သီးခြားအမည်ပေးထားပါတယ်
Topaz (ထပ်တရာကျောက်) နဲ့
White Sapphire (ဥဿဖရား)ဟာ
ဓာတုဒြပ်ဖွဲ့စည်းမှု၊ မာကျောမှု နဲ့
စွမ်းရည်သတ္တိတို့ မတူညီကြတဲ့အပြင်
ဈေးနှုန်းအားဖြင့်လည်း
အတော်လေးကွာခြားပါတယ်ခင်ဗျာ

April လဖွားတို့ရဲ့မွေးလအဆောင်
ကျောက်ဖြစ်တဲ့ ဥဿဖရားဟာ
Aluminum Oxide Mineral ဖြစ်ပြီး
အဖြူရောင် (Colorless) အပြင်
Tinted Yellow, Tinted Blue, Tinted Grey,Tinted Blueစသဖြင့်
တခြားအရောင်လေးတွေခပ်ပျပျ
ရောနှောပါတတ်ပါသေးတယ်

မြန်မာ့အဖိုးတန် ရတနာများကို မြန်မာလူမျိုး
များအားလုံး နှစ်သက်မြတ်နိုး၍ ရတနာထိုက်သူများဖြစ်ကြပါစေ 🙏

ဆရာကြီး မင်းသိခ် နှင့် ဆရာကြီး ဒေါက်တာလှဝင်း
အောင်ကို ရိုသေစွာ Credit ပေးပါတယ်ရှင့် 🙏

01/11/2025

#ကြာသပတေး သားသမီးများ နဲ့💛
Born သားသမီးများအတွက် 💛
ကင်းစင်ရောဂါ ချမ်းသာစွာ
ဉဿဖယား ကျောက်မြတ်ရတနာ

ကြာသပတေး နေ့တွင်မွေးဖွားသူများ
***********************************
ကြာသပတေးနေ့မှာ မွေးဖွားသူတွေဟာ သည်းခံခွင့်လွှတ်တတ်တယ် ။ စကားနည်းတယ်။ သဘောထားကြီးတယ်။ ပျော်ပျော်ပါးပါး နေတတ်တယ်။ အေးအေး နေတတ်တာကို ကြိုက်ပါတယ်။ စိတ်ဓာတ်ကျလွယ်ပါတယ်။ ဝမ်းနည်းတတ်တယ်။ သူတစ်ပါးအပေါ်မှာ အကောင်းမြင်စိတ်ရှိသူတွေ ဖြစ်တယ်။ စဉ်စားတွေးခေါ်တတ်တဲ့ ဉာဏ်ပညာရှိသူတွေ ဖြစ်တယ်။ အချော့ ကြိုက်တယ်။ သီးခြားနေရတာကို နှစ်ခြိုက်ပါတယ်။ သူတို့ဟာ ခေါင်းဆောင်တစ်ယောက်အဖြစ် မွေးဖွားလာသူတွေ ဖြစ်တယ်။ သြဇာတိက္ကမနှင့် ပြည့်စုံပြီး ဘာသာတရားကို အလွန်ယုံကြည်ကိုင်းရှိုင်းသူတွေ ဖြစ်တယ်။ အသက်မွေးဝမ်းကြော င်းပညာရပ်ကို လေ့လာလိုက်စားသူတွေ ဖြစ်တယ်။ မိမိကိုယ်တိုင်ကလဲ ပညာရပ်တစ်ခုခုနဲ့ အသက်မွေးဝမ်းကြောင်း ပြုသူတွေ ဖြစ်တယ်။ ခရီးထွက်ရတာ အလွန် ဝါသနာပါသူတွေ ဖြစ်တယ်။ တာဝန် သိစိတ်ရှိသူတွေ ဖြစ်တယ်။ တစ်ခါတစ်လေတော့ ပျင်းရိတတ်ပါတယ်။ မာနမထားတတ်ပါဘူး ။ လူတိုင်းကို ခင်မင်တတ်တယ်။ အကူအညီတောင်းခဲ့လျှင်လည်း မည်သူ့ကိုမဆို အကူအညီပေးရန်အသင့်ရှိနေတဲ့ ကြာသပတေး သားသမီးတွေဖြစ်ပါတယ်။

ကြာသပတေးသားသမီးတွေ အတွက် ဘဝတစ်သက်တာလုံး ကံကောင်းစေမယ့် အဆောင်ကျောက်အဖြစ် ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာကတေ့ာ ဥဿ ဖရားကျောက် ဖြစ်ပါတယ် ။

ဥဿ ဖရားကျောက်
******************
အနာရောဂါ ဝေဒနာ ကင်းစေနိုင်၏ ကျန်းမာရေးအတွက် အဆောင်ကောင်းဖြစ်၏

ဥဿဖရားဟာ ပတ္တမြားနဲ့
နီလာမျိုးနွယ်ဝင် Corundum
ကျောက်အမျိုးအစားဖြစ်ပြီး
ရှေးမြန်မာကျောက်မျက်ပညာရှင်များက
နီလာဖြူ (White Sapphire)
(Colorless Sapphire) ကို
ဥဿဖရားရယ်လို့
သီးခြားအမည်မှည့်ခေါ်ခဲ့ပါတယ်
အိန္ဒိယနိုင်ငံမှာတော့ဥဿဖရားကို
နီလာဝါ(Yellow Sapphire)လို့
ခေါ်ပါတယ်
ဥဿဖရားဟာ နီလာနည်းတူ
မာကျောမှုအဆင့် ( ၉ ) ရှိပြီး
အရောင်အားဖြင့်လည်း စိန်အရောင်နဲ့
အတော်လေးဆင်တူပြီး
စိန်နီးပါးမာကျောတာကြောင့်စိန်လိုပင်
တန်ဖိုးထားခံရကာ နဝရတ်ကိုးပါး
စားရင်းဝင်ဖြစ်လာခြင်းဖြစ်ပါတယ်

Topez ကိုတော့ထပ်တရာကျောက်လို့
သီးခြားအမည်ပေးထားပါတယ်
Topaz (ထပ်တရာကျောက်) နဲ့
White Sapphire (ဥဿဖရား)ဟာ
ဓာတုဒြပ်ဖွဲ့စည်းမှု၊ မာကျောမှု နဲ့
စွမ်းရည်သတ္တိတို့ မတူညီကြတဲ့အပြင်
ဈေးနှုန်းအားဖြင့်လည်း
အတော်လေးကွာခြားပါတယ်ခင်ဗျာ

April လဖွားတို့ရဲ့မွေးလအဆောင်
ကျောက်ဖြစ်တဲ့ ဥဿဖရားဟာ
Aluminum Oxide Mineral ဖြစ်ပြီး
အဖြူရောင် (Colorless) အပြင်
Tinted Yellow, Tinted Blue, Tinted Grey,Tinted Blueစသဖြင့်
တခြားအရောင်လေးတွေခပ်ပျပျ
ရောနှောပါတတ်ပါသေးတယ်

မြန်မာ့အဖိုးတန် ရတနာများကို မြန်မာလူမျိုး
များအားလုံး နှစ်သက်မြတ်နိုး၍ ရတနာထိုက်သူများဖြစ်ကြပါစေ 🙏

ဆရာကြီး မင်းသိခ် နှင့် ဆရာကြီး ဒေါက်တာလှဝင်း
အောင်ကို ရိုသေစွာ Credit ပေးပါတယ်ရှင့် 🙏

20/10/2025
20.10.2025@Monday💚Peridots @ ပြောင်ခေါင်းစိမ်း💚ရတနာချစ်သူများအားလုံး ပျော်ရွှင်သော Monday ဖြစ်ပါစေ🙏August လဖွား သားသမီးမ...
20/10/2025

20.10.2025@Monday

💚Peridots @ ပြောင်ခေါင်းစိမ်း💚

ရတနာချစ်သူများအားလုံး ပျော်ရွှင်သော Monday ဖြစ်ပါစေ🙏
August လဖွား သားသမီးများအတွက်
၁၆ ကြိမ်မြောက် မဂ်လာနှစ်ပတ်လည်အတွက်
စိမ်းစိုအေးမြတဲ့ အရောင်ကို နှစ်သက်မြတ်နိုးသူများအတွက်
မြန်မာ့ကျောက်မျက်ရတနာစုဆောင်းချင်သူများအတွက်
လက်ဆောင်ပေးချင်သူများအတွက်
မြန်မာနိုင်ငံ မန္တလေးတိုင်း Mogok မြို့မှ ထွက်ရှိတဲ့ Mogok Peridots @ ပြောင်ခေါင်းစိမ်း ကျောက်မျက်ရတနာများကို Myanmar Ruby Mogok မှာ အားပေးနိုင်ပါတယ်ရှင်🙏
ရတနာထိုက်သူများဖြစ်ကြပါစေရှင့် 🙏
🆓🚚🇬🇧ပါရှင်🙏

🍀ပြောင်ခေါင်းစိမ်းအကြောင်း သိကောင်းစရာ 🍀

💚 Peridot လို့ခေါ်တဲ့ ပြောင်ခေါင်းစိမ်းလေး ဟာ မိုးကုတ်မြို့ ပြောင်ခေါင်းရွာအနီးက ထွက်ရှိတဲ့အတွက် #ပြောင်ခေါင်းစိမ်းလို့ ခေါ်ယူကြခြင်းလည်းဖြစ်ပါတယ်ရှင် ..

💚 #ပြောင်ခေါင်းစိမ်း 💚 ကျောက်ဟာအရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားချက်ကြီးမားတတ်သည့် ကျောက်မျက်အမျိုးအစားဖြစ်ပါတယ် ...

တရုတ်၊ မြန်မာ၊ ပါကစ္စတန်၊ တန်ဇန်နီးယား၊ ဗီယက်နမ်နှင့် အမေရိကန်တို့တွင် အဓိကတွေ့ရှိရပြီး မြန်မာနိုင်ငံမှာတော့ မိုးကုတ်မြို့ အနောက်ဘက် ပြောင်ဂေါင်းရွာမှ ပေါများစွာထွက်ရှိသည့်ကျောက်များထဲက နံပတ်၁ဖြစ်တဲ့ အစိမ်းရောင်ရည်ရှိ ကျောက်မျက်ရတနာကို မြန်မာတို့က ပြောင်ခေါင်းစိမ်းလို့ ခေါ်ခဲ့ကြပါတယ်ရှင် .. အနောက်တိုင်းရဲ့ခေါ်ဝေါ်လေးက ပယ်ရီဒေါ့(peridot) (သို့) သံလွင်စိမ်းရောင် ရှိသောကြောင့် အိုလီဗင်း(Olivine) ဟုလည်းခေါ်ကြပါတယ်ရှင် ...

🍀 ပြောင်ခေါင်းစိမ်းကို ဝတ်ဆင်ခြင်းဖြင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပြီး မှော်စွမ်းရည်နှင့် ကုသနိုင်စွမ်းများကို ယူဆောင်လာပေးသည်ဟု ဆိုကြပြီး ထိုကျောက်ဟာ တန်ခိုးအာဏာနှင့် သြဇာလွှမ်းမိုးမှုများကို လှုံ့ဆော်ပေးသည်ဟုလည်း ယုံကြည်ခဲ့ကြပါတယ်...

🍀 ပြောင်ခေါင်းစိမ်းဟာ တောက်ပတဲ့အရောင်ရှိပြီး ထုံးအစိမ်းရောင် လွှမ်းတဲ့ကျောက်လေးပဲ ဖြစ်ပါတယ်။ ၎င်းကို ဝါစိမ်းရောင် အနေနဲ့ အများဆုံးတွေ့ရပြီး အဝါရောင်၊ လိမ္မော်ရောင်၊ အညိုဖျော့ဖျော့အရောင်မျိုးအနေနှင့်လည်း တွေ့ရတတ်ပါတယ် ...

🍀 မာကြောအဆင့် .. ပြောင်ခေါင်းစိမ်း၏မာဆင့်မှာ 6.5 မှ 7ဝန်းကျင်သာရှိတာ ကြောင့် အခြားကျောက်မျက်ရတနာများထက်အနည်းငယ်ပျော့ပျောင်းပါတယ် .. အခြားမာကြောသော ကျောက်များနှင့် အတူထားပြီး သိမ်းဆည်းတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်ရှင်။

🍀 ဓါတုဖွဲ့စည်းပုံ ... ပြောင်ဂေါင်းစိမ်း ရတနာလေးသည် မဂ္ဂနီဆီယံသံဆီလီကိတ် ဖြစ်ပါတယ် .. ပျော့ပျောင်းလွန်းသောကြောင့် ငရဲမီးဒဏ်ကို မခံနိုင်ပါဘူးတဲ့ရှင် ... နေ့စဉ်ဝတ်စားဆင်ယင်ရာတွင် Daily Wear အဖြစ် အသုံးပြုဖို့ ထိခိုက်လွယ်တာမို့ သတိထားပြီး အသုံးပြုသင့်ပါတယ် ...

🍀 ထူးခြားမှု့ ... နှစ်စုံအလင်းယိုင်ခြင်း (သို့) ဒွိအလင်းယိုင်ခြင်း ထင်ရှားမှုသည်ပြောင်ခေါင်းစိမ်း၏ ထင်ရှားသည့် ထူးခြားမှုတစ်ခုဖြစ်ပါတယ် .. ကျောက်၏ အောက်ခြေမျက်နှာပြင်ရှိအနားစောင်းများကို အထက်မျက်နှာပြင်မှ လှမ်းကြည့်လျှင် စောင်းနှစ်ထပ်အဖြစ် မြင်ရမည်ဖြစ်ပါတယ် ...

🍀 သဘာဝ မိုးကုတ် ပြောင်ဂေါင်းစိမ်း Leo August လမွေးဖွားသူတို့အတွက် အဆောင်ရတနာကျောက်ဖြစ်ပြီး 16th Wedding Anniversaryကို ကိုယ်စားပြုတဲ့ အမှတ်တရကျောက်မျက်ရတနာဖြစ်ပါတယ်ရှင်...

🍀 ပြောင်ခေါင်းစိမ်းကျောက်နှင့် ကျန်းမာရေးဆက်နွယ်မှုမှာ ဆောင်ခြင်း၊ ၀တ်ဆင်ခြင်းဖြင့် အကြောအခြင်ကို လျော့စေပြီး metobolism ကို တိုးစေပါတယ်...

၁။ Detoxification အဆိပ်အတောက်ပြေစေခြင်း
၂။အဆီကို လျော့နည်းစေခြင်း
၃။ သွးလည်ပတ်မှုကောင်းစေခြင်း
၄။မလိုအပ်ဘဲ အင်အားကုန်ခမ်း မှုမ ရှိစေခြင်း
၅။အသည်းနှင့် ကျောက်ကပ်ကို သန့် စင်စေခြင်း
၆။အနာကျက်စေခြင်း
၇။စိုးရိမ်ကြောင်းကြမှု့ကင်းခြင်း ၊ စိတ် ဓာတ်ကျခြင်းတို့ကို လျော့ ပါးစေခြင်း
၈။နာတာရှည်ဖျားနာမှုကို သက်သာစေခြင်း
၉။ခန္ဓာကိုယ်တွင်းပါ carcin-ogenic materials အဆိပ်တောက်များကိုရှင်းထုတ်ဖို့အထောက်အကူပြု ခြင်း
၁၀။lactic acids (lactic acid ကိုယ်လက် လှုပ်ရှား မှုကြွက်သားနာမှုကိုဖြစ်စေတတ်သော)နှင့် free fatty acidsများကို လျော့ပါးစေခြင်း စသည့်ကျန်းမာရေး ဆိုင်ရာ ကောင်း ကျိုးများကို ဆက်နွယ်ဖြစ်ပေါ်စေပါတယ်
Crd

14.10.2025@Tuesdayအဂ်ါသားသမီးတို့ရဲ့ ရတနာ 🪸 အကြီးအကဲထိပ်ခေါင် တန်ခိုးရှိန်ဝါ ဩဇာအာဏာCorals 🪸 သန္တာNatural Coral🪸 စစ်စစ်က...
15/10/2025

14.10.2025@Tuesday
အဂ်ါသားသမီးတို့ရဲ့ ရတနာ 🪸
အကြီးအကဲထိပ်ခေါင်
တန်ခိုးရှိန်ဝါ ဩဇာအာဏာ
Corals 🪸 သန္တာ

Natural Coral🪸 စစ်စစ်ကိုသာ ရောင်းချပေးပါသည်

❌Man made Coral❌ လုံးဝမရောင်းပါ❌

Coral 🪸 #သန္တာကျောက် ❤️ အဂ်ါအဆောင်

နဝရတ်ကိုးပါး ရတနာတွေထဲမှာ ပုလဲ နဲ့ သန္တာ တွေဟာ တွင်းထွက်ကျောက်တွေ မဟုတ်ပဲ သက်ရှိတွေက ဖြစ်ပေါ်လာတဲ့ သဘာဝ ရတနာ တွေပဲဖြစ်ပါတယ်။

ပုလဲကိုတော့ မုတ်ကောင်က ရတဲ့ ရတနာတပါးလို့ လူတိုင်းနီးပါး သိကြပေမယ့် သန္တာကျောက်ကိုတော့ ဘယ်ကရတယ်ဆိုတာ သိသူနည်းမယ် ထင်ပါတယ်။

သန္တာကျောက်ကို ပင်လယ်ရေအောက်နေ Corallium မျိုးနွယ်သန္တာကောင်တွေရဲ့အနီရောင် အပြင်ခွံအခက်အလက်တွေမှတစ်ဆင့် လက်ဝတ်ရတနာအနေနဲ့ ယနေ့တိုင်ဆင်မြန်းနေကြခြင်းဖြစ်ပါတယ်။

တွင်းထွက်ကျောက်မျက်မဟုတ်၍ ပုံဆောင်စနစ်မရှိ‌ပါ။သိပ်သည်းဆ ၂.၇၀ရှိပြီး မာဆင့်မှာ ၄ အောက်သာရှိပါတယ်။

သန္တာကျောက်ကို ဆောင်ထားခြင်းအားဖြင့်ထူးခြားချက်တွေကတော့

1.တန်ခိုးဂုဏ်ရှိန်မြင့်မားခြင်း
2.သြဇာအာဏာကြီးခြင်း
3.မကောင်းသောစွမ်းအင် ဝန်းရံလာသောအခါ ချေဖျက်ပေးခြင်း
4.စီးပွားလာဘ်လာဘ တိုးတက်စေခြင်း
5. အကြီးအကဲဖြစ်ခြင်း၊
6.ခေါင်းဆောင်ဖြစ်ခြင်း၊
7.ရန်သူကို အောင်နိုင်ခြင်း စတဲ့ စွမ်းဆောင်ရည် အစွမ်းသတ္တိတွေ ရှိတယ်လို့ ယုံကြည်ကြပါတယ်-----

Credit

13.10.2025 @ Mondayတနလ်ာ 🐯သားသမီးများအတွက် ကျက်သရေ မဂ်လာ ပုလဲရတနာဥစ္စာမြဲအောင် ပုလဲဆောင်ပါ❌ကမာပုလဲ ကြိတ်ပုလဲ လုံးဝမရောင်...
15/10/2025

13.10.2025 @ Monday
တနလ်ာ 🐯သားသမီးများအတွက်
ကျက်သရေ မဂ်လာ ပုလဲရတနာ
ဥစ္စာမြဲအောင် ပုလဲဆောင်ပါ
❌ကမာပုလဲ ကြိတ်ပုလဲ လုံးဝမရောင်းပါ❌
✅ပုလဲအစစ်များသာ ရောင်းချပေးပါသည်✅
ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါသည် 🙏

တနင်္လာသားသမီးများ၏ အဓိကအဆောင်ရတနာမှာ ပုလဲဖြစ်ပြီး တခြားသော ရတနာများဖြစ်တဲ့ မျော၊ သလင်း၊ ပုံဆောင်ခဲ တို့ကိုလည်း ဝတ်ဆင်နိုင်ပါတယ်။ ရတနာ တစ်မျိုးစီ၏ အကျိုးပေးသက်ရောက်မှုကတော့ တူညီမည်မဟုတ်ပါ။ အဓိကအဆောင်ရတနာဖြစ်သည့် ပုလဲ၏အကျိုးပေးပုံကို လေ့လာမိသလောက်ကို ဖော်ပြပေးထားပါသည်။ ပုလဲ၏စိုးမိုးဂြိုဟ်မှာ တနင်္လာဂြိုဟ်ဖြစ်သည့်အတွက်ကြောင့် တနင်္လာသားသမီးများသည် ပုလဲကို ဝတ်ဆင်ပါက ကောင်းကျိုးများကိုပေးစွမ်းနိုင်ပါသည်။ မိမိ၏ကံဇာတာညံ့၍ အမြင်ဆိုးများနှင့် ကြုံလာရသောအခါတွင်လည်း ဆိုးကျိုးများကို ချေဖျက်နိုင်စွမ်းရှိပါသည်။

အောင်မြင်ခြင်းအမှုသို့ရောက်ရန် အခက်အခဲအတားအဆီးများ ရှိပါက ထိုအခက်အဲများအား ရှင်းလင်းဖယ်ရှားနိုင်ပါသည်။ တနင်္လာဂြိုဟ်သည် အင်္ဂါဂြိုဟ်နှင့် မိတ်ကျသဖြင့် အင်္ဂါဂြိုဟ်၏ရတနာဖြစ်သော သန္တာကျောက်နှင့် ဝတ်ဆင်ပါက ပို၍အကျိုးဖြစ်ထွန်းပါမည်။ ပုလဲကို အဆောင်အယောင်အဖြစ် ဝတ်ဆင်ခြင်းဖြင့် စိတ်၏ အေးချမ်းခြင်း၊ အမိထံမှ ပျော်ရွှင်မှုတို့ကို ရရှိခြင်း၊ အုပ်ချုပ်ရေး၌အောင်မြင်ခြင်း၊ မြေယာဝင်ခြင်း၊ အလုပ်အကိုင်နာမည်ဂုဏ်သတင်း ကျော်ကြားခြင်း၊ အစိုးရထံမှ ဂုဏ်ပြုခြင်း စသည့်အကျိုး တို့ကို ခံစားရနိုင်သည်။ တနင်္လာသားသမီးသည် ကျန်းမာရေးညံ့နေမည်ဆိုပါက ပုလဲအား အဆောင်အနေနှင့် ဝတ်ဆင်ပေးလျှင် ကံတရား၏အထောက်အပံ့ကို ရရှိစေပါလိမ့်မည်။

ပုလဲသည် ပင်လယ်အတွင်း နေထိုင်သော ကမာ (သို့) မုတ်ကောင်၏ ကိုယ်တွင်းမှ ရရှိသော အရာဖြစ်သည်။ တွင်းထွက် ကျောက်မျက် မဟုတ်ပေ။ ပုလဲကို မြန်မာလူမျိုးတို့က နဝရတ်ကိုးပါးတွင် ပါဝင်သော ရတနာတစ်ပါး အဖြစ် အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်ကြသည်။ နဝရတ် ကိုးပါးစလုံးတွင် တစ်ခုခြင်း၌ ထူးခြားသည့် တန်ခိုး အာနိသင် ရှိကြ သည့်အနက် ပုလဲ၏ အာနိသင်မှာ ကျက်သရေ မင်္ဂလာ ရှိခြင်းပင် ဖြစ်သည်။ ပုလဲ၏ အားသာချက်မှာ ကျောက်မျက်များ ကဲ့သို့ ခွဲဖြတ်ခြင်း၊ သွေးယူခြင်းတို့ ဆောင်ရွက်ရန် မလိုပဲ ပုလဲ ဖော်ယူ ပြီးလျှင် ပြီးခြင်းပင် လှပနှစ်လို ဖွယ်ရာ တွေ့မြင်ရခြင်းပင် ဖြစ်သည်။ ပုလဲတွင် သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးရှိသည်။ မြိတ်ကျွန်းစုတွင် နေထိုင်ကြသော ဆလုံတိုင်းရင်းသားများသည် ပုလဲ ငုပ်၍ အသက်မွေးကြသည်။

ပုလဲရတနာ ဝတ်ဆင်ခြင်းဖြင့် စည်းစိမ်ဥစ္စာတိုးပွါးပြီး ကျန်းမာခြင်း ပျော်ရွှင်ခြင်း ကံကောင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ 🙏

တနဂ်နွေ သားသမီးတို့ရဲ့ ရတနာဘုန်းကံကြီးမား ပတ္တမြားMyanmar Ruby Mogok သဘာဝစစ်စစ်ကိုသာ ရောင်းချပေးပါသည် ❌မီးဖုတ်ကျောက် Hea...
15/10/2025

တနဂ်နွေ သားသမီးတို့ရဲ့ ရတနာ
ဘုန်းကံကြီးမား ပတ္တမြား
Myanmar Ruby Mogok သဘာဝစစ်စစ်ကိုသာ ရောင်းချပေးပါသည်
❌မီးဖုတ်ကျောက် Heated Ruby ❌
❌ ကျောက်အတု❌
လုံးဝမရောင်းပါ
ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်
ပါသည်
Free 🚚 to 🇬🇧
ညစဉ် 8pm Live ရှိပါမည်

ပတ္တမြား (𝑹𝒖𝒃𝒚) အကြောင်း သိကောင်းစရာ
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ပတ္တမြား (𝑹𝒖𝒃𝒚) ကို မြန်မာလို ကျောက်နီ၊ သလွန်ကျောက်၊ နဂါးသွေးကျောက်လို့လည်းခေါ်ဆိုကြပြီး ကျောက်မျက်ရတနာတွေထဲမှာ တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံး ကျောက်ပါ။

ပတ္တမြားဆိုတာ 𝐂𝐨𝐫𝐮𝐧𝐝𝐮𝐦 လို့ခေါ်တဲ့ တွင်းထွက်ကျောက်အမျိုးအစားဖြစ်ပြီး ခရိုမီယမ် (𝗖𝗵𝗿𝗼𝗺𝗶𝘂𝗺) ဓာတ်ပါဝင်မှုကြောင့် နီရဲတဲ့အရောင်ကို ရရှိတာဖြစ်ပါတယ်။ အဲ့ဒီ 𝐂𝐨𝐫𝐮𝐧𝐝𝐮𝐦 အမျိုးအစား ထဲမှာ အနီရောင်မဟုတ်ဘဲ အပြာ၊ အစိမ်း၊ အဝါ၊ ပန်းရောင် စတာတွေဆိုရင်တော့ နီလာ (𝑺𝒂𝒑𝒑𝒉𝒊𝒓𝒆) လို့ ခေါ်ကြပါတယ်။ ဒါကြောင့် ပတ္တမြားနဲ့ နီလာဟာ ဓာတုဖွဲ့စည်းပုံ တူညီတယ်လို့ ပြောနိုင်ပါတယ်။

ပတ္တမြားရဲ့ အရည်အသွေး

ပတ္တမြားတစ်ပွင့်ရဲ့ တန်ဖိုးကို အဓိကအားဖြင့် အချက် (၄) ချက်ပေါ် မူတည်ပြီး သတ်မှတ်ပါတယ်၊ အဲ့ဒါတွေကတော့….
အရောင် (Color): ပတ္တမြားရဲ့တန်ဖိုးကို အဆုံးအဖြတ်ပေးတဲ့ အရေးအကြီးဆုံးအချက်က အရောင် ဖြစ်ပါတယ်။ (𝐏𝐢𝐠𝐞𝐨𝐧'𝐬 𝐁𝐥𝐨𝐨𝐝) လို့ခေါ်တဲ့ နီစွေးစွေး၊ ညိုမသွားဘဲ ကြက်သွေးရောင်သမ်းတဲ့ အရောင်မျိုးကို အကောင်းဆုံးအဖြစ် သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ မိုးကုတ်ပတ္တမြား တွေဟာ ဒီလိုသွေးချွန်ရောင်ရှိတာမို့ ကမ္ဘာကျော်ပါတယ်။
အလေးချိန် (Carat): ပတ္တမြားက အလေးချိန်များလေလေ ပိုပြီးရှားပါးလေလေမို့ တန်ဖိုးပိုမြင့်ပါတယ်။ ကမ္ဘာပေါ်မှာ အလေးချိန်များတဲ့ ပတ္တမြားကောင်းအရေအတွက် အရမ်းနည်းပါတယ်။
ဖြတ်စ (Cut): ကျောက်ကို ဘယ်လိုပုံစံနဲ့ ဖြတ်တောက်လဲဆိုတဲ့အပေါ်မှာလည်း တန်ဖိုးကွာပါတယ်။ အလင်းပြန်မှုအကောင်းဆုံးနဲ့ အရောင်ကို ပိုပေါ်လွင်စေတဲ့ ဖြတ်စမျိုးကို ပညာရှင်တွေက ဖြတ်တောက် ကြပါတယ်။
သန့်ရှင်းမှု (Clarity): ပတ္တမြားကျောက်အတွင်းမှာ အခြားတွင်းထွက်တွေ၊ အမှုန်အမွှားတွေ မပါဘဲ သန့်ရှင်းကြည်လင်နေရင် တန်ဖိုးပိုမြင့်ပါတယ်။

ကမ္ဘာပေါ်က နာမည်ကြီး ပတ္တမြားများ….

𝐒𝐮𝐧𝐫𝐢𝐬𝐞 𝐑𝐮𝐛𝐲: ကမ္ဘာ့ဈေးအကြီးဆုံး ပတ္တမြားဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံက Christie's လေလံပွဲမှာ အမေရိကန်ဒေါ်လာ 30.3 သန်းနဲ့ ရောင်းချခဲ့ပါတယ်။
𝑻𝒉𝒆 𝑹𝒖𝒃𝒚 𝑫𝒓𝒂𝒈𝒐𝒏: မြန်မာနိုင်ငံ၊ မိုးကုတ်က ထွက်ရှိတဲ့ ပတ္တမြားတစ်ပွင့်ဖြစ်ပြီး အလေးချိန် 37.37 ကာရက်ရှိပါတယ်။
ပတ္တမြားနဲ့ ပတ်သက်တဲ့ ယုံကြည်မှုများ….
ရှေးခေတ်ကတည်းက ပတ္တမြားကို စွမ်းအားကြီးတဲ့ ကျောက်တစ်မျိုးအဖြစ် ယုံကြည်ခဲ့ကြပါတယ်။
ပတ္တမြားဟာ ကျန်းမာရေးကောင်းမွန်စေပြီး ကံကောင်းခြင်းတွေ ယူဆောင်လာပေးတယ်လို့ ယုံကြည်ကြ ပါတယ်။
စစ်သည်တော်တွေဟာ စစ်မတိုက်ခင် ပတ္တမြားကို အဆောင်အဖြစ် ဆောင်ထားလေ့ရှိပြီး အောင်နိုင်ခြင်း နဲ့ ရန်သူတွေကို အနိုင်ယူနိုင်တဲ့ စွမ်းအားရှိတယ်လို့ ယူဆကြပါတယ်။
အချစ်ကို ကိုယ်စားပြုတဲ့ကျောက်လို့လည်း သတ်မှတ်ကြပြီး ဇူလိုင်လမှာ မွေးဖွားသူတွေအတွက် မွေးလကျောက် (𝘽𝒊𝙧𝒕𝙝𝒔𝙩𝒐𝙣𝒆) လည်းဖြစ်ပါတယ်။
တနဂ်နွေသားသမီးများအတွက် ဘုန်ကံကြီးမားခြင်း အောင်မြင်ကျော်ကြားခြင်းတွေ ရယူပေးမယ့် ကျောက်မြတ်ရတနာ ဖြစ်ပါတယ်။
Crd #

Address

Gloucester

Telephone

+447340153277

Website

Alerts

Be the first to know and let us send you an email when MR M - Myanmar Ruby Mogok posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MR M - Myanmar Ruby Mogok:

Share